ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ဒီဇင်ဘာလ(၅)ရက်နေ့ တောင်ဒဂုံရှိ HIV ဝေဒနာရှင်များ ဂေဟာသို့ ပြည်တွင်း သတင်းထောက်များသွားရောက် လှူဒါန်းမည်..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့မှ ဖွင့်လှစ်ထားပြီး မဖြူဖြူသင်းနဲ့ ကိုရာဇာတို့ ဦးစီးတာဝန်ယူ ဆောင်ရွက်နေတဲ့ တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့  HIV ဝေဒနာရှင်များ နေထိုင်ရာ ၃၇၆ ဂေဟာသို့ ယနေ့ ဒီဇင်ဘာလ(၅)ရက်နေ့မှာ ပြည်တွင်း သတင်းထောက်များနဲ့ မဂ္ဂဇင်း ဂျာနယ်များမှ သတင်းထောက်များမှ လာရောက် လှူဒါန်းကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်...။

ပြီးခဲ့တဲ့  နိုဝင်ဘာလ ၁၇ ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ HIV/AIDS ဝေဒနာရှင်များ ဂေဟာသို့ သွားရောက်ပြီး လူနာများအားသွားရောက် အားပေးစကားပြောကြားခဲ့ပါတယ်..။ ထို့နောက် လူထုခေါင်းဆောင်မှVOAသတင်းဋ္ဌာမှ တစ်ဆင့် ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံပါတယ်...။
 
ထိုသို့ လူထုခေါင်းဆောင်မှ တိုက်တွန်းနှိုးဆော်ခဲ့ပြီး မကြာမှီမှာပင် ပြည်သူချစ်သော စာပေအနုပညာရှင် အဆိုတော် သရုပ်ဆောင်၊ ပန်းချီ ဂီတပညာရှင်များမှ ဆက်တိုက် သွားရောက်လှူဒါန်းခဲ့ကြပါတယ်..။

နိုဝင်ဘာလ၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) မှာတော့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်) နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာ မောင်နှမများမှ သွားရောက် လှူဒါန်းခဲ့ကြပြီး..

နိုဝင်ဘာလ(၂၈)ရက်နေ့ မှာတော့ မြန်မာပြည်မှ နာမည်ကြီး ကဗျာဆရာ တေးရေးဆရာ ပန်းချီဆရာများ ဖြစ်သည့် ကိုတိုးလွင်(ဥတ္တရအလင်း) ကိုငြိမ်းသစ်၊ ကိုညီညီလွင်တို့အပါအဝင် လူဦးရေ (၂၀)ကျော်ခန့်မှ မိမိတို့ ရရှိသည့် စာမူခ၊ တေးရေးခ စသည့် မိမိတို့ ရရှိသည့် ငွေများအား စုပေါင်း၍ လှူဒါန်းခဲ့ကြပါတယ်..။

လာမည့် ဒီဇင်ဘာလ(၈)ရက်နေ့ မနက်(၈)နာရီ၌ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ  သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းမှာ ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လှူဒါန်း ဆပ်ကပ်မှာ ဖြစ်ပါတယ်...

သတင်း... ဒီမိုဝေယံ