ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေ့မွေးနေ့ သားမောင်ဆုတောင်း...

(၆၅) နှစ်ပြည့် အမေ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ မင်္ဂလာအတွက် ဆုတောင်းသ၀ဏ်လွှာ

၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့မှာဖြင့် ကျွန်ုပ် အလွန်လေးစား ချစ်ခင်ရပါသော မြန်မာ ပြည်သူပြည်သား အပေါင်းတို့၏ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အလုံးစုံသော လူ့အခွင့်အရေး များစွာအတွက် စကြာဝဠာတံတိုင်းကြီးသဖွယ် မားမားမတ်မတ်ရင်ဆိုင် ကာကွယ် ဖြေရှင်းရပ်တည် ပေးလျှက်ရှိသော၊ လွတ်လပ်ရေးပိသုကာ၊ မျိုးချစ်ဗမာလူမျိုးတို့၏ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်သွေးအနှစ် သမီးအစစ်ဖြစ်သော၊ သူရိန်နေမင်း သဖွယ် အလင်းပေးစွမ်းနေသော အမေဒေါ်အောင်ဆန်းစုကြည် ကမ္ဘာမြေလူ့လောကသို့ ရောက်ရှိခဲ့သည်မှာ (၆၅)နှစ်တိတိ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ ၄င်းဇွန်လ (၁၉)ရက်နေ့သည် အင်မတန်မှ ကျက်သရေ မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံသောအမေ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ရက်မြတ် မင်္ဂလာပင်ဖြစ်ပါသည်။ အမေဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက်မွေးနေ့မှသည် နောက်နောင် နှစ်ပေါင်းများစွာတိုင် အမေလူ့လောကတွင် သက်ရှိထင်ရှား ရှိနေသ၍ မြန်မာပြည်သူ ပြည်သားများ မတရားညှဉ်းပန်း နှိပ်စက်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစရှိသည်တို့အား ဆက်လက်ကာကွယ် ရပ်တည် ပေးစွမ်းနိုင်ပါစေ အမေ။

ခုအချိန်မှာ သားတို့အနေနှင့် အမေ့အားပြန်လည် ကာကွယ် ပေးနိုင်စွမ်း မရှိသည့်အတွက် လွန်စွာမှ စိတ်မကောင်း ၀မ်းနည်းရသော်လည်း၊ အမေ၏ ဦးဆောင်လမ်းပြသည့် လမ်းမပေါ်သို့ မလွဲမသွေ ဆက်လက်လျှောက်လှမ်းပြီး စည်းကမ်းကျန သာယာသော ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီကို ရောက်အောင်သွားပါ့မယ် အမေ။ အမေရဲ့ မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်း၊ သမိုင်းပေါင်းများစွာတိုင် အမေစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး တရားမျှတမှုမရှိသော ၊ လူသားမဆန်သော ၊ နအဖစစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ် ညှဉ်ပန်းနှိပ်စက်မှု အောက်မှ မြန်မာပြည်သူ ပြည်သား အပေါင်းတို့နှင့် အတူ အမြန်ဆုံး ကျွတ်ထွက် လွတ်မြောက်နိုင်ရမည်ဟု သတင်းကမ္ဘာ ဤနေရာမှသားတို့ ယုံကြည်စွာနှင့် တောင်းဆုပြုလိုက်ပါ တယ်အမေ။ အမေ့ထံသို့ သားတို့ ပို့သလိုက်သောဆုတောင်းမေတ္တာသည် မည့်သည့်အတားအဆီး အနှောင့်အယှက်မှ မရှိဘဲ ဖြောင့်ဖြူးသာယာစွာဖြင့် အမေ့ထံသို့ ရောက်ရှိပါစေသား ဟုလူတွေကြား၍ နတ်တွေသိရန် တိုင်တည်သစ္စာ ပြုလိုက်ပါတယ်အမေ။

အမေ့အား အစဉ်အမြဲ လေးစားဦးညွှတ်လျှက်

သားမောင် ရဲရဲတောက် BurmaPaparazi