ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၂ ရက်နေ့ည နောက်ဆုံးရ သတင်းများ ။.....။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများနှင့် တွေ့ဆုံ့ခွင့်ရရှိခဲ့ပါတယ်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမ တို့အား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ဦးမှ တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီး ဦးဥာဏ်ဝင်း မှပြောဆိုပါသည်။ယနေ့နေ့လည် ၃နာရီခွဲမှ ၅နာရီ ခွဲအထိ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံ တွင်တရားဥပဒေ စိုးမိုးမှု မရှိတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပြောဆိုခဲ့ပါတယ် ။ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ရင် နိုင်ငံထူထောင် လို့မရနိုင်ကြောင်း၊ နိုင်ငံရေး ၊အုပ်ချုပ်ရေး ဘယ်ဟာမှ မအောင်မြင် နိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။...။

ဒေါ်စုမွေးနေ့ ပြည်တွင်း ပြည်ပသို့ ဒေါ်စု၏ အမှာစကား.........။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းပေးသူများအား ဒေါ်စုမှ ပြည်တွင်း၊ပြည်ပမှ ဆုတောင်း မေတ္တာ ပို့သသူများအား တဦးချင်းစီ အကြောင်း မပြန်နိုင်ပေမယ့် ကျေးဇူးတင်ပါကြောင်း မှာကြားလိုက်တယ်လို့ သိရှိရပါတယ် ။......။

ဂျပန်အစိုးရရဲ့ ဒေါ်စု မွေးနေ့သဝဏ်လွှာ ။...။

မြန်မာနိုင်ငံ ဂျပန်သံရုံးမှ တဆင့် ဂျပန်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည် အတွက်မွေးနေ့ ဆုတောင်း သဝဏ်လွှာ
ပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်း နှင့်အတူ မြန်မာအစိုးရအားလည်း အမှုကိုရပ်ဆိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရန် အမှုစတင်သည်မှ စတင်၍ ယခုအထိ ဆက်တိုက် တောင်းဆိုနေကြောင်း ဖော်ပြပါရှိတယ်လို့ သိရှိရပါတယ် ။...။

သတင်း။....။ဒီမိုဝေယံ.......