နိုင်ငံရေး အကျဉ်းသားဟောင်းများမှ တာမွေမီးသတ်မှ ကျဆုံးသွားသော ရဲဘော်များ အတွက် ကူညီပံ့ပိုးငွေ လှုဒါန်း၊ ..
နိုင်ငံရေး အကျဉ်းသားဟောင်းများမှ တာမွေမီးသတ်မှ ကျဆုံးသွားသော ရဲဘော်များ အတွက် ကူညီပံ့ပိုးငွေ လှုဒါန်း၊
၂-၁-၂၀၁၂ နေ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှုတွင် ကျဆုံးသွားသော မီးသတ်ဝန်ထမ်းငါးဦးအတွက် အလှုငွေပေးအပ်ခြင်းကို ရန်ကုန်တိုင်း ကျောက်မြောင်းရှိ တာမွေမြို့နယ် မီးသတ်ဋ္ဌာနသို့သွားရောက် လှုဒါန်းခဲ့ပါသည်။ တာမွေမြို့နယ်မီးသတ်မှ မီးသတ်ဝန်ထမ်း ငါးဦး သေဆုံးပြီး ၁၃ ဦးအတွင်းလူနာအဖြစ် တက်ရောက် ကုသနေရကြောင်း သိရှိရပါသည်။ ထိုသို့ အတွင်းလူနာအဖြစ် ကုသခံနေသော ၁၃ ဦးအနက် ၃ ဦးမှာ ဒဏ်ရာသက်သာ လာသောကြောင့် ဆေးရုံမှပြန်လည် ဆင်းလာပြီဖြစ်ပါသည်..။ နှစ်ဦးမှာ ကြပ်မတ်ကုသဆောင်တွင် ဝေဒနာပြင်းထန်စွာ ခံစားနေရကြောင်း ပြောပြပါသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများမှ တတ်နိုင်သည့်ဘက်မှ ကူညီပေးရန်... ကူညီအားပေး နှုတ်ဆက်စကားများ ပြောကြားခဲ့ပါသည်..။