ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြီးခဲ့တဲ့ ၁၇ရက်နေ့ သောကြာနေ့က သံတွဲ မဇင်လေဆိပ်မှာ ဝမ်းဗိုက်နဲ့ ဆင်းသက်ခဲ့ရတဲ့ အဲယားကမ္ဘောဇလေယာဉ် မြင်ကွင်း၊ ဓာတ်ပုံများ...

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နေ့လည်က ရန်ကုန်မှ သံတွဲသို့ ပျံသန်းလာတဲ့ ကမ္ဘောဇလေယာဉ်ဟာ ငပလီ မဇင်လေယာဉ်ကွင်း အရောက်မှာ လေယာဉ်ဘီးချတဲ့ စံနစ် ချွတ်ယွင်းမှုကြောင့် ဝမ်းဗိုက်နဲ့ ဆင်းသက်ပြီး ပြေးလမ်းဘေးက သဲပုံထဲကို ဆင်းသက်လိုက် ရပါတယ်...။
ပြေးလမ်းဘေး သဲပုံထဲ၌ ရပ်တန့်သွားစဉ်...
အကယ်၍ သဲပုံထဲမှာ ရပ်တန့် မသွားပဲ အရှိန်မထိန်းနိုင်ဘူး ဆိုရင်တော့ မြင်ရတဲ့ အတိုင်း လေဆိပ်ဘေးက ကျောက်ဆောင် ထူထပ်တဲ့ ပင်လယ်ထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်..။ မတွေးဝံ့စရာပါပဲ...။ လေယာဉ်မှူးရဲ့ ကျွမ်းကျင်မှုကြောင့်လို့ ဆိုပါတယ်..။
အဆိုပါနေ့က နေ့လည် ၁နာရီခွဲမှာ သံတွဲမှ ရန်ကုန်သို့ စီးနင်းလိုက်ပါမည့် မျက်မြင် သက်သေ ခရီးသည်တဦးရဲ့ လေယာဉ်လက်မှတ်ကို ဖော်ပြလိုက်ရပါတယ်..။ မြန်မာပြည်သူတွေ ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေ...။

သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ..