မေ(၃၀)ဒီပဲယင်းလုပ်ကြံမှုကြီး (၇၇)လပြည့် အခမ်းအနား ဓာတ်ပုံမှတ်တမ်း။....။
ဓာတ်ပုံ .... ကိုလှမျိုး။
တေဇဆိုတာ ဘယ်လိုကောင်လဲ။..။
သိန်းစိန်ဆန္ဒပြပွဲအတွက် ဆွေးနွေးရန် လေးစားစွာဖိတ်ကြားခြင်း
Joint Action Committee of Burmese Community in Japan
在日ビルマー人共同行動実行委員会 (JAC) 参加団体
၂ဝဝ၉-အောက်တိုဘာ-၂၉ ရက်
သို့ 
မြန်မာ့ဒီမိုကရေစီ အင်အားစုများ
ဂျပန်နိုင်ငံ
နေ့ ရက် - ၁-၁၁-၂ဝဝ၉
အချိန် - နံနက်-၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ - တာကာဒါနိုဘာဘာ ဘူတာအနီးရှိ WENDY HUMBERGER SHOP.
လေးစားစွာဖြင့်
ဂျေအေစီ
JAC- Information
ဆက်သွယ်ရန် -
Ko Than Swe – ၀၉၀-၄၉၆၄၉၇၁၈
Ko Mai Kyaw Oo –၀၉၀-၉၈၃၁၇၁၉၂
Ko Hla Aye Maung –၀၉၀-၂၅၂၅၁၉၆၆
Ko Ko Aung –၀၉၀-၁၅၀၆၂၈၉၃
Ko Lwin Aung Soe – ၀၉၀-၆၅၀၅၆၈၅၈
Ko Phone Hlaing - ၀၉၀-၅၃၁၈၅၀၅၄
在日ビルマー人共同行動実行委員会 (JAC) 参加団体
၂ဝဝ၉-အောက်တိုဘာ-၂၉ ရက်
သို့ 
မြန်မာ့ဒီမိုကရေစီ အင်အားစုများ
ဂျပန်နိုင်ငံ
၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၆-၇ နေ့ရက်များတွင် ဂျပန်နိုင်ငံသို့ နအဖ ဝန်ကြီးချုပ် သိန်းစိန် ရောက်ရှိလာမည် ဖြစ်၍ ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားကို ထင်ဟပ်စေမည့် ဆန့်ကျင် ဆန္ဒပြပွဲအား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ တခဲနက် ပူးပေါင်း ကျင်းပနိုင်ရေး အတွက် အောက်ပါအစီအစဉ်အတိုင်း ဆွေးနွေးလိုပါသဖြင့် တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ် ပါသည်။
နေ့ ရက် - ၁-၁၁-၂ဝဝ၉
အချိန် - နံနက်-၁ဝ နာရီမှ ၁၂ နာရီအထိ
နေရာ - တာကာဒါနိုဘာဘာ ဘူတာအနီးရှိ WENDY HUMBERGER SHOP.
လေးစားစွာဖြင့်
ဂျေအေစီ
JAC- Information
ဆက်သွယ်ရန် -
Ko Than Swe – ၀၉၀-၄၉၆၄၉၇၁၈
Ko Mai Kyaw Oo –၀၉၀-၉၈၃၁၇၁၉၂
Ko Hla Aye Maung –၀၉၀-၂၅၂၅၁၉၆၆
Ko Ko Aung –၀၉၀-၁၅၀၆၂၈၉၃
Ko Lwin Aung Soe – ၀၉၀-၆၅၀၅၆၈၅၈
Ko Phone Hlaing - ၀၉၀-၅၃၁၈၅၀၅၄
လူထုတရပ်လုံးအတွက် စတေးခံအကောင်းဆုံး မြေသြဇာအဖွဲ့ဝင် ဘလော့ဂါသားစိုးလေးအား လေးစားဂုဏ်ယူပါသည်။
အကောင်းဆုံးမြေသြဇာအဖွဲ့ ထုတ်ပြန်ကြေငြာချက်။..။
သားစိုးလေးဘလော့သို့....
အကောင်းဆုံးမြေသြဇာအဖွဲ့သို့....
သားစိုးလေးဘလော့သို့....
အကောင်းဆုံးမြေသြဇာအဖွဲ့သို့....
ဂျပန်လွှတ်တော်အမတ် MR.SUEMATSUမှ မြန်မာ့ဒီမိုကရေစီအဖွဲ့ အစည်းအသီးသီးအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း။
ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရ ပါတီလွှတ်တော်အမတ်နှင့် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂ -အတွင်းရေးမှူး MR.SUEMATSU မှ ဂျပန်နိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ပါဝင်ကူညီဆောင်ရွက်ပေး ခဲ့ကြသော ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီ အင်အားစုအဖွဲ့အစည်းအသီးသီးအား ညစာဖြင့်ကျွေးမွေးဧည့်ခံ၍ မြန်မာ့အရေးကို ပိုမိုဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ ဥက္ကဌဦးသန့်ဇင်ဦးနှင့်အဖွဲ့ချုပ်အဖွဲ့ဝင် များတက်ရောက်ခဲ့ ကြပါသည်။
ဓာတ်ပုံ... သတင်း....ကိုလှမျိုး(NLD(LA)JB)။..။
ဓာတ်ပုံ... သတင်း....ကိုလှမျိုး(NLD(LA)JB)။..။
ရခိုင်အမျိုးသား သတင်းစာ.....
The Voice ဂျာနယ်....
လူစာရင်းဝင်ဖို့လူဆိုသည်မှာ။....။

လူစာရင်းဝင်ဖို့လူဆိုသည်မှာ
အတ္ထံ နတ္ထံဇာနာတီတိ မနုေဿာ
အကြောင်းအကျိုးဤနှစ်မျိုးကို
သေချာစီစစ် လူဟုဖြစ်တဲ့
ပြီးတော့…..
တလူလူမြင့်တက်သည့် သစ်ပင်
တလူလူလွင်နေသည့် အလံ
တလူလူရဲ့ အဓိပ္ပါယ်က
မြင့်တက်လှုပ်ရှားနေခြင်းမို့
တလူလူမှ လူလူ၊ လူလူမှ လူဟု
ပြောင်းသည့်အတွက်
လူရဲ့အနက်ဟာ အသိဥာဏ်တွေ
တလူလူ ရှင်သန်ထက်မြက်နေရမယ်
သစ်ပင်လို အရပ်မြင့်တက်
တလူလူတက်လာတာကို လူလို့ခေါ်ရင်
မင်း….ဆင်နဲ့ယှဉ်မလား
ပညာမတိုး အသားတွေတိုးတက်
တလူလူတက်လာတာကို လူလို့ခေါ်ရင်
မင်း…၀က်နဲ့ယှဉ်မလား….
မင်းမှာ..ပညာဆိုတာ ဗလာနတ္ထိ
လူမှုရေးဆိုတာ ဘာမှန်းမသိ.
အမျိုးသားရေးဆိုတာ ဘာမှမရှိ
အရှက်နှင့်အကြောက်ဆို ချိုနဲ့လား
မေထုန်မှီအိပ်စား..ဤသုံးပါးကလွဲရင်
အရာအားလုံး မင်းမှာနတ္ထိ
ယှဉ်ကြည့်ရင် မင်းနဲ့နွား ဘယ်လိုခွဲခြားမလဲ
လူ…ဟုခေါ်တွင် လူစာရင်းဝင်ချင်ရင်
မင်းရဲ့အသိဥာဏ်ပညာတွေ
တလူလူရှင်သန်ထက်မြတ်နေရမယ်။
ပြီးတော့…အပျင်းနဲ့ အဖျင်းကိုပယ်ရှား
တက်သိအောင် တကယ်ကြိုးစား
ပြီးရင်….လူမှုရေး၊ ဘာသာရေး၊နိုင်ငံရေး
အမျိုးသားရေး အလေးပေးဆောင်ရွက်
မင်းရဲ့အသိဥာဏ်နဲ့စိတ်ဓါတ်
တလူလူ ထက်မြတ်ပြီဆိုရင်
မင်းကို……လူဟုခေါ်တွင်
လူ..စာရင်းဝင်ပြီမို့ လရေးနှစ်ချောင်းငင်..လူ
သူတော်စင်..လူလို့ ပီပီသသ ခေါ်လိုက်မယ်။
မင်းသုည(ကွမ်းခြံကုန်း) ဗုဒ္ဓတက္ကသိုလ်
ပေးပို့လာသူ မင်းသုည(ကွမ်းခြံကုန်း)

အဘဦးဝင်းတင်အား လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများမှ သီတင်းကျွတ် အထိမ်းအမှတ် ကန်တော့ပွဲ အခမ်းအနား ဓာတ်ပုံမှတ်တမ်း။...။
အမျိုးသားဒီမိုကရေစီကရေစီအဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်တဲ့ အဘဦးဝင်းတင်အား လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများမှ စုပေါင်း၍ (၂၇)နေ့က သီတင်းကျွတ်အထိမ်းအမှတ် ဂါဝရပြုကန်တော့ပွဲ အခမ်းအနား ကျင်းပပြူလုပ်ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအပါအဝင် လူဦးရေ ၁၅၀ကျော်ခန့် လာရောက်ဂါဝရ ပြုကြကြောင်း သိရှိရပါတယ်။ ရရှိသော ကန်တော့ခံ လက်ဆောင်ပစ္စည်းများအား အကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသားများအား အဘဦးဝင်းတင်မှ ပြန်လည်လှူဒါန်းမည်ဟု သိရှိရပါသည်။
ဓာတ်ပုံ...ကိုစိုင်း။ သတင်း....ဒီမိုဝေယံ။
ဓာတ်ပုံ...ကိုစိုင်း။ သတင်း....ဒီမိုဝေယံ။
ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ ရပ်တန့်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲဓာတ်ပုံမှတ်တမ်း။....။
ရခိုင်ပြည် မှထွက်ရှိသည့်ရေနံ နှင့် သဘာဝဓါတ်ငွေ့များကို သယ်ယူ ပို့ဆောင်မည့် ပိုက်လိုင်း (၂) ခုအား ရပ်တန့်ရန် နိုင်ငံတကာရှိ တရုတ်သံရုံးများရှေ့တွင် ကန့်ကွက်ဆန္ဒပြပွဲများကို ယနေ့ပြုလုပ်ကြပါသည်။ မုတ္တမပင်လယ်ကွေ့ မှထွက်ရှိပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်သွယ်တန်းထားသည့် ရတနာဓာတ်ငွေ့ပိုက်လိုင်းထက် (၇)ဆပို ရှည်လျားသည့် အဆိုပါဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာပြည်အလယ်ပိုင်း နှင့် ရှမ်းပြည်နယ်ကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ထိ သွယ်တန်းမှာ ဖြစ်ပါတယ်။
မြန်မာပြည်သူ ပြည်သားများအတွက် အကျိုးတစုံတရာဖြစ်ထွန်းမှုမရှိပဲ စစ်အာဏာရှင် သက်ဆိုး ရှည်ရေးအတွက်သာ အကျိုးဖြစ်ထွန်းစေမည့် အဆိုပါဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအား ရပ်တန့်ပေးရန် နိုင်ငံပေါင်း (၁၁)နိုင်ငံရှိ တရုတ်သံရုံးရှေ့များတွင် ယနေ့ကန့်ကွက် ဆန့်ကျင် ဆန္ဒပြပွဲများကျင်းပ ပြုလုပ်ခဲ့ပါသည်။ အလားတူ ဂျပန်နိုင်ငံ တွင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) မှဦးဆောင်ကျင်းပသည့် ဆန္ဒပြပွဲကို ယနေ့ ၂၀၀၉ ခုအောက်တိုဘာလ (၂၈) ရက်နေ့တွင်ပြုလုပ်ခဲ့ပါသည်။ အင်အား(၁၂၀)ခန့် ပူးပေါင်းပါဝင်ခဲ့ပါသည်။
တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ ပြုလုပ်သည့် အခါတိုင်း တခြားသံရုံးများနှင့်မတူပဲ လုံခြုံရေး တင်းကြပ်ထားပြီး (၅)ယောက် တတွဲဖြင့် တဖွဲ့လျှင် (၁၀)မိနစ်ကြာဆီ သွားရောက် ဆန္ဒပြခွင့်သာ ရရှိပါသည်။ ယနေ့ဆန္ဒပြပွဲသို့ ဂျပန်နိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှ ပူးပေါင်းပါဝင်ခဲ့ ကြပါသည်။...။
"ဓာတ်ပုံ ၊ သတင်း ....ALD YOUTH WING JAPAN & ဒီမိုဝေယံ" ။..။
"မိဘကျေးဇူး"အထူးဆပ်နိုင်တဲ့ သူများ ဖြစ်ကြပါစေ။...။

ခြေတလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။
လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော် ခဲ့သည်။
နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော် ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘ၀၏စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။
အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာ တကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲ ပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။

အမေ
(၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေ စတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာ များ မှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက် (၇၅) နှစ် ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော် ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။ အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင် ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့် တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က အရစ် အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား ။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေ စတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊ ပေါ့တစ်ခွက် အရသာများ အရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော် မပြောဖြစ်ခဲ့။ ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့ တွေ့ချင်လို့ ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် "ငါ လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး" ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာ အမေ့ကို ပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။
ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ ယူဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။
"ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား"
အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။
"ငါ အိုသွားတဲ့အခါ"ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ
"ငါ အိုသွားတဲ့အခါ"
ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက "ဘာကြောင့်" ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော် အပါးအမြဲမခွာတော့။
ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့် စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘ၀တူ အမိမြေကို ခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း...............
ဒီဆောင်းပါးလေးကို ဖတ်ပြီးမိဘတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်ကြပါစေ။ မိဘကျေးဇူးကို ဆပ်နိုင်ကြပါစေ။...။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့် စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော (၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။ ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင် တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် "ငါ လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး" ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာ အမေ့ကို ပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော် ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။
"ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား"
အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။
"ငါ အိုသွားတဲ့အခါ"ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ ရက်နေ့က ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ
"ငါ အိုသွားတဲ့အခါ"
ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက "ဘာကြောင့်" ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့် စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘ၀တူ အမိမြေကို ခွဲပြီး အမေနှင့် ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို စားချင်ကြောင်း...............
ဒီဆောင်းပါးလေးကို ဖတ်ပြီးမိဘတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်ကြပါစေ။ မိဘကျေးဇူးကို ဆပ်နိုင်ကြပါစေ။...။
ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေတဲ့ သူတွေအာလုံးကို ကျေးဇူးတင်ကြောင်း အမှာစကား ပြောကြား။(၂၈၇က်နေ့ ကိုညီညီအောင် အသက်၄၀ပြည့်မွေးနေ့ပါ)။

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အမေရီကန်နိုင်ငံသား ကိုညီညီအောင်နဲ့ ယနေ့နေ့လည် (၁)နာရီမှ (၂)နာရီ အထိတွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း ကိုညီညီအောင်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
...ဒီနေ့ အန်ကယ် အင်းစိန်ထောင်မှာ .. ကိုညီညီအောင်နဲ့ နေ့လည် (၁)နာရီမှ (၂)နာရီအထိ (၁)နာရီလောက် နဲတွေ့ခွင့်ရခဲ့ပါတယ်။.... အဓိကကတော့ အခုစွဲထားတဲ့ အမှုနဲ့ ပတ်သတ်ပြီး ခုခံရေးလမ်းကြောင်းတွေကို ရှင်းပြပါတယ်။ သူလည်း သဘောတူပါတယ်။ .... အရင်သူ့ကို ထားတဲ့နေရာက သန့်ရှင်းရေးရော အနံ့ အသက်ရော မကောင်းဘူးလို့ ပြောပါတယ်။ ... အခုတော့ အာဏာပိုင်တွေကို ပြောလိုက်လို့ ... အခုတော့ နေရထိုင်ရတာ ...အဆင်ပြေသွားပြီး ပြောပါတယ်။.... အခုရန်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေနဲ့ အတူတူ နေရတယ်လို့ ပြောပါတယ်။....ကျန်းမာရေး လည်းကောင်းပါတယ်။...
.....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။
စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုဖြင့် စွဲချက်တင်ထားပါတယ်။
...ဆက်လက်ပြီး.....ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ... ကိုညီညီအောင်က ပြောပါတယ် ... ဒီမှတ်ပုံတင် ကပ်ခွါလုပ်တယ်ဆိုတာ .. သူမသိဘူး .. သူလုပ်တာ လည်းမဟုတ်ဘူးလို့ ပြောပါတယ်။... အသုးံပြုတယ် ဆိုတဲ့ .. သက်သေလည်းမရှိပါဘူး ...။ ဥပဒေအရ ပြောရရင်တော့ သူလုပ်တယ် မလုပ်တယ်ဆိုတာထက် . ... အသုံးမပြုဘူး .. အသုံးပြုတယ် ဆိုတဲ့သက်သေ မရှိဘူးဆိုရင် ... ဥပဒေမမြောက်ပါဘူး။.. စွပ်စွဲတာပဲရှိပါတယ်..... ...... ကိုညီညီအောင်က သူ့ကိုဝိုင်းဝန်း မေးမြန်းစုံစမ်း ကူညီပေးနေတဲ့ သူတွေအာလုံးကို ကျေးဇူးတင်ကြောင်း အမှာစကား ပါးလိုက်ပါတယ်။.... မနက်ဖြန်(၂၈)ရက်နေ့က သူရဲ့ အသက်(၄၀)ပြည့် မွေးနေ့ပါ။ သူ့အဒေါ်က ကိုညီညီအောင် မွေးနေ့အတွက် ဘုန်းကြီး(၅)ပါး ဆွမ်းကျွေး အလှူလုပ်ပါမယ်။.. သူ့ဆွေမျိုးတွေနဲ့ တော့တွေ့ခွင့် မရသေးပါဘူး။ ပစ္စည်းတော့ ပို့လို့ရတယ်လို့ ပြောပါတယ်။ ဒီနေ့ အန်ကယ်ဦးကြည်ဝင်း အမှုကိစ္စရှိတဲ့ အတွက် အန်ကယ်တစ်ယောက်ပဲ သွားတွေ့ခဲ့တာပါ။ ....ဟုကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
လာမည့်(၃၀)ရက်နေ့ သောကြာနေ့မှာ ကိုညီညီအောင်ရဲ့ အမှုကို မင်္ဂလာဒုံတရားရုံးမှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မကြာခဏ မိမိတို့မပြုလုပ်ရသော စွဲချက်မျိုးစုံဖြင့် တရားစွဲဆို ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပါတယ်။ ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။....။
ကိုညီညီအောင် အသက်(၄၀)ပြည့် မွေးနေ့မှာ ကိုညီညီအောင်နှင့် တကွ မတရားအဖမ်းအဆီး ခံနေရသော နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ်မြောက် ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။.....။
သတင်း...ဒီမိုဝေယံ

ကျိန်စာသင့်နေသော မြန်မာ့ ဂက်စ်။...။
NLD ၏ကြေငြာချက်များ။...။(ဦးခင်ကျော်ဟန်)
ဒီမိုကရေစီ အစစ်လိုချင်ရင်....။..။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး..... (ဟုတ်ကဲ့)အပြောနဲ့အလုပ်ညီပါစေ။
နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းပွဲ ဖိတ်ကြားစာ (Maryland)။...။
Date: November 1, 2009
Place: Mingalar Yama temple,
1708 Powder Mill Road, Silver Spring, MD 20903.
Please find the program as follow:
6:30 to 7:30 am—Food offering to the monks
7:30 to 9:00 am—Food offering to the friends and attendees
9:00 to 10:00 am—Receiving the prayer service from the venerable monks
Your presences are greatly appreciated.
Friends of Nyi Nyi Aung
Special thanks to Dr.Sein Win & Dr.Tin Moe Thu, Tode Tode family who contributed the food at prayer service.

ရဲရဲတောက်အမေ။..။
ABSDF (၂၁)ပြည့် ဂုဏ်ပြုတေး(ခွပ်ဒေါင်းတပ်မတော်သို့)....
ABSDF' Honour Song for 1st November
နိုဝင်ဘာလ (၁)ရက်နေ့မှာ ကျရောက်မယ့် (ABSDF) ရဲ့ (၂၁)နှစ်မြောက် အထိမ်းအမှတ် အတွက် ဂျပန်နိုင်ငံမှာ ရှိတဲ့ (Political Refugee Music Group...PRMG) ရဲ့ ခွပ်ဒေါင်းတပ်မတော်သို့ ဆိုတဲ့သီချင်းနဲ့ အတူ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။..။
စာသား၊သံစဉ်...ကိုသော်
ခံစားသီဆိုမှု.... ကိုသော်၊ အိမ့်သရဖီမြင့်၊ ဂျာအောင်၊ မျိုးဦး....
ခံစားသီဆိုမှု.... ကိုသော်၊ အိမ့်သရဖီမြင့်၊ ဂျာအောင်၊ မျိုးဦး....
ကိုညီညီအောင်၏ အမှုလာမည့် (၃၀)ရက်နေ့သို့ ထပ်မံချိန်းဆို။...။

အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုရုံးချိန်း ကို မနက်(၁၀)နာရီခွဲက မင်္ဂလာဒုံတရားရုံးမှာ ကြားနာစစ်ဆေးခဲ့ကြောင်း ကိုညီညီအောင်ရဲ့ အမှုမှာလိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်တဲ့ ရှေ့နေကြိးဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။
....အန်ကယ်တို့ ဒီနေ့ မနက်(၁၀)နာရီခွဲက မင်္ဂလာဒုံတရားရုံးမှာ ကိုညီညီအောင်ရဲ့ အမှုကြားနာ စစ်ဆေးပါတယ်။ ..ဒီနေ့တောာ့ သက်သေ(၂)ဦး ကိုစစစ်ပါတယ်။ တရားလိုဘက်က လ.ဝ.က အရာရှိတစ်ဦး၊ ရဲအရာရှိတစ်ဦး တို့ကထွက်ဆိုပါတယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား အတုပြုလုပ်မှုနဲ့ စွဲချက်တင်တာပါ။.... စုံစမ်း တွေ့ရှိချက်တွေကို တင်ပြသွားတာပါ။ .... ...အမှုက သက်သေတော့ မရှိပါဘူး ထွက်ဆိုချက်တွေက ကွဲလွဲနေပါတယ်။.. ဥပဒေအရ သက်သေမရှိရင် ပြစ်မှုမမြောက်ပါဘူး။... အစိုးရအရာရှိ(၂)ဦးပဲ ထွက်ဆိုသွားတာပါ။ ... အမှုအခြေအနေက ကောင်းပါတယ်။... ကိုညီညီအောင်နဲ့ စကားပြောဖို့ အခွင့်မရခဲ့ပါဘူး။ အမှုကို လာမည့်သောကြာနေ့ (၃၀)ရက်နေ့ကို ပြန်ချိန်းပါတယ်...။
... အဲ့ဒီအတွက်ကြောင့် (၃၀)ရက်နေ့ ရုံးချိန်းမတိုင်ခင် ကိုညီညီအောင်နဲ့တွေ့ခွင့်ရဖို့ မနက်ဖြန်မှာ စာတင်ပါမယ်။ ...ကိုညီညီအောင် ကျန်းမာရေး ကောင်းမွန်ပါတယ်။ ..... ဒီနေ့တရားရုံးကို အမေရိကန်ကောင်စစ်ဝန်ရယ်၊ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ် တက်ရောက်ခဲ့ပါတယ်။..... ဟုကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။
စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုဖြင့် စွဲချက်တင်ထားပါတယ်။ ..ယနေ့ အစိုးရ သက်သေများ၏ ထွက်ဆိုချက်များတွင် မှတ်ပုံတင် ကပ်ခွာအတု ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ...ကိုညီညီအောင် ကိုဖမ်းဆီးစဉ်က မှတ်ပုံတင်မှာ သက်သေခံ ပစ္စည်းများတွင် ပါဝင်ခြင်းမရှိခဲ့ပဲ ၊နောက်မှ ရှာဖွေတွေ့ရှိစာရင်းတွင် ကိုညီညီအောင်အား လက်မှတ်ထိုးခိုင်းသဖြင့် ထိုးပေးလိုက်ရကြောင်း ကိုညီညီအောင်မှ ရှေ့နေများအား ပြောဆိုခဲ့ပါတယ် ။ ထိုမှတ်ပုံတင်မှာလည်း ညောင်တုန်းက ဆိုက်ကားပိုင်ရှင် တစ်ဦး၏ နာမည်နှင့်မှတ်ပုံတင် ဖြစ်ကြောင်း လ.ဝ.က အရာရှိမှ ယနေ့ထွက်ဆို ..သွားပါတယ်။
ယခုအချိန်ထိ ကိုညီညီအောင်အား မိသားစုဝင်များနှင့် တွေခွင့် မပေးသေးကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မကြာခဏ မိမိတို့မပြုလုပ်ရသော စွဲချက်မျိုးစုံဖြင့် တရားစွဲဆို ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပါတယ်။ ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။....။
သတင်း..ဒီမိုဝေယံ
NCGUB ညွန့်ပေါင်းသတင်းလွှာ....
ပေးပို့လာသူ ကိုသောင်းမြင့်ဦး....
ကမ္ဘာပျက်ပုံ (အရှင်ဇနကာဘိဝံသ)။....။
ဖြစ်ဖြစ်သမျှ အရာဝတ္ထု အစုစုသည် တစ်နေ့ကျလျှင် ဧကန်ပျက်ရမည့် အနိစ္စတရားသာ ဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါတို့ တည်ရာ ဤ ကမ္ဘာလောကကြီးလည်း ထို အနိစ္စ နယ်ပယ်တွင် ပါဝင်ရကား ခိုင်မြဲ တည်တံ့နိုင်မည် မဟုတ်။ တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရချေမည်။ ကမ္ဘာလောက ပျက်ဖို့ရာ အကြောင်းမှာ မီး၊ ရေ၊ လေအားဖြင့် သုံးမျိုးရှိ၏။ မီးကြောင့် ပျက်စီးရမည့် ကမ္ဘာကြီး၌ ပျက်ချိန်တန်လျှင် ရှေးဦးစွာ နေနှစ်စင်း ပေါ်လာ၏။ ရိုးရိုးနေက နေ့အခါထွက်၍ နေသစ်က ညဥ့်အခါ ဆက်လက် တက်လာသဖြင့် ညဥ့်အခါဟု မရှိတော့ပြီ။ ထိုနေအသစ်၏ ပူလောင်မှုကြောင့် မြစ်ငယ် ချောင်းငယ်များ၌ ရှိသော ရေတွေ ခြောက်ခန်းရ တော့သည်။ ထို့နောက် သုံးစင်းမြောက် နေအသစ် ပေါ်လာပြန်သော အခါ မြစ်ကြီးများ၌ ရှိသော ရေတွေ ခြောက်ခန်း၏။ လေးစင်းမြောက်နေ ပေါ်လာပြန်လျှင် ဟိမ၀န္တာ အတွင်းရှိ အိုင်ကြီး ခုနစ်အိုင်လည်း ခြောက်ခန်း ရတော့သည်။

ဤသို့ ကမ္ဘာ လောကဓါတ်ကြီး၏ ပျက်စီးနေရာ အချိန်အခါသည် “နှစ်ပေါင်း မည်မျှကြာသည်ဟု” မခန့်မှန်းနိုင် လောက်အောင်ပင် ကြာ၏။ ၁၀ နှစ်တန်းမှ တဖြည်းဖြည်းတက်၍ အသက် အသင်္ချေတန်းသို့ ရောက်၊ ထို အသင်္ချေတန်းမှ တဖြည်းဖြည်း ဆုတ်၍ ၁၀ နှစ်တန်းသို့ရောက်၊ ဤ တက်ကပ်၊ ဆုတ်ကပ် တစ်စုံကို အန္တရကပ် (အကြားကပ်) ဟု ခေါ်၏။ ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးနေရာ အချိန်အခါသည် ထို အန္တရကပ်ပေါင်း ၆၄ ကပ်မျှ ကြာသတဲ့။ ထိုကဲ့သို့ ပျက်စီးပြီးနောက် (အိမ်တစ်ဆောင်ကို မီးလောင်ပြီးနောက် အိမ်အသစ် မဆောက်ခင် ပျက်မြဲအတိုင်း တည်နေသကဲ့သို့) ကမ္ဘာအသစ် မတည်ခင် ပျက်မြဲအတိုင်း တည်သောအချိန်လည်း အန္တရကပ် ၆၄ ကပ်မျှ ကြာသတဲ့။

သတ္တ၀ါတိုင်း ဗြဟ္မာ့ပြည်မှာ
ထိုသို့ ကမ္ဘာ ပျက်နေတုန်းအခါ ပျက်မြဲတိုင်း တည်နေသော အခါဝယ် သတ္တ၀ါတို့လည်း မီးမလောင်သော အထက်ဗြဟ္မာ့ဘုံသို့ ရောက်နေကြ၏။ “ကမ္ဘာ ပျက်လိမ့်မည်” ဟု အနှစ် တစ်သိန်းလောက်ကပင် နတ်များ ကြွေးကြော် ထားကြသောကြောင့် ကြားကြားသမျှ သတ္တ၀ါတွေ ရှေးကလို မမေ့မလျော့ နိုင်ကြဘဲ ကုသိုလ်တရား ပွားများ၍ နေကြလေရာ ကမ္ဘာပျက်ခါနီး အခါဝယ် အားလုံးပင် ဗြဟ္မာ့ပြည်သို့ ရောက်ဖို့ရန် ဈာဉ်ကို ရကြလေသည်။ ထို့ကြောင့် နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိသူမှတစ်ပါး သတ္တ၀ါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်၌ ဖြစ်ကြ၏။ [နိယတ မိစ္ဆာအယူ ရှိသူတို့ကား ငရဲသက် မစေ့သေးလျှင် မပျက်သော ကမ္ဘာသို့ ပြောင်းရွှေ့၍ ငရဲခံရသတဲ့။]
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ မှ
ပေးပို့လာသူ ကိုစိုးမိုးနိုင် source http://www.apymt.com/2009/10/blog-post_21.htmlအဖြူရောင်မေတ္တာဘလော့မှ..
ရွှေသဘာဝဓာတ်ငွေ့၏ပထဝီနိုင်ငံရေး။..။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (လေ့လာရေးစာစဉ်)
*သံတိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ*(ကိုမြင့်စိုး)
The Voice ဂျာနယ်....
ကိုညီညီအောင်၏ အမှုတွဲ မိတ္တူကို အကျိုးဆောင်ရှေ့နေများ သွားရောက်ကူးယူခွင့်ရ။..။
ကိုညီညီအောင်၏ အမှုတွဲ မိတ္တူကို အကျိုးဆောင်ရှေ့နေများ သွားရောက်ကူးယူခွင့်ရရှိကြောင်းနှင့် လာမည့် ကြာသာပတေးနေ့မှာ (၂၂)ရက်နေ့မှာ တွေ့ခွင့်ရရန် တောင်းဆိုထားကြောင်း ကိုညီညီအောင်ရဲ့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ် ၀င်း ကပြောဆိုပါတယ်။
….. ဒီနေ့ ဆရာဦးကြည်ဝင်းနဲ့ အန်ကယ်တို့ ကိုညီညီအောင်ရဲ့အမှုတွဲကို ထောက်ကြံ့မှာရှိတဲ့ မင်္ဂလာဒုံတရားရုံးမှာ သွားရောက် ကူးယူခွင့်ရရှိပါတယ်။ အန်ကယ်တို့ အမှုကိုဖတ်ခွင့်ရတဲ့ အထဲမှာတော့ ကိုညီညီအောင်ကို စွဲချက်တင်ထားတဲ့အမှု တွေကတော့ အရင်အတိုင်းပဲဖြစ်ပါတယ်။ ပုဒ်မ ၄၂၀ လိမ်လည်မှု၊ ပုဒ်မ ၄၆၈ စာရွက်စာတမ်းအတု ပြုလုပ်မှု တွေနဲ့ပါပဲ။ ....သတင်းစာထဲမှာ ကြေငြာသွားတဲ့ တခြားစွပ်စွဲချက်တွေတော့ အမှုတွဲမှာ မပါပါဘူး။.... လာမယ့် ၂၃ ရက် နေ့ သောကြာနေ့ မနက် ၁၀ နာရီမှာ အမှုရုံးချိန်းရှိပါတယ်။ အင်းစိန်ထောင်တရားရုံးမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက်ကြောင့် အန်ကယ်တို့ ၂၂ ရက်နေ့ ကိုညီညီအောင်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုထားပါတယ်။ တွေ့ခွင့်ရမယ်လို့လဲ ထင်ပါတယ်။.....ဟုကိုညီညီအောင်၏ အမှုတွင်လိုက်ပါဆောင်ရွက်မည့် အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။
၂၄ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုတို့ဖြင့် ရမန်ယူထားပါတယ်။ ကာယကံရှင် ကိုညီညီအောင်ကိုယ်တိုင် ထိုလိမ်လည်မှုဖြင့် ရမန်ယူထားခြင်းကို နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မကြာခဏ မိမိတို့မပြုလုပ်ရသော စွဲချက်မျိုးစုံဖြင့် တရားစွဲဆို ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပါတယ်။ ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။
..... ဆက်လက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗဟိုတရားရုံး အယူခံမှုနှင့် ပတ်သတ်၍ ရှေ့လာမည့်အပတ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှာ ဖြစ်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသွားပါတယ်။
သတင်း.......ဒီမိုဝေယံ။..။
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ အမျိုးသားလွတ်မြောက်ရေး လှူပ်ရှားမှုများ။..။
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အမျိုးသားလွတ်မြောက်ရေး ဆောင်ရွက်မှု အနေဖြင့် ရန်ကုန် ၊ မန္တလေး ၊ ပြင်ဦးလွင် ၊ တောင်ကြီး ၊ လားရှိုးစသော မြို့များတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ပို့စကဒ် များအား ကျောင်းများ ၊ ကားဂိတ်များတွင် လိုက်လံကပ်သည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ပါသည်။
ထိုသို့ လှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေါ်ဆောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၊ နိုင်ငံတ၀ှမ်း သမဂ္ဂများပေါ်ပေါက်ရေး ၊ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေး နှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်မြင်ရေးတို့ ဖြစ်ပါသည်။
ထိုရည်ရွယ်ချက်များအတိုင်း ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ အောင်မြင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများ နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကိုသန်းနိုင် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၊ UBST.BURMA@GMAIL.COM သို့ ဆက်သွယ်နိုင်ပါသည်။

“ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအောင်ရမည် ”
နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ
ကိုမင်းကိုနိုင် (၄၇)နှစ်ပြည့်မွေးနေ့ သီချင်းနှင့်စာသား။...။
သန္နိဋ္ဌာန်သတင်းလွှာ (၁၉ရက်နေ့သတင်းများ)။...။
ရယ်စရာလေးတွေ ပြန်လည်တင်ဆက်လိုက်ပါတယ်။ (နားမထောင်ရသေးရင် အသစ်ပေါ့)
ပြန်တင်ဆက် လိုက်ပါတယ်။...။
တခါတလေ ရယ်စရာလေးတွေ အလှည့်ပေါ့......
စစ်အာဏာရှင်လက်ထက် မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝ။..။
ကျနော်အခု ပြောပြမှာကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ. အကြောင်းပါ။ နိုင်ငံရေးအကျဉ်းသားတွေ ဆိုတာ ကတော့ နိုင်ငံရဲ.အရေးကို တိုးတက်အောင် ဆောင်ရွက်နေရင်းကနေ မတရားဖမ်းဆီး ထိန်းသိမ်းခြင်းခံ လိုက်ရတဲ့သူတွေပါ။ ဒီလိုနိုင်ငံရေး အကျဉ်းသားဆိုတဲ. ဘွဲ.ထူးဂုဏ်ထူးကို လွယ်လွယ်နဲ့တော့ ရကြတာမဟုတ်ပါဘူး။
ပထမဦးဆုံးအနေနဲ့ ဆင်းရဲမွဲတေနေတဲ့ ခေတ်ကြီးထဲမှာ မိမိ မိသားစုရဲ. စားဝတ်နေရေးကို ပထမဆုံး လျစ်လျူရှု လိုက်ရပါတယ်။ အဲဒီလိုနိုင်ငံရေးတွေ ဆောင်ရွက်နေတဲ့ အချိန်မှာလဲ ကုန်ကျစားရိတ် ပုန်းရရှောင်ရတိမ်းရတဲ့ စားရိတ် သွားလာလှုပ်ရှားရတဲ့ စားရိတ်တွေအကုန်လုံးကိုလဲ မရှိရှိတာရောင်းချ ချေးငှားပြီး အဆင်ပြေအောင် ကြံဖန် သုံးစွဲကြရပါတယ်။
ဘာလို.ဒီလောက်တောင်စွန့်စားပြီး ဆင်းရဲပင်ပန်းခံပြီး နိုင်ငံရေးတွေကို လုပ်နေရတာလဲ ဆိုတာကတော့ ကျနော်တို့ နိုင်ငံရဲ.လက်ရှိအခြေအနေကို မျက်ဝါးထင်ထင် ထဲထဲဝင်သိလိုက်ရမယ် ဆိုရင်တော့ သဘောပေါက် နားလည်သွားပါလိမ့်မယ်။
တကယ်တမ်းကြတော့ ကျနော်တို့နိုင်ငံရဲ. အခြေအနေဟာ အဆိုးတကာ့အဆိုးဆုးံ အခြေအနေကို ရောက်ရှိလို့နေပါပြီ။ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဘွဲ.ထူးကိုမရခင် အဖမ်းခံရပြီဆိုတာနဲ့ ငရဲတမျှဆိုးတဲ့ စစ်ကြောရေးခန်းကိုစတင်ဖြတ် သန်းရပါတော့တယ်။ အစာဖြတ် ရေဖြတ်ထားပြီး ကျင်စက်နဲ.တို. ရိုက်နှက် ညှဉ်းပန်းနှိပ် စက်တဲ့ဒဏ်တွေကို လူမဆန်အောင်ခံစား ရပါတော့တယ်။ ဒါကိုတော့ သံသယဖြစ်စရာမရှိပါဘူး။ စစ်ကြောရေးခန်း ၀င်ဖူးတဲ့သူတိုင်း လိုလိုသိကြပါတယ်။
ပြီးတော့ စစ်ကြောရေးစခန်းထဲမှာပဲ အသက်ဆုံးရှုံးသွားခဲ့တဲ့ ဦးမောင်လေး (ဗကပ)တို. ကေအင်န်ယူက ရွှေထီးတို့က သက်သေပါပဲ။

အဲဒီတော့ စစ်ကြောရေးစခန်း ကိုဖြတ်သန်းပြီး လုံးဝကို ကျန်းမာရေးအရ ထိခိုက် နေမယ့် နိုင်ငံရေးသမားတွေ
အတွက် ဘယ်လောက်ထိ ဒုက္ခရောက်မယ်ဆိုတာသူ.မိသားစုက ဘယ်လောက်ထိ ဆင်းရဲပူပန် ရမယ်ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။ ရုံးထုတ်ပြီး ထောင်ချလိုက်ပြီဆိုတော့လဲ မိမိအိမ်ကလိုတဲ့ ပစ္စည်းတွေကိုေ ပးချင်တိုင်း ပေးလို့မရပါဘူး။ အဆိုးဆုံးကတော့ဆေးဝါးပါ။ ထောင်ဆရာဝန်တွေရဲ. ဆေးစာခွင့်ပြု ချက်မရပဲဘယ်ဆေးဝါးမှ သွင်းခွင့်မရပါဘူး။ ထောင်ဆရာဝန်ဆိုတာကလဲ လုံးဝကို အဆင့်အတန်း မရှိတဲ့သူတွေပါ။ တကယ့် ကိုအကြီးအကျယ်ဖျားမှနာမှသာ ဆေးလက်မှတ် ရေးပေးပါတယ်။အဲဒီတော့ကျနော်တို.ဟာ ဒီတိုင်းပဲဖျားတာနာတာ ကိုထိုင်စောင့်နေ ဖျားတဲ့အခါကျမှသာ လိုတဲ့ဆေးလက်မှတ်ကိုရေး ပြီးရင်14 ရက်တခါမှလာတဲ့ ထောင်ဝင်စာနဲ.အိမ် ကလူကိုပေး အဲအိမ်ကနောက် 14 ရက်လောက် နေလို.လာမှ အဲဒီဆေးကိုရ၊ ဆိုတော့နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ကျန်းမာရေးဟာ တနေ.တခြားကိုပိုပို ဆိုးရွားလာပါတယ်။ ဒါတောင်မှ 14 ၇က်တခါ ထောင်ဝင်စာလာနိုင်တဲ့ သူတွေမှပါ (ပြေလည်မှပါ)။ ပြေလည်ပေမယ့်လည်း တချို.ဝေးလံသီခေါင်တဲ့ နယ်ထောင်တွေ ရောက်နေသူတွေ အတွက်ကတော့ ဘယ်လိုမှကို အဆင်မပြေ နိုင်တော့ပါဘူး။
ထောင်တွင်းမှာ နေရေးထိုင်ရေးက ပင်ပန်းဆင်းရဲရသလို စားရသောက်ရ တာတွေကလဲ လုံးဝကို ဆိုးရွားလှပါတယ်။ ရေကအစမသန်.ပါဘူး။ သံစည်ပိုင်းပြတ်တွေနဲ. ထည့်ထားတဲ့ ထမင်းတွေက ယင်ကောင်တလောင်းလောင်း စပါးလုံးက နိုင်းချင်းနဲ. မာချက်ကလဲ ကမ်းကုန်ပါပဲ။ အဲလိုသံစည်ပိုင်းတွေနဲ.ပဲ မဲညစ်နေတဲ့ ပဲဟင်းနဲ.(အဲလို မဲညစ်နေတဲ့ ပဲဟင်းကိုတောင် ၀၀လင်လင် မစားကြရပါဘူး) မြက်တွေတောင်ပါတဲ့ လုံးဝကို အော်ဂလီဆန်စရာ ကောင်းလှတဲ့ တာလပေါဟင်း ကိုစားသောက်ရပါတယ်။ ဒါဟာဗမာပြည် အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ တကယ် ခံစားနေကြရတာပါ။ ယုံတမ်းစကားမဟုတ်သလိုပုံပြင်လဲ မဟုတ်ပါဘူး။ ပြီးရင်ရာဇ၀တ်မှု (သူခိုး၊ ခါးပိုက်နှိုက်၊ မုဒိန်း၊ လူသတ် အစရှိတာတွေ) နဲ. နိုင်ငံရေးသမားတွေက နေ.တဓူဝ ရန်တိုက်ပေးတယ်။ ညှဉ်းပန်းတယ်။ အုပ်ချုပ်ခိုင်းတယ်။ အဲဒီိတော့ နိုင်ငံရေး အကျဉ်းသားတွေရဲ. ဘ၀က အချိန်မရွေးအသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်။ ယုတ်စွအဆုံးကျနော် တို.ကို နိုင်ငံရေးအကျဉ်းသားဆိုတဲ့ နာမည်တောင်သုံးခွင့်မရှိပါဘူး။
နယ်ချဲ.ရဲ. လက်အောက် ကိုလိုနီဘ၀မှာတောင်ရခဲ့တဲ. နိုင်ငံရေးအကျဉ်းသားတွေရဲ. အခွင့်အရေး ဆိုတာကတော့ဝေလာဝေးပါ။ အခုဆို ပိုလို.တောင် ဆိုးလာပါပြီ။ စစ်အုပ်စုဟာကျနော်တို. လူတွေကိုထောင်ချပြီးတာနဲ. ဘာအပြစ်မှမရှိပဲနဲ. ဝေးလံသီခေါင် တဲ့ထောင်တွေကိုပို. ပြစ်ပါတယ်။ အခုဆို 88မျိုးဆက်ခေါင်းဆောင် တော်တော်များများနဲ. နာမည်ကြီးနိုင်ငံရေး အကျဉ်းသားမှန်သမျှဟာအတော့်ကိုေ ၀းလံတဲ့ ထောင်တွေမှာဆိုးရွားတဲ့ ရာသီဥတုဒဏ်တွေနဲ. အတူထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို အနေဆင်းရဲ အစားဆင်းရဲ ပင်ပန်းကြီး စွာ ခံစားနေကြရပါတယ်။ ဒါဟာကျနော်က တမင်သနားအောင်ဂရုဏာ သက်အောင်ပြောပြနေတာမဟုတ်ပါဘူး။ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ သူတို.ကိုအိမ်က လိုက်တွေ.ဖို. ထောက်ပံ့ဖို. ဆိုတာလဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကလေးထောင်။ မြစ်ကြီးနား ၊ စစ်တေ၊ွ ဖလမ်း အစရှိတဲ့ထောင်တွေကို သွားဖို့ဆိုတာ ငွေကြေး၊ လူပြီးတော့အလုပ်ဖျက်ပြီးသွားရမှာ ဆိုတော့ ကျနော်တို.၇ဲ. နိုင်ငံအတွက်ကျောက်ကောင်းတစေ့ ဓါးကောင်းတလက် ထက်မြက်တဲ့သူရဲကောင်းတွေဟာ ဝေးလံသီခေါင်တဲ့ ထောင်တွေထဲမှာ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားရပြီး လူမသိသူမသိ သူတို.ချစ်တဲ့ဗမာပြည်ကြီးကို မျက်ကွယ် ပြုသွားကြရဖို. ဖြစ်နေပါတယ်။ အရင်ကလို အိုင်စီအာရ်စီကလဲ ဂရုမစိုက်နိုင်တော့ပါဘူး။
အဲဒီလို နိုင်ငံရေးအကျဉ်းသား တွေရဲ.အခြေအနေဆိုးကြီးကို နည်းလမ်းတခုခုနဲ. ကုစားဖို.တော့ အမှန်တကယ်လိုအပ်နေပါပြီ။မိတ်ဆွေတွေ။ ရဲဘော်တွေ သူငယ်ချင်းတွေအနေနဲ. ရေတခွက်လုံး မဟုတ်ရင်တောင်မှရေတပေါက်ပဲဖြစ်ဖြစ် ပေးဖြစ်ခဲ့မယ်ဆိုရင် အဲဒါဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ. ဆင်းရဲဒုက္ခတွေနဲ. အသက်အန္တရာယ် ကိုကာကွယ်ပေးတာဖြစ်သလို အမိဗမာပြည်ကြီးကိုလဲ ကယ်တင်လိုက် တာပါပဲ။ အဒီလိုစစ်တွေ၊ ဖလမ်း၊ ဟားခါး၊ မြစ်ကြီးနား၊ ကလေး အစ၇ှိတဲ့ထောင်တွေကို လိုက်တွေ.ဖို.ဆိုတာ အနည်းဆုံး သုံးသိန်းလောက် လိုအပ်ပါတယ်။ တနေ.ကို1500။ 2000လောက်ကို မနည်းရအောင်ရှာဖွေေ န၇တဲ့ မိသားစုတွေအတွက်တော့ ဘယ်လိုမှကိုမဖြစ်နိုင်တော့တဲ့ အိပ်မက်တွေပါ။ လ က်ရှိနိုင်ငံရေးအကျဉ်းသား တွေရဲ.ဆင်း၇ဲ ဒုက္ခတွေကို ပြောပြနေရမယ်ဆို မဆုံးနိုင်တော့ ၀မ်းနည်းကြေကွဲ စရာဇာတ်လမ်းတွေကို အခန်းဆက် ဖတ်၇သလိုသာဖြစ်နေပါတော့မယ်။ ဘာပဲဖြစ်ဖြစ်ဗမာပြည်ကိုချစ် တဲ့ အမိဗမာပြည်အတွက် အသက်ကိုစွန်.ရဲ တဲ့ သူရဲကောင်းတွေကို ကျနော်တို.တွေဒီလိုပဲ မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်ကြရတော့မှာလား။ သူတို.ကိုထီးတချောင်းမပေးနိုင်ရင်တောင်မှ ရေတပေါက်လောက်တော့တိုက်နိုင်ကြမှာပါ။ ဒီလိုသာဗမာပြည်ရဲ. ရဲရဲတောက်ရဲဘော်တွေဟာ တယောက်ပြီး တယောက်ဆုံးရှုံးသွား ရမယ်ဆို အနာဂတ် ဗမာပြည်ကရော တကယ်ကို လွတ်မြောက် လှပလာနိုင်ပါ့မလား။ ကျနော်တို.တွေအနေနဲ. ရေတပေါက်လောက်စီနဲ.ပဲ ဖြစ်ဖြစ် ဗမာပြည်လွတ်မြောက်ရေး သူရဲကောင်း တွေကိုချစ်ကြည့်ကြပါစို.။

ကိုဇာနည်
(88 မျိုးဆက်ကျောင်းသားများ)
ပေးပို့လာသူ ကိုစိုင်း....
Generation Wave ရဲ့(မာရ်နတ်အိမ်) သီချင်း။..။
Generation Wave ရဲ့(မာရ်နတ်အိမ်) သီချင်းပါ ပြန်လည်ဝေမျှ လိုက်ပါတယ်။..။
47th,Birthday of MIN KO NAING18 10 2009 ကိုသော်(တိုကျို-ဂျပန်)
ပေးပို့လာသူ ကိုသော်ကြီး။..။
သန္နိဋ္ဌာန်စာစောင်။...။
ကိုမင်းကိုနိုင်(၄၇)နှစ်ပြည့် မွေးနေ့ အလှူနှင့် အထိမ်းအမှတ်အခမ်းအနား။..။(ဂျပန်နိုင်ငံ)
ဓာတ်ပုံ မမိုး၊ ကိုလှမျိုး....။...။
အခြေခံပညာ ကျောင်းသားများသမဂ္ဂကြေငြာချက်......
ကိုမင်းကိုနိုင် (၄၇)နှစ်ပြည့်မွေးနေ့ ကြေငြာချက်။..။(AAPP)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှပြုလုပ်သည့် ကိုမင်းကိုနိုင်(၄၇)နှစ်မြောက်မွေးနေ့ပွဲ အခမ်းအနား ဓာတ်ပုံမှတ်တမ်း။...။
ပေးပို့လာသူ....မြတ်လေးငုံ
အမှတ်တရ ကိုမင်းကိုနိုင်....(၂၀၀၆)ခုနှစ် မှတ်တမ်းများ ။..။
ကိုမင်းကိုနိုင်(၄၇)နှစ်ပြည့် မွေးနေ့အမှတ်တရစာလွှာ။...။
၂၀၀၈ အခြေခံဥပဒေ မပြင်လျှင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမဝင်။...။
Subscribe to:
Posts (Atom)