ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်စုနှင့် တွေ့ခွင့်ရရန် အကျိုးဆောင်ရှေ့နေများ ယနေ့တောင်းဆိုထား။...။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ယနေ့ တောင်းဆိုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

"အန်ကယ်တို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ခွင့်ရဖို့ တောင်းဆိုထားပါတယ်။ ဘယ်နေ့ တွေ့ခွင့်ရမယ် မသိရသေးပါဘူး။ ဒီကနေ့ ၃၁ ရက်နေ့ကဖမ်းဆီး ခံထားရတဲ့ NLD အဖွဲ့ဝင် တော်တော်များများ ပြန်လွတ်လာပါတယ်။ မကွေတိုင်းက ၂၀ ကျော်လောက် အဖမ်းခံထားရတာ အကုန်ပြန်လွတ်လာပါပြီ။ ပွင့်ဖြူကကျူရှင်ဆရာ သားအဖ ၂ ယောက်ကတော့ မလွတ်သေးဘူး လို့သိရတယ်။ ရန်ကုန်မှာ ၁၆ယောက်က ၂ယောက် ကျန်ပြီး ၁၄ယောက်ကတော့ ပြန်လွတ်လာပါပြီ"။ ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

သတင်း။....။ဒီမိုဝေယံ....