ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဒို့ တတွေ ဒီသီချင်းရဲ့  အဆုံးအပိုဒ်လေး ဆိုနိုင်ခဲ့ကြပြီလား (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဒို့တတွေ ဒီသီချင်းရဲ့  အဆုံးအပိုဒ်လေး ဆိုနိုင်ခဲ့ကြပြီလား

ဖေ့ဘွတ်ပေါ်မှာ လူငယ်တဦးက ပြည်မြန်မာအရေး အားမလိုအားမရဖြစ်ပြီး ကမ္ဘာ့မြေပုံပေါ်မှာ ဇီးရွက်ကလေး လောက်သာရှိတဲ့ စင်ကာပူနိုင်ငံလေးဟာ ကျုပ်တို့ထက် ဓနအင်အား စစ်အင်အား တောင့်တင်းနေတာကို အားမရဖြစ်ပြီးတင် ရေးသားလာပါတယ်။ အော် စစ်ဗိုလ်ကြီးတွေ အမျိုးသားနိုင်ငံရေး သမားတွေ အုပ်ချုပ်လိုက်တာ နှစ်အစိတ်နီးပါးအတွင်း တိုင်းပြည်မှာ အမှိုက်ပုံမှာတောင် ကောက်စားလို့ မရတော့အောင်အထိ မွဲပြီး ချွတ်ခြုံကျသွားပါတယ်။
အဲဒါကတော့ အမျိုးသားနိုင်ငံရေးလို့ ကြွေးကြော်ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကိုယ်တိုင် သမ္မတကြီးဦးသိန်းစိန်ကို အာဏာလွှဲတဲ့အချိန်မှာ ၀န်မခံလို့ မဖြစ်တော့လို့ ၀န်ခံလိုက်ပါတယ်။  မြန်မာနိုင်ငံဟာ ကမ်ပူးချားနိုင်ငံထက်ကို နိမ့်နေပါတယ်တဲ့။ ဒီမိုကရေစီလို့ အမည်ခံလိုက်တာနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး အခြေအနေမှန်တွေကို ထုတ်ဖေါ် ၀န်ခံရပါတော့မယ်။ တကယ်လို့သာ လွှတ်တော်ထဲမှာ ဒီမိုကရေစီ ဘက်တော်သားအမတ်တွေ ယခုထက် များများပါလာမယ်ဆိုရင် ဘယ်လောက်ဘဲ ညစ်ပတ်ညစ်ပတ်ပါစေ လူမှန်တွေ အင်အားများရင် တရားမျှတမှု နည်းနည်းလေး ဒီထက်ပိုရှိနိုင်ပါတယ်။

မကောင်းပေမဲ့ သိပ်ဆိုးဆိုးဝါးဝါးကြီး မဖြစ်နိုင်ဘူးပေါ့။ ထားပါတော့ လွန်ခဲ့ပါပြီ။ အဲဒီတော့ အခုနက တိုင်းပြည်အတွက် အားမရသူလို လူတိုင်းဘဲအားမရကြပါဘူး။ သန်းရွှေတောင် ဖွင့်ဟ၀န်ခံလိုက်ရပါပြီ။ ကဲဒါကို နိုင်ငံတော်သမ္မတကြီးရယ် ကြံ့ခိုင်ရေးက အမတ်မင်းတွေ လွှတ်တော်မှာ ဘယ်လို လက်တွေ့ ကျကျ ဖြေရှင်းကြမလဲ ဆွေးနွေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ထားပါတော့ စောင့်ကြည့်သင့်လား မစောင့်သင့်ဘူးလား အားလုံး အာရုံပြုပေးရင် ပိုကောင်းပါမယ်။ အခု ကျနော်ပြောလိုတာလေးတွေ ပြောပါရစေ။ ပြောတိုင်း ကျနော်ဘ၀အတွေ့ အကြုံလေးတွေက ပါလာရပြန်ပြီ။ နားလည်ကြမယ်လို့ ယူဆပါတယ်။

ကျနော်က KENNY ROGERSရဲ့ အမေရိကန်ကျေးလက် သီချင်းလေးကို သတိရလာလို့ပါ။ ကျနော်က ငယ်ငယ်လေးကတည်းက လူကောင်က ငယ်တယ်။ ကျနော့်ထက် နှစ်နှစ်ငယ်တဲ့ ညီအရင်းကိုက တခါတခါကျရင် အသားလွတ် ဗိုလ်ကျချင်တယ်။ အသားလွတ် ဗိုလ်ကျတာတွေ လုပ်လာတယ်။ ညီဆိုတော့ တဆုံးတချက် မလုပ်ချင်ဘူး။ ပြန်ချရအောင်ကလဲ သူက ကျနော်ထက် လက်သုံးလုံးမက မြင့်တယ်။  လူကောင်ကလည်းကြီးတယ်။ သန်တာကလဲ အတော်သန်တဲ့ကောင်။ မရတဲ့အဆုံး ကျနော်ချလိုက်ရင် (ခွပ်) တချက်ဘဲ အသံနဲ့ မေ့နေပြီ။ အဲဒီတော့ကျနော်လည်း အဖေက အသေအတီးတာ ခံရတာပေါ့။

မတတ်နိုင်ဘူး။ နောက်နေ့ မင်းငါ့ကိုလုပ်ချင်ရင် အပြတ်ချ ငါ့ကို မင်းကိုမှောက်သွားသလို လုပ်ရဲရင် လုပ် မထိတထိ မလုပ်နဲ့။ ငါကိုစရင် ငါသေမှ ပွဲပြတ်မယ်လာစမ်းနဲ့ပေါ့။ ထပ်လာတယ် ထပ်ချရပြန်ကော။ စိတ်ထဲမကောင်းဘူး။ ကျနော့်ညီ တခုခုဖြစ်သွားမှာလည်း ပူတယ်။ ကျနော့်မှာတွယ်ရင်လဲ ဒီတနည်းဘဲလေ။ တချက်နဲ့ သူမမှောက်ရင် ကျနော်က ခံရတော့မှာ။ နောက်တော့ သူလန့်သွားတယ်။ တွေးမိတိုင်း ကျနော်ညီကို ချမိတာမျက်စေ့ထဲက မထွက်ဘူး။ မလုပ်ချင်ဘူး။ ရှောင်မရတော့ လုပ်ရတော့တာ။


ကျနော်က မွေးကထဲ လေနာပါလာတာ။ အစားမစားနိုင်နဲ့ လူက လှီတယ်။ ကျောင်းဘော်ဒါထားတော့ ထုံးစံအတိုင်း ဗိုလ်ကျ တတ်သူတွေက အဲဒီလို ငယ်တဲ့သူ သေးတဲ့သူတွေဆို နည်းနည်းလုပ်ချင်တာ။ အလကားနေရင်း ဗိုလ်ကျချင်တာ။ ကျနော်ပစ္စည်းတွေကို ဗြောင်ယူတယ် ဘာလုပ်မလဲ ချဲတယ်။ တခါ နှစ်ခါ သူတို့ ကိုရှောင်ပြန်တော့ လူကိုငကြောက်ဆိုပြိး အလကားနေရင်း ပုခုံးဝင်တိုက် ချမလား။ မင်းယောင်္ကျား မဟုတ်ဘူးလား လုပ်လာကော။ လူကောင်ကလည်းကြီး အတန်းကလဲကြီး။ ပြီးသူတို့က အုပ်နဲ့။ ဒီတော့ အလစ်ဂွင်တွေ့ရင် အသေဆော်ပြီ။ အလစ်မှာဘဲ ဆော်ရတာလေ။ ဆော်တော့လဲ တချက်ထဲ စိတ်ကပိုင်းထားပြီ။ ဆေးရုံရောက်ကော။

ကျနော်လည်း မာသာကြီးက (အီတလီလူမျိုး) MOTHER ANGELETTA အရပ်က ၆-ပေမကဘူး။ လမ်းသွားရင်ခါးမှာ ကြိမ်းလုံးကြီးက ခြေဖျားအထိ ရှည်တာကြီးနဲ့။ မာသာအင်ဂျိလိုတား ဆိုသေအောင် ကြောက်ကြရတာ။ တီးတာပေါ့။ မင်းလုပ်အုံးမလား မေးပြီ။ သူတို့  ဗိုလ်ထပ်ကျရင် ထပ်ချအုံးမယ်မှာဘဲ။ နောက်နှစ်ကောင် ကျန်သေးတယ် ဖြေလိုက်တယ်။ သူတို့လည်း အတီးခံရတယ်။ တပွဲဘဲ။ နောက်ဘယ်ကောင်မှ မရိရဲတော့ဘူး။ လူလည်းဘော်ဒါက အထုတ်ခံရကော။

လေးတန်းကျတော့ ပုသိမ်ကျောင်းရောက်တယ်။ ထုံးစံတိုင်းပေါ့။ လူသစ်ဆိုတော့ လာစမ်းကြပြန်ကော။ ဒီတခေါက်လည်း ၄-တန်း ကျောင်းသားကို ရှစ်တန်းကျောင်းသား (၃- ယောက်)က ဗိုလ်ကျ အသားလွတ် တီးတော့ ညီက ၀င်ကူတာ။ ညီခမျာ သတိကို လစ်သွားရအောင် ခံလိုက်ရတယ်။ ကျနော်လည်း မျက်ခွက်တခုလုံး စုတ်ပြတ်နေအောင် ခံရတယ်။ နေတယ်။ အလစ်တွေ့တော့ တီးထည့်တာ တချက်ဘဲ ဆေးရုံ ယူသွားရကော။ ကျနော်လဲ ဘော်ဒါက ထွက်ရရော။ သူတို့လည်း ကျောင်းပါ အထုတ်ခံလိုက်ရတာ။ မတတ်နိုင်ဘူး။

နောက် မုံရွာရောက်တော့လည်း ထုံးစံပေါ့။ အသားလွတ် လာရိကြတာ။ ရှောင်ပါတယ်။ ရှောင်မရတာက ညီတ၀မ်းကွဲ။ ညီအကိုချင်းဗျာ အသားလွတ် လာလာရန်လုပ်တယ်။ တရက် သူက ဘော်ဒါတွေနဲ့ လူကို လာချဲပါလေရော။ ကျနော်က တယောက်ထဲ။ လမ်းပေါ်ရှောင်နေတာကို လက်ဆွဲ လာချမယ်။ အနီးက မုန့်ဆိုင်က ဓါးဆွဲ လိုက်တာ ခွေးပြေးဝက်ပြေးပြေးရော။ သူ့ အိမ်အထိလိုက်တာ။ ပြီးရော မုံရွာမှာ ဒီကောင်ကို မစမ်းနဲ့  ဓါးနဲ့လိုက်တာ။ အေးကော။

အဖေက ကျနော်ကို လက်လွန်မှာ သိပ်စိတ်ပူလာတယ်။ ရှောင်ဖို့ပေါ့။ ရှောင်မရတာတွေ ဘယ်လိုလုပ်မလည်း။ နောက် ဆရာဝန်ဖြစ် ကောင်စီတွေနဲ့ တည်ရ။ အဖေက စိတ်ပူရှာတယ်။ နောက်နိုင်ငံ ရေးကျတာ့ အဖေကအမြဲတားပါတယ်။ Billy you are a small fish, a small fish ca't eat big fish,  only big fish eat small fish. အဲဒီတော့လဲ ကျနော် အဖေ့ကို အေးအေးဘဲ။ dad big fish will eat small fish. but they dare not eat some and that some is ME. အဖေက ဘီလီ မင်းနိုင်ငံရေး မလုပ်တော့ပါနဲ့ကွာပေါ့။ မင်းက ငါးအသေးလေး။ ငါးအသေးလေးက ငါးကြီးကို မစားနိုင်ဘူးပေါ့။ ငါးကြီးကသာ ငါးလေးကို စားရိုးပါပေါ့။ ကျနော်က ပြန်ဖြေလိုက်ပါတယ်။ ဖေဖေ ငါးကြီးတွေက ငါးလေးတိုင်းကိုမစားရဲပါဘူး ။ အဲဒီငါးကြီး မစားရဲတဲ့ငါးက ကျနော်ဘဲ။
တရက် ကျနော် KENNY ROGERS ရဲ့သီချင်းလေး COWARD OF THE COUNTY ကို အဖေ့ကို ဖွင့်ပြလိုက်ပါတယ်။ တော်တော်လေး ကျနော့်ကိုစိုက်ကြည့်ပြီး ရှောင်နိုင်သမျှတော့ ရှောင်ပေါ့ကွာ။ ကျနော်လဲ အဖေ အသက်ရှင်သမျှတော့ တတ်နိုင်သလောက် ရှောင်နေပါမယ် ကတိပေးလိုက်ပါတယ်။ သူတော်တော်လေး စိတ်မသက်သာပုံရသွားတယ်။
တခါ ၁၉၈၅ လောက်မှာ ကျနော် ညီ (မြေနီကုန်းအရေးအခင်းမှာ လက်ကျိုးခဲ့သူ စောလွင်ရဲ့ ညီ) -စောနိုင် ကို မုံရွာကောလိပ်က ကျောင်းသားတွေ ၀ိုင်းရိုက်တာ ခံလိုက်ရပါတယ်။ လမ်းမှာ စက်ဘီးချင်း ချိတ်မိရာက ကျောင်သားက ကိုးယောက်လောက်။ သူကခံရတော့ အဝေးကနေ လှမ်းဆဲတယ်။ ညနေကျတော့ အိမ်လာဝိုင်းတယ်။ စောနိုင် ကိုထုတ်ပေးပေါ့။ သူတို့ ကိုဆဲတာ ဆော်ကားတာကို ကိုယ်တိုင် ဆုံးမမယ်ပေါ့။  ရပ်ကွက်ကောင်စီတွေ မိးသတ်တွေနဲ့ တောင်းပန်ပါမယ် မင်းတို့ ကျေနပ်သည်အထိပေါ့။ မရဘူး။ သူတို့ကို ဆဲတာ ခွင့်မလွှတ်နိုင်ဘူးတဲ့။

သူတို့က အထက် တမူးနဲ့ ကလေး/ ကလေးဝနဲ့ အဲဒီနယ်ဘက်က ကျောင်းသားတွေ။ သူတို့က ကျောင်းကိုလာရင် ဟိုင်းလတ် ကားတစီးကို လူလေးယောက်လောက်နဲ့ ကျောင်းလာတာ။ အပေါ်က ချည်ထုပ်တွေ။ အောက်မှာက ဖင်စီဒိုင်းတွေပါတယ်။ ကောင်စီတွေကလည်း ကျောင်းသားကားဆို မရှာရဲကြဘူး။ အဲဒီတော့ မုံရွာမှာ သူဌေးသားတွေထက် ပိုသုံးဖြုံးနိုင်ကြတယ်။ သူတို့ကို၁၉၈၂ -ခုနှစ်မှာ မြို့လယ်ခေါင် ရဲစခန်းနဲ့ လမ်းခြားတဲ့ မိန်းခလေးဆောင်က အိမ်ရှင် အဒေါ်ကြီးတွေက ဧည့်ချိန်လွန်လို့ ပြန်ခိုင်းရာက စကားများတယ်။ ညကျတော့ အဲဒီအိမ်ကို ကျောင်းသားအုပ် ၂၀၀ -လောက်နဲ့ အိမ်ရှင် အဒေါ်ကြီးတွေကို လာရိုက်တယ်။ အမေလေး ကယ်ကြပါဦး အော်လဲ ဆက်ချတယ်။ နောက် ကျနော်တို့ လမ်းထိပ်က အဆောင်။ အမျိုးသမီးတွေ အခန်းထဲ ဝင်တဲ့အထိ လုပ်လာတာ တားလို့  တီးပြန်ကော။ နောက် တနေရမှာလည်း ထပ်တီးပြန်ကော။

နောက် ကျနော်အိမ်နဲ့ တစ်ခြံကျော်အိမ်က ကလေးမလေး နှစ်ယောက်ကို ကျောင်းကအပြန် လိုက်စကားပြောတယ်။ အိမ်ပေါက်ရောက်တော့ အိမ်ပေါက်မှာ စက်ဘီးပေါ်ကားယားခွ ရပ်နေတယ်။ ကောင်မလေးတွေရဲ့ အဖိုးလုပ်သူက ဒါမသင့်တော်ဘူး ပြောတော့ ခင်ဗျားကြီး ပါးစပ်ပိတ်ထား နာချင်သလားတဲ့။ ဟိုက စိတ်မထိန်းနိုင်တော့ ထိုးလိုက်တယ်။ ညကျတော့ သူတို့အိမ် မိန်းမသားတွေချည်းများတယ်။ လာဆော်တယ်။ တနှစ်ခွဲသာသာ ကလေးလေးပါ မျက်နှာတွေ ဖူးယောင်နေအောင် တီးခဲ့ကြတာ။ ဘုရားဆင်းတုတော်တွေပါ ရိုက်ချိုးခဲ့ကြတယ်။ အခုန ကောင်းမလေးတွေပါ ယောင်ကိုင်းလို့။ တအိမ်လုံးကို ဆူညံနေအောင် စိတ်ထင်တိုင်း ရိုက်နှက်ထားခဲ့တယ်။ ပြီးလမ်းပေါ် ကနေ ဒို့ကျောင်းသားတွေကို စမ်းရင် ဒါနမူနာဘဲရှိသေးတယ်တဲ့ အရပ်ကို ခြိမ်းခြောက် သွားသေးတယ်။

အဲဒီတော့ ကျနော်တို့ တောင်းပန်မယ်ဆိုတာ မရဘူး။ ထုတ်ပေးဘဲ။ ကျနော်ကလဲ လူပြတ်... ဟေ့ ထုတ်မပေးဘူးကွ သတ္တိရှိရင် လာယူကွ။ မင်းတို့ငါ့အိမ်မှာ သေနတ်ရှိတာ သိတယ်နော်။ အေး အဲဒီ့သေနတ်ထက် ပြင်းတာ ရှိတယ်။ လူငါးဆယ်လောက် အသေခံရဲရင် လာခဲ့ကြကွ။ ဒီမှာ လှိုင်မြင့်ကွ အိမ်ဝင်း တံခါးဖွင့်ထားမယ်။ အသေခံရဲသူ ၀င်ခဲ့ကြ ရယ်ဒီကွ။ ထွက်မပြေးဘူးကွ  လာခဲ့ အခုမင်းတို့ လူ၁၅-ယောက်လောက် ငါမလုပ်ချင်သေးဘူး အပြတ်ပြော အော်ငေါက် ထုတ်လွှတ်လိုက်တယ်။

ပြီး အိမ်မှာက နှစ်လုံးပျူးက သုံးလက်။ မိတ်ဆွေအိမ် ညီအကိုတွေအိမ်က သေနတ် အားလုံး - ၇-လက် ကျည်တွေ (ကိုး-လုံးကျည်) တွေ ပြောင်းထားလိုက်တယ်။ ညီအကိုတွေ ဇါတ်တိုက်ထားတယ်။ ရပ်ကွက်ထဲက မိန်းမတွေကအစ  ငှက်ကြိးတောင် ဓါးတွေနဲ့။ ကျနော်တို့က ပစ်ရင် သူတို့အိမ်ထဲ ချော့ခေါ်ပြီး ပိုင်းကြမလို့အပီ....။ ပြီး ဓါတ်ဆီတွေကို ရေပိုက်စက်နဲ့ ရယ်ဒီ။ အဲဒီထက်ပိုတာက ကျနော့်ဆီမှာ ရှေ့တန်းပြန် စစ်သားတွေ ဆီက ၀ယ်ထားတဲ့ လက်ပစ်ဗုံးက - ၅-လုံး။ ကျနော်လမ်းပေါ်မှာ ထုံးနဲ့စည်းတား ထားလိုက်တယ်။

လာတယ်။ ဒီကောင်တွေက ထုံးစံအတိုင်း မှောင်ရင်လာတယ်။ မ၀င်ရဲဘူး။ အော်နေကြတာ။ ကျနော်က လမ်းပေါ် ထွက်တယ်။ ဟေ့မင်းတို့ ယောက်ျားမဟုတ်လား အော်ဖို့လာတာလား ချဖို့လာတာလား အော်ဖို့ဆိုရင် မိန်းခလေးဆောင်ပြန်ပြီး ထမီဝတ်ပြီးမှ အော်ကြ။ မင်းတို့ထဲမှာ လဥမှာ အဆံပါတဲ့ အကောင်ရှိရင် စည်းကျော်လိုက်စမ်း အိမ်ထဲကိုဝင်စရာမလိုဘူး။ စည်းကိုသာ ကျော်ရုံလေး ကျော်လိုက်စမ်းပါ။ မင်းတို့ကိုလို လကြောက်တွေကို ငါ့ညီဆဲတာ နည်းသေးတယ်။ ကြည့်ကွ မင်းတို့ကို ဒါဘဲထင်တယ် လှန်ပြကော။ (-ီး)ဘဲထင်တယ် လုပ်တော့တာ။ တကောင်မှ အိမ်ထဲဝင်ဖို့ နေနေသာသာ စည်းတောင် မကျော်ရဲဘူး။ ခဏနေတော့ ရပ်ကွက်က မိန်းမတွေက မင်းတို့ပြန်မလား မပြန်ဘူးလား ကြိမ်းတော့ အလျှိအလျှို ပြေးကြရော။

မဆလ ပါတီဥက္ကဋ္ဌကြီး သမိုင်းတရားခံ ဦးနေဝင်း ၁၉၆၅ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက် ယခင်ဆိုဗီယက်ယူနီယံသို့ အလည်အပတ် ရောက်ရှိစဉ်.. 
ဘေးကရီနေတဲ့ တစ်ယောက်ကတော့ တစ်ဦးဦးနဲ့ တူနေသလိုပါပဲ...
နောက်တနေ့ မြို့နယ်ကောင်စီရုံးမှာ ကောလိပ်က ဆရာတချို့ရယ် ကျောင်းသား တချို့ရယ်နဲ့  ဖြေရှင်းရတယ်။ ကျနော်က ကောင်စီရုံးမှာကို ပြတ်ပြတ်သားသားကို ကြိမ်းလိုက်တယ်။ မင်းတို့  ငါ့လာမစမ်းနဲ့ .. ငါဘယ်လို အကောင်လည်း သိချင် ကောင်စီလူကြီးတွေ အရင်မေးကြည့်။ မုံရွာလူမိုက်တွေကိုလည်း မေးကြည့်။ အေးနောက် ငါတို့မြို့က တအိမ်အိမ်ကို ထပ်လုပ်ရင် မင်းတို့ ငါ့အကြောင်း သိစေရမယ်။ မင်းတို့ နောက်ကျောင်းလာရင် ဖင်စီဒိုင်းသယ်ခဲ့စမ်း ငါဖမ်းပြမယ်ပေါ့။

ကောင်စီလူကြီးတွေက သူတို့ ရုံးမှာ လူမိုက်ကြိမ်းကြိမ်းလို့ မကျေနပ်ကြဘူး။ ကျနော်ပြန်ပြောလိုက်ပါတယ်။ သူတို့လုပ်တာ လေးခါရှိပြီ။ ဒီလောက်အထိ လက်ရဲလာတာ ခင်ဗျားတို့ညံ့လို့။ ခင်ဗျားတို့မနိုင်ရင် အဲဒီ့တာဝန်ကျုပ်ကို ပေးပါ။ အပြတ်ဘဲ ငြိမ်လို့။ နောင်လဲ ကျနော်တို့မြို့မှာ ဒီကောင်တွေ လုံးဝမကျယ် ရဲတော့ဘူး။ တမြို့လုံးကလည်း အဲဒီလို ငြိမ်သွားတာ ကျနော့်ကို သိပ်ကျေးဇူးတင်ကြတယ်။ နောက်ကောင်စီကရော ရဲစခန်းကပါ ဒေါက်တာလှိုင်မြင့်ချဲမှ အဲဒီပြသနာကြီးက သူတို့မှာ အထက်ကို ရှင်းနေရတဲ့ အလုပ်ငြိမ်းသွားတယ်လို့ ပြောတာပြန်ကြား နေရပါတယ်။ သူတို့ခမျာလဲ တကယ် ခေါင်းခဲနေရတဲ့ အပူမီးကြီး။

နောက်ကောလိပ်က ကျနော်နဲ့ခင်တဲ့ ကျောင်းသားလေးတွေနဲ့ ချိန်းပြီး အေးအေးနေကြဖို့ တမြို့လုံးက ဒီတခါဖြစ်ရင် ၀ိုင်းပြီး အသေဆော်ကြတော့မယ် အထိတိုင်ပင်ထားကြပြီ ဆိုတာလည်း ပြောပြလိုက်ပါတယ်။ မြို့ထဲက လူမိုက်တွေက လည်းပြင်နေကြပါပြီ။ ဖြစ်လိုက်ရင် အလောင်းရာနဲ့ချီ ထပ်သွားဖို့ရှိပါတယ်။ မုံရွာသားတွေကို မေးကြည့်ကြပါ။ ပြောလိုတာကတော့ ရှောင်မရတော့ရင် ဘာလုပ်ကြမလည်း။ သန်းရွှေပြောနေကြစကား SCOPE မှန်ဘီလူးချဲ့ ကြည့်ကြပါ။ ကနေ့ ကိုယ်ဗမာချင်း အုပ်ချုပ်နေတာ။ ဒီအတိုင်း အုပ်ချုပ်သူက တရုတ်ကို တစတစ အထဲဆွဲသွင်းလာရင် တရက် ဗမာပြည်မှာ တရုတ် ဗမာအဓိကရုံး ဖြစ်လာပါမယ်။ အဲဒါဖြစ်လာအောင် တရုတ်ကြီးက အကွက်လုပ်လာပါမယ်။ ပြီး သူ့လူမျိုးတွေရဲ့ အသက်နဲ့ စီးပွားဥစ္စာကို ကာကွယ်ဖို့ အကြောင်းပြချက် လှလှလေးနဲ့ ကျနော်တို့ ပြည်ကို သိမ်းလာပါမယ်။ အဲဒီကျရင် အခု စစ်ဗိုလ်ဟာကို ပြုစုရတာထက် နာကြရပါတော့မယ်။ သန်းရွှေ သူ့စစ်ဗိုလ်တွေကို ပြောနေကြ စကား SCOPE ချဲ့ကြည့်ကြပါ။ သတ္တိလေးရှိဖို့ လိုနေပါပြီ။

 
အောက်မှာတော့ သီချင်းစာသားနဲ့ သီချင်းကို နားထောင်ကြည့်ပါ..။
Coward Of The County lyrics

Everyone considered him
the coward of the county
He’d never stood one single time
to prove the county wrong
His mama named him Tommy
but folks just called him Yellow
something always told me
they were reading Tommy wrong

He was only ten years old
when his daddy died in prison
I looked after Tommy
'cause he was by brother’s son
I still recall the final words
my brother said to Tommy
"Son my life is over
but yours has just begun"
(chorus)
Promise me son not to
do the things I’ve done
Walk away from trouble if you can
It won’t mean you’re weak
if you turn the other cheek
I hope you’re old enough to understand
Son you don’t have to fight to be a man

There’s someone for everyone
and Tommy’s love was Becky
In her arms he didn’t have
to prove he was a man
One day while he was working
the Gatlin boys came calling
They took turns at Becky
there was three of them

Tommy opened the door
and saw his Becky crying
The torn dress, the shattered look

was more than he could stand
He reached above the fireplace
and took down his daddy's picture
As his tears fell on his daddy’s face
he heard this word again
(chorus)
The Gatlin boys just laughed at him
when he walked into the bar room
One of them got up and met him
half way cross the floor
When Tommy turned around they said
"Hey look old Yellow’s leaving"
But you could’ve heard a pin drop
when Tommy stopped and locked the door

Twenty years of crawling
were bottled up inside him
He would hold nothing back
he let 'em have it all
When Tommy left the bar room
not a Gatlin boy was standing
He said "this one's for Becky"
as he watched the last one fall
Now hear him say

I promised you dad not to do
the things you’ve done
I walk away from trouble when I can
Now please don’t think I’m weak
I didn’t turn the other cheek
and papa I should hope you understand
sometimes you gotta fight when you’re a man
Everyone considered him the coward of the county

ကဲသီချင်းလေးကို ကြည့်ကြပါ။ သီချင်းလေးထဲမှာ အဖေလုပ်သူက ထောင်ကျပြီး သူမသေခင် သားလုပ်သူကို သူမိုက်သလို မမိုက်ဖို့ပေါ့။ ယောက်ျားဆိုတာ သက်သေပြဖို့ အတွက် ရန်ဖြစ်စရာ မလိုပါဘူးပေါ့။ တတ်နိုင်ရင် ပြသနာတွေကနေ ရှောင်ထွက်ပါပေါ့။ တဘက်က ကိုယ်ကို ချလာရင် တခြားပါးတဖက်ကို ထိုးပေးလိုက်တာဟာ ပျော့ညံ့မှုလို့ မယူဆပါနဲ့။ မင်းအရွယ်က အဖေပြောတာကို နားလည် လောက်တယ်လို့ထင်တယ်ပေါ့။ သူကလည်း ရှောင်ပါတယ်။

တရက် သူ့ချစ်သူကို လူမိုက်သုံးယောက်က အိမ်ဝင်စော်ကားလိုက်ပါတယ်။ ချစ်သူ့ရဲ့ အကျီတွေစုတ် ပြဲနေတာရယ်..။ ငိုယိုနေတာ သူသည်းခံနိုင် အားထက် လွန်သွားပါပြီ။ သူ့အဖေ ဓါတ်ပုံလေးပေါ်မျက်ရည်တွေကျ အဖေ့မှာ စကားလေးပြန်ကြားယောင်ပြီး အဲဒီကနေရှောင်ထွက်သွားပေမဲ့ စိတ်မထိန်းနိုင် တော့တဲ့အဆုံး သူတို့ရှိတဲ့ အရက်ဆိုင်ကိုလိုက်သွားတယ်။ ပြန်လှဲ့ပြီး တခါးဂျက်ကို အသေပိတ်လိုက်ပြီး စိတ်ကိုထိန်း မနေတော့ဘဲ အသကုန် လွှတ်ထည့်လိုက်ပါတယ်။ နောက်ဆုံးတကောင်ကို (ဒါ ဘက်ကီ အတွက်) လို့ကြိမ်းဝါးရင်း တီးထည့်လိုက်ပါတယ်။ ပြီးအပြင် ပြန်ထွက်လာရင်း အဖေ့ကို ငြီးလိုက်ပါတယ်။

ပါပါ အဖေ့လိုမမိုက်ပါဘူးလို့ သားကတိ ပေးခဲတဲ့အတိုင်း သားတတ်နိုင်သမျှ ရှောင်နေခဲ့ပါတယ်။ အခု ပါးတဖက်ကို လှဲ့မပေးမိတာကို ကျနော် ပျော့ညံ့တယ်လို့ မထင်ပါနဲ့။ ပါပါနားလည်နိုင်မယ်လို့ ထင်ပါတယ်။ ပါပါ ယောက်ျားရယ်လို့ ဖြစ်လာရင် တခါတလေတော့ ရန်မဖြစ်ဘဲမနေလို့ မရပါဘူး-။ (သီချင်းစာသား အဓိပ္ပါယ်)
အားလုံး တရက် ကျနော်တို့ ကိုယ့်တိုင်းပြည်မှာကိုယ်နေရင်း တရုတ်လူမျိုးတွေနဲ့ လူမျိုးရေးပြသနာကို တရုတ်အစိုးရက အကွက်ဆင်လာပါတော့မယ် ။ အဲဒီကျရင် လှိုင်မြင့်တို့က မပါရေးချာ မပါဗျာ။ အခုနေ ကိုယ်အချင်းချင်းကို သတ္တိလေး မရင်းရဲကြရင်။ ကျနော်တွေးပြီးမြင်ယောင်နေတာ ၂၀၀၄ ကထဲကပါဗျာ။  စကားတတ်တိုင်း ခြောက်နေတာ မဟုတ်ပါဘူး ။

အဲဒီတော့ မျက်တောင်တဆုံးလဲ ရှုကြပါအုံး။ ဗမာပြည်မှာ အခု တရုတ်စီမံကိန်းတွေမှာ တရုတ်လူမျိုးတွေ ကိုဘဲ အလုပ်ပေးလာတာဟာ အင်မတန် အန္တရာယ်ကြီးတဲ့ ရန်စ မီးစကြီး။ ဒါတရုတ်အစိုးရက အကြံအစည်ရှိရှိနဲ့ ခြေလှမ်းလှမ်းနေတာပါ။ တစတစကြီးလာနေပြီ။ ကိုယ်လူတို့ အခုနေ သတ္တိလေး နည်းနည်းထုတ်ကြမလား။ မထုတ်ရဲကြဘူးဆိုရင် တရုတ်စကား သင်ထားကြပေတော့။ တူနဲ့ ထမင်းစားတတ်အောင် လေ့ကျင့် ထားကြပေတော။

သီချင်းလေး ရဲ့အဆုံးပိုဒ်လေးကို အဓိပ္ပါယ် ပြည်ပြည့်၀၀ ဆိုခဲ့ဘူးကြပြီလား။ ကျနော်ကတော့ အခေါက် သုံးဆယ်မက အဓိပ္ပါယ်ပြည့်ပြည့် ဆိုနိုင်ခဲ့ပါပြီ ။

အားလုံးဘဲဗျာ။ အားလည်းနာပါတယ် ။ သတ္တိတွေ ထုတ်ကြပါ။ ဒီလောက် ကြောက်စရာမလိုပါဘူး ။

လေးစားလျှက်

လှိုင်မြင့်..