ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တပ်မတော်သည် ဧရာဝတီအပေါ် သစ္စာဖောက်မဖောက်....(၂)

မြစ်ဆုံ ရေကာတာ စီမံကိန်း မြေပုံ...
 ဒါကတော့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က တရုတ်ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ်က နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ မြစ်ဆုံ ရေကာတာစီမံကိန်းနဲ့ တာပိန်(၁)ရေကာတာ စီမံကိန်းတွေအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့စဉ်က..
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က တရုတ်ကုမ္ပဏီ China Datang Overseas Inverstment Co;Ltdနဲ့ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဋ္ဌာနတို့ရဲ့ ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ တာပိန်ရေကာတာ စီမံကိန်းတွေ အတွက်  တရားဝင် စာချွန်လွှာလဲလှယ်ပွဲ အခမ်းအနားဖြစ်ပါတယ်..။

အောက်မှာ ဆက်လက်ကြည့်ရှူပါရန်


"fierce battle Myitkyina"ဧရာဝတီမြစ်ဆုံစီမံကိန်းရှိ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau မှ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်... (အင်္ဂလိပ်ဘာသာပြန်)

"fierce battle Myitkyina"ဧရာဝတီမြစ်ဆုံစီမံကိန်းရှိ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinhydro Bureau မှ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်... (အင်္ဂလိပ်ဘာသာပြန်)
 ရုပ်သံဖိုင်ပါ အင်္ဂလိပ်ဘာသာပြန်ဆိုချက်ဖြစ်ပါတယ်...
Myitkyina, Myanmar word meaning great river of the city, which was a green city in the world wrapped up at random, sparse and simple construction, where the slow pace of life and comfort the people, side of the road occasionally seen naughty children riding on an elephant back, leisurely look, there are thousands of Ten Thousand Buddhas Monastery gesture, as if from afar we put into a mysterious world of the original.

And are only separated by 40 km of dense pine plant site, the company, one branch of the cadres and workers of the war but because of the flood season coming soon, big construction going on.
Myitsone station is located upstream of Myitkyina City, 40 kilometers is the development of the Irrawaddy River in the first hydropower station, power station installed capacity of 6,000,000 kilowatts, planning for the current installed capacity in Myanmar's largest hydropower station. Myitsone hydropower is the first company to enter a market in Myanmar hydropower projects, which I won the bid for the construction of the first owners of domestic companies, foreign projects. Company and a branch of the construction of a high degree of attention from many careful planning, resource mobilization, and strive to battle victory.
A strength of the contest which opened ... ... ... ...

Race with rainy season


ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး​ အလုပ်ရုံဆွေးနွေးပွဲ(၂) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

 ဟိုဘက်အခြမ်းမှာတော့ ဒေါ်စုနဲ့ ဦးမြင့်တို့ပါ.. 
ပုံရဲ့ ဒီဘက်အခြမ်းကတော့ ဦးအောင်တောင်းနှင့် ငိုကျော်ဆန်းတို့အဖွဲ့ ဓာတ်ပုံ AP

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး​ အလုပ်ရုံဆွေးနွေးပွဲ(၂) 
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
(၁) ပြည်ထောင်စု မပြိုကွဲရေး ..............ဒို့ အရေး

(၂) တိုင်းရင်းသား စည်းလုံးမှု မပြိုကွဲရေး............ဒို့ အရေး

(၃) အချုပ်အခြာ အာဏာ တည်တန့်ခိုင်မြဲရေး......ဒို့ အရေး

ဒီသုံးခုမှာ နံပတ် (၁)နဲ့ (၂) က အနှုတ်လက္ခဏာ သဘောဆောင်နေတဲ့ အော်ချက်ဖြစ်နေတယ်။ ဥပမာပေးရရင်ပေါ့။ ချစ်သူနှစ်ဦး မင်္ဂလာဆောင်ကြတယ်ပေါ့။ မင်္ဂလာအခါပေးသူက နှုတ်ခွန်းဆက်/ သြ၀ါဒ-စကားပေါ့ သို့မဟုတ် ဆရာတော်တပါးက သြ၀ါဒပေးတယ်ပေါ့။ ဒီမင်္ဂလာဆောင်သူနှစ်ဦးကို ရိုးမြေကျပေါင်းရပါစေ အသက်ထက်ဆုံး အိုအောင်မင်းအောင် ပေါင်းကြရပါစေသားလို့ဘဲ ဆုပေးကြပါတယ်။ ဘယ်သူကမှ မင်းတို့ဇနီးမောင်နံ မကွဲကြပါစေနဲလို့ ဆုပေးတာ မလုပ်ကြပါဘူး။  ဒီအပြောအဆိုနစ်ခုက အဓိပါယ်ကတော့ အတူတူဘဲလေ။ အသက်ထက်ဆုံး ပေါင်းကြရပါစေသားနဲ့ မကွဲကြပါစေနဲ့ အဓိပ္ပါယ်အတူတူဘဲလေ။ အနုတ်လက္ခဏာဆိုတာ အဲဒါကိုပြောတာ။

သူတို့ အခါတော်ပေးတွေ ဘယ်လောက် အသုံးမကျသလဲဆိုတာ။ မင်္ဂလာစကားနဲ့ အမင်္ဂလာ စကားကိုတောင် မသိကြဘူး။ မင်္ဂလာနဲ့ အမင်္ဂလာတောင် မကွဲပြားသူတွေကို အခါတော် တွက်ခိုင်းနေကြတာ။ အဲဒီလိုလူတွေကို ကိုးကွယ်လို့ တိုင်းပြည်စုတ်ပြတ် သတ်အောင်မွဲသွားတာပါ။ တခါ ဒီဒို့အရေး သုံးပါးကို အနှစ်ထုတ် ကြည့်လိုက်တော့လဲ အဓိက အနှစ်သာရက တခုထဲ။ ဥပမာ (၁) စပါးးအထွက်တိုးရေး (၂) ဆန်အထွက်တိုးရေး (၃) ထမင်းအထွက်တိုးရေး ဆိုပြီး သုံးမျိုးခွဲအော်နေတာနဲ့ တပုံစံထဲပါ။ အနှစ်ချုပ်ရင် (ကစီဓါတ်- Starch) ပါဘဲ။

အဲဒီလို အူလည်လည်လူတွေ ဦးဆောင်မှတော့ ဒီတိုင်းပြည်မမွဲရင် ဘယ်တိုင်းပြည် မွဲဦးမှာလဲ။

အခုအလုပ်ရုံ ဆွေးနွေးပွဲလုပ်ပါပြီ။ ဒေါ်စု မတက်တာကို ငဖါးတွေက ဘာမှန်းမသိရသေးဘူး စွတ်ဝေဖန်နေကြတယ်။ ဒေါ်စု ကို သူ့အမြင်တွေ အကုန်ထုတ် ပြောခွင့်ပေးရဲလို့လား။ သယံဇာတတွေ အများကြီးထွက်ပြီး မွဲနေရတာက အုပ်ချုပ်စီမံမှုလွဲမှားနေလို့။ အုပ်ချုပ်ရေးလွဲမှား နေတယ်ဆိုတာ အခြေံဥပဒေကြီးကိုက မှားနေလို့။ နာဂစ် အခြေခံဥပဒေဆွဲခဲ့သူတွေ စီမံအုပ်ချုပ်ခဲ့ချက် ညံခဲ့လို့မွဲနေရတာ။ ဒီလောက် သယံဇာတွေ ထွက်ပြီးတိုင်းပြည် မွဲပြာကျအောင်လုပ်ခဲ့သူတွေက ဆွဲထားတဲ့ အခြေခံဥပဒေကရော မှန်နိုင်ပါ့အုံးမလား။ ဦးဏှောက်ရှိရှိလေး စဉ်းစားကြပါဦး။ တနည်း သွားတွေနဲ့ ၀ါးစားကြပါ။ လျှာနဲ့မစားကြပါနဲ့  ။


တာပိန်(၁)ရေအားလျှပ်စစ် စက်ရုံ စီမံကိန်းမြင်ကွင်း၊ ဓာတ်ပုံများ..

ကချင်ပြည်နယ် မိုးမောက်မြို့မှာရှိတဲ့ ဧရာဝတီမြစ်ထဲစီးဝင်တဲ့ မြစ်လက်တက် တခုဖြစ်တဲ့ တာပိန်မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့ မီဂါဝပ် ၂၄၀ထုတ်ပေးမယ့် တာပိန်ရေအားလျှပ်စစ် စက်ရုံ(၁)ရဲ့ ဓာတ်ပုံမှတ်တမ်းပါ..။ ယခုနှစ် ဇန္နဝါရီလ(၂၃)ရက်နေ့မှာ စတင်လည်ပတ်ခဲ့ပြီး ဒီစက်ရုံမှ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား တွေဟာလည်း တရုတ်ပြည်သို့ အဓိက ပို့ဆောင်မှာ ဖြစ်ပါတယ်...။ ပြီးခဲ့တဲ့ ဇွန်လက KIA နဲ့ စစ်အစိုးရတပ်များ စတင်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်...။ လက်ရှိ စက်ရုံလည်ပတ်မှုအား ရပ်ဆိုင်းထားပါတယ်..။
စက်ရုံရဲ့ အခြေအနေ၊ တရုတ်အလုပ်သမားတွေ စာရင်း သတင်းအသေးစိတ်ကို ထပ်မံဖော်ပြပေးပါမယ်...။
ဓာတ်ပုံများ အောက်မှာ ဆက်ကြည့်ပါရန်...


ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး​ အလုပ်ရုံဆွေးနွေးပွဲ(၁) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ(၁)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
စိတ်ထဲမကောင်းဘူး။ န.အ.ဖ. လက်ထက်တလျှောက်လုံး နိုင်ငံရေးသမားတွေက နိုင်ငံတော်က လုပ်တာကိုင်တာ လွဲမှားနေတာတွေကို ဝေဖန်ရင် ဒါရန်သူ။ အဖျက်သမား ဘေးထိုင်ဘုပြော။ အစိုးရလုပ်သမျှ အကောင်းမမြင်သူတွေ။ ပြည်ပအားကိုး ပုဆိန်ရိုး။ သူတို့လက်ထက် တစတစ တိုင်းသူပြည်သားတွေ မွဲလာတာကို လက်တွေ့ မျက်မြင် မြင်နေရတာကိုဘဲ မျက်စေ့ဇွတ်မှိတ်ငြင်းတယ်။ သူ တို့ လုပ်နေတာ အားလုံးကောင်း VERY GOOD။ ကိုယ့်အလုပ်ရဲ့ အခြေအနေကို အရှိကို အရှိအတိုင်း သတ္တိရှိရှိ မှန်မှန်ကန်ကန် မသုံးသပ်ရဲဘူး။

ကျနော်နဲ့ ကိုမောင်မောင်ဝမ်းနဲ့ သင်္ဘောသားတဦးတို့ ၁၉၉၅- မှာ ကက်ဆက်အခွေ တခုစာ နိုင်ငံတော်ကနေ ကျန်းမာရေး လူမှုရေး ပညာရေး ရှုဒေါင့်စုံမှာ ပြုပြင်သင့်တာလေးတွေ ထိန်းသိမ်း ပေးစေချင်တာလေးတွေကို အင်တာဗျူးပုံစံလုပ်ပြီး ဖြန့်ခဲ့ပါတယ်။ ပထမဆုံးဖြန့်တာကို အခွေ ၅၀- ပါ။  နောက်ထပ်လဲ ဖြန့်ခဲ့ပါတယ်။ ကက်ဆက်အခွေ ဆိုတော့ ရတဲ့သူတွေ လွယ်လွယ်နဲ့ ကူးပြီးဆက်ဖြန့် ကြပါတယ်။ ဥပမာ မြန်မာပြည်မှာနေ မြန်မာမြေပေါ်မှာ ကြီးပွားပြီး မြန်မာတွေကို သေစေနိုင်တာ သိသိကြီးနဲ့ တရုတ်လူမျိုးတွေ ထုတ်လုပ်ဖြန့်ချီနေတဲ့ အ၀တ်အထည်ဆိုး ဆေးအရောင်တွေ ကော်မှုန့်တွေ မော်တော်ကား ဘက်ထရီသုံး အက်စစ်တွေနဲ့ ဖေါ်စပ် ထုတ်လုပ်ထားတဲ့ ငရုတ်ဆီ စတာမျိုးတွေကို တင်ပြထားတာပါ။

ရင်ထဲက ရှစ်ဆယ့်ရှစ် အပိုင်း (၅) ဆောင်ပါးရှင် (မောင်မောင်ဝမ်း)

အလယ်မှ မျက်မှန်နဲ့ သူကတော့ ဆောင်းပါးရှင် ကိုမောင်မောင်ဝမ်းပါ...
ရင်ထဲက ရှစ်ဆယ့်ရှစ် အပိုင်း (၅)
ဆောင်ပါးရှင် (မောင်မောင်ဝမ်း)

သြဂုတ်လ ၉ ရက် ၁၉၈၈

ဒီနေ့လည်း မနေ့ကရှစ်လေးလုံးလိုပဲ.. လူထုဆန္ဒပြပွဲနဲ့ စီတန်းလှည့်လည်တာကို မြို့မြောက်ဘက်ကနေ ထွက်ပြီး တောင်ဘက်က ပြန်ဝင်လာခဲ့တယ်…။ ထူးခြားတာက.. ပစ်တာခတ်တာ လုံးဝမရှိခဲ့ဘူး..။ မြို့လူထုက ပိုရဲတင်းလာတယ်… သောက်ရေတွေ အိုးတွေကို အိမ်တွေရှေ့မှာ တန်းစီချထားတာမျိုး၊ သပိတ်တပ်ဦးကို ပန်းကုံးတွေစွပ်တာမျိုးတွေ လုပ်ကြတယ်….။ သတင်းတွေထဲမှာလည်း တနိုင်ငံလုံးလောက် လူထုအုံကြွမူ့တွေ စနေကြပြီ…။ 

တမြို့ပြီးတမြို့ ဆန္ဒပြပွဲတွေအကြောင်း အသံလွှင့်ဌာနတွေက တဆင့်သိနေရတယ်…။ .တကယ်တော့… လူထုဟာဘယ်ဟာ မတရားဘူး၊ ဘယ်ဟာတရားတယ်ဆိုတာကို သိကြပါတယ်..။ အကြောက်တရားတွေ ဖြစ်အောင်ခြောက်လှန့်ဖိနှိပ်ထားလို့သာ မလွန်ဆန်ဖြစ်နေကြတာပါ..။ လွတ်လပ်ခွင့်နဲ့ ထိုးဖောက်ခွင့် တစုံတရာလည်း ရောက်လာရော.. လူထုရဲ့ဆန္ဒတွေ သဘောထားတွေက သိသာတယ်…။


လူထုဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တာနားတို့ တွေ့ဆုံပွဲ မှတ်တမ်း၊ ဓာတ်ပုံ

ဓာတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုပါရန်..

လာမယ့် အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ THE LADY ရုပ်ရှင် Trailer...

ဒေါင်းလုပ်လုပ်ချင်ရင်.. http://www.mediafire.com/?1a7yqr2jvz1z35d


"fierce battle Myitkyina"ဧရာဝတီမြစ်ဆုံစီမံကိန်းရှိ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau မှ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်...

မြစ်ဆုံစီမံကိန်း မြင်ကွင်းဓာတ်ပုံများ..
Sinhydro Bureau တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီရဲ့ မြစ်ဆုံလုပ်ငန်းခွင် ဓာတ်ပုံတွေပါ..



အများကြည့်ရှုနိုင်အောင် http://www.freedomburma.org/  မှရုပ်သံဖိုင် ပြန်တင်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါသည်...။
မြစ်ဆုံဆည် စီမံကိန်းမှာ Sinhydro Bureau တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီရဲ့ စီမံကိန်းမြင်ကွင်း ရုပ်သံဖိုင်ပါ...
တရုတ်လုပ်သားတွေရဲ့ အခက်အခဲတွေကို ကုမ္ပဏီက သွားရောက်ရိုက်ကူးထားတာပါ...။ တရုတ်လိုတော့ AOZHAN MIZHINA  "fierce battle Myitkyina" ပေါ့...။ သတင်းစာ ရှင်လင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းငိုတာ ဒီဗီဒီယို ဖိုင်ကြည့်ပြီးမှ သဘောပေါက်တော့တယ်...။ အခြေအနေတွေက အတော်လွန်နေပြီလေ...။ တရုတ်ကုမ္ပဏီဝန်ထမ်းတွေ အတွက် ထမင်းချက်မှ အစ၊ ဝန်ထမ်းအိမ်ယာ အထိပါဝင်ပါတယ်...။ အင်မတန်ကြီးမားတဲ့ စီမံကိန်းကြီးပါ....။ ကဲကျွန်တော်တို့အားလုံး အရေးကြီးပြီ သွေးစည်းကြပါစို့။ ကုမ္ပဏီလိပ်စာက ဒီမှာပါ...http://www.cwb11.com/index.html
ဒီမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။...။ http://www.cwb11.com/modelinfo/detail_3_104_40.html
ပြည်တွင်းမှ ဒေါင်းလုပ်လုပ်ချင်ရင်...
အောက်မှ မြစ်ဆုံဓာတ်ပုံကတော့ ညီငယ် ဇော်ရှန်ပေးပို့ပေးတာပါ..။
 ဧရာဝတီမြစ်ဆုံ ဝန်ထမ်းအိမ်ရာများ မြင်ကွင်း...

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း မှတ်တမ်းဓာတ်ပုံများ (၂)





တရုတ်ဝန်ထမ်းဓာတ်ပုံများ...