ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မပြောချင်ပဲပြောရအုံးမယ်…..အပိုင်း(၂) ...မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ပြောချင်ပဲပြောရအုံးမယ်….. အပိုင်း(၂)
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သံဃာတော် ၃၀၀၀ ကျော် သီတင်းသုံးတော်မူရာ မစိုးရိမ်တိုက်သစ်ကြီးရဲ့ စာချနာယက တစ်ပါးဖြစ်တဲ့ ဦးဝီရသူရာဘိဝံသ ဆရာတော်သည် န အ ဖ ကိုးကွယ် ဆည်းကပ်နေသော တန့်ကြည့်တောင် ဆရာတော်ကို ထေရ၀ါဒတို့ တိုင်းပြည် စာအုပ်ဖြင့် ရဲရဲရင့်ရင့် ဝေဖန် ရေးသားထုတ်ဝေ ဖြန့်ချီခဲ့တာကို နအဖ စစ်အစိုးရက လုံးဝမကြိုက်ခဲ့ပါဘူး.. အငြိုးအတေးထားခဲ့ပါတယ်...။ အဲဒီစာအုပ် ထုတ်ဝေစဉ်ကပင် ဖမ်းဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးက သံဃာတော်များ ဆရာတော်နောက်မှာ ရှိနေတာကိုသိလို့ မအောင်မြင်ခဲ့ပါဘူး။ ဆရာတော်ဟာ အမျိုးဘာသာ သာသနာကို တကယ်ချစ်တဲ့ ဆရာတော် ဖြစ်တာကြောင့် အမျိုးသားကာကွယ် စောင့်ရှောက်ရေး တရားများကို ကျယ်ကျယ်ပြန့်ပြန့် ဟောကြားလာပါတယ်။ ဆရာတော်သည် အမျိုးသားရေးကို ဦးစားပေး ဆောင်ရွက်လာရင်း ပိုက်ဆံရရင်ပြီးရော ဆိုပြီးကိုယ့်အမျိုးကို ကိုယ်တိုင် ဖျက်ဆီးနေကြသော ဘာသာခြားများရဲ့ နောက်ကွယ်က ဗိုလ်မှုးများ၊ ဗိုလ်ချုပ်ကြီးများ  အကြောင်းကို တရားဟောကြားရင်း ထည့်ပြောလာပါတယ်။ ဒါကို ဗိုလ်ချုပ်ကြီးများ လုံးဝမကြိုက်ပါဘူး။

ဆရာတော်သည် မစိုးရိမ်တိုက်ကြီးတွင် စာကြည့်တိုက်ကြီးကိုလည်း အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင် ခဲ့ပါတယ်။ သံဃာတော်များ ပြည်သူပြည်သားများ စာဖတ်လာတာ ဗဟုသုတရှိလာတာကို နအဖ ကလုံးဝ မလိုလားပါဘူး။ ဆရာတော် အရှိန်အ၀ါကြီး လာတာကို ကြောက်ကြတဲ့ နအဖ စစ်အုပ်စုဟာ ကျောက်ဆည်မြို့မှာ ကုလား၊ ဗမာအရေးအခင်းကို ဖန်တီးပါတယ်။ ဘယ်လိုဖန်တီး သလဲဆိုတာကို အနည်းငယ် ရှင်းပြပါမယ်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ နအဖ သည် ကုလားနှစ် ယောက်ကို ပိုက်ဆံပေးကာ ကျောက်ဆည်တောင်ပေါ်က ဘုရားဆင်းတုကို ခေါင်းသွားဖြတ်ခိုင်းပါတယ်။ ခေါင်းဖြတ်နေတာကို တွေ့လို့သံဃာတော်များက ထိုနှစ်ယောက်ကို ဖမ်းဆီးကာ ရဲစခန်းကို သွားအပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ကျောက်ဆည်မြို့က ဗလီနှစ်လုံးနဲ့ အိမ်တွေကို မီးရှို့မှုတွေ ဖြစ်လာပါတယ်။ လူ ၁၀ ဦးသေပြီး ပစ္စည်းတွေ တော်တော်များ ပျက်ဆီး ဆုံးရှုံးသွားခဲ့ပါတယ်။ မီးရှို့ခြင်းမှာ န အ ဖ ဘက်က ဖြစ်ဖို့များပါတယ်။ အဆိုပါသတင်းကို ကြီးသည်ထက်ကြီးအောင် နအဖ ကဖန်တီး ဖြန့်ချီပါတယ်။ သူတို့ထုံးစံအတိုင်း ကြံ့ဖွတ်တွေကို သင်္ကန်းစီး ပေးဝတ်ပေးပြီး ကုလားအိမ်တွေ မီးရှို့ခိုင်းတာတွေ လုပ်လာပါတယ်။ အဓိကရုဏ်းက မန္တလေးထိ ပြန့်နှံလာပါတယ်။

အဲဒီအချိန်က စာရေးသူကိုယ်တိုင် မန္တလေး ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်ယူနေချိန်မို့ အဖြစ်အပျက်များ အားလုံးကို ကောင်းကောင်း မှတ်တမ်းတင်ထား နိုင်ခဲ့ပါတယ်။ နအဖ သင်္ကန်းဝတ် ပေးထားသော ကြံ့ဖွတ် ကတုံးစိမ်းများ မန္တလေးမှာ ဗလီများသွားဖျက်ဖို့ လိုက်လံနှိုးဆော် နေတာကိုတွေ့လို့ စာရေးသူ ကိုယ်တိုင် သူငယ်ချင်းများကို လိုက်မသွားဖို့ ဒါဟာနအဖရဲ့ အဓိကရုဏ်း လှည့်ကွက် တစ်ခုဖြစ်တယ် ဆိုတာကို လိုက်လံစည်းရုံး ဟောပြ နေခဲ့ပါသေးတယ်။ ကျောက်ဆည်မြို့ ဦးဝီရသူရ သီတင်းသုံးခဲ့သော မင်းကုန်း မဟာစာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇနိတာဘိဝံသနှင့် အခြားကျောင်းတိုက်မှ ဆရာတော် ဦးသီလ၀ံသ၊ ဆရာတော်ဦးသီဟ၊ ဆရာတော်ဦးစန္ဒိမာ၊ ဆရာတော်ဦးခေမာနန္ဒ တို့ကို မတရားဖမ်းဆီးကာ လူသတ်မှုဆိုပြီး စွပ်စွဲကာ ထောင်ဒဏ်(၂၅)နှစ် ချခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ တပည့် သံဃာတော်များလည်း ဖမ်းဆီးခံခဲ့ ရပါတယ်။ ဖမ်းဆီးပုံမှာ ကုလားအိမ်များ မီးလောင်နေစဉ် မီးသတ်ဖို့လာတဲ့ ကားစက်ဆီ မရှိတာကြောင့် စက်ထဲထည့်ရန် ဆရာတော် ကျောင်းမှ စက်သုံးဆီ လာယူတာကို ဆရာတော်ကျောင်းမှ မီးရှို့ဖို့ ဓါတ်ဆီပေး ပါတယ်ဆိုပြီး ဆရာတော်ကြီးနှင့် တကွ သံဃာတော်များကို မတရားဖမ်းဆီး ထောင်ချလိုက်ကြပါတယ်။ ထိုသတင်းများကို ကြားသိရလို့ စာရေးသူကိုယ်တိုင် ဦးဝီရသူရကို အပြင်မထွက်ရန် လျှောက်ဖို့ မစိုးရိမ်ကျောင်းကို သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းမှာဆရာတော် မရှိတော့ဘူး။ ကျောက်ဆည်က အဖမ်းခံထားရတဲ့ သူရဲ့ဆရာတော်တွေကို သွားတွေ့တယ်လို့ သူငယ်ချင်းများက ပြောပါတယ်။ မိမိဆရာတော်ကို ဖမ်းဆီးထားတာကို သိတဲ့ ဦးဝီရသူရဟာ မိမိဆရာတော်ကို ထောင်ထဲသို့ သွားတွေ့စဉ်မှာ န အ ဖစစ်အုပ်စုမှ ဘာမှအပြစ်မရှိတဲ့ ဆရာတော် ဦးဝီရသူရကို ယခင်အငြိုးအတေးနဲ့ ဖမ်းဆီး ထားလိုက်ပါတယ်။
 အညတရ သူရဲကောင်းဆို ချီးမြှင့်ခြင်း ခံရတဲ့ ဆရာတော် ဦးဝီရသူ (ဘယ်အစွန်)
ဦးဝီရသူ အဖမ်းခံရတာကို သိသွားတဲ့နောက်ပိုင်း သံဃာတော်တွေဟာ ဦးဝီရသူလွတ်မြောက်ရေး၊ ဒို့အရေးဆိုပြီး လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ ဒါကို နအဖ စစ်အစိုးရက စစ်တပ်ကိုလွှတ်ပြီး ဖြိုခွဲခိုင်းခဲ့ပါတယ်။ ကိုရင်တစ်ပါး သေနတ် မှန်သွားခဲ့တယ်။ သံဃာတော် အများအပြား ဖမ်းဆီးခံရပြီး ထောင်ထဲ အပို့ခံခဲ့ကြရတယ်။ သံဃာတော်များ အားလုံးကို ရွာပြန်ပို့ရန် အမိန့်ထုတ်ခဲ့ပါတယ်။ သံဃာတော်များ ရွာမပြန်ချင်ပဲ အတင်းအကြပ် ဖိအားပေး ပြန်လွှတ်မှုကြောင့် ရွာကိုပြန်ခဲ့ ကြရပါတယ်။ ဦးဝီရသူ တည်ထောင်ထားခဲ့သော စာကြည့်တိုက်ရှိ စာအုပ်များကို စစ်တပ်မှ အတင်းအဓမ္မကားနှင့် လာတိုက် သွားခဲ့ကြပါတယ်။ သံဃာတော်များဘက်က ဘာမှအပြစ်မရှိပဲ ဦးဝီရသူရနှင့် တကွ သံဃာတော် အများအပြား ထောင်သွင်း အကျဉ်းကျခံ အနှိပ်စက်ခံနေရတာကို နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများ သိသိနဲ့ လျစ်လျူရှု ထားခဲ့ကြပြန်ပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးဝီရသူရဲ့ ဆရာ မင်းကုန်းမဟာ စာသင်တိုက်ကြီးရဲ့ ပဓာန နာယက (မီးရှို့ဖို့ စက်ဆီပေးတယ်ဆိုပြီး မတရားဖမ်းဆီးခံရတဲ့)  ဆရာတော် ဦးဇနိတာဘိဝံသဟာ သံဃာတော် အပါး၂၀၀ ကျော်ကို ကိုယ်တိုင်စာချစာသင် ပြပေးတဲ့ ဆရာတော်တစ်ပါး ဖြစ်သလို ကျောက်ဆည်မြို့မှာ အမျိုးဘာသာ သာသနာတော် အတွက်စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့လို့ ကျောက်ဆည်တစ်မြို့လုံးက လေးစားကြည်ညိုခံရတဲ့ ဆရာတော် ကြီးလည်း ဖြစ်ပါတယ်။ ကျောက်ဆည်မြို့မှာ မီးလောင်မှုဖြစ်နေစဉ် ဆရာတော်ကို အဓိကရုဏ်းကို ငြိမ်းအေးပေးဖို့ လာပင့်တဲ့အချိန်မှာ ဆရာတော်ကြီးသည် ကျောင်းမှာ သံဃာတော်များကို ဘုရားဝတ်ပြုပြီးလို့ သြ၀ါဒပေးနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကိုလာပင့်ကြတဲ့ တာဝန်ရှိသူများဖြစ်ကြတဲ့ ကျောက်ဆည်ရဲစခန်းက ဒုရဲအုပ် သိန်းဇော်၊ ကျောက်ဆည်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဗိုလ်မှူးစိုးမြင့်၊ ကျောက်ဆည်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးတင်ဝင်းဦးတို့ရဲ့ ပင့်လျှောက်ချက်အရ မီးလောင်ရာ နေရာတွေကို သွားရောက်ပြီး အဓိကရုဏ်းငြိမ်းအေးဖွှို ဆရာတော်ကိုယ်တိုင် အသံချဲ့စက်နဲ့ ပြောပေးခဲ့ ပါသေးတယ်။ ဘယ်လိုမှ တားမရတာနဲ့ ကျောင်းကို ပြန်လာခဲ့ရတာကို လာပင့်ကြတဲ့ အာဏာပိုင်တွေ အားလုံးသိပါတယ်။ ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာကို နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေက လွဲရင် အားလုံး သိကြပါတယ်။ ဆရာတော်သည် ငယ်စဉ်က သီတဂူ ဆရာတော်ကြီး ဦးဥာဏိဿရရဲ့ ငယ်သူငယ်ချင်း စာသင်ဖေါ် စာသင်ဖက်တွေလည်းဖြစ်ခဲ့ပါတယ်။

ကိုယ့်သာသနာမှာ အမျိုးသားရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက် နေကြ တဲ့သံဃာတော် များကို အားပေးချီးမြှောက် ကာကွယ်ရမည့်အစား န အ ဖ ဗိုလ်ချုပ်ကြီးများ အကြိုက် ပေးတာယူ၊ ကြွေးတာစား၊ ခိုင်းတာလုပ် နေကြတာဟာ အင်မတန် ရင်နာစရာ ကောင်းလှပါတယ်။

သံဃာ့မဟာ နာယက ဆရာတော်ကြီးများ အကြောင်းကို အပိုင်းလိုက် ဆက်လက်ရေးသား ဖေါ်ပြပါမည်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မှတ်ချက်။ ။သံဃာမဟာနာယကများ သတင်းနဲ့ ပတ်သတ်ပြီး ခိုင်လုံသော အထောက်အထားများ ရှိပါက စာရေးသူထံ အကြံပေး ပြောကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 
kingzero969@gmail.com


စင်ကာပူနိုင်ငံရှိ ဗြဟ္မစိုရ် နှလုံးသားအသင်းမှ စက်ဆန်း မီးလောင်မှုပေါက်ကွဲမှုတွင် အသက်ပေးလှူသွားခဲ့သော မီးသတ်တပ်ဖွဲ့ဝင် ၅ဦးအား ဗြဟ္မစိုရ်နှလုံးသား ဂုဏ်ပြုဆုနှင့် တဦးလျှင် ကျပ်ငွေ(၅)သိန်းစီ ပေးအပ်လှူဒါန်းခဲ့.(သတင်း၊ ဓာတ်ပုံ)

ရန်ကုန်၊ဒီဇင်ဘာ-၁
စင်ကာပူနိုင်ငံရှိ ဓာတ်တော်တိုက် ဆရာတော်ဦးစီးသော ဗြဟ္မစိုရ်နှလုံးသားအသင်းသည် မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ကြသော မီးသတ်ဝန်ထမ်း ငါးဦးအား ဗြဟ္မစိုရ်နှလုံးသား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ စက်ဆန်းရပ်၊ ကတို့ဆိပ်ရပ်ကွက်၌ ဒီဇင်ဘာလ ၂၉ရက်၊ မနက် ၁ နာရီ ၄၀ မိနစ်တွင် မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တာမွေမြို့နယ်မှ မီးသတ်ဝန်ထမ်း လေးဦးနှင့် ဗဟိုမီးသတ်ဌာနမှ မီးသတ်ဝန်ထမ်းတစ်ဦး သေဆုံးသွားခဲ့ရပါသည်။
ထို့သို့တာဝန် ထမ်းဆောင်စဉ် ကျဆုံးသွားခဲ့ကြသော မီးသတ်ဝန်ထမ်း ငါးဦးအတွက် ဗြဟ္မစိုရ်နှလုံးသား အသင်းမှ တစ်ဦးလျှင် ကျပ်ငါးသိန်းစီ ကျန်ရစ်သူ မိသားစုများထံသို့ ပေးအပ် လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ဗြဟ္မစိုရ်နှလုံးသား အသင်းသည် မီးလောင် ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများ၊ ပျက်စီးဆုံးရှုံးခဲ့ကြသော ဒေသခံပြည်သူလူထုအတွက် စုစုပေါင်း ကျပ်ငွေ လေးဆယ့်နှစ်သိန်း ပေးပို့ လှူဒါန်းခဲ့သည်။
 စင်ကာပူနိုင်ငံရှိ ဗြဟ္မစိုရ်နှလုံးသား အသင်း၏ အလှူဒါနအား ဝမ်းမြောက်၊ ဝမ်းသာ သာဓုခေါ်ဆို အပ်ပါသည်..။
သတင်း၊ ဓာတ်ပုံ ပေးပို့လာတဲ့ ဦးတင်မောင်ဝင်းအား ကျေးဇူးတင်ပါသည်...။ 

လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းအပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ သဘောထားထုတ်ပြန်ချက်နှင့် လွတ်လပ်ရေးနေ့သဝဏ်လွှာ..


နိုင်ငံရေး အကျဉ်းသားဟောင်းများမှ တာမွေမီးသတ်မှ ကျဆုံးသွားသော ရဲဘော်များ အတွက် ကူညီပံ့ပိုးငွေ လှုဒါန်း၊ ..

နိုင်ငံရေး အကျဉ်းသားဟောင်းများမှ တာမွေမီးသတ်မှ ကျဆုံးသွားသော ရဲဘော်များ အတွက် ကူညီပံ့ပိုးငွေ လှုဒါန်း၊
၂-၁-၂၀၁၂ နေ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှုတွင် ကျဆုံးသွားသော မီးသတ်ဝန်ထမ်းငါးဦးအတွက် အလှုငွေပေးအပ်ခြင်းကို  ရန်ကုန်တိုင်း ကျောက်မြောင်းရှိ တာမွေမြို့နယ် မီးသတ်ဋ္ဌာနသို့သွားရောက် လှုဒါန်းခဲ့ပါသည်။ တာမွေမြို့နယ်မီးသတ်မှ မီးသတ်ဝန်ထမ်း ငါးဦး သေဆုံးပြီး ၁၃ ဦးအတွင်းလူနာအဖြစ် တက်ရောက် ကုသနေရကြောင်း သိရှိရပါသည်။ ထိုသို့ အတွင်းလူနာအဖြစ် ကုသခံနေသော ၁၃ ဦးအနက် ၃ ဦးမှာ ဒဏ်ရာသက်သာ လာသောကြောင့် ဆေးရုံမှပြန်လည် ဆင်းလာပြီဖြစ်ပါသည်..။  နှစ်ဦးမှာ ကြပ်မတ်ကုသဆောင်တွင် ဝေဒနာပြင်းထန်စွာ ခံစားနေရကြောင်း ပြောပြပါသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများမှ တတ်နိုင်သည့်ဘက်မှ ကူညီပေးရန်... ကူညီအားပေး နှုတ်ဆက်စကားများ ပြောကြားခဲ့ပါသည်..။ 


လွတ်ငြိမ်းချမ်းသာခွင့် ပေးသော်လည်း နိုင်ငံရေးအကျဉ်းသမားများ မလွတ်သေး...

ရုပ်သံ (BURMA VJ MEDIA) အရှင်ထာဝရဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်..။

လွတ်ငြိမ်းချမ်းသာခွင့် ပေးသော်လည်း နိုင်ငံရေးအကျဉ်းသမားများ မလွတ်သေး

(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမ္မတဦးသိန်းစိန်၏ အမိန်ကြေငြာစာ အမှတ်၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် တစ်ကျွန်း (နှစ်အကန့်အသက်မရှိ) သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ်၃၀သို့ လည်းကောင်း၊ ထောင်ဒဏ်နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းများဖြစ်သော MRTV ၊ MRTV- 4 တို့တွင်ယနေ့ ညနေ ၄နာရီ ၂၀မိနစ်က ထုတ်လွှင့် ကြေငြာသွားသည်။ ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ထုတ်ပြန်လိုက်သည့် အတွက် နိုင်ငံရေး အကျဉ်းသမားများ လုံးဝလွတ်မြောက်ဖွယ် မရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများထံမှ သိရသည်။
ပေးပို့သူ.. ဇော်တူး

၁၂လက်မ တပေ၊ ၃ပေ ၁ကိုက် ကြံ့ဖွတ် အစိုးရလို့ မှတ်ချက်ပြုပါရစေ..။ ၁၂လက်မကို ၁ပေသို့ပြောင်း၊ ၃ပေကို ၁ကိုက်သို့ ပြောင်းဆိုပြီး အမိန့်ထုတ်လေသလားပဲ။ ပြည်သူတွေရဲ့ မျှော်လင့်ချက်လေးတွေကို မျက်ကွယ်ပြုလေသလား၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သလား၊ ဘာလားဆိုတာတော့ မကြာခင် အဖြေပေါ်မှာပါ..။ ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာစမြဲပါ..။

ဒလမြို့ တော်ကြီး စီမံကိန်း စတုတ္ထပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ဒလမြို့ တော်ကြီး စီမံကိန်း စတုတ္ထပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
ဒလမြို့တော်ရေးနေချိန် မိဘကျေးဇူးကို ရေးသားလိုစိတ် ပျင်းပြလာလို့ ရေးလိုက်မိပါတယ်။ တခါ အိမ်ပြောင်းတော့ အင်တာနက် အသစ်ပြန်လုပ်ရတာ တလနီးပါး စောင့်လိုက်ရတော့ ဒလ ဆောင်းပါးကကြားထဲမှာ အတော်လေး အဆက်ပြတ်သွားရတာကို နားလည် ပေးစေချင်ပါတယ်။ တခုတော့လဲ ၀မ်းသာရတာလေး သိရတာက ဒလမြေဈေးတွေ ထောင်တက်လာတာလေးပါ။ ထပ်တက်ပါဦးမယ်။ ဒလ မြို့သားများကို ပြောချင်ပါတယ်ခင်ဗျာ လွယ်လွယ် မရောင်းကြပါနဲ့။ ဒလမြို့တော်ကို အစိုးရအနေနဲ့ အမြန်ဆုံးတည်နိုင်လေ နိုင်ငံတော်ထဲကို ရင်းနှိးမြုပ်နှံမှုတွေ ပိုဝင်လာပါမယ်။ နိုင်ငံတော်ကလဲ မြို့တော်သစ်တည်ဆောက်ရရင် ၀င်ငွေအများကြီးလဲ ရလာမယ် အလုပ်သမားအများကြီးကို အလုပ်ပေးလာနိုင်မယ်။ ဒလကိုကူးဖို့တံတားက ဒီနေ့လား၊ နက်ဖန်လား ဆုံးဖြတ်ချက် ချပေးရပါတော့မယ်။ အခုဖြစ်နေတာက မလုပ်သေးဘူး လုပ်မယ် ဆိုတာ မဟုတ်တော့ဘူး။ ဘယ်လိုပုံစံဆောက်မယ် ဘယ်သူ့ကိုချပေးရမလဲ စဉ်းစားနေရတဲ့ ဖြစ်နေတဲ့ အဆင့်ကိုရောက်နေပါပြီ။ သိလှချေလားတော့ မမေးနဲ့။ အပိုင်သိလို့ ပြောနေတာပါ။

အဲဒီထက်အရေးကြီးတာက ရန်ကုန်မြို့မြေဈေးက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ကန်ထုတ်နေတဲ့ အကြောင်းရင်း တရပ်လဲဖြစ်တယ်။ ရန်ကုန်မှာ ရှိနေတဲ မြေဈေးက မြေရှားပါးမှုကြောင့် မြေဈေးက မတရားခေါင်ခိုက် နေတော့ နိုင်ငံခြားက လာရောက်ရင်းနှီးသူတွေ အတွက် စားရိတ်တွေ ပိုမိုကုန်ကျစေတော့ အရင်းအနှီးတွေကို ကန်ထုတ်နေရာ ရောက်နေပါတယ်။ လာရောက် ရင်းနှီးသူတိုင်းကို သိပ်ချမ်းသာသူတွေ မထင်ထားမိဖို့ လိုသလို ချမ်းသာသူဖြစ်ရရင်လဲ သူ့အတွက် တွက်ခြေ များများကိုက်မှ ရေရှည်ဈေးကွက် ယှဉ်ပြိုင်မှုမှာ အနိုင်ရနေဖို့ လိုနေပါတယ်။ ကိုယ့်ဆီလာရင်းနှီးတဲ့ သူကို အမဲဖျက်ဖို့ဆိုတဲ့ အမြင်မျိုးတွေ လုံးဝမထားမိဖို့ လိုပါတယ်။

ရှိတယ် လူအတော်များများမှာ အဲဒီလိုစိတ်ဓါတ်တွေဟာ မျိုးချစ်စိတ် ကင်းမဲ့ပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လောဘဆိုတာ မသိကြသူတွေ တပုံကြီးပါ။ ဥပမာ တက္ကစီကားသမား အနုပညာ မြန်မာ့ရိုးရာ အထည်ရောင်းသူတွေဟာ ကိုယ့်နိုင်ငံသားဆို ဈေးတစ်မျိုး ...ဧည့်နိုင်ငံခြားသား မြင်တာနဲ့ ဈေးတစ်မျိုး လုပ်ကြတာ ဗမာစိတ်ဓါတ် မဟုတ်ဖူးဆိုတာ ပြနေတာဆိုတာ မသိကြတာဘဲ.. ကျနော်တို့ ငယ်ငယ်ဘ၀ က မြန်မာတွေမှာ ဒီလို စကားနှစ်မျိုးပြောတတ်တဲ့ မြန်မာမရှိဖူး။ ရှိတယ် မြန်မာမဟုတ်သူတွေ။ မြန်မာဆိုရင် စကားတစ်ခွန်းဘဲ။ ဒါ မြန်မာတွေ ဂုဏ်ယူတတ်တဲ့ ဓလေ့စရိုက်။ အခုတော့ဘယ်မလဲ မြန်မာဆိုပြီး လက်မထောင်ပြစရာ စိတ်ဓါတ်။ အဲဒီစိတ်ဓါတ်ဟာ နယ်ချဲ့တွေနဲ့ ပါလာတဲ့လူတွေရဲ့ စိတ်ဓါတ်။ အဲဒီစိတ်ဓါတ်တွေ ဗိုလ်ချုပ်ကို လေးစားရင် ဗိုလ်ချုပ်ကို အဖေလို တန်ဖိုးထားသူမှန်ရင် ဖျောက်ကြပါ ပြုပြင်ကြပါလို့။ ကနေ့ကျနော်တို့ လွတ်လပ်ရေးကို သိပ်လိုချင်နေကြတယ်။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့တဲ့ ဗိုလ်ချုပ် စိတ်ဓါတ်လေးတွေ ကိုယ်စီကိုယ်စီ မွေးကြပါ။ ဗိုလ်ချုပ်မိန့်ခွန်းကို ကိုးကားပြီး လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးနဲ့ တန်တဲ့စိတ်ဓါတ်တွေ မွေးကြပါလို့။

တိုးရစ်တွေလာတယ်။ တိုးရစ်မြင်တာနဲ့တင် ဈေးတင်ပြီး ဆော်ဖို့ ကြံစည်တဲ့ စိတ်ဓါတ် ထားသူတွေကို ဖေါ်ထုတ်ကြပါ။ အဲဒီစိတ်ဓါတ်တွေကို တိုက်ဖျက်ကြဖို့ လူငယ်တွေ ကြံဆကြပါ။ အမျိုးသားရေး တာဝန်တရပ်လို့ သဘောထားကြပါ။ အဲဒီစိတ်ဓါတ်တွေ များပြားလာရင် လွန်ကဲလာရင် ၁၉၇၀ ခုနှစ်တွေက ချင်းတွင်းမြစ်မှာ မော်တော်မှောက်တယ်...အနီးကရွာတွေက လှေတွေနဲ့ ထွက်လာပြီး ရေနစ်နေသူတွေကို ဆယ်တင်ပြီး ပါလာတဲ့ ပစ္စည်းတွေကိုလုတယ် ပြီးလူကိုသတ်ပြီး ရေထဲပြန်ကန်ချတဲ့ အထိ လူစိတ်ကင်းမဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်။ မုံရွာ-မန္တလေးကားလမ်းမှာ (ရွှေဘို-မုံရွာလမ်းခွဲ အနီးပေါ့) ကားလမ်းဘေး အမှိုက်နဲ့ ကောက်ရိုးမီးရှို့တယ်။ မိးခိုးနဲ့ အမြင်ကွယ်နေတော့ ကားတွေ ထိပ်တိုက် ဆော်ကုန်တယ်။ ရွာသားတွေ ထွက်လာပြီး လုကြတယ်။ ရွာနံမည်လေးကတော့ ချစ်စရာလေးရွာ ရွာရဲ့နံမည်နဲ့ လုပ်ရပ်က ပြောင်းပြန်။ အဲဒီလို အမဲဖျက်စိတ် မထားသူတွေကို ဦးစားပေး လမ်းညွှန်ပေးကြပါ။ တိုင်းပြည် တိုးတက်တာ တကယ်မြင်ချင်ကြရင် ကိုယ်တိုင်လဲ ပြုပြင်စရာတွေ အများကြီးလိုပါတယ်။ အစိုးရကိုချည်း ပုံချနေပြီး ကိုယ်လောဘတက် မဟုတ်တာ လုပ်တာကျတော့ မမြင်တတ်ကြဖူး။ ကျနော်တို့ ကိုယ်စီကိုယ်စီ အမြင်မှန်တွေ စီစစ်နေချိန်တန်ပါပြီ။

အမေရိကန်သမ္မတကြီး JOHN F. KENNEDY သမ္မတကျမ်းသစ္စာ ကျိန်ဆိုတဲ့ပွဲ မှာ ပြောကြားခဲ့တဲ့ ကမ္ဘာကျော်မိန့် ခွန်း ထဲကလို... ASK NOT, WHAT THE COUNTRY CAN DO FOR YOU , ASK WHAT YOU CAN DO FOR THE COUNTRY, FOR AMERICA TO LEADS THE WORLD. (ကမ္ဘာကို အမေရိကန် ဦးဆောင်ဖို့ ကိုယ့်အတွက် တိုင်းပြည်က ဘာလုပ်ပေးနိုင်မလဲ မမေးကြပါနဲ့ တိုင်းပြည်အတွက် ငါဘာလုပ်ပေးနိုင်မလဲ ကိုယ့်ကိုယ်ကို အရင်မေးကြပါ)။ ကျနော်တို့တတွေ အာဏာပိုင်တွေကတော့ အဓိကပေါ့လေ .မေးကြပါဦး။ တိုင်းပြည်အတွက် ငါဘာလုပ်ပေးမလဲ မမေးနိုင် သေးရင်တောင် တိုင်းပြည် မနာအောင် ငါဘာရှောင်ရမလဲ လောက်တော့ မေးကြပါဦး။ တိုင်းပြည်ဖျက်တဲ့အထဲ ငါမပါအောင်နေမယ် ဆိုတာလောက်တော့ မွေးကြပါဦး။

နောက်တခု အရေးကြီးတာက လက်ရှိ ရန်ကုန်က ကန်ထရိုက်တိုက်တွေက ငလျင်သာ နည်းနည်းလေး လှုပ်လိုက်ရင် လူကြားမကောင်းအောင် သေကြရပါမယ်။ အစိုးရအနေနဲ့ အဲဒီလို မဖြစ်ရလေအောင် ဒလဘက်ကို မြို့တော်အသစ် မြန်မြန်တည်ပေးပြီး ငလျင်ဒါဏ်လဲခံနိုင်တဲ့ အဆင့်မှီ တိုက်တွေကို construction code နဲ့အညီ ရှိမရှိ တိတိကျကျ စစ်ဆေးပေးမယ်ဆိုရင် ငလျှင်ဖြစ်ခဲသော် လူကြားမကောင်းအောင်အထိ မဖြစ်အောင် အခုကထည်းက စီမံချက်ချထားရပါတော့မယ်။ ဖြစ်ခဲ့ရင် ယခင်အစိုးရ လက်ထက်က ပြသနာက ယခုအစိုးရ ခေါင်းကိုလာခိုက်ပါမယ်။ ယခင်က လာဘ်စားတာက မတရားများထား အာဏာပိုင်ကို ပေးနိုင်ရင် အားလုံးပြီးစေ ဆိုတဲ့ခေတ်က ဆောက်ခဲ့တဲ့ တိုက်တွေဟာ CONSTRUCTION CODE ဆိုတာကလဲ မရှိသေးတော့ ဖြစ်ကတတ်ဆန်း ဆောက်ထား။ ဒီကြားထဲ ဘိလပ်မြေကလဲ ခိုးချင်တိုင်းခိုးထား ရောရောင်းချင်တိုင်း မတရားလောဘတွေနဲ့ လုပ်ထား ကန်ထရိုက်ကလဲ ချိုနိုင်သမျှချို ဆောက်ထား အဆိုးဆုံးကတော့ တိုက်ဆောက်ရာမှာ...
(၁) မြစ်ထဲက ကျောက်စရစ်နဲ့ ဆောက်ထားတာ အင်မတန် အန္တာရယ်ကြီးပါတယ်။ နိုင်ငံတိုင်းမှာ ကျောက်စရစ်နဲ့ ဆောက်ရင် ၂ထပ်တိုက်ထက် ပိုဆောက်ခွင့် မရှိပါဘူး။ ကျောက်စရစ်က မျက်နှာပြင် ချောမွေ့တော့ ဘိလပ်မြေမကပ်လို့ပါ။ အခုထွက်လာမဲ့ construction code မှာ ဒါကို အလေးထား ရေးထားလားတော့ မသိပါဘူး။

(၂) တခါ ရန်ကုန်မြစ်ပေါက်က သဲတွေက သဲအနုတွေ။ တခါ ဆားငန်ရည် ပါနေတော့ ဘိလပ်မြေကို ဆားပေါက်ပြီး ကြံ့ခိုင်မှုကို ကျစေထားပါတယ်။ တိုက်ဆောက်ရင် သဲအကြမ်းကို သုံးရသလို ဆားဓါတ်ပါလို့ မရပါဘူး။ တခြားမကြည့်ပါနဲ့။ အရေးအခင်း ဖြစ်ခါနီးလေးမှာ ရန်ကုန်လေယာဉ်ကွင်းကို ဂျပန်နိုင်ငံက Taisei ဆိုတဲ့ကုမ္မဏီက တိုးချဲ့ဖို့ ကန်ထရိုက်ရတော့ လေယာဉ်ပြေးလမ်း ခင်းတဲ့သဲက ပဲခူး အလွန်ပျဉ်ပုံကြီးက သဲအကြမ်းတွေကိုဘဲ ယူပါတယ်။ ဒါမြေကြီးပေါ်မှာ တည်ခင်းတဲ့ လေယဉ်ပြေးလမ်းနော်။ ကျနော်တို့က ကွန်ဒိုကြီးတွေ ချနေကြတာ ဘယ်လောက် အန္တရယ်ကြီးသလဲ ဆိုတာ စဉ်းစားကြည့်ကြပါ။

နောက်တချက် အခု TRADER'S HOTEL ဆောက်သူတွေ သူတို့လဲ သဲကောင်းသုံးထားတယ်။ ကျောက်ကိုလဲ ကျောက်စရစ်ကို လုံးဝ မသုံးဖူး။ ဘီလင်းကျောက်ကိုဘဲ သုံးထားတာကိုသာ စဉ်းစားကြည့်ကြပါ။ ဟော်တယ်ဆိုတာ ဆောက်တဲ့ ထုထည်ကလဲ ခိုင်ခိုင်မာမာ ကျောက်နဲ့ သဲကအစ CONSTRUCTION CODE နဲ့အညီ လုပ်ထားတော့ ကျနော်တို့ ကွန်ဒိုတွေ တွေးသာ ကြည့်ကြပေတော့။ ဒါတောင် ထရိတ်ဒါးဟော်တယ်က အနစ်-၃၀-ပြည့်ရင် အစိုးရကို ပြန်အပ်ရမှာနော်။ အဲဒါကိုတောင် စံနစ်တကျ ဆောက်ကြတာဆိုတော့။ ကျနော့်သမီး ရန်ကုန်မှာ ကွန်ဒိုမှာ ငှားနေမှာကို ကျနော် ရအောင်တားတယ်။

အဲဒီင်္တော့ ကန်ထရိုက် တိုက်တွေကိုဆို ကျနော် စကားထဲထဲ့ မပြောစရာ မလိုတော့ဘူး။ မပြောချင်တော့ဖူး။ သမ္မတကြီး အမျှော်အမြင်နည်းရင် ငလျင်သာ လှုပ်လိုက်လို့ ကတော့ သူ့ခေါင်းပေါ် လာပုံပါမယ်။ အဲဒါကိုကြိုကန်ထားဖို့ ဒလဘက်မှာ CONSTRUCTION CODE နဲ့မညီတာတွေကို ကြပ်ကြပ်မတ်မတ်လုပ်ပေးလိုက်ရင် လူထုလဲ အသိတိုးလာမယ်။ ကန်ထရိုက်တွေလဲ ပြုပြင်လာပါမယ်။ ပိုအရေးကြီးတာက အခုနိုင်ငံတကာက နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ အများကြီး ၀င်လာပါတော့မယ်။ နိုင်ငံခြားသားတွေလဲ အများကြီး လာနေပါတော့မယ်။ ငလျှင်လှုပ်ရင် ယခင်ကလို ဖုံးဖိထားလို့ မရတော့သလို နိုင်ငံခြားသားတွေ သေရင် မုန့်ဖိုး ပဲဖိုးလေးနဲ့ ပြီးမယ်မထင်ပါနဲ့။ ကောင်းပြီ လျှော်လိုက်.. လျော်ရင် ကျုပ်တို့ မြန်မာတွေ သေတာပါလျော်ဖို့ တန်းတူထားလျော်ဖို့ လျော်ရမယ်ဆိုတာပါ တွေးထားဖို့ လိုနေပါတယ်။

တခါ ဒလဘက်မှာ ငလျှင်ဒါဏ်ခံနိုင်တဲ့ တိုက်ကြီးတွေ ဆောက်လိုက်ရင် အဲဒီမှာ ဘာဖြစ်လာမလဲဆိုတော့ ငလျှင်နဲ့ ပိပြီးမသေချင်ရင် ဒလဘက်က စိတ်ချရတယ် ဖြစ်လာမယ်။ ငလျှင်ပိပြီး လဒစာ အဖြစ်မခံချင်ရင် ဒလ ဘက်ကိုလာ ဖြစ်လာပြန်ဦးမယ်။ ဒလ ဒလ။ ရန်ကုန်ကို ဒလက ချန်ခဲ့ပါတော့မယ်။ ငလျှင်လှုပ်လိုက်ရင် ရန်ကုန်ဟာ လူအများကြီး သေထားတဲ့ သူရဲခြောက်တဲ့ မြို့ကြီးဖြစ်သွားပြီး ဈေးတွေ အများကြီး ထိုးကျသွားပါမယ်။ (ရန်ကုန်မြို့နဲ့ ငလျင် ဖတ်ချင်ရင်) ငလျှင်လှုပ်ပြီး ကျန်ခဲ့တဲ့ တိုက်တွေကိုလဲ အစိုးရက ဖျက်ခိုင်းတာနဲ့ ကြုံရပါမယ်။ အဲဒီလိုကြိုမြင်ထားကြပါ။ ကြိုမြင်တတ်ကြပါစေ။ ကျနော်တို့ တတွေ အများကြီး ကြိုကြိုတင်တင် တွေးဆ ထားသင့်ပါတယ်။ ဒလမြို့တော်ကြီးက စလုပ်တော့မယ်။ သံသယ မရှိတော့နဲ့။ လုပ်ပြီဆိုတာနဲ့ ရန်ကုန်မြေဈေးက တစတစ ထိုးကျလာမယ်။ နောင် များများမဟုတ် ၅-နစ်မှာ ဘယ်လောက်အထိ ကျသွားနိုင်တယ်။ ဒလဘက်က ဘယ်လောက်အထိ တက်လာနိုင်တယ် ဆိုတာလဲ စဉ်းစားထားကြပါ။
ငလျှင်နဲ့ ပတ်သက်ပြီး တဦးက ငလျှင်အကြောင်း ရေးပါဦး ပြောလာပါတယ်။ ငလျှင်က ဂျပန်က ငလျှင်အများကြီး လှုပ်တဲ့ ဒီတိုင်းပြည်မှာကို ပညာရှင်တွေ သုသေသန တွေအများကြီး လုပ်ထားကြပေမဲ့ သိပ်ခန့်မှန်းဖို့ ခက်ခဲပါတယ်။ မြန်မာပြည်အတွက်တော့ Longman Atlas မြေပုံ ၀က်ဆိုဒ်က မြေငလျှင် ခြေပြ ငလျှင် ဖြစ်စေတဲ့ Plates ပြထားတာလေးဘဲ တင်ပြလိုပါတယ်။ တကယ်တော့ မြန်မာပြည် ဟာ ငလျှင်ကျောပေါ် တည့်တည့်ထိုင်ထားတဲ့ တိုင်းပြည်ဖြစ်နေပါတယ်။ အထူးသဖြင့် ဧရာဝတီမြစ်ဆုံဒေသဟာ ငလျှင် ကျောက်ဖျာ ဒေါင့်ကွေးနေရာမှာ ရှိနေတော့ လှုပ်နိုင်ခြေများတယ် လှုပ်ရင်လဲ ပြင်းထန်တတ်တဲ့ နေရာပေါ်မှာ ရှိနေပါတယ်။ သမ္မတကြီး ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ရပ်ပေးလိုက်တာ အင်မတန် ကျေးဇူးကြီး လှပါပေတယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ မြေနေရာပေါ်မှာ ရှိနေတာပါ။

တခါ ဆောင်းပါးအစပိုင်းမှာ ရေးထားသလို စက်မှုလုပ်ငန်းတွေဟာ ဒလ ဘက်ကိုလာမလား လဒစာ အဖြစ်ခံမလား ၂ခုဘဲရှိတယ် ဆိုတော့ လုပ်ငန်းအားလုံးနီးပါး ဒလဘက်ကို ရောက်လာပါမယ်။ အဲဒီလိုဖြစ်လာမှာကို အစိုးရက မြို့တော်စီမံကိန်းကို ပညာရှင်တွေနဲ့ နောင်..၁၅- ၂၅ နှစ်မှာ ဖြစ်လာနိုင်တဲ့ အနေအထားကို ကြိုတင်မှန်းဆ တွက်ချက် ရေးဆွဲရပါမယ်။ မြောက်ကိုးရီးယား မဟာခေါင်းဆောင်ကြီးတွေလို ON THE SPOT GUIDANCE တွေ မလုပ်မိကြဖို့ လိုပါတယ်။ ဒဂုံမြို့သစ်တည်သလို လက်ညိုးညွှန်ရာ ရေထွက် မလုပ်မိကြဖို့ လိုပါတယ်။

အစိုးရဟာ အခုကထည်းကိုက စီမံကိန်းဌာနကို တိုးချဲ့ထားသင့်ပါပြီ။ စီမံကိန်းဌာနရဲ့ သုံးသပ်ချက်တွေကို သေသေချာချာ လေ့လာ။ လက်ခံနိုင်တာ လက်ခံပေါ့။ လက်မံခံနိုင်တာရှိရင် အကျိုးကြောင်းသင့် ပြန်ပယ်ချသင့်ပါတယ်။ ငါကအာဏာပိုင်ဆိုတဲ့ စရိုက်တွေနဲ့ ခေတ်မှီနိုင်ငံတော်ကြီးကို မရောက်နိုင်ပါဘူး။ ခေတ်မှီနိုင်ငံတော်ကြီး ဖြစ်ဖို့က ဦးဆောင်သူကိုယ်တိုင် ခေတ်မှီအတွေးအခေါ် မရှိဘဲ ဘယ်တော့မှ မရနိုင်ပါဘူး။ နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင်ရှိရမည် ဆိုတာမျိုးနဲ့ ခေတ်မှီနိုင်ငံတော် ဆိုတာ တခြားစီပါ။ ခေတ်မှီနိုင်ငံတော်ကြီး တည်ဆောက်ဖို့ဆိုတာ စစ်ရေးအမြင် တခုထည်းနဲ့ တည်ဆောက်လို့ မရပါဘူး။ စစ်ရေးအမြင် အားသန်သူဆိုရင် ရှိသမျှ ဘဏ္ဍာငွေက တင့်ကားတွေ ဒုံကျည်တွေဘဲ အဓိက ဦးစားပေးလုပ်ခဲ့တာ မျက်မြင်ပါဘဲ။ အဲဒါတွေက တည်ဆောက်တဲ့ အရာတွေမဟုတ် သူတို့က ဖျက်ဖို့  သက်သက် ဖျက်ဖို့ ။

တခါ အစိုးရက ဒလမြို့ အတွင်းပိုင်းကျတဲ့ နေရာတွေမှာ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေကို ကန်ထရိုက် တိုက်ခန်းကြီးတွေ ဆောက်ခိုင်းရပါမယ်။ ဟိုနားအိမ်တလုံး ဒီကတလုံး ဆိုတာမျိုး မဖြစ်သင့်တော့ပါ။ အားလုံးဟာ မကြာခင် ဘန်ကောက်မြို့တော်ကြီး၊ ဆစ်ဒနီမြို့တော်ကြီးလို ဖြစ်လာဖို့ ကြိုတင် စီမံချက် ဆွဲထားရပါမယ်။ လမ်းတွေကအစ တချိန်မှာ ဘယ်လောက် ကျယ်ရမယ်ဆို သိပ်စဉ်းစား နေစရာမလိုပါဘူး။ ကိုယ်ကြိုက်တဲ့ မြို့ တော်ကို ပုံစံနမူနာယူလို့ ရနေပါပြီ ။

ဒိနေရာမှာ လူကြီးတွေက စင်ကာပူကိုနမူနာ ယူဖို့စိတ်ကူးနေကြတာ နည်းနည်တော့ ဘ၀င်မကျပါဘူး။ စင်ကာပူဟာ မြေရှားပါးလို့ သူတို့ကို နမူနာမယူသင့်ပါ။ တကယ်ယူသင့်တာက ဆစ်ဒနီပါ။ မြေအကျယ်ကြီးမှာ တချိန် လူတွေ၊ စိတ်အင်အား၊ စိတ်ခွန်အား၊ သာယာကောင်းမွန်မှုကို အထောက်အပံ့ ပေးနိုင်တာကို ထဲ့တွက်သင့်ပါတယ်။ ဆစ်ဒနီကို နမူနာယူရင်တော့ ကွမ်းခြံကုန်း လက်ခုပ်ကုန်းတွေဟာ မြို့အစွန်အဖျား ဖြစ်သွားပါမယ်။ အဲဒီလို စံနစ်တကျ စီမံချက်ချပြီး ဆောက်လိုက်ရင် ၁၀-နှစ်နေချိန်မှာ ရန်ကုန်မြို့တော်ကြီးက တိုက်တွေက ကြာလေဆွေး ရွလာလေ တွက်ချက်ကြည့်ပေတော့။ ဘယ်ဟာက နံပတ်တစ်မြို့တော် ဖြစ်သွားမလဲ ဆိုတာပါ။ ကြိုကြိုတင်တင် တွက်ချက်ပြီး ခြေလှမ်းသွက်သွက် လှမ်းကြပါလို့။

တခါ ဆောက်လုပ်တဲ့ ကန်ထရိုက်တိုက်ကြီးတွေမှာ နောင်မကြာခင်လူတွေရဲ့ ကားပိုင်ဆိုင်မှု တိုးတက်လာမှာမို့ အခန်းဘယ်နှစ်ခုဆောက်ရင် ကားပါကင် ဘယ်မျှရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ချမှတ်ထားရပါမယ်။ လမ်းပေါ်ရပ်တာကို မီတာစံနစ်နဲ့ ဈေးကြီးကြီး ကောက်ရပါမယ်။ အခုလို ကြံ့ဖွတ်အဖွဲ့ဝင်တွေ လုပ်စားစေ၊ စံနစ်ထားမယ်ဆိုရင် ခေတ်မှီဆိုတဲ့ စကားမသုံးပါနဲ့။ ရှက်ဖို့ သိပ်ကောင်းပါတယ်။

ဆောက်တဲ့ တိုက်ခန်းမှာလဲ သြစတေးလျ မှာဆိုရင် တိုက်တခုဆောက်ရင် လှေကားအကျယ်က ဘယ်လောက်ထားရမယ် ဆိုတာ သတ်မှတ်ချက် ချထားပါတယ် ။ ရန်ကုန်လို လှေကားကို ကျဉ်းကျဉ်းလေး ဆောက်လို့ မရပါဘူး။ နောက်ဆုံး လှေကားထစ်ကိုတောင် ..အမြင့်ဘယ်လောက် တထစ်ချင်းရဲ့ အကျယ်ဘယ်လောက် ဆိုတာ တနိုင်ငံလုံးမှာ (စံ) တစ်ခုထည်းထားပါတယ်။ အားလုံးဟာ တပုံစံထဲပါ။ သူတို့က အဲဒီလောက်အထိ သတ်မှတ်ချက်တွေ ချထားတာပါ။ ဒါခေါင်းဆောင်တစ်ဦးရဲ့ အမျှော်အမြင်ပေါ် မူတည်တာပါ။
ရန်ကုန်လေဆိပ် ပြည်တွင်းလေကြောင်းလိုင်း ခရီးသည်များ အဆောင် (ဓာတ်ပုံ ဒီမိုဝေယံ)
နောက် တခါ နိုင်ငံတကာနဲ့ အဆင့်အတန်းမှီတဲ့ လေယာဉ်ကွင်းကလဲ ရန်ကုန်မှာ ဆောက်လို့ မရနိုင်တော့ပါဘူး။ ဒလဘက်မှာ(ဘဲ) ဆောက်လို့ရပါမယ်။ ဘယ်နေရာ ဆောက်မယ်ဆိုတာတော့ မသိဖူး။ ပညာရှင်တွေ ဆုံးဖြတ်ရမဲ့ကိစ္စပါ။ ရီစရာလေးတွေးမိလို့ပါ။ ဟိုအောက်ကွမ်းခြံကုန်း ဖက်များ ရောက်သွား မလားလို့ပါ။ ဘာလို့လဲဆိုတော့ ဂျက်/ကွမ်းခြံကုန်း ဆိုပြီးရှိထားတော့ ဂျက်လေယဉ်ကြီးတွေ ကွမ်းခြံကုန်းမှာ ဆင်းမယ်ဆိုပြီး နိမိတ်များလားလို့ပါ။ ရန်ကုန်လေယာဉ်ကွင်းက အဲယားဘတ်စ် အလတ်စား (ခရီးသည်-၂၅၀-) တွေတောင် ဆင်းရင် ဘရိတ်ဖမ်းနေရတာ။ ခေတ်မမှီတော့တဲ့ ဘိုးရင်း-၇၄၇ တွေတောင် မဆင်းနိုင်ဘူ။ အခု ခေတ်စားနေတဲ့ အဲယားဘတစ်- A-380 လို လေယာဉ်ကြီးတွေကတော့ ဝေလာဝေးပါ။ ဒလဘက်ရောက်မှ လေယဉ်ပြေးလမ်း.. ပေ-၁၅၀၀၀- နှစ်လမ်းနဲ့ လေလမ်းကြောင်း ပြောင်းတဲ့အချိန် ဆင်းနိုင်မဲ့ ကန့်လန့်ဖြတ် လေယာဉ်ပြေးလမ်းတခု ဆိုတာမျိုး လုပ်နိုင်တာ ဒလ ဘက်မှာသာ ရှိတာပါခင်ဗျာ။ ရန်ကုန်ကွင်းက ၁၉၅၉-နစ်က ဆောက်ခဲ့တဲ့ကွင်း အခုခေတ် လေယဉ်ကြီးတွေနဲ့ မနိုင်တော့ပါဘူး။ ထပ်တိုးချဲ့ဖို့လဲ မြေကုန်နေပါပြီ။
ယနေ့အထိ မရိုးနိုင်သေးတဲ့ ရန်ကုန်လေဆိပ်မှ ကတ္တားချိန်စက် (ဓာတ်ပုံ ဒီမိုဝေယံ)

တကယ်တော့ လေယဉ်ကွင်းဟာ မြို့တော်ဟောင်း ရန်ကုန်နဲ့လဲ မဝေးသင့် တဖက်ကမ်းက သံလျှင်နဲ့လဲ မဝေးအောင် စဉ်းစားသင့်ပါတယ်။ တဆက်ထဲ တကယ် နိုင်ငံတကာ အဆင့်မှီဖြစ်လာရင် ၂၄-နာရီ လေယာဉ်ကြီးတွေ ဆင်းတက်နေကြတော့ ကျနော့် အမြင်အရဆိုရင်တော့.. မြို့အလယ်ခေါင် မဖြစ်အောင်လဲ စဉ်းစားဖို့ လိုနေပြန်ပါတယ်။ ကျနော် သဘောအရ ကိုယ်ပိုင် တွက်ဆချက်ပါ ယခု ရန်ကုန် သံလျှက်စွန်းနဲ့ မျက်နာချင်းဆိုင်.. နေရာဆိုရင် လေယာဉ် ချဉ်းကပ်လမ်းဟာ မြစ်အပေါ်မှာ ရှိနေတော့ လေယဉ်အသံ အနှောက်အယှက် နည်းမယ်လို့ ယူဆမိတာပါ။

နောက် တနေရာကတော့ သီလ၀ါ ဆိပ်ကမ်းနဲ့ မျက်နာချင်းဆိုင် နေရာပါဘဲ။ မြစ်အကွေးနေရာမှာဆိုတော့. သုံးဘက် သုံးတန်က လူနေအိမ် တွေအပေါ်ဖြတ်နေတာ မဟုတ်တော့လို့ပါ။ တဘက်ကလဲ သီလ၀ါဆိပ်ကမ်း ဆိုတော့ အိမ်ယာတွေ မရှိဘူး။ လေယာဉ်တွေက ဆင်းရင် အများစုက လေလမ်းကြောင်းအရ သီလ၀ါဘက်ကနေ ချဉ်းကပ်လာရမှာ ..ပြန်တက်တာကတော့ ဒီဘက်ပဲ ရှိနေမှာပါ။

တတိယ နေရာကတော့ အောက်ဆုံးက ရန်ကုန်မြစ်ပေါက်က သောင်ကုန်းရွာနားမှာပါ။ ပင်လယ်ပေါက်နဲ့ နီးတော့နေတယ်။ လေယာဉ်ပြေးလမ်းနဲ့ ချဉ်းကပ်လမ်းက လူနေအိမ်တွေနဲ့ လုံးဝ ရှင်းလင်းနေပါတယ်။ မြေသားထုတော့ ခိုင်မာအောင်လုပ်ပေးဖို့တော့ လိုတဲ့နေရာပါ။ လေယာဉ်ကြီးတွေအတွက် စိတ်အကြိုက်ဆုံး နေရာပေါ့။ မိုးရွာရင်တော့ ဒုက္ခများမဲ့နေရာပါ။ ပညာရှင်တွေ စဉ်းစားကြရမှာပါ။ ကျနော်ပညာရှင်မဟုတ်ပါ။ မိမိအမြင်တင်ပြချင်းသာ ဖြစ်ပါတယ်..။

ဆက်လက် ရေးသားပါဦးမည် ။
အားလုံးကို လေးစားလျှက်

နိုင်ငံရေး အကျဉ်းသားဟောင်းများမှ အကျဉ်းထောင်တွင်း ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားများ အတွက် နှစ်သစ် ဆုတောင်းလွှာများ

အဘဦးဝင်းတင်
ဦးမောင်မောင်အေး, မြောင်းမြဗဆွေ 
လူထုဦးစိန်ဝင်း၊ ဦးမိုးသူ၊ ဦးအုန်းကြိုင်
ဦးအောင်သိန်း
ကိုအောင်ထွန်း
Scribd ဖိုင်မှာ ဆက်လက်ဖတ်ရှုပါရန်..
New Year Wishes for Political Prisoners

ပဲခူးလိပ်ပြာကန် အမှတ်(၁)ရဲစခန်း ဒုရဲအုပ် သိန်းထူးလှိုင်မှ ခရမ်းကျောင်းသား/ကျောင်းသူ ဘုရားဖူး ကားအား မတရားစွပ်စွဲဖမ်းဆီး ငွေညှစ်ခြင်း...

ပဲခူးလိပ်ပြာကန် အမှတ်(၁)ရဲစခန်း ဒုရဲအုပ် သိန်းထူးလှိုင်မှ ခရမ်း ကျောင်းသား/ ကျောင်းသူ ဘုရားဖူးကားအား  မတရားစွပ်စွဲဖမ်းဆီး လက်ရဲဇာတ်ရဲ ငွေညှစ်တောင်းယူခဲ့တဲ့ မတရားတဲ့ အမှုဖြစ်ပါတယ်..။..

မပြောချင်ပဲပြောရအုံးမယ်…..အပိုင်း(၁) ...မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

မပြောချင်ပဲပြောရအုံးမယ်….. အပိုင်း(၁)
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

အခုတလော ရွှေည၀ါဆရာတော်ကိစ္စနဲ့ ပတ်သတ်ပြီး မ ဟ န ဆရာတော်ကြီးများ အကြောင်းကို တော်တော် များများ ဝေဖန်ပြောဆို ရေးသားလာကြတယ်။ ပြောနေကြသူတွေ အားလုံးကိုမေးကြည့်ရင် မပြောချင်ပဲ ပြောနေကြရတာ ဖြစ်ပါတယ်။ ကိုယ့်သာသနာရဲ့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို မည်သူမဆို ကောင်းသတင်းကိုသာ ပြောချင်ကြပေမည်။ မကောင်းသတင်းကို မပြောချင်လို့ အောင့်အီးသည်းခံခဲ့ ကြသည်မှာ ကာလတော်တော် ကြာခဲ့ပါပြီ။ ကြာလေဆိုးလေ ဖြစ်လာလို့ အခုတော့အားလုံးက မပြောချင်ပဲပြောလာ ကြရပေပြီ။ စာရေးသူကိုလည်း သတင်းဌာနတစ်ခုက မေးလို့ မပြောချင်ပဲ ပြောလိုက်ရသေးတယ်။ မပြောမပြီး မတီးမမြည်၊ ပြောရေးရှိက ပြောအပ်လှ၏ ဆိုသလို ပြောမှပြီးမည့်အရာများကို မပြောချင်လည်း ပြောကိုပြောရပေမည်။ မြတ်စွာဘုရားရှင်၏ ဂုဏ်တော် ကိုးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ သုဂတ ဂုဏ်မှာ မြတ်စွာဘုရားရှင်သည် စကား ၆ ခွန်းရှိသော်လည်း ၄ ခွန်းကိုပယ်ပြီး ၂ ခွန်းကိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောဆိုပါတယ်။

မြတ်စွာဘုရားပြောဆိုတဲ့ စကားနှစ်ခွန်းကတော့

(၁) မှန်တယ် သူများ မနှစ်သက်ဘူး အကျိုးရှိတယ် စကားတစ်ခွန်း။

(၂) မှန်တယ် သူများနှစ်သက်တယ် အကျိုးရှိတယ် စကားတစ်ခွန်း နှစ်ခွန်းဖြစ်ပါတယ်။

နံပါတ်တစ်စကားနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားကို ပုဏ္ဏားတစ်ယောက်က မေးဘူးတယ် မြတ်စွာဘုရား မှန်တယ် အကျိုးရှိတယ် ဆိုတာတော့ ဟုတ်ပါပြီ ဒါပေမဲ့ သူများမှ မကြိုက်နှစ်သက်တာ ဘာလို့ ပြောတာလဲဘုရားလို့ လျှောက်ပါတယ်။ မြတ်စွာဘုရားက ဥပမာပေးပြီး ပြန်မေးပါတယ်။ အသင်ပုဏ္ဏား သင်ရဲ့ရှေ့မှာ ကလေးတစ်ယောက်က အိုးချမ်းကွဲတစ်ခုကို မျိုချလိုက်တယ်ဆိုပါစို့ လည်ချောင်းမှာ တစ်နေရင် သင်ဘယ်လို လုပ်မလဲတဲ့… ပုဏ္ဏားကတပည့်တော် ရအောင်ကြိုးစား ထုတ်ရမယ်ဘုရား။ ကလေးရဲ့ခေါင်းကို သေသေချာချာကိုင် ထားပြီး သွေးသံရဲရဲနဲ့ပဲ ရအောင်ထုတ်ရမယ်လို့ လျှောက်ပါတယ်။ ကလေး မနှစ်သက်ပဲနဲ့ ဘာလို့ အဲဒီလို လုပ်ရပါသလဲ ပုဏ္ဏားလို့ မေးတော့ ကလေးရဲ့ချမ်းသာရရေး အကျိုးကိုကြည့်ပြီး မနှစ်သက်ပေမဲ့ လုပ်ရပါတယ် ဘုရားလို့လျှောက်တော့ မြတ်စွာဘုရားက ဟုတ်တယ်ပုဏ္ဏား တစ်ခါတစ်ရံမှာ မကြိုက်နှစ်သက်လဲ အကျိုးကိုကြည့်ပြီး ပြောရတယ်လို့ မိန့်ဆိုခဲ့ဘူးပါတယ်။

အခုလဲ မ ဟ န ဆရာတော်ကြီးများကို သာသနာ့အကျိုး နိုင်ငံအကျိုးကို ကြည့်ပြီး မပြောချင်လဲ ပြောရအုံးမှာ ဖြစ်ပါတယ်။

ဦးဇင်းရဲ့ဆရာတော် တစ်ပါး မ ဟ န ဆရာတော်တွေနဲ့ ပတ်သက်ပြီး ပြောပြတာလေးကို အမှတ်ရနေမိပါတယ်။ ဆရာတော်က မြတ်စွာဘုရား လက်ထက်က ဒေ၀ဒတ်သည် မြတ်စွာဘုရားထံမှာ သံဃာတော်တွေကို အုပ်ချုပ်ဖို့ အာဏာလွဲပေးဖို့ တောင်းတော့ မြတ်စွာဘုရားက ပြောတယ်။ ..ငါ့ရှင်ဒေ၀ဒတ် ငါဘုရား ကိုယ်တော်တိုင် သံဃာတော်တွေကို အာဏာထားပြီး မအုပ်ချုပ်ဘူး၊ သူတို့ မှာကိုယ်စီကျင့်ကြံဖို့ ဓမ္မနဲ့ဝိနယ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ မြတ်စွာဘုရားကိုယ်တိုင် မလွဲခဲ့တဲ့ အာဏာ မ ဟ န ဆရာတော်တွေ လက်ထဲရောက် ပျက်ပြီပေါ့ကွ။ ဒီအဖွဲ့ကြီး ပေါ်လာပြီးတဲ့ နောက်ပိုင်း ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်လို့ ဆရာတော်က ဆိုပါတယ်။ ကျောင်းလုမှုတွေ ပိုများလာတယ်။ မလိုလားအပ်ပဲ ကျောင်းတွေကို အာဏာသုံးပြီး ချိတ်ပိတ်ပြစ်လာတယ်။ သမိုင်းကို ပြန်ကြည့်ပြန်ရင်လည်း အမြဲတမ်းလိုလို သံဃာတော်များဘက်က သာသနာတော်ဘာက်က မကြည့်ဘဲ န အ ဖ စစ်ဗိုလ်ကြီးများ ခိုင်းတဲ့အတိုင်း အမြဲတမ်း လိုက်လုပ်တာကို တွေ့ရပါမယ်။
တရုတ်ဘုန်းကြီးများအား ဤသို့..
မန္တလေးမှာ ၁၉၉၀ ခုနှစ်တုန်းက ကျဆုံးသွားကြတဲ့ သံဃာတော်တွေ ကျောင်းသားပြည်သူတွေ ကိုရည်စူးပြီး သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကြီး လုပ်ပါတယ်။ ဒါကို န အ ဖ စစ်အစိုးရက စစ်တပ်ကို လွှတ်ပြီးသေနတ်နဲ့ ပစ်သတ်ခိုင်းလို့ သံဃာတော်တွေ သွေးမြေကျခဲ့ ရတာကြောင့် ထင်ရှားကျော်ကြားသော ဆရာတော် ဦးကောဝိဒါဘိဝံသ၊ ဆရာတော် ဦးရာဇာဓမ္မဘိဝံသ စသည့် ဆရာတော်ကြီးများ ကိုယ်တိုင်ဦးဆောင်ကာ န အ ဖ စစ်အစိုးရကို မြတ်စွာဘုရားရှင်၏ ၀ိနည်းကံနှင့်အညီ သပိတ်မှောက်ခဲ့ပါတယ်။ ရန်ကုန်၊ ပဲခူး၊ ပြည်စသည့်မြို့ကြီးများပါ ပူးပေါင်းပါဝင်လာကာ သပိတ် မှောက်ကျပါတယ်။ န.ဝ.တ စစ်တပ်က သာရေးနာရေး ဘယ်လိုပဲ ပင့်ပင့် မလိုက်ကြပါဘူး။ သပိတ်ရဲ့ ကြီးမားကျယ်ပြန့်လာမှုကို အရမ်းကြောက်သွားတဲ့ ထိုအချိန်က န.ဝ.တ စစ်အစိုးရဟာ သူ့ရဲ့လက်ကိုင်ဒုတ် ဖြစ်နေတဲ့ သံဃာ့မဟာနာယက အဖွဲ့ကြီးကို ခုတုံးလုပ်ပြီး အမိန့်ထုတ်ခိုင်း ပါတော့တယ်။ မဟာနာယကတွေ ကလည်း သူတို့အာဏာ တည်မြဲရေးကလွဲပြီး ဘာမှမစဉ်းစားဘူး သံဃာတော်တွေရဲ့ မျက်နှာ ဘုရားရှင်ရဲ့မျက်နှာ ဘာကိုမှ မကြည့်တော့ဘဲ အမိန့်ထုတ်ပေး လိုက်ပါတော့တယ်။

အဲဒီအမိန့်ကြော်ငြာစာနဲ့ သံဃာတော် ဖမ်းပွဲကြီး စတင်ပါတော့တယ်။ ရန်ကုန်မြို့က ဆရာတော် ဦးသုမင်္ဂလာလင်္ကာရ တိပိတကဓရ ကောဝိဒ၊ ဆရာတော်ဦးတိလောကာဘိဝံသ ရွာမပရိယတ္တိစာသင် တိုက်၊ ဦးစန္ဒနသိရီဘိဝံသ ပထမကျော် ညောင်တုန်းစာသင်တိုက်၊ အလုံအောင်မင်္ဂလာ ဆရာတော်မန္တလေးမြို့ ဦးကောဝိဒါဘိဝံသ မစိုးရိမ်တိုက်ဟောင်း ဆရာတော်၊ ဦးရာဇာဓမ္မာဘိဝံသ မစိုးရိမ်တိုက်သစ် ဆရာတော် စသည့် ရန်ကုန်၊ မန္တလေး ထင်ရှားကျော်ကြားသော ဆရာတော်ကြီးများနှင့် သံဃာကြီးငယ်လတ်စုံစွာ သံဃာ့သပိတ်မှာ ပါဝင်သော သံဃာ အများအပြားကို ဖမ်းစီးထောင်ချနှိပ် စက်ခဲ့ကြပါတယ်။ တချို့သံဃာတော်တွေ ထောင်ထဲမှာ နှိပ်စက် ညှင်းပန်းဒဏ် မခံနိုင်လို့ ပျံလွန်တော်မူ ခဲ့ကြရပါတယ်။ တချို့ဆရာတော်တွေ ထောင်ကပြန်လွှတ်ပြီး မကြာမီမှာပဲ ထောင်ထဲက ဒဏ်တွေကြောင့် ပျံလွန်တော် မူခဲ့ကြရပါတယ်။ အဲဒီကစလို့ န အ ဖ စစ်အစိုးရဟာ သံဃာတော် တွေကို နည်းမျိုးစုံသုံးပြီး နှိပ်စက်ဖြိုးခွင်းလာပါတယ်။ ၎င်းတို့စည်းရုံးလို့မရတဲ့ ၎င်းတို့ကိုတော်လှန်တဲ့ သံဃာတော်တွေကို ထောင်ထဲကို နည်းမျိုးစုံ ကလိမ် ကကျစ်ကျပြီး သွင်းပါတယ်။

သူတို့စည်းရုံးလို့ရတဲ့ ကိုယ်တော်တွေကို ကျောင်းကြီးတွေ ဆောက်ပေးတာ သစ်ပါမစ်၊ ဘိလပ်မြေပါမစ်၊ သံပါမစ်၊ ကားပါမစ်ပေးတာတွေ လုပ်လာပါတယ်။ ဘွဲ့လက်မှတ်တွေကိုလည်း တအားပေါများစွာ ပေးလာ ပါတယ်။ ဘွဲ့လက်မှတ်ရဖို့ မဟန ဆရာတော်ကြီးတွေကို ပိုက်ဆံလာဘ်ထိုး ရတာတွေ၊ မ ဟ န ဆရာတော်ကြီးများကို ကြိုးကိုင်ပြီး ခိုင်းနေတဲ့ ဦးအံ့မောင်ကို လာဘ်ထိုးရတာတွေနဲ့ သံဃာတော်တွေ အကျင့်ပျက်လာပါတယ်။ သံဃာတောတွေ သြဇာပါဝါ ကျလာအောင် ကျောင်းတိုက်တွေထဲမှာ တရားဝင် လောင်းကစားဆိုင်တွေ ခွင့်ပြုလာပါတယ်။ ဒါကို မဟန ဆရာတော်ကြီးတွေ သိသိကြီးနဲ့ လစ်လျူရှု ထားခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်မန္တလေးမှာ မဟာမြတ်မုနိဘုရားကြီးကို န အ ဖ စစ်ဗိုလ် ချုပ်ကြီးများ ညဘက် လူချေတိတ်ချိန်မှာ ခိုးကြောင်ခိုးဝှက် ဗိုက်ဖေါက် ရတနာများ ခိုးယူတာနဲ့ ပတ်သတ်ပြီး သံဃာတော်များက မကျေနပ် ကြပါဘူး။

မန္တလေး လေးပြင်လေးရပ်ရှိ သံဃာတော်များ စုဝေးပြီး သပိတ်မှောက်မဲ့ အနေအထား ဖြစ်လာတော့ နအဖက အကွက်ဆင်ကာ ကုလားနဲ့လှည့်ပြီး ရန်တိုက်ပေးပါတော့တယ်။ သူတို့ကြံ့ဖွတ်တွေကို ကတုံးတုံး သင်္ကန်းဝတ်ပေးပြီး ဗလီတွေကိုလိုက် ဖျက်ဆီး ခိုင်းပါတော့တယ်။ အဓိကရုဏ်းကို ကြီးထွားအောင် သူတို့ကိုယ်တိုင် ဖန်တီးပြီး သံဃာဖမ်းပွဲကြီး စတင်ပါတော့တယ်။ ပြီးတော့ သံဃာတွေ တစ်နှစ်လုံး စာမေးပွဲဖြေဖို့ ကြိုးစားလာခဲ့ကြတာကို စာမေးပွဲမဖြေရဆိုပြီး မတရားအမိန့် ထုတ်ခဲ့ပါတယ်။ သံဃာတော်တွေဘက်က မိအေးသုံးခါနာ ဖြစ်ခဲ့ရပါတယ်။ အထင်အရှား ဘုရားကြီးဗိုက်ဖေါက် အခိုးခံခဲ့ရတယ် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သံဃာတော်တွေ အဖမ်းခံခဲ့ရတယ်။ စာမေးပွဲဖြေခွင့် တစ်နိုင်ငံလုံး အပိတ်ခံခဲ့ရတယ်။ ဒီပြဿနာ အရေးအခင်းမှာလဲပဲ သံဃာ့မဟာနာယက ဆရာတော်ကြီးများ သံဃာတော်များဘက်မှာ ဘာမှမလိုက်ခဲ့ ဘာမှမကာကွယ်ခဲ့ပဲ နအဖ ခိုင်းတဲ့ အတိုင်း လုပ်ခဲ့တာကိုပဲ တွေ့ရပါတယ်။

သံဃာ့မဟာနာယက ဆရာတော်ကြီးများ အကြောင်းကို အပိုင်းလိုက် ဆက်လက်ရေးသား ဖေါ်ပြပါမည်။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဋ္ဌာနမှ အကျင့်ပျက် ခြစားမှုများ (တိုင်ကြားစာ)

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်၏ အကျင့်ပျက် ခြစားမတရားခိုင်းစေမှုများ တိုင်ကြားစာ(၂) ဖတ်ချင်ရင်