ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့မွေးနေ့ ဆုတောင်း...၊ ဓာတ်ပုံ၊ သီချင်း...

ဝိုင်မြစ်ချိုရဲ့ အမေစုအတွက် အင်မတန်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ။
Download လုပ်ချင်ရင်.... Click
ဓာတ်ပုံ ဘားမား ပါပါရာဇီ
အမေ....

ဒီနေ့ ဇွန်လ(၁၉)ရက်နေ့ဟာ အမေ့ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ကို ရောက်ပြီပေါ့ အမေ။.. အမေကို သားတို့ တွေ့ဆုံခွင့်မရပေမယ့် သားတို့ရင်ထဲမှာ အမေအမြဲရှိနေပါတယ်.. အမေ။ အမေ့ အကြောင်း အမေ့ဂုဏ်သတင်းတွေက ကမ္ဘာမှာ သင်းပျံမွှေးကြိုင်နေပါတယ်... အမေ။ အမေပြန်လွတ်လာမယ့် နေ့ကို သားတို့လက်ချိုးရေပြီ မျှော်နေမိတယ်အမေ။ အမေအပေါ် သားတို့အခုထိ တာဝန်မကြေသေးဘူး အမေ...။ အမေလွတ်မြောက်နိုင်ဘို့ သားတို့ မလုပ်ဆောင်နိုင်သေးတာ ခွင့်လွှတ်ပါအမေ။

အမေရေ ဒီနှစ်ထဲမှာပဲ အခြေအနေတွေ ပြောင်းလဲကုန်ပြီ အမေ....။ အမေတည်ထောင်ခဲ့တဲ့ အဖွဲ့ချုပ်လည်း အမေပြန်လာမယ့်နေ့ကို မျှော်နေပြီ အမေ....။ အမေ့အပေါ် သစ္စာရှိပါတယ်.. လေးစားပါတယ် ဆိုတဲ့ လူတစ်စုလည်း အမေ့ကို ကျောခိုင်းပြီး စွန့်ခွာသွားပြီအမေ။ ကိုယ့်တံထွေး ကိုယ်ပြန်မျို .. ကိုယ့်ကတိ ကိုယ်ဖျက်ပြီး တံလျှပ်ကို ရေထင် ရွှေဂုံတိုင်ကို ကျောခိုင်းပြီအမေ။ ဘာပဲဖြစ်ဖြစ် အမေရေ အမေ့အပေါ်မှာ သစ္စာရှိနေဆဲ လေးစား ထောက်ခံနေဆဲ ဖြစ်တဲ့ အဘိုးတို့တွေနဲ့ အတူ အမေကိုချစ်တဲ့ ပြည်သူတွေ အမေ့ကို မျှော်နေတယ် အမေ။ အမေရေ သားတို့ လူငယ်တွေ မှားခဲ့တာတွေ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ ဦးချတောင်းပန်ပါတယ် အမေ။ အမေ့စကားကို သားတို့ စောဒက မတက်ပဲ မြေဝယ် မကျနားထောင်ပါမယ်.. အမေ။

သေချာတယ် အမေ ဒီနေ့မှာတော့ အမေကိုချစ်တဲ့ သူတွေ အမေအတွက် ဆုတောင်း မေတ္တာပို့ကြပြီ အမေ.. ဒီမေတ္တာတွေ၊ ဆုတောင်းတွေဟာ အမေ့ကို အေးချမ်းစေပြီး အမေ့ကို ရန်ငြိုးထားသူတွေ အတွက်တော့ ပူလောင်စေလိမ့်မယ် အမေ။ အမေရေ မကြာခင်မှာ အဓမ္မကို ဓမ္မကအောင်နိုင်တော့မယ့်... ခေတ်သစ်ကို အမေနဲ့အတူ သားတို့ ကြိုးစားကြမယ် အမေ။ ဒီနေ့မှာ ကျရောက်တဲ့ အမေရဲ့(၆၅)နှစ်ပြည့် မွေးနေ့မှသည် နှစ်တစ်ရာ တိုင်ပါစေလို့ သားတို့ ဆုတောင်းလိုက်ပါတယ် အမေ။ အမေသားတို့နဲ့ အမြဲရှိနေပါနော်. ...။ အမိမြန်မာပြည်ကြီး လွတ်မြောက်ဘို့ အမေဆောင်ရွက်ပေးပါနော်။ အမေကျန်းမာချမ်းသာ ပါစေကြောင်း သားတို့ ဆုတောင်းလိုက်ပါတယ်.. အမေ။ အမေပြောတဲ့ စကား အမေ့ဆုံးဖြတ်ချက်တွေကို သားတို့ မြေဝယ်မကျ နားထောင်ပြီး အမေအပေါ် အမြဲ သစ္စာရှိနေပါမယ်လို့ သားတို့ ကတိသစ္စာ ပြုပါတယ်.. အမေ။ အမေကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေ။

အရှင်ထာဝရ၊ ဘားမားပါပါရာဇီ၊ အလင်းဆက်၊ ခမိခဆဲ၊ ဒီမိုဝေယံ.....

ဒီကနေ့ထုတ် THE DAILY YOMIURI သတင်းစာ မျက်နှာဖုံးမှာ ပါရှိတဲ့ အမေစုအတွက် ထိုင်ခုံနဲ့ ဓာတ်ပုံပါ။

အမေစု မွေးနေ့ အတွက် US သမ္မတ အိုဘားမားက သဝဏ်လွှာ ပို့ Obama sends birthday wishes to Aung San Suu Kyi
အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့တစ်ဦးတည်းသော အကျဉ်းကျခံနေရသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြိး ဖြစ်သည်။
အမေရိကန် သမ္မတ အိုဘားမား

Obama sends birthday wishes to Aung San Suu Kyi

(AP) – 5 hours ago

WASHINGTON — President Barack Obama is sending birthday wishes to Aung San Suu Kyi (ahng sahn soo chee), the democracy activist long held in detention by Myanmar's military rulers.

Suu Kyi turns 65 on Saturday.

Obama issued a statement lauding her determination, courage and personal sacrifice in working for human rights and democratic change in her country. He again called for the immediate and unconditional release of Suu Kyi and all of Myanmar's other political prisoners.

The president noted her status as the "world's only imprisoned Nobel Peace Laureate." Suu Kyi, the leader of Myanmar's pro-democracy opposition, has been held under house arrest by the military government for about 14 of the past 20 years.