ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီ (လွတ်မြောက်နယ်မြေ ) ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၂၁နှစ်ပြည့် ထုတ်ပြန်ကြေငြာချက်။...။

Statement for 21 Anniversary of 8888 Uprising Day

ရုပ်ရှင် သရုပ်ဆောင် မင်းမော်ကွန်း ဘာကြောင့်များ သာသနာတော်ကို စော်ကားလိုက်တာလဲ။...။(အရှင်စန္ဒောဘာသာစာရ)

ုံ ဓာတ်ပုံ။....။နစ်နေမန်း............................................................... ဓာတ်ပုံ။....။freedom right
ပြည့်စုံ၊ ဖျာကြီး (ခ)မြင့်သိန်း၊ မိုးကျော်ကျော်၊ ၀ဏ္ဏခွာနီး၊ မင်းမော်ကွန်း၊ ဗန်ဒိန်း၊ တရုတ်ကြီး၊သူရ

မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာ ၀ိနည်းကျင့်ဝတ်များကြောင့်ဖြစ်ပါတယ်၊ ဘုရားရှင်က ရှေ့ရေးကိုမျှော်တွေးပြီး စည်းကမ်းရှိရှိနဲ့ ရဟန်းတော်တွေကို ဘယ်လိုနေရမယ်၊ ဘယ်ကိုဆွမ်းဘုဉ်းပေးရမယ်ဒကာ ဒကာမတွေနှင့် ဆက်ဆံရင် ဘယ်လိုမျိုး ဆက်ဆံရမယ်၊ သင်္ကန်းဝတ်ရာမှာ မြို့တွင်း ရွာတွင်းသွားရင် သင်္ကန်းရုံသွားရမယ်၊ နောက်ဆုံး အိမ်သာတက်တာကစ ဘယ်လိုတက်ရမယ်ဆိုတာမျိုးအထိ ၀ိနည်းစည်းကမ်းချက်တွေ ဘုရားရှင်က ချမှတ်ခဲ့ပါတယ်၊ ကိုရင်ငယ်တွေ လိုက်နာရမည့် စည်းကမ်းနှင့် ရဟန်းတော်များ လိုက်နာရမည့် ၀ိနည်းဆိုပြီး အသေချာကို အထူးပညတ်ချက် ဥပဒေများ ထားခဲ့ပါတယ်၊၊ အဲဒီ ၀ိနည်းတရားတော်နှင့် အညီ လိုက်နာကျင့်သုံးပြီး သီလကောင်းအောင် နေရသလို၊ စာသင်ခြင်း ( ပရိယတ္တိ)နှင့် တရားဘာဝနာ ပွားများခြင်းဆိုတဲ့ (ပဋိပတ္တိ) အကျင့်ကောင်းတွေကိုလည်း အားထုတ်ရတယ်၊ သမာဓိနှင့် ပညာ အရာမှာ တိုးတက်လာအောင် ရဟန်းတရားကို အားထုတ်ပြီးမှ ရဟန်းဝတ်ရကျိုး၊ ခေတ္တ ဒုလ္လဘ၀တ်ရကျိုး နှပ်မှာပါ၊၊ မြတ်စွာဘုရားက သာသနာတော်ရဲ့ အသက်သည် ၀ိနည်းပဲလို့ ဟောခဲ့ပါတယ်၊ စည်းကမ်းမလိုက်နာပဲ ၀ိနည်းစည်းကမ်း ဖောက်ဖျက်မလိုက်နာရင် လက်ရှိဘ၀မှာ ဒဏ်ပေးရမယ်၊ ဒီဘ၀သေလို့ရှိရင်လည်း ငရဲရောက်မည်ဟုဘုရားရှင်က ဟောခဲ့သည်မို့ အခုလို သာသနာ့ဘောင်မှာ မင်းမော်ကွန်းနှင့် အနုပညာသမားများ အုပ်စုရဲ့ သင်္ကန်းဝတ်ပြီး ဆေးမင်ချောင် အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီ အပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကို လက်လေးသစ်၊ကွာအောင်ဝတ်ရမယ်၊ အပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက လုံးဝကို သင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့် ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊

ရဟန်းသံဃာဆိုတာ မကြည်ညိုသေးသော ဒကာ ဒကာမများကို သာသနာတော်ကို ကြည်ညိုလာအောင် နေရမယ်၊ကြည်ညိုပြီးသား ဒကာ ဒကာမများကိုလည်း ပိုမိုကြည်ညိုလာအောင် နေထိုင်ရတာပါ၊ အကျင့်ကောင်းတွေနှင့် ကိုယ်မူအရာ၊ နုတ်အမှုအရာ တွေက မြင်ရသူတိုင်း ကုသိုလ်ရအောင် နေထိုင်ပြောဆိုတတ်မှသာ သင်္ကန်းခေတ္တ၀တ်တဲ့သူနှင့် စီစဉ်ပေးတဲ့ ကိုယ့်မိဘဆရာသမားလည်း အကျိုးများမှာပါ၊၊

မြန်မာနိုင်ငံမှာ မတရားအာဏာကိုယူလာတဲ့ စစ်အစိုးရကလည်း ရဟန်းသံဃာများကို အထင်သေး အမြင်သေးဖြစ်အောင် နည်းပေါင်းစုံနှင့် ဖန်တီးနေတာပါ၊ သံဃာထုထဲဝင်ပြီး စနစ်တကျဝင်ရောက်ဖျက်ဆီးနေခြင်းများနှင့် အနုပညာသမားများကို အသုံးချပြီး ဒီထဲမှာ သာသနာတော်ကို ကြည်ညိုချင်ဟန်ဆောင်ကာ ပေါ်လစီကားတွေရိုက် ရုပ်ရှင်ထဲမှာတော့ ဦးချနေသော်လည်း တကယ်ဘ၀မှာတော့ သံဃာတော်တွေက ထောင်ထဲမှာ ၀ါဆိုနေရတာပါ

လူထုက သံဃာကို မကြည်ညိုနိုင်အောင် စစ်အစိုးရက ဖန်တီး၊နောက်တော့ သံဃာတွေပျက်ဆီးတာတွေ လူတွေကိုပြ၊ သံဃာတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကားပွဲစား၊ကျောက်ပွဲစား၊ချဲဒို င်မျိုး စတဲ့ မဟုတ်တာတွေ လုပ်ချင်ရာ လုပ် စစ်အစိုးရက ဖန်တီးပေးထားတယ်၊ လောဘကြီးတဲ့ ဘုန်းကြီးဆိုရင်လည်း ကားတွေပေး၊ကျောင်းဆောက်ပေးတော့ သဘောတွေကျနေရော၊ အမျိုးသမီးတွေ ရုန်းရုန်းနဲ့ နေရတာကို ၀ါသနာပါရင် နေပေစေဆိုပြီး စစ်အစိုးရက လွတ်ပေးထားတယ်၊ တချို့ ဒီမိုကရေစီ နာမည်ရှိတဲ့ ကိုယ်တော်ဆိုရင် မပျက် ပျက်အောင် ငွေတွေ မာတုဂါမတွေနှင့် ဖျက်ဆီးရေးများလုပ်တယ်၊အရမ်းယု
တ်မာတဲ့ လုပ်ရပ်တွေကို စစ်အစိုးရက လုပ်နေတာပါ၊ ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မဟုတ်ပါဘူး၊

သာသနာတော် သန့်ရှင်းချင်ရင် မသန့်ရှင်းတဲ့ စစ်အုပ်ချုပ်ရေး ယန္တယားကို အဆုံးသတ်မှ ဖြစ်မှာပါ၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အာဏာမြဲရေးအတွက် သာသနာကို အသုံးချနေလို့ပါပဲ၊ ဒါတွေကို ပြောမယ်ဆိုရင် ရှည်နေမယ်၊ ဘုန်းဘုန်းပြောချင်တာက အနုပညာသမားတွေပါ၊ အနုပညာသမားရဲ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးဆိုတာ ရှိပါတယ်၊၊

ဒါရိုက်တာ ဦးသုခရိုက်တဲ့ တပါးသီလ ဇတ်လမ်းမျိုးဟာ မြန်မာပြည်နှင့်တကွ နိုင်ငံခြားရောက် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာများအားလုံးရဲ့ စိတ်မှာ တပါးသီလ ဆောက်တည်ရုံနှင့် ဒီလောက် ဘ၀မှာအေးချမ်းရင် ငါးပါးစလုံးသာ ဆောက်တည်ရင် ဘယ်လောက်ထိ ဘ၀တွေမှာ ငြိမ်းချမ်းမလဲဆိုတဲ့ အသိဥာဏ်များ ရပြီး ဇတ်ကားကြည့်တဲ့ အကျိုးက အနှစ်ချုပ်လိုက်တော့ သူတော်ကောင်းဖြစ်သွားတယ်၊၊
အနုပညာသမားဆိုတာ လူထုကို လေးစားရတယ်၊ မှန်ကန်တဲ့ အသိတွေပေးရတယ် တပြိုင်တည်းမှာပင် မှားတဲ့ အရာတွေကို ရှောင်ရတယ်၊ မင်းမော်ကွန်းနှင့် အပေါင်းပါတွေက အခုလို ကြည်ညိုဖွယ် မဖြစ်တဲ့ သရုပ်ပျက် စရိုက်မျိုးကို လုပ်ခြင်းအားဖြင့် သူရဲ့ တန်ဘိုးဘာမှမရှိတော့ပါဘူး၊ သူရဲ့အဖေ ဇင်ဝိုင်းမှာလည်း တာဝန်ရှိတယ် သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလို၊ သူတို့အုပ်စုကို သင်္ကန်းဝတ်ပေးတဲ့ ဘုန်းကြီးနှင့် ကျောင်းတိုက်ကလည်း တော်တော် အသုံးမကျဘဲ ညံ့ဖျင်းတယ်၊ ၀တ်ပေးတဲ့ ဘုန်းကြီးက ဒါတွေအခုလို သရုပ်ပျက် ဖြစ်ခဲ့တာကို သိချင်မှ သိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဆိုတာ အသိဥာဏ်ရှိတဲ့ လူတိုင်း နားလည်သဘောပေါက်မှာပါ၊ လူထုကို အသိဥာဏ်ပေး ဇာတ်ကားရိုက်နေတဲ့ မင်းမော်ကွန်းဟာ ဘယ်လို လူမျိုးလည်းဆိုတာ သူရဲ့ လုပ်ရပ်က သက်သေပြနေပါတယ်၊

စလေ ဦးပုည ပြောသလို ယခုခါမှု၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှု အမိုက်တကာဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊ အပါယ်လေးဆီ၊ မြစ်နဒီတွင်၊ ပလုံမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဆိုသလို လူဘ၀ခေတ္တရောက်နေချိန်မှာ လူယုတ်ကြီးတွေ မဖြစ်ရအောင် နေရမယ်၊ မိမိသူတပါး နှစ်ဦးသားစလုံး အကုသိုလ်တွေမဖြစ်စေပဲ ကုသိုလ်တွေသာ ဖြစ်ရန် နေထိုင်ကျင့်သုံးရန် အထူးလိုပါတယ်၊၊

အနုပညာသမားတိုင်းဟာ ကိုယ့်ကောင်းသလို ကိုယ့်လို ဘ၀တူသမား အနုပညာသမားများကိုယ်လည်း ထိန်းသိမ်းပေးရမယ်၊ အနုပညာသမား အမှားတခုဟာ သာမာန်မဟုတ် မှတ်တမ်းဗီဒီယိုရိုက်ထားသည်မို့ သက်သေတခုဖြစ်နေပါတယ်၊ အဲဒီအမှားတွေကို ပြည်သူတွေက အပြစ်ပေးလို့ ရလာသည့် အချိန်ဆိုတာ ရှိလာမှာပါ၊ ဒါဟာ အမှန်တရားပါ၊ ဘုန်းဘုန်းတို့ အမှတ်တမဲ့ မနေပါဘူး သာသနာတော်ကို ဘယ်သူတွေ ဆေးဆိုးပန်းရိုက်လုပ်၊ဆော်ကားနေတယ်ဆိုတာ မှတ်တမ်းတင်နေပါတယ်၊၊

မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့ အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်စေချင်တယ်၊ မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆိုတာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာတော်ကို စော်ကားရင် စော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ၊ မင်းမော်ကွန်းဇါတ်ကားတိုင်းကို တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေ လုပ်သွားရပါလိမ့်မယ်၊

အမှားတခုကို ကျူးလွန်ပြီးရင် တောင်းပန်ဝန်ချရပါတယ်၊ ဒါကြောင့် မင်းမော်ကွန်းနှင့် အပေါင်းအဖော်အားလုံးက ပြည်တွင်း ပြည်ပဆရာတော်များနှင့် သာသနာကို မြတ်နိုးကြသော ပြည်သူလူထုကို ကျေနှပ်အောင် ပြန်လုပ်ပေးရပါမယ်၊ မလုပ်ရင်တော့ ဒီလို သာသနာတော်ကို စော်ကားတဲ့ မှတ်တမ်းဟာ ဆက်လက်တည်ရှိနေမှာပါ၊၊

အရှင်စန္ဒောဘာသာစာရ

ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066
အမေရိက

NLD အဖမ်းအဆီးသတင်းများ။...။

၃၁ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ NLD အဖွဲ့ဝင် ရန်ကုန်တိုင်းမှ ၁၆ဦးအနက် ၁၅ဦးပြန်လွှတ်လာပြီး သာကေတမြို့နယ်မှ ၁ဦးကျန်ရှိနေသေးကြောင်း သိရှိရပါတယ်။ ပွင့်ဖြူမြို့နယ်မှ သားအဖ ၂ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

ရန်ကုန်မှာ ဇွန်လ ၂၆ရက်နေ့က အဖမ်းဆီးခံရတဲ့ NLD လူငယ်တာဝန်ခံ ၂ယောက် ဖြစ်တဲ့ ကိုကျော်ကျော် နဲ့ ကိုနိုင်ငံလင်း တို့ဖမ်းဆီးခံထားရတာ ၂လခွဲရှိပြီဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးခံထားရသည် မသိရှိရသောကြောင့် မိသားစုမှ စိုးရိမ်ပူနေကြောင်း သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကြာသာပတေးနေ့တွင် တွေ့ခွင့် တောင်းဆိုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်း။...။ဒီမိုဝေယံ


NLD ဗဟိုအလုပ်အမှုဆောင် လူကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု အတွေ့အကြုံများ။...။(ဦးလှဖေ)

NLD ဗဟိုအလုပ်အမှုဆောင် လူကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု အတွေ့အကြုံများ။

ဒေါ်စုနှင့် တွေ့ခွင့်ရရန် အကျိုးဆောင်ရှေ့နေများ ယနေ့တောင်းဆိုထား။...။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ယနေ့ တောင်းဆိုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"အန်ကယ်တို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုထားပါတယ်။ ဘယ်နေ့ တွေ့ခွင့်ရမယ် မသိရသေးပါဘူး။ ဒီကနေ့ ၃၁ ရက်နေ့ကဖမ်းဆီး ခံထားရတဲ့ NLD အဖွဲ့ဝင် တော်တော်များများ ပြန်လွတ်လာပါတယ်။ မကွေတိုင်းက ၂၀ ကျော်လောက် အဖမ်းခံထားရတာ အကုန်ပြန်လွတ်လာပါပြီ။ ပွင့်ဖြူကကျူရှင်ဆရာ သားအဖ ၂ ယောက်ကတော့ မလွတ်သေးဘူး လို့သိရတယ်။ ရန်ကုန်မှာ ၁၆ယောက်က ၂ယောက် ကျန်ပြီး ၁၄ယောက်ကတော့ ပြန်လွတ်လာပါပြီ"။ ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်း။....။ဒီမိုဝေယံ....


ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား NLD ထုတ်ပြန်ကြေငြာချက်။...။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား NLD ထုတ်ပြန်ကြေငြာချက်။
http://www.freeforcountry.co.cc/ မှရယူပါသည်။

မောင်းပြန်ကိုတိုက်မယ့် ဒေါင်းအလံကို ဖူဂျီတောင်ထိပ်မှာ စိုက်ထူခဲ့ပြီ။....။(သတင်း၊ဓာတ်ပုံ)




ရှစ်လေးလုံး (၂၁)နှစ်ပြည့်မြောက် အထိမ်းအမှတ်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ထိပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းများနဲ့ တိုကျို၊နာဂိုယာမြို့များမှ ဒီမိုကရေစီအရေး လှုပ်ရှားသူများပါဝင်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ အဖွဲချုပ်က ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

ဖူဂျီတောင်ထိပ်မှာ ရှစ်လေးလုံး ဦးဆောင်တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့၏ ခွပ်ဒေါင်းအလံ၊ပြည်ထောင်စုအလံနဲ့ အဖွဲ့အစည်းအသီးသီးတို့၏ အလံတို့ကို လွှင့်ထူခြင်း၊

ပြည်ထောင်စုအလံနှင့် တိုက်ပွဲဝင် အလံတော်များအား အလေးပြုခြင်း၊

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊

ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားသော အာဇာနည်ရဲဘော်များအား အလေးပြုခြင်း ၊ဘာသာရပ်အလိုက် ဆုတောင်းမေတ္တာပို့သခြင်း၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဘာသာရပ်အလိုက် ဆုတောင်းမေတ္တာ ပို့သခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့အစည်း အသီးသီးမှ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄၀ကျော်ပူးပေါင်း ပါဝင်ခဲ့ပါသည်။

ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ဟာ မီတာ ၃၇၇၆ (၁၂၃၈၈ပေ) မြင့်ပါတယ်။ နှစ်စဉ် အခုလို နွေရာသီဖြစ်တဲ့ ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ် ၃၁ ရက်နေ့ အထိသာ တက်ရောက်နိုင်ပါတယ်။ ဂျပန်လူမျိုးများ၏ ဓလေ့ထုံးတမ်းစဉ်လာအရ ဖူဂျီတောင်ထိပ်ပေါ်ကနေ အာရုဏ်တက်ချိန် အရှေ့ဘက်က ထွက်ပေါ်လာတဲ့ နေလုံးကြီးကို ကြည့်ပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြပါတယ်။

ဓာတ်ပုံ။...။ဦးသာဇော်မောင်မောင် NLD(LA)JB
သတင်း....ဒီမိုဝေယံ

DFB/FBF ဥက္ကဋ္ဌကိုမိုးသီးဇွန်၊ FBF ဗဟိုအလုပ်အမှုဆောင် ကိုမြတ်စိုးတို့နှင့် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ တွေ့ဆုံပွဲ ဓာတ်ပုံမှတ်တမ်း။...။


ဓာတ်ပုံ။...။စိုးအောင်ဝင်း.....


ဒေါ်အောင်ဆန်းစုကြည် ခြံမြေကိစ္စ ဆက်သွယ်မေးမြန်းချက်များ။...။

ဓာတ်ပုံ.. http://www.pbase.com. မှရယူပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့က ကြေးမုံသတင်းစာတွင် ကြောငြာပါရှိ ခဲ့ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်၍ သိရှိသူများအား ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်း။

ဒေါ်ခင်ကြည်က သူ့ကို(ဦးခင်မောင်အေး) က လက်ဆောင်ပေးခဲ့တာ ဆိုပြီး မေတ္တာစာချုပ်ဆိုပြီး ချုပ်ထားခဲ့တယ်။ ဒေါ်ခင်ကြည်တို့ ဒေါ်စုတို့ မရှိတဲ့ အချိန်မှာ အိမ်ကိုဆောက်လိုက်တယ်။ နောက်ဒေါ်ခင်ကြည် ဈာပနပွဲပြီးလို့ ဆွေမျိုးတွေ ဆုံတဲ့အချိန်မှာ သူမှားသွားကြောင်း တောင်းပန်တယ်။ အဆောက်အဦး ဆောက်လိုက်တာ ငွေကုန်ကြေးကျ များသွားတဲ့အတွက် ဆိုပြီးဒေါ်စုနဲ့ညှိပြီး ငွေပေးဖို့၊ တချို့တဝက်ကို သူ(ဦးခင်မောင်အေး)က ဒေါ်စုဆီကရယူပြီးဖြစ်တယ်သတင်းစာမှာ ပါတဲ့ကြော်ငြာချက်က တရားမဝင်ပါဘူး။ ဝယ်တဲ့လူဆီက စရန်တောင် ရယူပြီးပြီလို့ ကြားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သတင်းစာထဲမှာ ပါတဲ့ ရှေ့နေဆီကို အန်ကယ်တို့ ကန့်ကွက်စာ ပေးပို့ခဲ့ပြီးပါပြီ။

ဒေါ်စု၏ အနီးကပ်လုံခြုံရေး တာဝန်ယူခဲ့သူတဦး။...။

၁၉၈၈ မတိုင်ခင်က မေမေကြီး (ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဒေါ်ခင်ကြည်)ှ ငွေကြေး အခက်အခဲရှိနေချိန် မှာ ဦးခင်မောင်အေးထံက ယူသုံးခဲ့ရတယ်။ အဲ့ဒီအတွက် ဒေါ်ခင်ကြည်က စကားနဲ့ မေတ္တာလက်ဆောင် ဆိုပြီးနှုတ်စကားနဲ့ ပေးခဲ့တယ်လို့ သူကပြောတယ်။ ဒေါ်ခင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ပြည်ပမှာ ရှိနေချိန်မှာ ပြန်မလာတော့ဘူး ထင်ပြီး ဦးခင်မောင်အေးက ခြံရဲ့မျက်နှာစာ တည့်တည့်မှာ အိမ်ကို ဆောက်လိုက်ပါတယ်။ ဒေါ်စုတို့ ပြန်လည် ရောက်ရှိချိန်မှာ ကန့်ကွက်ခဲ့တဲ့ အတွက် ဆောက်လက်စ တန်းလန်းနဲ့ ရပ်ဆိုင်းခဲ့ပါတယ်။ နောက်ကျွန်တော်တို့အိမ်ကို ဓနိအမိုးမိုးပြီး ကျွန်တော်တို့ ဒေါ်စုရဲ့ အနီးကပ် လုံခြုံရေး အဖွဲ့ဝင်တွေ နေထိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေးဟာ ခင်မောင်အေး(မန္တလေး)ဟူသော ကလောင်အမည်ဖြင့် သူရဇ္ဇမဂ္ဂဇင်း၏ ပင်တိုင်ဆောင်းပါးရှင် စာရေးဆရာ ဗိုလ်မှုးဟောင်းတဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေသည့် အချိန်နှင့် အချိန်ကိုက် မြေကိစ္စ ပေါ်ထွက်လာခြင်းသည် နိုင်ငံရေး ပယောဂ မကင်းဟု သုံးသပ်သူများက ပြောဆိုပါသည်။



ယနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြ လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်း။....။


ယနေ့ နေ့လည်၁၂နာရီအချိန် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် ဒီမိုကရေစီအင်အားစုများ ဆန္ဒပြခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ယနေ့ စီရင်ချက်ချမည့်မတရားမှုကို ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်ပါသည်။ ကိုစိန်ဌေး(မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်)မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်၍ ဂျပန်နိုင်ငံရှိ နိုင်ငံရေးအဖွဲ့အစည်းအသီးသီး၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး၊ ဂျပန်နိုင်ငံသတင်းဌာနများ (NHK,TBS,ASAHI,APF) နှင့်နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်များ အင်အား စုစုပေါင်း ၂၅၀ခန့်တက်ရောက်ခဲ့ကြပြီး ညနေ ၄နာရီတွင် ဆန္ဒပြပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ ဤအခမ်းအနားတွင်

ဦးကျော်ကျော်စိုး (မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဌ) နှင့် ဦးသန်းဆွေ(JAC ကိုယ်စားလှယ်) တို့မှ ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်ချရန် ဩဂုတ်လ ၁၁ရက်နေ့သို့ရွှေ့ဆိုင်းလိုက်ခြင်း ကို၎င်း၊ နအဖလက်ရှိရင်ဆိုင် နေရသောအကျပ်အတည်းများအပေါ် ဆက်လက်ဖိအားပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြပါသည်။

ကိုဆလိုင်းယောအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF)မှ ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ ကို အားရကျေနပ်မိကြောင်း၊ အင်အား၃ရပ် (နယ်စပ်ဒေသ၊ နိုင်ငံတကာ၊ မြန်မာပြည်တွင်း) ဟန်ချက်ညီ လှုပ်ရှားမှ အောင်မြင်နိုင်ကြောင်း၊ နအဖ၏ နိုင်ငံရေး အကျပ်အတည်း၅ရပ် (ဒေါ်စုကိစ္စ၊ စစ်တပ်တွင်းမတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားပျက်ကပ်၊၂၀၁၀ ရွေးကောက်ပွဲ၏ စိန်ခေါ်မှု၊ အပစ်အခပ်ရပ်စဲရေး)တို့ကို ထောက်ပြ ဝေဖန်ခဲ့ပါသည်။

ကိုမိုးသီးဇွန်မှလည်း `၈၈` မှယနေ့ထိ ၂၁နှစ် တိုင်အောင် မြန်မာပြည်တွင် အဓမ္မဝါဒီတို့နှင့် တရားမျှတမှု တို့စစ် ဖြစ်နေရကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် မှ အပြုသဘော ကမ်းလှမ်းချက် ကို ငြင်းဆန်ခဲ့သော နအဖ၏လုပ်ရပ်ကိုဝေဖန်ရှုတ်ချ လိုက်ပြီး ယခင် မိမိလာရောက်ခဲ့သောနှစ်များထက် ဒီမိုကရေစီ အင်အားစုများ တိုးပွားလာသည်ကို မြင်ရ၍ အားတက်မိကြောင်း ပြောကြားခဲ့ပါသည်။

ကိုမြတ်စိုး (ဗကသ အဖွဲ့ဝင်ဟောင်း -အမေရိက)မှ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆန့်ကျင် သွေဖည်နေသော နအဖ၏ လုပ်ရပ်များကိုဝေဖန်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းများ ကိုယ်စား ``မိုင်ကျော်ဦး `` မှ၂၁နှစ်ကြာ ဒီမိုကရေစီတော်လှန်ရေးဆက်လက်ကြိုးပမ်းကြရန်၊ စစ်အာဏာရှင်စနစ်ပြို ကွဲ ရန် အားလုံးသွေးစည်း ညီညွတ် ကြပါရန် တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။

နောက်ဆုံးအစီအစဉ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဒေါ်ကေသီသိန်းက (ဂျပန်ဘာသာဖြင့်)၊ ဦးထွန်းငြိမ်း(မြန်မာဘာသာဖြင့်) ဦးဆောင်၍ ကြွေးကြော်သံများ သံပြိုင် ရွတ်ဆိုကာ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။ ဩဂုတ်လ ၈ရက် စနေနေ့ နေ့လည် ၂နာရီခွဲ တိုကျိုမြို့ ဂိုတန်းဒ မြို့နယ် ပန်းခြံ တွင် စုဝေး၍ ၈၈၈၈ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ ပြုလုပ်ပါမည်။...။

သတင်း၊ဓာတ်ပုံ။...။စိုးအောင်ဝင်း၊ ဒီမိုဝေယံ....