ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒေါ်အောင်ဆန်းစုကြည် ခြံမြေကိစ္စ ဆက်သွယ်မေးမြန်းချက်များ။...။

ဓာတ်ပုံ.. http://www.pbase.com. မှရယူပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိ မြေကို မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေး က စိတ်ပိုင်း ရောင်းချထားခြင်းကို ၂၄ရက်နေ့က ကြေးမုံသတင်းစာတွင် ကြောငြာပါရှိ ခဲ့ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်၍ သိရှိသူများအား ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးဥာဏ်ဝင်း။

ဒေါ်ခင်ကြည်က သူ့ကို(ဦးခင်မောင်အေး) က လက်ဆောင်ပေးခဲ့တာ ဆိုပြီး မေတ္တာစာချုပ်ဆိုပြီး ချုပ်ထားခဲ့တယ်။ ဒေါ်ခင်ကြည်တို့ ဒေါ်စုတို့ မရှိတဲ့ အချိန်မှာ အိမ်ကိုဆောက်လိုက်တယ်။ နောက်ဒေါ်ခင်ကြည် ဈာပနပွဲပြီးလို့ ဆွေမျိုးတွေ ဆုံတဲ့အချိန်မှာ သူမှားသွားကြောင်း တောင်းပန်တယ်။ အဆောက်အဦး ဆောက်လိုက်တာ ငွေကုန်ကြေးကျ များသွားတဲ့အတွက် ဆိုပြီးဒေါ်စုနဲ့ညှိပြီး ငွေပေးဖို့၊ တချို့တဝက်ကို သူ(ဦးခင်မောင်အေး)က ဒေါ်စုဆီကရယူပြီးဖြစ်တယ်သတင်းစာမှာ ပါတဲ့ကြော်ငြာချက်က တရားမဝင်ပါဘူး။ ဝယ်တဲ့လူဆီက စရန်တောင် ရယူပြီးပြီလို့ ကြားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သတင်းစာထဲမှာ ပါတဲ့ ရှေ့နေဆီကို အန်ကယ်တို့ ကန့်ကွက်စာ ပေးပို့ခဲ့ပြီးပါပြီ။

ဒေါ်စု၏ အနီးကပ်လုံခြုံရေး တာဝန်ယူခဲ့သူတဦး။...။

၁၉၈၈ မတိုင်ခင်က မေမေကြီး (ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဒေါ်ခင်ကြည်)ှ ငွေကြေး အခက်အခဲရှိနေချိန် မှာ ဦးခင်မောင်အေးထံက ယူသုံးခဲ့ရတယ်။ အဲ့ဒီအတွက် ဒေါ်ခင်ကြည်က စကားနဲ့ မေတ္တာလက်ဆောင် ဆိုပြီးနှုတ်စကားနဲ့ ပေးခဲ့တယ်လို့ သူကပြောတယ်။ ဒေါ်ခင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ပြည်ပမှာ ရှိနေချိန်မှာ ပြန်မလာတော့ဘူး ထင်ပြီး ဦးခင်မောင်အေးက ခြံရဲ့မျက်နှာစာ တည့်တည့်မှာ အိမ်ကို ဆောက်လိုက်ပါတယ်။ ဒေါ်စုတို့ ပြန်လည် ရောက်ရှိချိန်မှာ ကန့်ကွက်ခဲ့တဲ့ အတွက် ဆောက်လက်စ တန်းလန်းနဲ့ ရပ်ဆိုင်းခဲ့ပါတယ်။ နောက်ကျွန်တော်တို့အိမ်ကို ဓနိအမိုးမိုးပြီး ကျွန်တော်တို့ ဒေါ်စုရဲ့ အနီးကပ် လုံခြုံရေး အဖွဲ့ဝင်တွေ နေထိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်နှမဝမ်းကွဲ တော်သူ ဦးခင်မောင်အေးဟာ ခင်မောင်အေး(မန္တလေး)ဟူသော ကလောင်အမည်ဖြင့် သူရဇ္ဇမဂ္ဂဇင်း၏ ပင်တိုင်ဆောင်းပါးရှင် စာရေးဆရာ ဗိုလ်မှုးဟောင်းတဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေသည့် အချိန်နှင့် အချိန်ကိုက် မြေကိစ္စ ပေါ်ထွက်လာခြင်းသည် နိုင်ငံရေး ပယောဂ မကင်းဟု သုံးသပ်သူများက ပြောဆိုပါသည်။