ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့နိုင်ငံရေး အကျဉ်းသား ဝိသေသ လက္ခဏာများ ပထမပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

CRITERIA OF BURMA POLITICAL PRISONERS
ယနေ့ ကာလမှာကော ယခင်ကပါ န.အ.ဖ၊ န.ဝ.တ နှင့် မ.ဆ.လ နှောင်းပိုင်းကာလ ကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး ဗြောင်လိမ် လာပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်သူတွေကို သတိပေးလိုတာက နိုင်ငံတော်ကို အုပ်ချုပ်ရတဲ့ နေရာမှာ လုပ်ကိုင်နေရင် မုသား (အလိမ်တွေ) မသုံးကြပါနဲ့လို့။ ဒီနေရာဟာ လူထု၊ တိုင်းသူ ပြည်သားတွေက ငါတို့ကို အတုယူကြမယ်ဆိုတာ နားလည်ထားဖို့ရယ် ဒီနေရာဟာ လူကြီးလူကောင်း သမာဓိဂုဏ်နဲ့ ပြည့်စုံသင့်တဲ့ နေရာပါ။

ကျနော်ကတော့ လိမ်ရမှာ အလွန်ဝန်လေးတယ်ဗျာ။ မတတ်သာလို့ မလိမ်ရင် ကျော်ဖြတ်လို့ မရလို့ လိမ်ခဲ့ရတာရှိပါတယ်။ အခုအထိ အဲဒီအတွက် စိတ်မသက်သာဘူးဗျာ။ ကျနော်လိမ်ခဲ့ရတာ အခြေအနေက မလိမ်ရင် မရလို့ လိမ်ရတာကို ကိုယ့်ကိုယ်ကို အခုထက်ထိ မသတီဘူးဗျာ။ သူတို့က မျက်နှာဗြောင်တိုက် လိမ်နေတာ။ အလိမ်ခံရသူက မျက်လုံးထဲစိုက် ကြည့်တာနဲ့ သိနေတာဘဲ။ လိမ်သူမှာလည်း လိမ်သာလိမ်ရတာ စိတ်မလုံပါဘူး။

အခု နိုင်ငံရေးအကျဉ်းသားနဲ့ ဆိုင်တဲ့ ထူးခြားတဲ့ ဝိသေသတွေကို အချက်အလက်တွေနဲ့ ထုတ်ပြပါမယ်။ အခု ဘုရားစူး ဒီမိုကရေစီ အစိုးရဟာ န.အ.ဖ ဆီက အာဏာ ကိုလွှဲပြောင်း ရယူသလို န.အ.ဖ ဟာလဲ မ.ဆ.လ ဆီက လွှဲပြောင်းရယူခဲ့တာပါ ။

(၁) အဲဒီတော့ မ.ဆ.လ. ခေတ်ဦးပိုင်းမှာ ၆၂-ခုနှစ် အာဏာသိမ်းပြီးစမှာ ဦးနု၊ ဦးကျော်ငြိမ်း အပါအ၀င် အဲဒီတုံးက အစိုးရ၀န်ကြီးတွေ ၀န်ကြီးချုပ်တွေ ရှမ်းစော်ဘွားတွေကို ဦးနေ၀င်းက အခု န.အ.ဖ က ကိုမင်းကိုနိုင်တို့ကို ဖမ်းထားတဲ့ ပုဒ်မ (၅/ည) နဲ့ဘဲ ထိန်းသိမ်းခဲ့တာပါ။ သူတို့ကို ပါလီမာန် ဒီမိုကရေစီခေတ်အရှိန်နဲ့ ဦးနေ၀င်းက နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ခဲ့ပြီး A Class / B Class / C Class သတ်မှတ်ချက်နဲ့ ကောင်းကောင်းမွန်မွန် ထားပေးပါတယ်။ သူတို့ကို ထောင်ပိုင်တွေကအစ လေးလေးစားစား ဆက်ဆံစေပါတယ်။ သူတို့ကို နိုင်ငံရေးအကျဉ်းသားလို့ဘဲ တရားဝင် သတ်မှတ် ထားပါတယ်။ ဦးနေဝင်းကျင့်သုံးခဲ့တဲ့ ပုဒ်မ (၅/ည) ဟာအင်္ဂလိပ် အုပ်ချုပ်မှုဆီက လာတာပါ။ ဦးနု လက်ထက်မှာလည်း ကျင့်သုံးခဲ့ပါတယ်။
ပါလီမာန် ဒီမိုကရေစီခေတ် ဝန်ကြီးချုပ် ဦးနု အစ္စရေးနိုင်ငံ အလည်အပတ်ခရီးစဉ် မြင်ကွင်း...
နောက်ဇူလိုင်- ၇ ရက် တက္ကသိုလ်ကျောင်းသားတွေကို ဖမ်းတော့လည်း အတူတူပါဘဲ။ ၁၉၇၇- ခုရောက်မှ ကျိုင်းတုံက အဖါးမကြီး ကြူကြူမားက ဖါးလိုက်ရာက ဦးနေ၀င်းကလည်း မယားဒေါ်ခင်မေသန်း (KITTY BA THAN) ကသေပြီး နောက်မယား ဒေါ်နီနီမြင့်နဲ့ ကလည်း ကွဲနေတော့ တင်းနေတဲ့ကာလ (အခု တပါတီ နိုင်ငံရေး စံနစ်သွားနေတာ အတိုက်အခံပါတီဆိုတာ မရှိတော့လို့ နိုင်ငံရေးသမားဆိုတာ သတ်မှတ်ချက်ထားရန် မသင့်တော့ဆိုပြီး) ဘာပြော ကောင်းမလဲ မော်လမြိုင်က နှင်းဆီပွင့်ကြီး မျက်နှာကြီး ဖြစ်သွားတော့တာပါပဲ။

သူတို့ နားမလည်တာက အဲဒီလိုပြင်ချင်ရင် အခြေခံဥပဒေကို အရင်ပြင်ရပါမယ်။ နိုင်ငံရေးသမားတွေကို ဖမ်းဖို့ ဥပဒေတခု အသစ်ထုတ်ပြန်ရပါမယ်။ ပြီးအဲဒီ (၅/ည) တွေကို လွှတ်ချင်လွှတ် မလွှတ်ချင်ရင် အမှုအသစ် ထပ်ကပ်ပြီးမှ မင်းတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားတာ ရပ်ဆိုင်းပြီ ဆိုတာကို စာနဲ့ပေနဲ့ အသိပေးရမှာပါ။ တိုင်းပြည်ကို အုပ်ချုပ်တာကို စာအုပ်ပေါ်မှာ အတည်ပြုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ တရားရုံးချုပ်မှာ တင်ပြထားပြီးသား ဥပဒေကို လယ်ကန်သင်းရိုးမှာ ပြည့်တန်ဆာနဲ့ ၀ါးရမ်းပြေး ကြာကူလီရိုက်လို့ မွေးလာတဲ့ ကလေး အမွေပေးပုံမျိုးနဲ့ အတည်ပြုလို့ မရပါဘူး။

ဒါကို ဥပဒေပညာရှင်ကြီးများ ပြန်သုံးသပ်ပေးအောင် အကြံပြုကြပါဦး။ ကျနော်ပြောတာ မတိကျနိုင်ပါဘူး။ ပါးစပ်ကနေ အမိန့်ပေးရုံနဲ့ ပြောင်းတာ ဖါခန်းမှ မဟုတ်တာ။ ဖါခန်းမှာလို ဖါသယ်မက မူပြလိုက်တာနဲ့ ဖါခေါင်းက ပြောင်းချလိုက်သလို စည်းမဲ့ကမ်းမဲ့ ပြောင်းလို့မှမရတာ။ ဖါသယ်အတွေး ဖါသယ်အမြင်နဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို စိတ်ထင်တိုင်းမလုပ်ရပါဘူး။ လုပ်ခွင့်မရှိပါဘူး။ ဘာလို့အခုလို ပစ်ပစ်နှယ်နှယ် ပြောရပါသလဲဆိုရင် ဥပဒေစာအုပ်ကြီးထဲမှာက (၅/ည) ဆိုတာ နိုင်ငံရေးတော် လုံခြုံရေးအရ ထိန်းသိမ်းထားသူလို့ အတိအလင်း ဆိုထားတာကို မပြင်ထားဘူးလေ။ အဲဒီဝေါဟာရကို မပြင်ဘဲ နိုင်ငံရေးအကျဉ်းသား မရှိဘူးပြောတာကတော့ အုပ်ချုပ်သူက သမတလုပ်နေသူက ဥပဒေစာအုပ်ကြီးကို နားမလည်တာလား၊ အရေးမလုပ်ဘူး ဆိုတာတာလား ခင်ဗျားတို့ဘဲဖြေပါ။ နိုင်ငံတော် လုံခြုံရေးအရ ထိန်းသိမ်းထားတာဟာ ပြစ်မှုလို့ သတ်မှတ်ခဲ့ရင် ဦးနုတို့ ကိုဖမ်းတာလဲ ပြစ်မှုလို့ သတ်မှတ်ပေးရပါမယ်။

ကောင်းပြီ (၅/ည) ကိုပြစ်မှုလို့ သတ်မှတ်ရင် နိုင်ငံတော်ဝန်ကြီးချုပ် လုပ်တာဟာ ပြစ်မှုမြောက်တယ် ဖြစ်မနေဘူးလား။ ဦးနှောက်လည်း သုံးကြပါဦး။ ငါ့မှာအာဏာရှိတယ် ငါ့ပါးစပ်က ဥပဒေကို ငါကြိုက်သလို လုပ်တယ် ဘာဖြစ်လည်း။ အခုဖြစ်တယ်လေ။ ဒါဆို ဦးနုဝန်ကြီးချုပ်လုပ်တာ ပြစ်မှုလို့ သတ်မှတ်လိုက်ရာ ရောက်သွားပါပြီ။ ဒါဆို သန်းရွှေလည်း ၀န်ကြီးချုပ် လုပ်ခဲ့ဘူးတာဘဲလေ။ ဖြေပါ။ အခု ဦးသိန်းစိန် သမ္မတကြီးလုပ်တာလည်း ပြစ်မှုလား။

(၂) ဒီလိုပါဘဲ နိုင်ငံတော် လုံခြုံရေးအရ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းတာလဲ။ ကဲ ဥပမာ ဓါးပြမှုပေါ့။ လူတယောက်က ဓါးပြမှု အခုလွှတ်တယ် မကြာခင် ပြန်လုပ်တတ်တယ်။ သူ့ကျတော့ဘာလို့ နေအိမ်အကျယ်ချုပ် မချတာလဲ။ ဓါးပြတိုက်ရင် မထင်ရင် လက်နက်တွေနဲ့ လူပါ အသတ်ခံရတာလေ။ နိုင်ငံတော်လုံခြုံရေး ပျက်တာမဟုတ်ဘူးလား။ ဒေါ်စုကိုထိန်းသိမ်းတဲ့ ၁၀ / ကနဲ့ ၁၀/ ခ တို့ က ဘာလို့ အဲဒီလိုပြစ်မှု သမား ဓါးပြမှု ခနခနကျူးလွန်နေသူတွေအပေါ် မချမှတ်တာလည်း။ ရှင်းနေတာဘဲ။ ဒီပုဒ်မဟာ နိုင်ငံရေးလုပ်သူအတွက် သီးသန့်လေ။

ဓါးမြမှုတွေကျတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲမှာ သိပ်ကြာကြာမထားဘဲ လွှတ်လိုက်တော့ မနှစ်က ကွမ်းခြံကုန်း လူသတ်ဓါးမြမှုက အဲဒီလို လွှတ်ပေးလိုက်သူတွေက ထပ်မံကျူးလွန်လိုက်တာပါ။

(၃) ဖမ်းဆီးခြင်း နိုင်ငံရေးသမားကို ဖမ်းရင် အများစုက ညမှာလာဖမ်းတယ်။ ဧည့်စာရင်းစစ်မလို့ပါ အိမ်ရှင်တို့ လာတော့ ရဲက အိမ်အပြင်မှာ တခါတရံ ရဲတောင်မပါဘူး။ ပါလဲအိမ်ထဲမ၀င်ဘူး။ ထောက်လှမ်းရေးတွေဘဲ ၀င်တာပါ။ ကျနော့်ကို လာဖမ်းစဉ်က အိမ်မှာဧည့်စာရင်း မတိုင်ထားသူ ၂ ဦးကို ဒီလူတွေ မတိုင်ထားပါဘူး။ အဲဒါအရေးယူပေးပါ တောင်းဆိုတာပေါ့။ မရဘူး သူတို့ကို မှတ်ပေးပါ တောင်းဆိုတာပေါ့။ ဧည့်စာရင်းမှု ကိုအမှုဖွင့်ရင် ကျနော်ကအိမ်ရှင်လေ။ ကျနော်ကို နောက်နေ့ အပြင်ရုံး ထုတ်ရတော့မှာလေ။ လာတုန်းကတော့ ယောက်ျားတန်မဲ့ ဧည့်စာရင်းစစ်မလို့ပြောပြီး ဧည့်စာရင်းတိုင် မထားသူ နှစ်ဦး ထိုးပေးတာ မှတ်တောင် မှတ်မသွားဘူး။ ရှင်းပြီနော် (၅/ည) ဆိုတာ။ တစ်ချို့ဆိုပြန်ပို့ပေးပါမယ်.. ခဏလေးပါ တာဝန်ခံပါတယ် ဆိုပြီး အရှက်မရှိပြောပြီး ခေါ်သွားတာ ပြန်ကိုရောက်မလာ တော့တာပါ..။

(၄) ရှာဖွေသိမ်းဆည်းခြင်း တခါ ပြစ်မှုဆိုပြီး အိမ်ကို ပိုက်စိပ်တိုက် ရှာဖွေတယ်။ ဓါးမရှာဘူး။ လက်နက်မရှာဘူး။ ခိုးရာပါပစ္စည်းမရှာဘူး။ ပိုက်စိပ်တိုက် ရှာတာက စာအုပ်တွေ တအုပ်ချင်း လှန်လျှောကြည့်တယ်။ ကွန်ပျူတာကို ဖွင့်ကြည့်တယ်။ အားလုံး -၄ -နာရီလောက်မွှေတယ်။ ရဲတွေကအပြင်မှာ လှေခါးထစ်မှာ ထိုင်လို့။ ပြစ်မှုဆို ရဲက ရှာရမှာလေ။

(၅) သက်သေခံပစ္စည်း ရှာဖွေတာမှာ ကျနော်ဆီမှာ ဗိုလ်ချုပ်ပုံတွေ ရင်ထိုးတွေ ဓါတ်ပုံတွေ သိမ်းသွားပါတယ်။ ဗိုလ်ချုပ်ပုံသိမ်းတာ ပြစ်မှုနဲ့ဆက်နွှယ်နေလို့လား။ ကိုယ့်အမျိုးသားခေါင်းဆောင်ပုံ လက်ဝယ်ထားတာ ပြစ်မှုမြောက်ရင် သန်းရွှေ အာဏာသိမ်းပြီးစက အချိန်တော်တော် ကြာအောင်အထိ သူ့ရုံးခန်းမှာ ဗိုလ်ချုပ်ပုံက ရှိနေတာဘဲ။ ကျနော်တို့စစ်တဲ့ တရားရုံးမှာတောင် ဗိုလ်ချုပ်ပုံကြီး ချိတ်ဆွဲထားတာဘဲ။

အဲဒီတော့ တရားရုံးမှာ ကိုမောင်မောင်ဝမ်းက ထပြောပါလေရော။ သူကလည်း တရားရုံးမှာ ကျနော်တို့ဖြင့် ရီလိုက်ရတာ အူကိုနာလို့။ တော်ကြာတရားရုံးမှာ မထီလေးစားလုပ်မှုတောင် ထပ်ကပ်ဦးမှာ ပူမိတယ်။ တရာသူကြိးက ဦးမောင်မောင်ဝမ်း (အဖ ဦးသောင်း) ဟုတ်ပါသလားပေါ့။ အဖနာမည် မလိုပါဘူး ရေနံချောင်းက မောင်မောင်ဝမ်းဆိုရင် ကလေးကအစ တတိုင်းတပြည်လုံးတောင် သိနေတာဘဲ တရားသူကြီးမင်းလုပ်ပြီး ခင်ဗျား ကမသိဘူးလားလုပ်ပါလေရော။


စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ..


စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ

အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ်(အလောင်း)အား ပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း (၄) စီးအား လှူဒါန်းပေးခဲ့ပါသည်။ ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ၌ ခေတ္တခဏ ထားရှိနိုင်ရန် ကူညီဖေးမ ပေးနိုင်တော့မည် ဖြစ်ပါသည်။

ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှ ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံး ပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေး တွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများအပါအ၀င် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစ်စီးအား သဒ္ဒါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ဂရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။

ပေးဆပ်မှုမှတ်တမ်း
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား နေ့စဉ်နှင့်အမျှ ပိတ်ရက်မရှိ (အခမဲ့) ထမ်းဆောင်ပေးဆပ်နေကြသည့် ၀န်ထမ်းများအား တွေ့ဆုံအစည်းအဝေးပွဲကို ၂.၅.၂၀၁၁ (တနင်္လာ) နေ့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးပွဲ၌ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်က ၀န်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအချို့နှင့် ဒေါ်ဧရာမောင်မောင်ကလည်း ၀န်ထမ်းများအတွက် ငွေစုငွေကြေးကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။ တွဲဖက်အတွင်းရေးမှူး ဦးတင်မောင်အေးမှလည်း ၂၀၁၁ ခုနှစ် သင်္ကြန်ရက်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနား ပြင်ဆင်ရာတွင် ရက်ပိုဆင်း၍ တာဝန်မရွေး အင်တိုက်အားတိုက် လုပ်အား ပေးခဲ့ကြသော ၀န်ထမ်းများအား မှတ်တမ်းတင် ဂုဏ်ပြုကြောင်းပြော ကြားခဲ့ပြီးနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုလက်ဆောင်မွန်များအား - 


တာချီလိတ်က နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်မြင့်ဋ္ဌေးနဲ့ အဖွဲ့ရဲ့ လာဘ်စားမှု (တိုင်ကြားစာ)

 ထိုင်း၊ မြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ဋ္ဌေးနှင့် အဖွဲ့မှ လာဘ်ငွေရယူ၍ ဂိမ်းဆိုင်းများအား ဖွင့်လှစ်ခွင့် ပေးထားတဲ့ အကြောင်း ပေးပို့လာတာကို တင်ပြလိုက်ပါတယ်..

ကျွန်တော်တို့ တာချီလိတ်မြို့မှာ တပိုင်တနိုင် အိမ်ဆိုင်လေးများတွင်  ဖွင့်လှစ်ထားသော ဂိမ်းစက်များကို ဒနအဖွဲ့နှင့် နယ်ထိန်းအဖွဲ့များက ယာယီပိတ်ထားပေးရန် လိုက်လံ ပြောဆိုနေသော်လည်း... ခြံဝန်းကျယ်ကြီးများတွင် ဖွင့်လှစ်ထားသော ဂိမ်းဆိုင်ကြီးများမှာ ပုံမှန်အတိုင်း ဂိမ်းကစားသူ ယာဘရှူသူများဖြင့် လူစည်ကား လျှက်ရှိနေပါတယ်..။

အဆိုပါ အိမ်ဆိုင်လေးများတွင် ဖွင့်လှစ်ထားသော ဂိမ်းဆိုင် ပိုင်ရှင်တစ်ဦးမှ ပြောဆိုရာမှာတော့ ..
ကျွန်တော့်ဆိုင်ကျတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ခဏပိတ်ထားလို့ လာပြောတယ်..။ စက်တွေ အများကြီး ထောင်ထားတဲ့ ခြံဝန်းကျယ်ကြီးတွေမှာ ဖွင့်ထားတဲ့ သူတွေကျတော့ ပုံမှန်အတိုင်းပဲ ဖွင့်ခွင့် ရနေတယ်ဗျာ... ဟုဆိုင်ခန်းငယ်ကလေးဖြင့် ဂိမ်းဆိုင် ထောင်ထားသူ ပိုင်ရှင်တစ်ဦးက မကျေမနပ် ပြောဆိုပါတယ်..။ 

ဆိုင်ခန်းလေးဖြင့်ဖွင့်ပါက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ဋ္ဌေးအား စက်တစ်လုံး ၃၀၀ ဘတ်ပေးရပြီး ခြံဝန်းအတွင်း ဆိုင်ကြီးအဖြစ် လုပ်ကိုင်ပါက တစ်လ ဘတ်သုံးသောင်းနှင့် သူ့အတွက် အစုထည့် ပေးရကြောင်း ပြောပြသည်။ တာချီလိတ်မြို့တွင် ဂိမ်းစက် အလုံးပေါင်း တစ်ထောင်ကျော် ရှိပါတယ်။ ခြံဝန်းကြီးများတွင် ဂိမ်းစက် အမျိုးအစားပေါင်း များစွာဖြင့် ဖွင့်လှစ်ထားသော နေရာပေါင်း ၁၅နေရာခန့်ရှိပြီး ၂၄နာရီ လောင်းကစား ပြုလုပ်နိုင်ပြီး မူးယစ်ဆေး ယာဘလည်း ရှုနိုင်ပါတယ်...။

တာချီလိတ်သား...

တာချီလိတ် ဂိမ်းဆိုင်မှိုလိုပေါက် လူငယ်များ အကျင့်စာရိတ္တပျက် ရပ်မိရပ်ဖများစိုးရိမ် သျှမ်းသံတော်ဆင့် သတင်း ပြန်ဖတ်ချင်ရင်.. Click

အမေရိကန် Special Operation NAVY SEALs အကြောင်းသိကောင်းစရာ.. (NTDV ရုပ်သံ)နှင့် Inside Bin Laden's Take Down (ABC NEWS ရုပ်သံ)


အမေရိကန် Special Operation NAVY SEALs အကြောင်းသိကောင်းစရာ.. (NTDV ရုပ်သံ)
Inside Bin Laden's Takedown (ABC NEWS ရုပ်သံ)

ဒို့ တတွေ ဒီသီချင်းရဲ့  အဆုံးအပိုဒ်လေး ဆိုနိုင်ခဲ့ကြပြီလား (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဒို့တတွေ ဒီသီချင်းရဲ့  အဆုံးအပိုဒ်လေး ဆိုနိုင်ခဲ့ကြပြီလား

ဖေ့ဘွတ်ပေါ်မှာ လူငယ်တဦးက ပြည်မြန်မာအရေး အားမလိုအားမရဖြစ်ပြီး ကမ္ဘာ့မြေပုံပေါ်မှာ ဇီးရွက်ကလေး လောက်သာရှိတဲ့ စင်ကာပူနိုင်ငံလေးဟာ ကျုပ်တို့ထက် ဓနအင်အား စစ်အင်အား တောင့်တင်းနေတာကို အားမရဖြစ်ပြီးတင် ရေးသားလာပါတယ်။ အော် စစ်ဗိုလ်ကြီးတွေ အမျိုးသားနိုင်ငံရေး သမားတွေ အုပ်ချုပ်လိုက်တာ နှစ်အစိတ်နီးပါးအတွင်း တိုင်းပြည်မှာ အမှိုက်ပုံမှာတောင် ကောက်စားလို့ မရတော့အောင်အထိ မွဲပြီး ချွတ်ခြုံကျသွားပါတယ်။
အဲဒါကတော့ အမျိုးသားနိုင်ငံရေးလို့ ကြွေးကြော်ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုယ်တိုင် သမ္မတကြီးဦးသိန်းစိန်ကို အာဏာလွှဲတဲ့အချိန်မှာ ၀န်မခံလို့ မဖြစ်တော့လို့ ၀န်ခံလိုက်ပါတယ်။  မြန်မာနိုင်ငံဟာ ကမ်ပူးချားနိုင်ငံထက်ကို နိမ့်နေပါတယ်တဲ့။ ဒီမိုကရေစီလို့ အမည်ခံလိုက်တာနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး အခြေအနေမှန်တွေကို ထုတ်ဖေါ် ၀န်ခံရပါတော့မယ်။ တကယ်လို့သာ လွှတ်တော်ထဲမှာ ဒီမိုကရေစီ ဘက်တော်သားအမတ်တွေ ယခုထက် များများပါလာမယ်ဆိုရင် ဘယ်လောက်ဘဲ ညစ်ပတ်ညစ်ပတ်ပါစေ လူမှန်တွေ အင်အားများရင် တရားမျှတမှု နည်းနည်းလေး ဒီထက်ပိုရှိနိုင်ပါတယ်။

မကောင်းပေမဲ့ သိပ်ဆိုးဆိုးဝါးဝါးကြီး မဖြစ်နိုင်ဘူးပေါ့။ ထားပါတော့ လွန်ခဲ့ပါပြီ။ အဲဒီတော့ အခုနက တိုင်းပြည်အတွက် အားမရသူလို လူတိုင်းဘဲအားမရကြပါဘူး။ သန်းရွှေတောင် ဖွင့်ဟ၀န်ခံလိုက်ရပါပြီ။ ကဲဒါကို နိုင်ငံတော်သမ္မတကြီးရယ် ကြံ့ခိုင်ရေးက အမတ်မင်းတွေ လွှတ်တော်မှာ ဘယ်လို လက်တွေ့ ကျကျ ဖြေရှင်းကြမလဲ ဆွေးနွေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ထားပါတော့ စောင့်ကြည့်သင့်လား မစောင့်သင့်ဘူးလား အားလုံး အာရုံပြုပေးရင် ပိုကောင်းပါမယ်။ အခု ကျနော်ပြောလိုတာလေးတွေ ပြောပါရစေ။ ပြောတိုင်း ကျနော်ဘ၀အတွေ့ အကြုံလေးတွေက ပါလာရပြန်ပြီ။ နားလည်ကြမယ်လို့ ယူဆပါတယ်။

ကျနော်က KENNY ROGERSရဲ့ အမေရိကန်ကျေးလက် သီချင်းလေးကို သတိရလာလို့ပါ။ ကျနော်က ငယ်ငယ်လေးကတည်းက လူကောင်က ငယ်တယ်။ ကျနော့်ထက် နှစ်နှစ်ငယ်တဲ့ ညီအရင်းကိုက တခါတခါကျရင် အသားလွတ် ဗိုလ်ကျချင်တယ်။ အသားလွတ် ဗိုလ်ကျတာတွေ လုပ်လာတယ်။ ညီဆိုတော့ တဆုံးတချက် မလုပ်ချင်ဘူး။ ပြန်ချရအောင်ကလဲ သူက ကျနော်ထက် လက်သုံးလုံးမက မြင့်တယ်။  လူကောင်ကလည်းကြီးတယ်။ သန်တာကလဲ အတော်သန်တဲ့ကောင်။ မရတဲ့အဆုံး ကျနော်ချလိုက်ရင် (ခွပ်) တချက်ဘဲ အသံနဲ့ မေ့နေပြီ။ အဲဒီတော့ကျနော်လည်း အဖေက အသေအတီးတာ ခံရတာပေါ့။

မတတ်နိုင်ဘူး။ နောက်နေ့ မင်းငါ့ကိုလုပ်ချင်ရင် အပြတ်ချ ငါ့ကို မင်းကိုမှောက်သွားသလို လုပ်ရဲရင် လုပ် မထိတထိ မလုပ်နဲ့။ ငါကိုစရင် ငါသေမှ ပွဲပြတ်မယ်လာစမ်းနဲ့ပေါ့။ ထပ်လာတယ် ထပ်ချရပြန်ကော။ စိတ်ထဲမကောင်းဘူး။ ကျနော့်ညီ တခုခုဖြစ်သွားမှာလည်း ပူတယ်။ ကျနော့်မှာတွယ်ရင်လဲ ဒီတနည်းဘဲလေ။ တချက်နဲ့ သူမမှောက်ရင် ကျနော်က ခံရတော့မှာ။ နောက်တော့ သူလန့်သွားတယ်။ တွေးမိတိုင်း ကျနော်ညီကို ချမိတာမျက်စေ့ထဲက မထွက်ဘူး။ မလုပ်ချင်ဘူး။ ရှောင်မရတော့ လုပ်ရတော့တာ။


ဝန်ကြီးအားရ တရုတ်ကားရ လွှတ်တော် အမတ်မင်းများ....

ဝန်ကြီးအားမရတဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝကတော့..
အမှတ် (၂) စက်မှုဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ကျပ် ၅၅ သိန်းတန် မြန်မာမီနီ ဆလွန်းကားများကို လွှတ်တော်ကိုယ်စားလှယ် အချို့ဝယ်ယူခွင့် ရရှိခဲ့ကြောင်း လသာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောပြပါတယ်။ ၄င်းက “ကားဝယ်ယူခွင့်နဲ့ ပတ်သက်ပြီး ပြည်သူတွေကို လျှောက်လွှာ တင်ခိုင်းတာ ရှိတော့ရှိမှာပေါ့။ ကျွန်တော်တို့ကိုတော့ လျှောက်လွှာတင်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုတော့ စက်မှု (၂) ၀န်ကြီး ရုံးအဖွဲ့မှူးကိုယ်တိုင် ဖုန်းဆက်ပြီးတော့ လွှတ်တော်ထဲမှာ လုပ်ခဲ့ကိုင်ခဲ့တဲ့ကိစ္စ၊ တိုင်းပြည်အတွက် ပြောခဲ့ဆိုခဲ့တဲ့ကိစ္စတွေကို အားရကျေနပ်ပြီးတော့ တစ်ဘက်က ၀န်ကြီးကလည်းပြန်ပြီးတော့ တတ်စွမ်းနိုင်သမျှ ပြန်ကြည့်ပေးပါတယ်ဆိုတဲ့ သဘောဘဲ။ အဲလိုပြောပြီး ပေးတာပါ။
ဝန်ကြီးအားရတဲ့ အမတ်မင်းတွေရရှိတဲ့ Myanmar Mini Saloon တရုတ်ကားများ....
ဘဏ်မှာ ငွေသွားသွင်းရပါတယ်။ ကိုယ်ပိုင်သဘော ကျွန်တော့နာမည်နဲ့ ရောင်းပေးတာပါ။ လွှတ်တော်အမတ်တွေ အားလုံး ရကြမယ် ထင်ပါတယ်။ ဧပြီ ၂၂ ရက်နေ့က ကျွန်တော်နဲ့အတူ ရန်ကုန်တိုင်း ဒေသကြီးထဲမှာ နေထိုင်ကြတဲ့ ၁၂ ယောက် ၀ယ်ယူခွင့်ရတဲ့ စာရင်း တွေ့တယ်။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမေ၊ NDF ကကျွန်တော်နဲ့ ဦးသိန်းညွန့် ၂ ယောက် ပေးတယ်။ ပြည်ခိုင်ဖြိုးက ၉ ယောက်၊ နောက်လူတွေလည်း နောက်တော့ ရပါလိမ့်မယ်။ ကားကလည်း နည်းနည်းချင်း အသုတ်လိုက်ထွက်တာကိုး။ ကျွန်တော် ငွေသွင်းပြီးထုတ်တဲ့ကားက ရွှေအိုရောင်ပါ။ အစိုးရချင်း ဖက်စပ်လုပ်တဲ့ သဘောရှိတော့ ဒီကားက စီးရတာ ကောင်းပါတယ် ” လို့ရှင်းပြပါတယ်။

သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သူ့အနေနဲ့ ၀ယ်ယူခွင့်ရတယ် ဆိုတာ မှန်ကန်ကြောင်း၊ သူမလျှောက်ပေမယ့် စက်မှု (၂) ၀န်ကြီး ရုံးအဖွဲ့မှူးက တစ်ဆင့် ဆက်သွယ်ရောင်းချ ပေးတာဖြစ်ကြောင်း၊ ယခုကိစ္စ ကိုယ်ရေးကိုယ်တာ ကိစ္စမို့အခြား မှတ်ချက်ပေး ပြောဆိုတာမျိုး မလုပ်ချင်ကြောင်း ရှင်းပြပါတယ်။

ဇာလီထွန်း

ပေးပို့ပေးတဲ့ ကိုအောင်မျိုးထွန်းအား ကျေးဇူးတင်ပါသည်...။

ဒီ Myanmar Mini Saloon ကားတွေဟာ အပြင် ကားဈေးကွက်မှာ ပေါက်ဈေး (၁၅၀)ခန့်ရှိပါတယ်...။ ဘယ်မောင်း လေးယောက်စီး ဓာတ်ဆီသုံးကားဖြစ်ပါတယ်...။ တရုတ်နိုင်ငံက အစိတ်အပိုင်းတွေ တင်သွင်းတာ ဖြစ်ပြီး အမှတ်(၂) စက်မှုဝန်ကြီးဋ္ဌာနမှာ တပ်ဆင်ထုတ်လုပ်တာပါ...။ ပြည်သူတွေကတော့ လျှောက်လွှာတင်ဝယ်ပေါ့.. အမတ်မင်းတွေကိုတော့ လျှောက်လွှာတင်စရာ မလိုဆိုတဲ့ အခွင့်အရေးလေး ပေးထားတာပါ...။ တိုင်းပြည်အတွက် ပြောဆိုခဲ့လို့ အားရပြီးပေးတာပါတဲ့...။ ကဲတိုင်းပြည်အတွက် ပြောဆိုခဲ့လို့ ဝန်ကြီးက အားရလို့ ပေးတာဆိုတော့ စကားပုံတစ်ခုကို ပြေးအမှတ်ရလိုက်မိပါတယ်..(ဝန်ကြီးအားရ တရုတ်ကားရပေါ့)။ နောက်တစ်ခု ဒီမိုကရေစီနိုင်ငံပါဆိုပြီး ဝန်ကြီးရဲ့ ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ ဒီလို ပေးချင်တိုင်း ပေးလို့ရမရ လွှတ်တော်အမတ်မင်းတွေ စဉ်းစားကြပါဦး..။ ဝန်ကြီးအားရတိုင်း ပေးချင်တိုင်ပေး ဝေချင်တိုင်း ဝေနေမယ်ဆိုရင် လျှောက်လွှာတင်တိုင်း ကားပါမစ်ကျမယ့် အထဲမှာ ဝန်ကြီးအမြဲအားရနေမယ့် အဆွေအမျိုးတွေ၊ ကပ်ဖားရက်ဖားတွေ၊ အခွင့်အရေးသမားတွေပဲ ဝယ်ခွင့်ရ နေမှာပေါ့ဗျာ။ နောက်တစ်ခု ဒီလိုဝယ်ခွင့် ချပေးချင်တိုင်း ချပေးခွင့် လွှတ်တော်ထဲမှာ ဆုံးဖြတ်ချက် ကျထားပြီးလို့လားဗျာ ..။ ဝန်ကြီးအားရတာ အားမရတာထက် ပြည်သူတွေ အားရအောင် ပြောဆိုကြပါဦး လွှတ်တော်ထဲရောက် အမတ်မင်းကြီးများခင်ဗျား.....။

ဒီမိုဝေယံ

TBS သတင်းဋ္ဌာနက ထုတ်လွှင့်သွားတဲ့ မီယာဂိခရိုင်က တို့မြန်မာတွေရဲ့ စေတနာ့ဝန်ထမ်းအလှူ (ရုပ်သံ)


ပြည်တွင်း ပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင်

အိုစာမာ ဘင်လာဒင်ရဲ့ နေအိမ်ခြံဝင်းအား စစ်ဆင်ရေး သရုပ်ပြ မြင်ကွင်းရုပ်သံနှင့် ဘင်လာဒင် ခြံဝင်းအတွင်း အသေးစိတ် မြင်ကွင်း (ABC NEWS ရုပ်သံ)

စစ်ဆင်ရေး သရုပ်ပြမြင်ကွင်း ရုပ်သံ
ဘင်လာဒင် ခြံဝင်းအတွင်း အသေးစိတ် မြင်ကွင်း

နိုင်ငံတော် သမ္မတကြီး မိန့်ခွန်းအစစ်က ဒီလိုပါတဲ့..


အမိအဖကျေးဇူး ဆပ်လို့မကုန်နိုင်ဘူး (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

အမိအဖကျေးဇူး ဆပ်လို့မကုန်နိုင်ဘူး

ကျနော် အခုရက်ပိုင်းလေး ပိုပြီးအလေးရေးချင်နေတာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာကို အချက်အလက် အများကြီးနဲ့ထောက်ပြချင်တဲ့ ဆောင်းပါးပါ။ ယခင်က ရေးထားဘူးတာ ပြန်ရှာကြည့်ရပါဦးမယ်။ AAPP မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ကို  ပို့ပေးဖူးပါတယ်။ ဧရာဝတီ RFA စတာတွေကို ၂၀၀၅ / ၂၀၀၆ လောက်တွေကပို့ ပေးဖူးပါတယ်။ မြန်မာလို မရိုက်တတ်သေးတော့ လက်ရေးနဲ့ရေး စကင်ဆွဲပို့ ပေးခဲ့တာပါ။

ဒါပေမဲ့ အခုတလော (အချိန်မကျဘဲ ကြေမွသွားတဲ့ ပန်းတပွင့် Click ) ဆောင်းပါးက အတော်လေး ပြန့်အား ကောင်းလာတော့ ကျနော်အမြင်ကတော့ စာရေးသူကို ဝေဖန်လိုစိတ်မရှိပေမဲ့ ကျနော် ခံယူချက် ကျနော့်ယုံကြည်ချက် ကျနော့်ဘ၀ အတွေ့ အကြုံတွေနဲ့ ရေးဖို့ လိုအပ်လာပြီလို့ ယူဆလို့  ယခုဆောင်းပါးကို နိုင်ငံရေးအကျဉ်းသား creteria ထက် အရင်ဦးစားပေး ရေးလိုက်ရတာပါ။ ဒီဆောင်းပါးကို မရေးချင်တာ အကြောင်းတွေ များပါတယ်။

တစ်က ကျနော်ဆောင်းပါးတွေမှာ ကျနော်အကြောင်းတွေ ထည့်ထည့်ပြီး ရေးလာရတော့ တချို့လူတွေ (န.အ.ဖ ဘက်သားလို့ သံသယရှိထားသူတွေက) ကျနော်မိတ်ဆွေတွေကို ဒီလူက နိုင်ငံရေးဆောင်းပါးရေးပြိး ပုဂ္ဂိုလ်ရေး အမြတ်ထုတ်နေတယ်ပေါ့။ မိတ်ဆွေ နှစ်ဦးကတော့ ဖြစ်နိုင်ရင် ခင်ဗျား အကြောင်းမထည့်ပဲ ရေးပါလားပေါ့။ စေတနာနဲ့ ပြောလာတာပါ။ ကျနော်သူ့ကို မေးလိုက်ပါတယ်။ အခုကျနော်ရေးထားတာကို ခင်ဗျားပြန်ပြင်ပြီး ရေးကြည့်ပေးပါ။ လေးနက်မှု မလျော့သွားဘူးဆိုရင် နောင်ကျနော် ဆောင်းပါးရေးပြီးရင် ခင်ဗျားဆီ အယ်ဒစ်လုပ်ပေးပြင်ပေးဖို့  အရင်ပို့ လိုက်မယ်ပေါ့။

ကျနော်က မြန်မာစာက တော်တော်လေး အားနည်းပါတယ်။ ညံ့တဲ့အဆင့်မှာရှိတာပါ။ စာရေးဆရာလဲ မလုပ်ချင်ပါဘူး။ အဲဒီတော့ ရေးစရာက ဘ၀မှာတကယ်ကြုံတွေ့ ခဲ့ရတာလေးတွေဘဲ ရှိတာပေါ့။  ဘ၀အသိ ဘ၀အတွေ့အကြုံ တွေပဲရှိတာပေါ့။ ကျနော်က ဗွီဒီယို ရုပ်ရှင် စတာတွေလဲ မကြည့်တတ်ဘူး။ TOM CRUISE တို့ ANGELINA JOLIE နဲ့ BRAD PITT လား(မှားရင်ခွင့်လွှတ်) တို့ဆို ကျနော်လူရုပ်ပုံနဲ့ နာမည်နဲ့ တွဲသိတာ ၂၀၀၇ လောက်ကျမှသိတာပါ။ ကြော်ငြာတွေမှာ လှတယ်လို့တော့ မြင်နေတာ။

နောက် နိုင်ငံရေးထဲလဲ လုံးဝမပါချင်ဘူး။ မပါချင်လို့လဲ ဘယ်အဖွဲ့ထဲမှ မပါခဲ့ဘူး။ ၁၉၈၉- မှာ ဒေါက်တာဌေးကြွယ် (အဖွဲ့ချုပ်) ကတစ်ဆင့် နှစ်ကြိမ် ဒေါ်စုက  အဖွဲ့ ချုပ်ထဲ ၀င်ပါပေးဖို့ ပြောလာပါတယ်။  ကျနော် တစ်ကြိမ်တော့ ဒေါ်စုကိုသွားတွေ့ပြီး ပါတီထဲမပါပေမယ့် ပါတီထဲ မ၀င်တဲ့ (ကိုယ်ပျောက် အမာခံပါတီဝင်) လို့သာ မြင်ထားပေးပါ ပြောခဲ့ပါတယ်။ နောက်တချက်က အမေ(အသက်-၆၀ ကျော်) ရယ် ညီ(ဒေါက်တာဂျိုးဇက်)ရယ်/ ညီမ (ဒေါက်တာအေးအေးမူ) တို့ကိုဖမ်းထားတော့ ပြန်လွှတ်မယ် မျှော်ကြရတာတော့ ထုံးစံပေါ့လေ။ မလွှတ်ဘဲ ချလိုက်ရင် (ကိုကိုကြောင့်) အကိုက နိုင်ငံရေးပါတီထဲ ပါလို့ မဲပြီး ချလိုက်တယ် ဖြစ်ကြပါမယ်။
နောက်တခုက ကျနော်က ကိုမင်းကိုနိုင်တို့အဖွဲ့ထဲ ၀င်ပါနေရတော့ ကျနော်ကို သူတို့အဖွဲ့ထဲကို အတိုင်ပင်ခံအနေနဲ့ ထည့်သူက ကိုမင်းကိုနိုင်။ တခါ ညပိုင်း(တညလုံးပါ) အရေးကြီး ဆုံးဖြတ်ဖို့ ဆွေးနွေးကြရင် မိုးသီးနဲ့ လူငယ်တွေ အများစုနဲ့က သဘောထား မတိုက်ဆိုင်ကြဘူး ဖြစ်ကြတယ်...။ ဒီတော့ ကျနော် ဒိုင်သူကြီး လုပ်ရတယ်။ မိုးသီးက ကျနော်အပေါ် မင်းကိုနိုင်ဘက် ပါတယ်။ ဘက်လိုက်တယ်ဆိုတဲ့ အသံရှိလာတော့ ကျနော် သူတို့အားလုံးကို (ငါက နိုင်ငံရေး ပြေလည်သွားရင် နိုင်ငံရေးထဲ မပါတော့ဘူး)  ဆိုပြီး အပြတ်ပြောထားတာ ရှိနေတော့ မပါခဲ့တော့ဘူး။ (ရီရတယ်... အခုကျတော့ မိုးသီးက ကျနော့်ကို မမှတ်မိဘူးလို့ ပြောနေတယ်)