ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

2013 Miss International ပြိုင်ပွဲအတွက် ဂုဏ်ရည်အေးကျော်အား Vote ပေးနိုင်ပါပြီ..

2013 Miss International ပြိုင်ပွဲအတွက် ဂုဏ်ရည်အေးကျော်အား Vote ပေးနိုင်ပါပြီ..
https://apps.tradablebits.com/fb/72Gb?option_id=436895

လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် 2013 Miss International ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂုဏ်ရည်အေးကျော် အတွက် အွန်လိုင်းမှ Vote ပေးနိုင်ပါပြီ..

သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီးမီးကမြိုင်ဆိုသလို ယနေ့ခေတ် ကာလမှာတော့ နိုင်ငံတကာနဲ့ အညီယှဉ်ဘောင်တန်းပြီး ကမ္ဘာနဲ့ယှဉ်နိုင်တဲ့ မြန်မာအလှမယ်တွေ ဆက်တိုက်ဆိုသလို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိနေပြီ ဖြစ်ပါတယ်..။

လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့ ဂျပန်နိုင်ငံတိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် 2013 Miss International ပြိုင်ပွဲမှာ 2013 Miss Myanmar International မယ်ဘွဲ့ ရရှိခဲ့တဲ့ မန္တလေးသူ ဂုဏ်ရည်အေးကျော်မှ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဂျပန်နိုင်ငံ အိုကီနာဝါမှာ ပြုလုပ်တဲ့ Miss International ပြိုင်ပွဲမှာ နန်းခင်ဇေယျာမှ People Choice Award နဲ Miss Internet ဆုကိုရရှိခဲ့ပါတယ်..။ ယခုနှစ် ပြိုင်ပွဲဟာ နန်းခင်ဇေယျာ ပြီးရင် ဂုဏ်ရည်အေးကျော်မှ ဒုတိယမြောက် မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်..။

အစဉ်အလာမပြတ် မြန်မာပြည်သူတွေ မူပိုင် Miss Internet ဆုရရှိဖို့ အားပေးကူညီ Vote ပေးကြဖို့ တိုက်တွန်း နှိုးဆော်ရင်း ဒုတိယအကြိမ်မြောက် မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် ဒုတိယမှာ ဆုရဆိုတဲ့ ကလေးဘဝ စကားပုံအတိုင်း ဒုတိယအကြိမ်မြောက်မှာ မြန်မာပြည်သူတွေ ငတ်မွတ်နေတဲ့ မြန်မာ့ဂုဏ်ဆောင် Miss International ဆုရရှိပါစေကြောင်း...

https://apps.tradablebits.com/fb/72Gb?option_id=436895 (Vote လင့်ခ်)
https://www.facebook.com/GonyiAyeKyaw (ဂုဏ်ရည်အေးကျော် Fan Page)

ဒီမိုဝေယံ