ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

BG သွေးကူညီရေးအဖွဲ့၏ ရွှေတိဂုံဘုရား နှစ်(၂၆၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ရံပုံငွေ ဈေးရောင်းပွဲ (သတင်း၊ ဓာတ်ပုံ)

ရွှေတိဂုံဘုရား နှစ်(၂၆၀၀) ပြည့်ဘုရားပွဲတော်ဈေး၌ BG သွေးအကူအညီပေးရေး အဖွဲ့ဝင်များမှ ရံပုံငွေ အမှတ်တရ ဆိုင်နှစ်ဆိုင် ဖွင့်လှစ် ရောင်းချခဲ့ပါတယ်..။

ယခင်ကလည်း ယခုကဲ့သို့ ဈေးရောင်းပွဲများ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ အမြတ်ငွေများအား မိဘမဲ့ကလေးများ၊ လမ်းပေါ်မှ ကလေးများ အမှိုက်ကောက်ပြီး ဝမ်းစာရှာနေရတဲ့ ကလေးတွေ ပညာရေးအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုခဲ့ပါတယ်..။ မိမိတို့ရဲ့ ကိုယ်ပိုင် ဝမ်းစာရှာဖွေနိုင်ရန်အတွက် ကွန်ပျူတာသင်တန်း၊ ယဉ်ကျေးလိမ်မာ ဘာသာရေးသင်တန်း၊ စက်ချုပ်သင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ အခမဲ့ပညာဒါနအနေနဲ့ သင်ကြားပေးနေပါတယ်..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းထားတဲ့BGရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာ သင်ကြားပေးရေး ပညာဒါနတွေဖြစ်ပါတယ်..။
ယခု ဘုရားပွဲတော်မှာ ရောင်းလို့ရတဲ့ အမြတ်ငွေတွေကိုလည်း ပညာရေးမှာ အသုံးပြုသွားဖို့အတွက် BGအဖွဲ့နဲ့ ကျောင်းသားတွေ ဆရာတွေမှ ၀ိုင်းဝန်းပြီးကူညီ ရောင်းချပေးခဲ့ ကြကြောင်း သိရှိရပါတယ်..။
အနာဂတ်ရဲ့ ကလေးငယ်များရဲ့ ပညာရေးအတွက် BG သွေးကူညီရေးအဖွဲ့မှာ သွားရောက် လှူဒါန်းနိုင်ပါတယ်..။

ဓာတ်ပုံများအတွက် ညီငယ်လေး လင်းဆက်အား ကျေးဇူးတင်ပါသည်။