ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တပ်မတော်သည် ဧရာဝတီအပေါ် သစ္စာဖောက်မဖောက်....(၂)

မြစ်ဆုံ ရေကာတာ စီမံကိန်း မြေပုံ...
 ဒါကတော့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က တရုတ်ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ်က နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ မြစ်ဆုံ ရေကာတာစီမံကိန်းနဲ့ တာပိန်(၁)ရေကာတာ စီမံကိန်းတွေအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့စဉ်က..
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က တရုတ်ကုမ္ပဏီ China Datang Overseas Inverstment Co;Ltdနဲ့ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဋ္ဌာနတို့ရဲ့ ကချင်ပြည်နယ်ရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ တာပိန်ရေကာတာ စီမံကိန်းတွေ အတွက်  တရားဝင် စာချွန်လွှာလဲလှယ်ပွဲ အခမ်းအနားဖြစ်ပါတယ်..။

အောက်မှာ ဆက်လက်ကြည့်ရှူပါရန်


အမှတ်(၁)လျှပ်စစ်ဝန်ကြီးဋ္ဌာန ဝန်ကြီးဦးဇော်မင်းမှ တရားဝင် ရင်နှီးမြုပ်နှံမှု လိုင်စင်နဲ့ တာပိန် (၁)စီမံကိန်းအပါအဝင် မြစ်ဆုံစီမံကိန်း စာချွန်လွှာများ လဲလှယ်ခဲ့ကြပါတယ်..။
၂၀၁၀ ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က ကြပ်ပြေး နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားဖြစ်ပါတယ်...။ ဒီမြစ်ဆုံစီမံကိန်းတွေရဲ့ အဓိက လက်သည် တရားခံကတော့ ၂၀၁၀ စက်တင်ဘာ ၇ရက်နေ့က ဦးသန်းရွှေရဲ့ တရုတ်ပြည်(၅)ရက်ကြာ ခရီးစဉ်အတွင်း အဆိုပါ မြစ်ဆုံဆည် စီမံကိန်းအား နောက်ဆုံး အပြီးသတ် တရားဝင် သဘောတူညီချက်များ ရရှိခဲ့တယ်လို့ ဆိုပါတယ်...။ အထက်ပါ အကြောင်းအရာများအရ နအဖစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နောက်ကွယ်မှ ကြိုးကိုင်မယ့် အချိန်မရောက်ရှိခင်အထိ မိမိစိတ်ကြိုက် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး တိုင်းပြည်အား လက်ညှိုးထိုးရောင်းစားခဲ့တာ ပေါ်လွင်နေပါတယ်...။
တရုတ်ပြည်ဆိုင်ရာ မြန်မာသံရုံး ကောင်စစ်ဝန် ခင်သန္တာရွှေခင်ပွန်း ဗိုလ်သန်းရွှေသားမက် ဗိုလ်မှူးချုပ် ဇော်ဖြိုးဝင်းအား ၂၀၁၀ ဖေဖော်ဝါရီလက တွေ့မြင်ရစဉ်... (တရုတ်ပြည် မြန်မာသံရုံး ဧည့်ခန်းမ)
ဧရာဝတီအပေါ် သစ္စာဖောက်လုပ်ရပ် ဖြစ်တဲ့ အဆိုပါမြစ်ဆုံ စီမံကိန်းများရဲ့ သဘောတူညီချက်များအား လက်မှတ်ရေးထိုးခွင့်ရအောင် ပြုလုပ်ပေးခဲ့တဲ့ ဗိုလ်သန်းရွှေသားမက်ဖြစ်သူ သန္တာရွှေရဲ့ ခင်ပွန်း မြန်မာပြည်ဆိုင်ရာ တရုတ်ကောင်စစ်ဝန် ဗိုလ်မှူးဇော်ဖြိုးဝင်းဟာလည်း အင်မတန်ကြီးမားတဲ့ အဆိုပါ စီမံကိန်းများအတွက် ကြားပွဲစားခအနေနဲ့ မည်၍၊ မည်မျှ ငွေကြေးပမာဏ ရရှိမယ် ဆိုတာကတော့ ပြောစရာလိုမည် မထင်ပါ...။ ဧရာဝတီအပေါ် သစ္စာဖောက်ခဲ့သော စစ်အာဏာရှင်များ၏ လုပ်ရပ်အား အပြင်းအထန် ကန့်ကွက် ရှုံချပါသည်...။ အမိဧရာဝတီအား ကယ်တင်ရန် တာဝန်မှာ ကျွန်တော်တို့ တမျိုးသားလုံး၏ အမျိုးသားရေး တာဝန်ဖြစ်ပါသည်...။

ဒီမိုဝေယံ
 ၂၀၁၀ ဒီဇင်ဘာ ၂၇၇က်နေ့က ကွန်ကရစ်လမ်းလေးဖွင့်၊ တိုက်နယ်ဆေးရုံလေးဖွင့်ပြပြီး ဒေသခံပြည်သူတွေအပေါ် အမှတ်ယူခဲ့ပါတယ်..
ဧရာဝတီနှင့် ပတ်သက်သော သတင်းဓာတ်ပုံများ ဆက်လက် ရေးသားဖော်ပြပါမည်။
ဧရာဝတီနှင့် ပတ်သက်သော သတင်းဓာတ်ပုံ၊ ဗီဒီယိုဖိုင်များအား ကြိုက်သလို ကူးယူ အသုံးပြုနိုင်ပါသည်။


 စင်ကာပူနိုင်ငံမှာ လာမယ့်၂၈ရက်နေ့ တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် ဧရာဝတီစာတမ်း  ဖတ်ပွဲနှင့် ကဗျာရွတ်ဆိုပွဲ ဖိတ်ကြားစာ...

အကိုကြီးကျော်သူရဲ့ဇနီး  အမကြီးမမြင်မြင့်ခင်ဖေရဲ့ Facebook မှာလည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်..။ ဖေ့စ်ဘွတ်သွားရန်

စင်္ကာကပူမှာ နေထိုင်သူများ ကတော့ ပင်နီဆူလာပလာဇာက လမ်းပြကြယ်စာကြည့်တိုက် မှာသွားထိုးလို့ရပါတယ်။ အခြားနိုင်ငံမှာ နေတဲ့သူများကတော့ ဒီလို ပုံစံလေး ကိုယ့်ဖာသာ ကိုယ်ရိုက်ပြီး လက်မှတ်ထိုးပြီး ကိုမြတ်သူ ကိုလိပ်မူပြီး syksmyint@gmail.com ကိုပို့ပေးပါလို့ ဘဲ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ကတော့ တစ်ပတ်ကို တစ်ခါ လက်မှတ်တွေစုပြီး နေပြည်တော် ကိုပို့ဖို့စီစဉ်ထားပါတယ်ခင်ဗျာ။ ဒါကြောင့် ပို့မယ်ဆိုရင်တော့ တစ်ပတ်တစ်ခါ လောက်တော့ ပို့စေချင်ပါတယ်။

လမ်းပြကြယ် စင်္ကာပူ......... ဧရာဝတီချစ်သူများခင်ဗျား။ ကျွန်တော်တို့ စင်္ကာပူမှာတော့ လမ်းပြကြယ် စာကြည့်တိုက်မှာ လက်မှတ်များ ကောက်ခံနေပါတယ်။ စိတ်ဝင်စားသူတိုင်း စာကြည့်တိုက်ဖွင့်ချိန်များတွင် လာရောက်လက်မှတ်ထိုးနိုင်ပါတယ်။ မိမိတို့ အစုအဖွဲ့လိုက် လက်မှတ်ထိုးထားသည့် စာရွက်များကိုလည်း လာရောက် ပေးပို့နိုင်ပါတယ်ခင်ဗျာ။

အခြားနိုင်ငံများမှ စိတ်ဝင်စားသူများလည်း မိမိတို့အစုအဖွဲ့လိုက် လက်မှတ်ရေးထိုး၍ syksmyint@gmail.com (သို့) save.irrawaddy2011@gmail.com သို့ပေးပို့နိုင်ပါသည်။ ကျွန်တော်တို့ စင်္ကာပူတွင် လက်မှတ်များကို မြန်မာသံရုံးသို့လည်း ပေးပို့၍ တောင်းဆိုပါမယ်။

လမ်းပြကြယ် စင်္ကာပူ......... ဧရာဝတီထာဝရရှင်သန်ရေးအတွက် လမ်းပြကြယ်နှင့်မိတ်ဆွေများပူးပေါင်း၍ Fort Canning Park ပေါ်တွင်လာမည့် တနင်္ဂနွေနေ့ ညနေ ၃နာရီတွင် မိမိလေ့လာမိသမျှ ဧရာဝတီစာတမ်းများနှင့် ဧရာဝတီတမ်းချင်း ကဗျာများရွတ်ဆို မည်ဖြစ်ပါ၍ စိတ်ဝင်စားသူများ အားလုံး တက်ရောက်နိုင်ပါသည်။

မြန်မာနိုင်ငံ မြန်မာလူမျိုး တို့ရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးကို ကမ္ဘာတည်သ၍ အရှည်တည်တံ့နိုင်စေရန် ဧရာဝတီကို ချစ်မြတ်နိုးသူ မြန်မာပြည်သူ ပြည်သား အားလုံး ၀ိုင်းဝန်းပူးပေါင်း ပါဝင်ကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော် အပ်ပါသည်။