ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လတ်တလောရ တပ်ချုပ်ကြီးသတင်း..နှင့် သတင်းအတိုအထွာများ...

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၄)ရက်နေ့က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲ အခမ်းအနားမှာ တွေ့ရတဲ့ တပ်ချုပ်ကြီးနှင့် အပေါင်းအပါများ.. (ဓာတ်ပုံ.. AP)

တပ်ချုပ်ကြီးသတင်း .

ပြီးခဲ့တဲ့ (၂၆)ရက် တနင်္ဂနွေနေ့  နံနက်ပိုင်းက ရန်ကုန်မြို့က အထင်ကရ တန်ခိုးကြီးဘုရားများဖြစ်တဲ့ .. ရွှေတိဂုံ၊ ဆူးလေ၊ သင်္ဃန်းကျွန်း ကျိုက္ကစံစေတီတော် ၃ဆူသို့ သွားရောက်ဖူးမြော်ခဲ့ပါတယ်.။ သင်္ဃန်းကျွန်း ကျိုက္ကစံစေတီတော်အား တပ်ချုပ်ကြီး တက်ရောက်ဖူးမြော်ချိန်မှာတော့ ရင်ပြင်တော်ပေါ် တက်ရောက်တဲ့  တံခါးအားလုံးကို ပိတ်လိုက်တဲ့ အတွက် ပြည်သူများအား တက်ရောက် ကြည်ညိုဖူးမြော်ခွင့် မရရှိကြောင်း သိရှိရပါတယ်..။ အဆိုပါ သင်္ဃန်းကျွန်း ကျိုက္ကစံစေတီတော်အား လွန်ခဲ့သည့် ၂၀၀၇ခုနှစ်က ၈၈မျိုးဆက်ကျောင်သားခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နှင့် အဖွဲ့သွားရောက်ဝတ်ပြု ဆုတောင်းစဉ်မှာတော့ ယခု ဖြစ်ရပ်နှင့် ပြောင်းပြန် ကျိုက္ကစံစေတီတော်အား တက်ရောက်ဖူးမြော်ခွင့် မပြုပဲ တံခါးများ ပိတ်ပြီး တားမြစ်ခဲ့ဘူးပါတယ်..။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၄)ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ကိုထိန်လင်းတို့ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမျှော်ခဲ့စဉ်က လူထုပရိသတ်ကြီးနှင့် ဘုရားစောင်းတန်းမှ ဈေးသည်များပါမကျန် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်...။

ယခုတပ်ချုပ်ကြီးနှင့် အပေါင်းအပါများဟာ နေပြည်တော်သို့ ပြန်လည် ခရီးမဆက်သေးဘဲ လာမည့် ၂၀၁၁ New Year ရွေးကောက်ပွဲ အနိုင်ရ နှစ်သစ်ကူးပွဲကို ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်ပြီး ... လာမည့် ဇန္နဝါရီလ(၂၇)ရက်နေ့မှာတော့ လွှတ်တော် ခေါ်ယူမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ .. ရန်ကုန်မြို့တော်ဝန် တောင်ဥက္ကလာပ မြို့နယ်ကြံ့ဖွံ့အမတ် ဦးအောင်သိန်းလင်းအားလည်း လက်ရှိမြို့တော်ဝန်ရာထူးမှ အနားပေးတော့မှာ ဖြစ်ပြီး လာမယ့်နှစ်သစ်မှာ မြို့တော်ဝန်အသစ်တစ်ဦးနဲ့ အစားထိုးခန်အပ် တော့မှာ ဖြစ်ကြောင်းသိရှိရပါတယ်..။

(ယခုနောက်ဆုံးရရှိတဲ့ သတင်းများအရ တပ်ချုပ်ကြီး ၂၈ရက်နေ့ညက နေပြည်တော်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရှိရပြီး.. (၃၁) ရက်နေ့မှာ ပြုလုပ်မယ့် မင်္ဂလာဒုံ စစ်သူနာပြု သင်တန်းဆင်းပွဲကိုတော့ တပ်ချုပ်ကြီးအစား ဒုချုပ်ကြီးမောင်အေး တက်ရောက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်...။)

ယခုနှစ် အကယ်ဒမီ ဆုပေးပွဲ မေမြို့ အနီးရှိရတနာပုံမှာ ပြုလုပ်မည်..
၂၀၀၉ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားများရဲ့ အကယ်ဒမီဆုပေးပွဲကို ယခင်ကျင်းပနေကြ နေပြည်တော် မှာ မကျင်းပတော့ပဲ ယခုနှစ်၌ မေမြို့ အနီးရှိ ရတနာပုံ ဆိုက်ဘာစီးတီး ခေါ် ဆက်သွယ်ရေးနှင့် နည်းပညာမြို့တော်မှာ ပြုလုပ်မှာ ဖြစ်ကြောင်းသိရှိရပါတယ်..။ ယခုနှစ်အတွက် အကောင်းဆုံး အကယ်ဒမီဆုများအတွက် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မင်းသားမင်းသမီးများရဲ့ ကြိုတင်မဲ ပေါ်လစီကားများ ရိုက်ကူးမှု ရှိမရှိပေါ်မှာ အခြေခံစဉ်းစားမယ် မစဉ်းစားဘူးဆိုတာတော့ မသိရှိရသေးပါဘူး..။

နောက်ဆုံးသတင်းအနေနဲ့ကတော့ ယခုနှစ် ဒီဇင်ဘာလ မြန်မာပြည်ရဲ့ အအေးပိုတဲ့ဆောင်းနဲ့  ဓာတ်ပုံအချို့ကို ဖော်ပြလိုက်ပါတယ်...
 ဒီနေ့ ၂၇ရက်နေ့ သတင်းစာပါ. အနိမ့်ဆုံး အပူချိန်စံချိန်သစ်ပါ..။ ပင်လောင်းမြို့မှာ အနှုတ် ၄.၅စင်တီဂရိတ်ထိ ရောက်နေပါတယ်..။ ကျွန်တော်တို့ ရောက်ရှိနေကြတဲ့ အေးတဲ့ နိုင်ငံတွေမှာတောင် ၁၀စင်တီဂရိတ် လောက်ဆိုရင်တောင် Heater ဖွင့်ရ.. အကျီင်္အထပ်ထပ်ဝတ်ရ၊ လက်အိတ်စွပ်ရနဲ့ အအေးဒဏ်ကို ကာကွယ်ရပါတယ်...။ ယခုအဆိုပါ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ ဘယ်လိုများ နေကြမလဲဆိုတာတော့ မတွေးတတ်အောင်ပါပဲ..။ အဆိုပါဒေသနေ ပြည်သူအများစုက ဆင်းရဲနွမ်းပါးကြပါတယ်..။ အအေးဒဏ်ကို ကာကွယ်ဖို့ ခြုံစောင်၊ အနွေးထည်အကျီင်္ အစစ အရာရာ အဆင်ပြေပါ့မလားလို့ တွေးပူမိပါတယ်..။ အဆိုပါဒေသများမှာ မဆိုထားနဲ့ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာတောင်.. အေးတဲ့ဆောင်းတွင်းကာလမှာ လက်လုပ်လက်စားပြည်သူတွေ စောင်မရှိ အနွေးထည်မရှိ ဒုက္ခရောက်ကြရတာပါ..။ အစိုးရဆိုသူတွေကတော့ ဒီကိစ္စတွေကို လျစ်လျှူရှုနေမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ.. ပြည်သူအချင်းချင်းပဲ တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးကြပါခင်ဗျာ..။

ဓာတ်ပုံ ဒီမိုဝေယံ
ဒီပုံလေးကတော့ ခုရက်ပိုင်းအတွင်းက ရိုက်ထားတဲ့ ပန်းဆိုးတန်း တံတားပေါ်မှာ အခြေအနေမဲ့ ကလေးငယ်နှစ်ဦးရဲ့ ခြင်ထောင်စုတ်ကို ခြုံပြီး ဒီဇင်ဘာ မနက်ခင်း အအေးဒဏ်ကို ကာကွယ်နေရတဲ့ ကျွန်တော်တို့ တိုင်းပြည်က အနာဂတ် ကလေးငယ်နှစ်ဦးရဲ့ သနားစဖွယ် အခြေအနေပါ...။ တိုင်းပြည်မှာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နေပါတယ် ဆိုတဲ့ တပ်ချုပ်ကြီးခင်ဗျား .. ကိုယ့်မြေးအရွယ်တွေပါ..။ သားသမီးချင်း မြေးမြစ်ချင်းကိုယ်ချင်း စာနိုင်ပါစေ....။
ဒီပုံတွေကတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ယနေ့အချိန်အထိ မပြောင်းလဲနိုင်သေးတဲ့ ဒီဇင်ဘာဆောင်းည လမ်းဘေးဈေးဆိုင်လေးတွေပါ... (ဓာတ်ပုံ.. ဒီမိုဝေယံ)
သတင်း.... ဒီမိုဝေယံ