ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မိုးနဲ့မြေ...

 ရွှေတိဂုံဘုရား ဆောင်းတန်းက ဆင်းလာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဘေးမှာတော့ အဖွဲ့ချုပ်လူငယ်တွေ ထောက်ခံတဲ့ ပြည်သူတွေပေါ့) ဒေါ်အောင်ဆန်းစုကြည် ရဲ့ဗီဒီယိုဖိုင်လေးတစ်ခုမှာတော့ အမယ်အိုတစ်ဦးက သမီးနေကောင်းတယ်နော်တဲ့ .. ငါ့သမီးလေး ကျန်းမာပါစေတဲ့ .. မျိုးဆက်သစ် လူငယ်လေးတွေကလည်း အမေကျန်းမာပါစေတဲ့.. သွားတဲ့ နေရာ ရောက်တဲ့ နေရာတိုင်းမှာလည်း လူထုအားလုံးရဲ့ အားပေးသံ ဆုတောင်းမေတ္တာပို့သတဲ့ အမေစုကျန်းမာပါစေ.. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေတဲ့.. လူထုတွေရဲ့ မတိုင်ပင်ရပဲ ဆုတောင်းမေတ္တာ ပို့သံတွေလေ..။ ဒီကြားထဲ လူအုပ်ထဲကနေ အမေ့ကို ရအောင် ဝင်နမ်းသွားတဲ့ အမျိုးသမီးတွေလည်းရှိရဲ့.. အမေ့အတွက် မြန်မာပြည်သူ ပြည်သားတွေရဲ့ ရင်ထဲက မေတ္တာ စေတနာတွေပါပဲ..။ ကျွန်တော်ကတော့ အမေကျန်းမာပါစေ .. အန္တာရာယ်ကင်း ဘေးရှင်းပါစေလို့ ရင်ထဲက ဆုတောင်းလိုက်ပါတယ်။

Photobucket
လောကကြီးမှာ အဖြူနဲ့ အမဲ၊ အလင်းနဲ့ အမှောင်၊ ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ ဆန့်ကျင်ဘက် အကောင်းနဲ့ အဆိုး ကုသိုလ်နဲ့ အကုသိုလ် ဒွန်တွဲနေပါတယ်.. ဒီပုံကတော့ နအဖဥက္ကဋ္ဌကြီး  ရွှေတိဂုံဘုရား ဆောင်းတန်းက ဆင်းလာတဲ့ပုံပါပဲ.. ဘေးမှာတော့ မြင်ရတဲ့ အတိုင်းပေါ့ ပြည်သူကို ရန်သူလို မြင်နေတာလေ. ကွာခြားချက်ကတော့ ဘုရားသွားတာတောင် ကြောက်လန့်နေရတယ် လက်နက်ကိုင် တပြုံကြီးနဲ့လေ..။

ဒီပုံကိုကြည့်ပြီး ကျွန်တော်တော့ မေတ္တာပို့ချင်တာတွေ ရင်နဲ့ မဆန့်လို့ ဆုမတောင်းတော့ပါဘူး.. အထက်က  လက်နက်ကိုင်နဲ့ အပေါင်းအပါ တစ်စုပုံကို ကြည့်ပြီး စာဖတ်ပရိသတ်ကြီးတွေ ဘယ်လို ဆုတောင်းမယ်ဆိုတာကို ရင်ထဲမှာ ရှိတာ ရေးပြ ချပြကြည့်ပါတော့.. အမယ်အိုလိုပဲ ဆုတောင်းမလား မျိုးဆက်သစ်လူငယ် တွေလိုပဲ ဆုတောင်းမလား  ရွာကအဘိုး ဆုတောင်းသလို မေတ္တာပို့တဲ့အထဲမှာ ဘေးအိမ်က ဘယ်သူမပါဆိုသလို ဆုတောင်းမလား ..ဒါမှမဟုတ် နအဖနဲ့ အပေါင်းအပါများမှ လွဲပြီး (၇)ရက်သားသမီးတွေ ကျန်းမာချမ်းသာ ကြပါစေလို့ ဆုတောင်းကြမလား...?????

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်ရုံးအဝင်ဝမှာ ဆုတောင်းပေးနေတဲ့  အဘွားအိုနဲ့ မျိုးဆက်သစ် လူငယ်လေးတွေရဲ့ ဆုတောင်းမေတ္တာပို့သ သံတွေပါတဲ့ ဗီဒီယိုဖိုင်လေးကို ရင်ထဲခံစားမိရင်း မိုးနဲ့မြေ နှိုင်းယှဉ်ချက် ဒီပိုစ့်ကို ရေးဖြစ်ပါတယ်..။ ဗီဒီယိုဖိုင် ပြန်ကြည့်ချင်ရင်.