ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသမီးများ ကမ္ဘာကြီးကို ဦးဆောင်တဲ့အခါ (ဆောင်းပါးရှင် မောင်မောင်ဝမ်း)

အမျိုးသမီးများ ကမ္ဘာကြီးကို ဦးဆောင်တဲ့အခါ
(ဆောင်းပါးရှင် မောင်မောင်ဝမ်း)

(Joseph S. Nye, Jr. is a professor at Harvard and author of The Future of Power. ၏
 when women lead the world ကိုဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)
အမျိုးသမီးတွေ သာ ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင်.. ကမ္ဘာကြီးဟာ ပိုမိုလို့ငြိမ်းချမ်း လာ မလား ဆိုတဲ့ မေးခွန်းကို…ဟားဗတ် တက္ကသိုလ် က စိတ်ပညာရှင် တဦး ဖြစ်တဲ့.. စတီဗင်ပင်ကာ(Steven Pinker) ဖြေကြားခဲ့တာ ကတော့.. မှန်ပါ တယ်တဲ့…။

ပင်ကာ…. ရေးသားခဲ့တဲ့ (In The Better Angels of Nature) ဆိုတဲ့ စာအုပ်မှာ… လူသား အကြမ်းဖက် မှု့ တွေဟာ ( ဒီကနေ့ အများကြီးရှိနေသေးပေမဲ့ ) တဖြေးဖြေးနဲ့ ကျဆင်း နေပြီဆိုတာ ကို အချက်လက် အကိုးအကား များနဲ့ တင်ပြထားပါတယ်။ အမျိုးသမီးတွေ ဟာ အကြမ်းဖက် မှု့ကိုမလိုလား တဲ့အင်အား စုတွေဖြစ်နေတယ် ဆိုတာကိုလည်း ပြောဆို ခဲ့ပါတယ်။ အစဉ်လာ စစ်ပွဲတွေ ဟာ.. အမျိုးသားများ ဖန်တီးခဲ့တဲ့ စစ်ပွဲများသာ ဖြစ်ပြီး… လူမျိုးနွယ်စု အမျိုးသမီးများဟာ ဘယ်တော့မှ ပတ်ဝန်းကျင်ဒေသ တွေကို.. ၀င်ရောက် စီးနင်း တိုက်ခိုက် သိမ်းပိုက်ဖို့ကို မလုပ်ဆောင်ခဲ့ပါဘူး။ မိခင်များအဖြစ်….. သူတို့ရဲ့ရင်သွေးငယ် တွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ၊မျိုးဆက်များကို လက်ဆင့်ကမ်း ရမယ်ဆိုတဲ့ သဘာဝအသိတွေဟာ… ငြိမ်းချမ်းတဲ့ အခြေနေအရပ်ရပ် ကို စောင့်ရှောက်သလို ဖြစ်နေပါတယ်။

ပင်ကာရဲ့အဆိုကို လက်မခံသူများကတော့ ချက်ခြင်းဆိုသလို တုန့်ပြန်ခဲ့ကြပါတယ်… ဘာ့ကြောင့်လည်း ဆိုတော့သာမာန်အားဖြင့်… အမျိုးသမီးများဟာ စစ်ပွဲတွေ ကို…. မဖန်တီးခဲ့ပါဘူး… ဒါကလည်း သူတို့မှာအာဏာ ဆိုတာ.. မရသလောက်နီးပါးရှိ နေတာမို့ပါ။ တကယ်လို့များ သူတို့သာ အာဏာ အပြည့်အ၀ရှိတဲ့ ခေါင်းဆောင်တွေ သာဖြစ်မယ်ဆိုရင် ယောကျာင်္းတွေပြုမူဆောင်ရွက်ခဲ့ကြ တဲ့ အခြေနေအရပ်ရပ်လိုပဲ… သူတို့.. လုပ်ခဲ့မှာ မလွဲပါဘူး မာဂရက်သက်ချာ ၊ ဂိုဒါ မီယာ ၊ အင်ဒီယာ ဂန္ဒီ တို့ဆိုတာ အာဏာ အပြည့်အ၀ ရခဲ့ဘူးတဲ့ အမျိုးသမီးခေါင်းဆောင် တွေပါ။ သူတို့ ခေါင်းဆောင် ဘ၀မှာ သူတို့နိုင်ငံက စစ်ပွဲတွေကို ဦးဆောင်ခဲ့ပါတယ် တဲ့။

အမျိုးသားတွေနဲ့ ယှဉ်ပြိုင် ကစားနေရတဲ့..နိုင်ငံရေးဇာတ်ခုံပေါ်မှာ… အဆိုပါ ပြောဆိုချက်များ ဟာ လည်း မှန်ပါတယ်…။ ဒီလို စွမ်းဆောင်ချက် တွေကပဲ…အမျိုးသမီးတွေ ဟာ..အမျိုးသားများ နဲ့ နည်းတူ ခေါင်းဆောင် ဘ၀ မှာ နေရာရနိုင်ဘို့ အရည်အသွေး တွေ မဟုတ်ပါလား။ ခေါင်းဆောင် နေရာမှာ အမျိုးသမီးများဟာ အမျိုးသားများနဲ့ ဒွန်တွဲ တာဝန်ယူ ဆောင်ရွက်ရမယ် ဆိုရင်တောင်မှ သူတို့ရဲ့ဆောင်ရွက်ချက်များဟာ ခြားနားနေပါလိမ့်မယ်။

ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းအဖြစ် ရှိနေဆဲပါ… ခေါင်းဆောင်မှု့ အခန်းကဏ္ဍ မှာ အမျိုးသား ၊ အမျိုးသမီးဆိုတဲ့ အရာဟာ တကယ့်ကို ကိစ္စတခုအဖြစ် တည်ရှိ နေဆဲပဲလား ..? သမရိုးကျ အခြေအနေ မှာ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များက ပြသနေတာကတော့.. အမျိုးသားတွေဟာ…အာဏာကို ခပ်ထန်ထန် ကိုင်တွယ် တတ်တဲ့သဘောရှိပြီး… အမျိုးသမီးများကတော့… စည်းရုံးဆွဲဆောင်မယ်၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နားလည်မှု့ရအောင် ကြိုးစားဆောင်ရွက်မယ်၊ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်မယ်ဆိုတဲ့… သဘောသဘာဝတွေ ရှိနေပါတယ်။ အမေရိကန်တွေဟာ ခပ်ထန်တတ်တဲ့ အမျိုးသားစရိုက်လက္ခဏာ ခေါင်းဆောင်မှု့ကို ဦးညွတ်တတ်ပါတယ် သို့သော်မကြာခင်က…ခေါင်းဆောင်မှု့နဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များက .ပြသနေတာကတော့… တခါက စဉ်းစားခဲ့ဘူးကြတဲ့ အမျိုးသမီး တို့ရဲ့သဘာဝ ပုံစံ စဉ်းစားတွေးခေါ် လုပ်ဆောင်ချက် များဟာ များပြားအောင်မြင် နေတယ်ဆိုတာပါပဲ။


ယောကျာင်္းဆန်ဆန်
လူ့အဖွဲ့အစည်းအတွင်းက သတင်းအချက်လက်များကို အခြေခံကြည့်တဲ့အခါ…. အချင်းချင်း လက်တွဲလုပ်ဆောင်နေမှု့များဟာ ၀ါစဉ်ကြီးငယ်လိုက် အစားထိုး လုပ်ကိုင်တတ်ကြတယ် ၊ပညာလုပ်သားများဟာ.. အမိန့်နာခံမှု့နည်းတယ်၊ အဖွဲ့အစည်းများရဲ့ကျယ်ပြန့်တဲ့ စီမံခန့်ခွဲမှု့များဟာ ခွဲဝေကျင့်သုံးနေရတဲ့ ခေါင်းဆောင်မှု့အခန်း ကဏ္ဍများကြောင့် ပိရမစ်ပုံစံခေါင်းဆောင်မှု့ထက် အပြောင်းအလည်း တွေဖြစ်နေရ တယ်၊ Google CEO Eric Schmidt ကဆို ဘယ်လိုပြောသလို ဆိုတော့… သူရဲ့အလုပ်သမား တွေကို ဖူးဖူးမှုတ်နေရပါတယ်တဲ့….။

စစ်တပ်တောင်မှ ဒီလိုအပြောင်း အလည်းတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ် ကပြောတာ ကတော့ စစ်တပ်ခေါင်းဆောင်များ တောင်မှ အော်ဟစ်ပြောဆိုခြင်းများကို အနည်းဆုံးလုပ်ဆောင် နေရပါတယ်တဲ့….. ဘာလို့လည်းဆိုတော့… ဒီနေ့မျိုးဆက်သစ်များဟာ အရည်သွေးပြည့်မှီပါတယ် ဆိုတဲ့ သင်တန်း ဆရာများထက် ပိုမို ကောင်းမွန်တဲ့ အရာတွေ တုန့်ပြန်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျှူ ဘွတ်ရှ် တခါက… ဆုံးဖြတ်ချက် ချရတဲ့သူတစ်ယောက် ဖြစ်တဲ့ သူ့ရဲ့ အခန်းကဏ္ဍ ကိုရှင်းပြခဲ့ဘူး ပါတယ်။ ခေတ်မှီတဲ့ ခေါင်းဆောင် တစ်ယောက် ဆိုတာ… ကွန်ယက် တွေကို အသုံးပြုနိုင်ရမယ်၊ ပူးပေါင်း ဆောင်ရွက် နိုင်ရမယ်၊ ပူးပေါင်း ပါဝင်သူများကို အားပေးနိုင် ရမယ်လို့ ပြောပါတယ်။ ၀ါစဉ်ကြီးငယ်လိုက် ဆက်ခံရမယ်ဆိုတဲ့ အစဉ်လာ သမားများ မဟုတ်တဲ့ အမျိုးသမီးများရဲ့ စတိုင်များနဲ့ ဆက်ဆံရေး ကျွှမ်းကျင်မှု့များဟာ ပညာကို အခြေခံတဲ့ အဖွဲ့အစည်းများ က ခေါင်းဆောင်များ အတွက် လိုအပ်နေတဲ့ လိုအပ်ချက်များနဲ့ အံဝင်ဂွင်ကျ ဖြစ်နေတာ ကို တွေ့နေရပါတယ်။

အတိတ်ကာလက… အမျိုးသမီးများဟာ.. အဖွဲ့အစည်းဦးဆောင်မှု အခန်းကဏ္ဍကိုတိုက်ခိုက်ပြီဆိုရင်… အမျိုးသားများဟာ… ယောကျာင်္းဆန်တယ် ဆိုတဲ့စကားနဲ့တုန့်ပြန်လေ့ရှိပါတယ်…. (ဒါဟာ..လူမှု့ဆောင်ရွက်ချက် များကို လုပ်ဆောင်နေတဲ့ အမျိုးသမီး သီလရှင်များကို ဆော်ကား လိုက်သလိုလည်း ဖြစ်ပါတယ် )။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ်…. အောင်မြင်စွာ ခေါင်းဆောင်နိုင် ဘို့ဆိုတာ…. အမျိုးသားများဟာ… အမျိုးသမီးများရဲ့ပြုမှု့ ဆောင်ရွက်လေ့ရှိတဲ့ သဘော သဘာဝများကို တန်ဘိုးထားတတ် ယုံမက…အဲဒီ့အရည်အသွေး တွေ အတွက် ကျွှမ်းကျင်အောင် လုပ်ယူ ဘို့ပဲ ဖြစ်ပါတယ်။

ဒါဟာ… အချက်အလက် မဟုတ်ပါ…။ ဦးတည်ရမဲ့ လမ်းကြောင်းဖြစ်ပါတယ်။ အမျိုးသမီးများဟာ ခေါင်းဆောင်မှု့အခန်းကဏ္ဍ မှာ နောက်ကျကျန်ရစ်နေဆဲပဲ ဖြစ်တယ်။.. အားလုံးကို လွှမ်းခြုံကြည့်မယ် ဆိုရင် ပျမ်းမျှအားဖြင့် အမျိုးသမီးထုရဲ့ ငါးရာခိုင်နှုံးလောက်သာ… ခေါင်းဆောင်ပိုင်းနေရာ ကိုရောက်ရှိခဲ့ပါ တယ် (အမေရိကန် ပြည်ထောင်စုမှာဆိုရင် ၁၆ ရာနှုံးသာ အမျိုးသမီး ဦးဆောင်မှု့ရှိ ပါတယ်….၄၅ ရာနှုံးလောက်ရှိတဲ့ ဆွီဒင်နဲ့နှိုင်းယှဉ်ကြည့်ပါ) ၊ ၂၀ ရာစု လွတ်လပ်တဲ့နိုင်ငံများရဲ့ အုပ်ချုပ်သူ ၁၉၄၁ ဦးကို လေ့လာကြည့်တဲ့အခါ အမျိုးသမီး…၂၇ဦး…ပဲတွေ့ရပါတယ်။ အကြမ်းဖျင်း အားဖြင့် အဲဒီ့ထဲကတ၀က်ဟာ….အုပ်ချုပ်သူအမျိုးသားများရဲ့အမျိုးသမီး ( မုဆိုးမ ) ၊ နဲ့ သမီးတွေ သာ ဖြစ်ပါတယ်။
အမျိုးသမီး ကမ္ဘာကြီး
သတင်းခေတ်ကြီးမှာ အမျိုးသမီးများရဲ့ကဏ္ဍဟာ တဖြေးဖြေးနဲ့ကြီးမားလာပါပြီ။ ဘာလို့များ အမျိုးသမီးတွေဟာ ပိုမိုကောင်းမွန်အောင်မလုပ်နိုင်ရမှာလည်း?......... အတွေ့အကြုံအားနည်းမှု့၊ အခြေခံတာဝန်ယူ စောင့်ရှောက်တတ်မှု့၊ ခွဲခြားဆက်ဆံတတ်မှု့များ မှတဆင့် ကျားမ ကွာဟချက်များကို ရှင်းပြ အကူညီပေးဘို့ဖြစ်လာပါတယ်။ အစဉ်လာ လမ်းကြောင်းများ၊ ယဉ်ကျေးမှု့များနဲ့ သူတို့ကို တွန်းအားပေးဘို့ တည်ဆောက် ဖန်တီးမှု့ များဟာ အဖွဲ့အစည်းများမှာ.. အမျိုးသမီးများ ရဲ့ ကဏ္ဍခေါင်းဆောင်ပိုင်း နေရာမှာရှိနေနိုင်ဘို့… (သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု့များကို သာမာန် အားဖြင့် မစွမ်းဆောင်နိုင်သလို ဖြစ်သွားပါလိမ့်မယ် ) ။

ဒီမိုကရက်စီ လူ့အဖွဲ့အစည်းများမှာတောင်မှ အမျိုးသမီးများဟာ အမျိုးသားများထက် လူမှု့စွန့်စားခန်း များနဲ့ကြုံတွေ့ရတတ်တယ် လို့သုတေသနတွေကဖော်ပြနေပါတယ်။ ဘာလို့လည်း ဆိုတော့….အမျိုးသားများဟာ အစဉ်လာအားဖြင့်ကို… အမျိုးသမီးများအပေါ် လွှမ်းမိုးချုပ်ကိုင် လိုတဲ့ သွင်ပြင်များက…. အရှိန်အဖြစ်ကျန်ရစ်နေဆဲမို့ပါ။ ဒီအတားအဆီးများ ကိုတော့ ကျော်ဖြတ်ရပါလိမ့်မယ်။ အမျိုးသားများ သာလျှင် အရာရာကို ဦးဆောင်ရမယ်ဆိုတဲ့… အစဉ်အလာ အတားအဆီးကြီးက သတင်းခေတ်ကြီးမှာ ပုတ်သိုးဆွေးမြေ့နေပါပြီ။ ခေါင်းဆောင်များဟာ…. ပူးပေါင်း ပါဝင်ဆောင်ရွက် အားပေးရမဲ့အစား အမိန့်ဆန်ဆန်…လုပ်ဆောင်မှု့များ ရှုမြင်သုံးသပ်ချက်များကို နည်းအောင် သုံးသပ်သင့်ပါတယ်။ အမာနဲ့ အပျော့ ကျွှမ်းကျွှမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုခြင်းဟာ အမျိုးသားများ ရော အမျိုးသမီးများအတွက်ပါ အဆင်ပြေချောမွေ့စေပါတယ်။ အစဉ်အလာ လိင်ခွဲခြားခြင်းတွေနဲ့ အရာရာကို ဖုံးအုပ်မထားသင့်တော့ပါဘူး။ တချို့ပတ်ဝန်းကျင် အခြေနေတွေမှာ… အမျိုးသားများဟာ အမျိုးသမီးများရဲ့ စိတ်နေသဘာဝ ဆုံးဖြတ်ချက်များကဲ့သို့ပြုမူဆောင်ရွက် လုပ်ဆောင် သင့်ပါတယ်။ အမျိုးသမီးများ အတွက်ကလည်း ထိုနည်းတူစွာပါပဲ…လိုအပ်လာလျှင် အမျိုးသားများ ကဲ့သို့ပြုမူ ဆောင်ရွက်ဘို့လိုအပ်ပါလိမ့်မယ်။

ကျနော်တို့ အနာဂါတ် ငြိမ်းချမ်းရေးနဲ့စစ်ပွဲတွေကို ရွေးချယ်ဘို့ အဓိကသော့ချက်ကတော့ လိင်ကွဲပြားမူ့ပေါ်မှာ အခြေမခံ တော့ပဲ…အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ခေါင်းဆောင်များဟာ လုပ်ပိုင်နိုင်ခွင့်အင်အား အပျော့ အမာများကို ဟန်ချက်ညီညီ ကိုင်တွယ် အသုံးချခြင်းဖြင့်… အကောင်းဆုံးနည်းဗျူဟာ များကို ချမှတ်သွားနိုင် ဘို့ပဲဖြစ်တယ်။ ပင်ကာ ပြောဆိုချက်တွေဟာ မှန်ပါတယ်။ ကမ္ဘာကြီးမှာ အကြမ်းဖျင်းအားဖြင့် အကြမ်းဖက်မူ့များ ကျဆင်းလာတယ် ဆိုတာဟာ…. တကယ်တော့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို မြှင့်တင်အားပေးခဲ့လို့ပဲဖြစ်ပါတယ်။

အားလုံးကိုလေးစားစွာဖြင့်
(မောင်မောင်ဝမ်း)

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ဥပဒေအကြောင်းအရ ဆောင်ရွက်သည့်ကိစ္စနှင့် အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ကိစ္စသတင်းစာ ရှင်းလင်းပွဲ..

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ဥပဒေအကြောင်းအရ ဆောင်ရွက်သည့်ကိစ္စနှင့် အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ကိစ္စသတင်းစာ ရှင်းလင်းပွဲအား ယနေ့ ရန်ကုန်မြို့ရွှေဂုံတိုင်ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ နေ့လည်တစ်နာရီမှ ညနေ၄နာရီ အထိပြုလုပ်ခဲ့ပါတယ်..။

အလုပ်သမားတွေဘက်က လိုက်ပါဆောင်ရွက် ပေးနေတဲ့ ဦးခွန်မားနိုင်၊ ကိုပိုးဖြူနဲ့ ရှေ့နေအချို့ တက်ရောက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်..။ သတင်းရက် သတ္တပတ် နှစ်ပတ်ကြာပြီဖြစ်တဲ့ တိုင်ရီစက်ရုံအလုပ်သမားအများစုမှ မနက်ဖြန်မှာလည်း ဆန္ဒထပ်ပြဖို့ရှိကြောင်း သိရှိရပါတယ်..။ စက်ရုံပိုင်ရှင်ညဘက်မှ တနာရီ ကျပ်ငွေတစ်ရာသာ ပေးနိုင်ကြောင်း သတ်မှတ်ခဲ့ပါတယ်..။ အလုပ်သမားများဘက်မှာ တနာရီ ၁၅၀ကျပ်ထိ တိုးမြှင့် တောင်းဆိုနေပြီး အများစုမှ ဆက်လက် ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ အရှေ့တောင် အာရှနဲ့ တောင်အာရှမှာ ရင်းနှီးမြုပ်နှံနေကြတဲ့ နိုင်ငံခြားကုမ္ပဏီများမှ ပေးတဲ့ လခလုပ်စာ ဇယားအရ မြန်မာနိုင်ငံဟာ အနိမ့်ဆုံး လုပ်အားခရရှိတဲ့ နိုင်ငံစာရင်းမှာ ပါဝင်ပြီး မြန်မာပြည်ရဲ့ အထက်မှာတော့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံများဖြစ်ကြပြီး မလေးရှားနိုင်ငံကတော့ လုပ်အားခ အများဆုံးနိုင်ငံတွေမှာ ပါဝင်ပါတယ်..။ မြန်မာပြည်ရဲ့ အလုပ်သမားများရဲ့ လုပ်အားခ အလုပ်သမားတွေရဲ့ နစ်နာမှုကို ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းနိုင်ရန်လည်း စီစဉ်နေကြောင်းသိရသည်။
ဓာတ်ပုံ သတင်း ဇော်တူး၊ ဒီမိုဝေယံ

ရင်ထဲစွဲငြိမိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးခွမြို့ခရီးစဉ် ဓာတ်ပုံများ..(၂)

သုံးခွမြို့ အမေစု ဟောပြောပွဲပြုလုပ်မယ့် ပဲတီစိမ်းကွင်းမှာ နေ့လည်ကတည်းက နေပူပူအောက်မှာ ဇွဲကောင်းကောင်းနဲ့ စောင့်နေတဲ့ သံဃာတော်တပါး
ညဘက် ရန်ကုန်ပြန်ခရီးမှာတော့ ကြိုဆိုနှုတ်ဆက်သူတွေ ပေးတဲ့ ယပ်တောင်လေးကို ယူနေတဲ့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆံကေသာမှာလည်း ဖုန်တလုံးလုံးနဲ့ပေါ့..
ပြည်သူပေးတဲ့ ယပ်တောင်လေးကို လှမ်းယူပြီး အသိအမှတ် ပြုတဲ့ အနေနဲ့ ပြန်ယပ်ခပ် ပြနေတဲ့ မြင်ကွင်းပါ..။ အမေစုနဲ့ အတူပါလာတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေလည်း မြင်ရတဲ့အတိုင်း ဖုန်တလုံးလုံးနဲ့ပေါ့..

ဓာတ်ပုံများ ဒီမိုကောင်းကင်၊ ဒီမိုဝေယံ၊ ဇော်တူး

BG သွေးကူညီရေးအဖွဲ့၏ ရွှေတိဂုံဘုရား နှစ်(၂၆၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ရံပုံငွေ ဈေးရောင်းပွဲ (သတင်း၊ ဓာတ်ပုံ)

ရွှေတိဂုံဘုရား နှစ်(၂၆၀၀) ပြည့်ဘုရားပွဲတော်ဈေး၌ BG သွေးအကူအညီပေးရေး အဖွဲ့ဝင်များမှ ရံပုံငွေ အမှတ်တရ ဆိုင်နှစ်ဆိုင် ဖွင့်လှစ် ရောင်းချခဲ့ပါတယ်..။

ယခင်ကလည်း ယခုကဲ့သို့ ဈေးရောင်းပွဲများ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ အမြတ်ငွေများအား မိဘမဲ့ကလေးများ၊ လမ်းပေါ်မှ ကလေးများ အမှိုက်ကောက်ပြီး ဝမ်းစာရှာနေရတဲ့ ကလေးတွေ ပညာရေးအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုခဲ့ပါတယ်..။ မိမိတို့ရဲ့ ကိုယ်ပိုင် ဝမ်းစာရှာဖွေနိုင်ရန်အတွက် ကွန်ပျူတာသင်တန်း၊ ယဉ်ကျေးလိမ်မာ ဘာသာရေးသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ အခမဲ့ပညာဒါနအနေနဲ့ သင်ကြားပေးနေပါတယ်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းထားတဲ့BGရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာ သင်ကြားပေးရေး ပညာဒါနတွေဖြစ်ပါတယ်..။
ယခု ဘုရားပွဲတော်မှာ ရောင်းလို့ရတဲ့ အမြတ်ငွေတွေကိုလည်း ပညာရေးမှာ အသုံးပြုသွားဖို့အတွက် BGအဖွဲ့နဲ့ ကျောင်းသားတွေ ဆရာတွေမှ ၀ိုင်းဝန်းပြီးကူညီ ရောင်းချပေးခဲ့ ကြကြောင်း သိရှိရပါတယ်..။
အနာဂတ်ရဲ့ ကလေးငယ်များရဲ့ ပညာရေးအတွက် BG သွေးကူညီရေးအဖွဲ့မှာ သွားရောက် လှူဒါန်းနိုင်ပါတယ်..။

ဓာတ်ပုံများအတွက် ညီငယ်လေး လင်းဆက်အား ကျေးဇူးတင်ပါသည်။

တို့ပိုင်တဲ့မြေ (ကဗျာရှင် နေရဲနီ)

တို့ပိုင်တဲ့မြေ
ကဗျာရှင် နေရဲနီ
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ......တို့ပြေ
များလူခပ်သိမ်းငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြေ.........တို့မြေ ။
(နိုင်ငံတော်သီချင်း ခြေဆင်း အပိုဒ်မှ)

မန္တလေး ကျောက်ပွဲမှာ တရုပ်ကမြန်မာကိုထိုးတယ်။
အထိုးခံရတဲ့ ကိုရွှေမြန်မာ ဆေးရုံတက်လိုက်ရပေမဲ့
ထိုးလိုက်တဲ့ ပေါက်ဖော်ကိုတော့
လည်ပင်းဖက်ခေါ်သွားတယ်။

ဟော်တယ်က ဧည့်ကြိုမြန်မာ အမျိုးသမီးကို
နိပွန်ကြီးက ပါးရိုက်တော့
အရိုက်ခံရတဲ့ မြန်မာအမျိုးသမီး
တနေ့လုပ်မှတနေ့စားရတဲ့သာမန်ပြည်သူ
ဟော်တယ် ဝန်ထမ်းတစ်ယောက်ကို
မြန်မာတရားသူကြီးက သိန်း၁၀၀ တန်
အာမခံလူ၂ယောက်တောင်းသတဲ့။
မရရင် အဖမ်းအချုပ်ခံရမယ်ဆိုဘဲ။

တိုင်ရီဖိနပ်စက်ရုံမှာ လုပ်အားနဲ့ လုပ်ခ မမျှတ
လစာတွေ ခေါင်းပုံဖြတ်ခံရလို့
ဆန္ဒပြနေကြတာ ရက်အတန်ကြာခဲ့ပြိ။
တာဝန်ရှိတဲ့ အလုပ်သမားရေးရာဌာနက
ဖြေရှင်းမပေးနိုင်လို့
စေတနာ့ဝန်ထမ်း ရှေ့နေတွေနဲ့
တရားရုံးတက်ဖို့ စီစဉ်နေကြပြီ။

တနင်္သာရီ ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းမှာ
အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ
လူကိုလူလို ဆက်ဆံခြင်း မခံရတဲ့ကိစ္စ
အလုပ်သမား တစ်ယောက်ရဲ့ရပိုင်ခွင့်တွေ
ဆုံးရှုံးနေရတဲ့ကိစ္စ
တာဝန်ရှိသူတွေ မသိကျိုးကျွံ ပြုနေကြ။

တရုပ်က သွယ်တန်းတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကြောင့်
မဖြစ်စလောက် လျော်ကြေးနဲ့
ဘိုးစဉ်ဘောင်ဆက် တစ်သက်လုံး လုပ်ကိုင်စားလာတဲ့
လယ်သမားယာသမားတွေ
လယ်ပျောက် ယာပျောက်ဖြစ်ပြိး
နောင်လာမဲ့ သားမြေးစဉ်ဆက်
ဘဝတွေပျက်ပြီး ထမင်းအိုးပျောက်ရမှာက
မိုင်၆၀၀ကျော် ပိုက်လိုင်းတစ်လျှောက်မှာ
နေထိုင်ကြတဲ့ပြည်သူတွေ။

ကြောင်သူတော် အခွင့်အရေးသမားတွေ
ဟိုအကြောင်းပြ ဒီအကြောင်းပြ
အာဏာပိုင်တွေနဲ့ပေါင်းပြီး
ရိုးသားတဲ့ တောသူတောင်သားတွေရဲ့လယ်မြေယာမြေတွေကို
မတရားသိမ်းယူနေတာက နိုင်ငံအနှံ့။

ဈေးသစ်ဆောက်မယ့် အကြောင်းပြချက်နဲ့
ဈေးဟောင်းကိုဖျက်လို့ တသက်လုံး လုပ်ကိုင်စားလာတဲ့ ဈေးသည်တွေ
ဆိုင်ခန်းပျောက်ပြီး ဘဝပျက်ရတာက
မြန်မာပြည်တစ်ဝှမ်း ရှိရှိသမျှမြို့အနှံ့။

ရိုးသားတဲ့ ပြည်သူတွေအပေါ်မှာ
အာဏာနဲ့ ချောက်ပြီး
တစ်ကျပ်ရ တစ်ကျပ်စား တစ်မတ်ရ တစ်မတ်စား
မတိုင်ရဲ မတောရဲ မပြောရဲမဆိုရဲ
ငုံ့ခံနေကြရတဲ့အဖြစ်တွေက
မြို့ပြနဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသအနှံ့။

၁၉၆၂ ခုနှစ်ကစခဲ့တဲ့ တိုင်းရင်းသားတွေရဲ့
စစ်ပြေးဒုက္ခသည်ဘဝက
ယနေ့ထက်တိုင် မလွတ်မြောက်သေး။

အခွင့်အရေးသမားတို့
အတ္တသမားအာဏာပိုင်တွေနဲ့ပေါင်းပြီး
ပြည်သူလူထုအပေါ်မှာ ခေါင်းပုံဖြတ်အမြက်ထုတ်
အခွင့်ထူးခံဘဝအရောက်မှာ
ကာရာအိုကေ နိုက်ကလပ်အမြည်ခံ
ပြည့်တန်ဆာခန်းမှာ တညတည သိန်းသန်းချီပြီး
ပြည်သူ့ဘဏ္ဍာကို ဖြုန်းနေချိန်။

မနက်စာမနက် ညစာည
မြန်မာပြည်အနှံ့ သာမန်ပြည်သူတို့ရဲ့ဘဝ
ရေတစ်ခွက်တောင် ဘယ်နားရှာရမှန်းမသိ။

မတူညီသော အခွင့်အရေး
မဖြူစင်သောဝါဒ
တရားခြင်း မျှတခြင်း လွတ်လပ်ခြင်း ကင်းသော ငါတို့ပြေသည်
ဘယ်သောခါမှ ငြိမ်းချမ်းပါအံ့နည်း။

ကမ္ဘာမကြေ မြန်မာပြေ
ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ ။
( နိုင်ငံတော် သီချင်းမှ )
မြန်မာပြည်တွင်း တရုတ်စီးပွားရေး လုပ်ကွက်များ

ကျောက်ဖြူမှ ယူနန်အထိ သွယ်တန်းမည့်
ဓာတ်ငွေ့ ပိုက်လိုင်းသည်
မြန်မာပြည်အား အရှေ့အနောက်
ကန့်လန့်ဖြတ်ကာ ပိုင်းခြားထား၏။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ
ရေအား လျှပ်စစ်မှန်သမျှ
ဤသည်တို့ကား တရုပ်အပိုင်။

မုတ္တမကွေ့မှ ယိုးဒယားအထိ ဖောက်လုပ်ထားသော
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည်လည်းကောင်း
တနသာင်္ရီမှာ ဖောက်လုပ်နေသော
ဇောတိက ပိုက်လိုင်းသည်လည်းကောင်း
ဤသည်တို့ကား ယိုးဒယားအပိုင်။

ဘယ်တိုင်တိုင် အရီမပျက် အပြုံးမပျက်သော
တိုင်ရီ ဖိနပ်စက်ရုံဟူသည်ကား
လူမျိုးခြား ပေါက်ဖော်တို့အပိုင်။

ရခိုင်နှင့်ချင်းပြည်နယ်တို့တွင်
အိန္ဒိယနှင့်ဘင်္ဂလားတို့က
အခြေချရန် ကြိုးပမ်းနေကြ၏။

အခြားအခြားသော
စက်ရုံကြီးငယ် အသွယ်သွယ်တို့သည်လည်းကောင်း
အိမ်ခြံမြေ အိုးအိမ်တိုက်တာ
စက်ရုံကုမ္ပဏီ အပေါင်းတို့သည်လည်းကောင်း
ဆိုင်ရာဆိုင်ရာတို့နှင့် ပေါင်းပြီး
တိုင်းရင်းသား အမည်ခံ
လူမျိုးခြားတို့ ပိုင်ဆိုင်သည်ကား အများအပြား။
မြန်မာစကား လုံးဝလုံးဝ မပြောတတ်သော
မြန်မာနိုင်ငံသား သည်ပင် ရှိချေသေး၏။

ကမ္ဘာမကြေ မြန်မာပြေ
ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ ။

ကမ္ဘာသည်ကား မကြေသေး
မြန်မာပြည်သည်လည်း ကမ္ဘာ့မြေပုံပေါ်၌
ထင်ထင်ရှားရှား။
သို့သော်
မြန်မာလူမျိုးတို့၏ ဘဝသည်ကား
အမှုန့် မဖြစ်ရုံတမယ်
ဖွတ်ဖွတ် ညက်ညက် ကြေခဲ့လေပြီတကား။

နေရဲနီ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သုံးခွခရီးစဉ် (သတင်း၊ ဓာတ်ပုံ)

ယနေ့ နေ့လည် ၂နာရီခွဲမှာမှ သုံးခွ ခရီးစဉ် စတင်ခဲ့တာပါ...။ နေညိုညို ညနေခင်းမှာ ပြည်သူချစ်သော လူထုခေါင်းဆောင်နှင့် ပြည်သူလူထုရဲ့ မြင်ကွင်း..
ပြည့်အင်အားသည် လူထု ချစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုထံမှာ ရှိသည်....
ဓာတ်ပုံ AP,Reuters

အလှူရေစက် ပါးစပ်နဲ့မဟုတ်ပါ လက်နဲ့ပါ လှူနိုင်တန်းနိုင်ပါစေ... (တိုင်ကြားစာ)

ကုမ္ပဏီနာမည်ကတော့ (ရာဇသူရ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် နေပြည်တော်)တဲ့

ပါးစပ်နဲ့ ငွေတွေလှူပြီး လက်နဲ့ငွေတွေ မထုတ်လာသေးတဲ့ ကုမ္ပဏီအလှူ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် မြို့ပေါ်ဌာနဆိုင်ရာအသီးသီးနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ငွေကျပ် ၁၀ သိန်းစီ ပြည်ထောင်စုနေ့က ရာဇသူရအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် နေပြည်တော် မှ လှူဒါန်းခဲ့ပါသည်။ အလှူငွေလက်ခံရရှိသည့် အသင်းအဖွဲ့များမှလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ပါသည်။ သို့သော် အဆိုပါကုမ္ပဏီမှ လှူဒါန်းခဲ့သည်မှာ ပါးစပ်ဖြင့်လှူဒါန်းခဲ့ပြီး အလှူငွေများ ယခုအချိန်အထိ လက်ခံရရှိခြင်း မရှိသေးပါ။ အဆိုပါကုမ္ပဏီအားမေးမြန်းသောအခါ စီးပွားရေး အဆင်မပြေသဖြင့် ခဏစောင့်ပါရန် ပြောကြားပါသည်။

လှူဒါန်းခဲ့သည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာသင်ကျောင်းများ၊ ကုသိုလ်ဖြစ် ဆေးပေးခန်းများ အားလုံးစုစုပေါင်း (၃၅)ခု နှင့် လှူဒါန်းငွေစုစုပေါင်း သိန်း ၃၅၀ ခန့်ရှိသည်ဟု သိရှိရပါသည်။ ထပ်မံသိရှိရသည်မှာ အဆိုပါ ကုမ္ပဏီပိုင်ရှင်မှာ ဟင်္သာတမြို့သား လူမျိုးခြားတစ်ဦးဖြစ်ပြီး မည်သို့မည်ပုံ ချမ်းသာလာသည်ကို မသိရှိရပေ။ ကုမ္ပဏီအမည်တွင် နေပြည်တော်ဟုပါရှိပါသည်။ ယခုမှ ဟင်္သာတသို့ ပြန်လည်ရောက်ရှိလာပြီး ငွေကြေးအမြောက်အများကို လောလောဆယ် ပါးစပ်ဖြင့် လှူဒါန်းခဲ့သဖြင့် မည်သည့် ရည်ရွယ်ချက်ဖြင့် လှူဒါန်းခဲ့သည်ကို မြို့ခံများမှ စိတ်ဝင်စားလျှက်ရှိပါသည်။

ပြီးခဲ့တဲ့ ၁၇ရက်နေ့ သောကြာနေ့က သံတွဲ မဇင်လေဆိပ်မှာ ဝမ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရတဲ့ အဲယားကမ္ဘောဇလေယာဉ် မြင်ကွင်း၊ ဓာတ်ပုံများ...

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နေ့လည်က ရန်ကုန်မှ သံတွဲသို့ ပျံသန်းလာတဲ့ ကမ္ဘောဇလေယာဉ်ဟာ ငပလီ မဇင်လေယာဉ်ကွင်း အရောက်မှာ လေယာဉ်ဘီးချတဲ့ စံနစ် ချွတ်ယွင်းမှုကြောင့် ဝမ်းဗိုက်နဲ့ ဆင်းသက်ပြီး ပြေးလမ်းဘေးက သဲပုံထဲကို ဆင်းသက်လိုက် ရပါတယ်...။
ပြေးလမ်းဘေး သဲပုံထဲ၌ ရပ်တန့်သွားစဉ်...
အကယ်၍ သဲပုံထဲမှာ ရပ်တန့် မသွားပဲ အရှိန်မထိန်းနိုင်ဘူး ဆိုရင်တော့ မြင်ရတဲ့ အတိုင်း လေဆိပ်ဘေးက ကျောက်ဆောင် ထူထပ်တဲ့ ပင်လယ်ထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်..။ မတွေးဝံ့စရာပါပဲ...။ လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုကြောင့်လို့ ဆိုပါတယ်..။
အဆိုပါနေ့က နေ့လည် ၁နာရီခွဲမှာ သံတွဲမှ ရန်ကုန်သို့ စီးနင်းလိုက်ပါမည့် မျက်မြင် သက်သေ ခရီးသည်တဦးရဲ့ လေယာဉ်လက်မှတ်ကို ဖော်ပြလိုက်ရပါတယ်..။ မြန်မာပြည်သူတွေ ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ...။

သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ..

ရွှေညဝါဆရာတော်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဘုရားထီးတော်တင်ပွဲ ..

ရွှေညဝါဆရာတော်ကြီး၏ ဇာတိချက်ကြွေ မွေးရပ်မြေမှ ထီးတော်တင်မည့် စေတီတော် ..
မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ် ၊ ဘုရားကုန်းကျေးရွာ သိရိမင်္ဂလာကျောင်းတိုက် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် နှင့် ကျောင်းဝင်း အတွင်းတည်ထားကိုးကွယ်ပြီးဖြစ်သော စေတီတော်ကြီးအား ထီးတော် တင်ပွဲကို ရွှေည၀ါ ဆရာတော် ဦးဆောင်၍ ၂၅-၂-၂၀၁၂ နေ့ မှစပြီး ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်...

ယင်းပွဲတော်ကို ဂဂ မျိုးဆက်ကျောင်းသားများနှင့် ဗကသ အဖွဲ့ဝင်များ ရန်ကုန်မြို့မှ အလှုရှင် အမြှောက်အများ တတ်ရောက် သွားမှာ ဖြစ်ပါတယ်... ၂၃-၂-၂၀၁၂ နေ့ည ဂ နာရီခွဲမှ နေ၍ ရန်ကုန်မြို့ မှ စတင်ပြီး ထွက်ခွာ ခဲ့ပါတယ်...

ဖျော်ဖြေပွဲ အနေနဲ့ ..၂၆-၂-၂၀၁၂ ည စတိတ်ရှိုးဖြင့် ဖျော်ဖြည် ဧည့်ခံသွားမှာဖြစ်ပါတယ်..

ပါဝင် သီဆို ဖျော်ဖြေ ကြမည့် အဆိုတော်များကတော့........... ဖြိုးကြီး၊ ဂျေညီညီ ၊ အနဂ္ဂ နေရဲလင်း ၊ ဝေလျှံ ၊ စစ်သွေး ၊ ဂျက်မြသောင်း ၊ သံသာဝင်း ၊ ကာကာ ၊ သန္တာဗိုလ် ၊ လင်းဇာနည်ဇော် ၊ ပင်ကီ ၊ ရွေရည်မိုးဦး ၊ မိုးခမ်း ၊ လိမ္မော်သီး ၊ စတဲ့ နာမည်ကြီး အဆိုတော်များစွာ သီဆို ဖျော်ဖြေမှာ ဖြစ်ပြီး ၊ ၂၅-၂-၂၀၁၂ ညမှ သီးလေးသီး အငြိမ့်နှင့် ဖျော်ဖြေ ဧည့်ခံသွားမှာ ဖြစ်ပါတယ်.။
မှော်ဘီ ကျောင်းမှ ရွှေညဝါ ဆရာတော်ကြီးနဲ့ တပည့်သံဃာတော်များ...

ဇလွန် GTC ကျောင်းဆင်း မသင်းသင်းကြိုင် မတရားပြုကျင့်ခံရသည့်အမှု ဦးလေးဖြစ်သူ ဦးစိန်သောင်းမှ တိုင်ကြားစာ အပြည့်အစုံ....

ဇလွန် GTC ကျောင်းဆင်း မသင်းသင်းကြိုင် မတရားပြုကျင့်ခံရသည့်အမှု ဦးလေးဖြစ်သူ ဦးစိန်သောင်းရဲ့ တိုင်ကြားစာ အပြည့်အစုံဖြစ်ပါတယ်..။




မသင်းကြူကြူလှိုင် ပြောဆိုချက် ရုပ်သံဖိုင် ပြန်တင်ပေးလိုက်ပါတယ်..။