ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်နေအိမ် ပြတိုက်ဖွင့်ပွဲ အခမ်းအနားနှင့် ဦးသန့်၏ နေအိမ်မြင်ကွင်း ၁၉၆၇ခုနှစ် ရုပ်သံဖိုင်..




 တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ ဖ.ဆ.ပ.လ အစိုးရ လက်ထက်တွင် အတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်စဉ် နေထိုင်ခဲ့သည့် ရွှေတာင်ကြား ပန်းဝါလမ်းရှိ နေအိမ်အား ဦးသန့်ပြတိုက်အဖြစ် ဖွင့်လှစ်ရန်အတွက် ပြန်လည် ပြင်ဆင်လျက်ရှိရာ ဧပြီလ ၆ရက်နေ့တွင် အကြို ဖွင့်လှစ်ခဲ့သည်။

သတင်း.. The Voice Weekly
ဓာတ်ပုံ... Popular Journal
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၏ နေအိမ်မြင်ကွင်း ၁၉၆၇ခုနှစ် ရုပ်သံဖိုင်..

ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဗမာပြည်သား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၏ နေအိမ်အား ပြတိုက်ဖွင့်လှစ်ခြင်း အခမ်းအနား ယနေ့ ပြုလုပ်ခဲ့ပါတယ်..။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့် သက်ရှိထင်ရှား ရှိစဉ် ၁၉၆၇ခုနှစ် ဖေဖော်ဝါရီလက မိခင်ကြီးကို လာရောက် ဂါရဝပြုစဉ်က မြင်ကွင်းနဲ့ ထိုစဉ်က ဦးသန့်ရဲ့ မိသားစုမြင်ကွင်း ရုပ်သံဖိုင်ပါ။

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် ခေတ္တ အလည်အပတ် ပြန်ရောက်ချိန် အဆိုပါ ၁၉၆၇ခုနှစ်ဟာ သမိုင်းတရားခံ ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ၅နှစ်ပြည့်ခါနီး အချိန်အခါဖြစ်ပါတယ်..။ ကမ္ဘာကျော်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့် ၁၉၆၇ခုနှစ်က ခေတ္တ မြန်မာပြည်ပြန်လာတဲ့ အချိန် ထိုစဉ်က ရန်ကုန်မြို့မှာ ဦးနေဝင်းကို တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်သာ ဆိုသလို ဦးသန့်ရဲ့ ကျော်ကြားမှုကို မနာလို မရှုစိမ့် ဖြစ်နေတဲ့ ဦးနေဝင်းဟာ ငပလီသို့ အပန်းဖြေခရီးထွက်တယ် ဆိုပြီး ရှောင်သွားခဲ့ပါတယ်..။ ဦးသန့်ဟာ ငပလီသို့ သွားရောက် လိုက်လံ တွေ့ဆုံခဲ့ပေမယ့်လည်း ဦးနေဝင်းဟာထပ်မံ ရှောင်လွှဲခဲ့ပါတယ်..။

သမိုင်းလိုအပ်ချက်အရ ကမ္ဘာကျော် ခေါင်းဆောင်တွေ ပေါ်ထွန်းလေ့ရှိတဲ့ အမိမြန်မာပြည်မှာ တပြိုင်တည်း တချိန်တည်းမှာပဲ ထိုကဲ့သို့ အာဏာရှင်များ ပေါ်ပေါက်လေ့ရှိတယ်ဆိုတာ ပြီးခဲ့တဲ့ အနေအထားတွေ မှာလည်း မြင်တွေ့ကြရမှာပါ.. ဖြစ်ပါတယ်..။

ဒီလိုအာဏာရှင်ခေတ်ဆိုတဲ့ အမှောင်ခေတ် အခြေအနေတွေ ပြန်လည်မပေါ်ပေါက်နိုင်အောင် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးစားသွားကြရမှာပါ..။

အများသိစေရန် ရုပ်သံဖိုင်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်..

ဒီမိုဝေယံ..

“ဝေဖန်မယ်ဗျို့ ” (ရေးသားသူ မင်းကြီးရန်နောင်)

လတန်ခူးပေမို့ အလှထူးပါပေ့ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ..
တန်ခူးလမှာ မြူးကြွကာဖြင့် ၁၉၆၄ခုနှစ်က ပိတ်ပင်ခဲ့တဲ့ ပုဂ္ဂလိက သတင်းစာတွေ နှစ်ပေါင်း(၆၀)နီးပါး အကြာမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ဝေဝေဆာဆာနဲ့ ပြန်လည်ပေါ်ထွက်လာပါပြီ...။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ရုပ်ရှင် ဝေဖန်ရေး ဆရာကြီး စိန်ခင်မောင်ရီရဲ့ “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ” ဆိုတဲ့ စကားလုံးကိုယူသုံးရရင်တော့ ဒါဖတ်ပြီးရင် သတင်းစာတွေ ပြန်လှန်ကြည့်ပါ”လို့ ဆိုရလေမလား..။ 

 ပုဂ္ဂလိက သတင်းစာတွေ သတင်းစာတွေ ပြန်လည်ထုတ်ဝေခွင့်ရတာကို ကြိုဆိုလိုက်သလို လက်ရှိအနေအထားမှာ သက်တမ်းနုနယ်ပေမယ့် သမ္ဘာမသေးလှတဲ့ ပြည်တွင်း သတင်းစာတွေအပေါ် ဆိုကောင်း ဝေဖန်ရေးဆိုတာ လိုအပ်လှတဲ့ အတွက်  ရေးသား ပေးပို့သူ မင်းကြီးရန်နောင်ရဲ့ "ဝေဖန်မယ်ဗျို့" ဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေကို တင်ပြလိုက်ပါတယ်..။
ဒီမိုဝေယံ   

 “ဝေဖန်မယ်ဗျို့ ”
ရေးသားသူ မင်းကြီးရန်နောင်


ဧပြီ ၁ရက်နေ့မှာ ပေါ်နိုင်ပြူနိုင် လာနိုင်တဲ့ ပုဂ္ဂလိကသတင်းစာ(၄) စောင်ကိုတော့ ပေါက္ကံရွှေပြည်ကြီးမှာ
အစွမ်းထက်ခဲ့တဲ့ သူရဲကောင်း (၄) ယောက်နဲ့တောင် တင်စားရလိမ့်မယ်။

အစိုးရသတင်းစာကြီးတွေက ဈေးကွက်နဲ့ ကြော်ငြာမှာ သာမက သတင်းပိုင်း၊ ပုံနှိပ်ဖြန့်ချိမှုအပိုင်းမှာပါ သေသေချာချာကြီး ပြင်ဆင်ပြီး လေ့ကျင့်သား ပြည့်မှ Come onလို့ ကြိုးဝိုင်းပေါ်က ဖိတ်ခေါ်တာ ကို ရဲရဲကြီးလက်ခံ ယှဉ်ပြိုင်ဖို့ နေ့မရွေး၊ ညမရွေးစင်ပေါ်တက် ရင်ဆိုင် တာကိုပဲကြည့်။ ကျုပ်ကတော့ ဒီသူရဲ ကောင်းလေးယောက်ကိုချီးကျူးတယ်။

ဖြန့်ချိရေး၊ ပုံနှိပ်ထုတ်ဝေရေးကအစ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမှာ အဘက် ဘက်က သာလွန်နေတဲ့ လက်ရှိချန်ပီယံ ကိုတက်ရောက် ယှဉ်ပြိုင်ရင်ဆိုင်သူမှာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပိုအရေး ကြီးနေတာလည်း သေချာတယ်။ စိတ်ဓာတ်ပိုင်း ပိုမိုကြံ့ခိုင်သန်စွမ်းဖို့ ဆိုရင်တော့ဝေဖန်ခံနိုင်မှလို့ ကျုပ်က ယုံကြည်တယ်။ ဒီတော့ အရာရာအသာစီးမှာ ရှိနေတဲ့လက်ရှိချန်ပီယံကို
တက်ရောက် ယှဉ်ပြိုင်ရင်ဆိုင်ရဲကြသူ
တွေကိုအားပေး ကူညီသြဘာပေးတဲ့ အနေနဲ့မရို့မကျို့ ဝေဖန်မယ်ဗျို..။

တာထွက်မျက်နှာပန်း ထင်သလောက်မလှ

ကျုပ်ကလည်း ပထမများရဲ့ ပထမနေ့ အသွင်အပြင်ကိုတအား မျှော်လင့် ရင်ခုန်တတ်သူကိုးဗျ။ ဧပြီ တစ်မှာ မနက်စောစောထ ပထမနေ့ ထုတ် စာစောင်တွေကို တစ်မျိုး လေး စောင်ဝယ်၊ လေးမျိုးလေးစောင် လေးတွဲ တွဲပြီး ရုံးမှာတစ်တွဲ၊ အိမ်မှာ တစ်တွဲ၊ အခင်မင်ဆုံးမိတ်ဆွေနှစ်ဦး ဆီသို့ တစ်တွဲစီ အမှတ်တရပေး ဖြစ်တယ်။ဘာပဲပြောပြော၂ဝ၁၃ ဧပြီ တစ်ရက်နေ့ထုတ် ပုဂ္ဂလိက သတင်း စာလေးစောင်ကမြန်မာ့သမိုင်းဝင် တွေဖြစ်သွားမှာမဟုတ်လား။
မိတ်ဆွေ တစ်ဦးကတော့ =တာထွက်မျက်နှာ ပန်းထင်သလောက်မလှနိုင်ကြရှာ ဘူး”လို့ ရိုရိုကျိုးကျိုးဝေဖန်တယ်။လက်ဆောင်ရတာမို့အားနာဟန်နဲ့ ဒီ့ထက်တော့ပိုမပြောပါဘူး။

ကျုပ်နောက်တစ်တွဲ ပို့ပေးဖြစ် တာက ဦးပဉ္စင်းကြီးတစ်ပါးပါ။ ဦး ပဉ္စင်းကြီးကတော့ ဒကာ့ကို သေသေ ချာချာလေး သုံးသပ်ဝေဖန်ပေးပါ့ မယ်လို့ မိန့်ပေမယ့် အခုဒီစာမူရေး တဲ့ ဧပြီ ၆ရက်နေ့ မနက်ထိတော့ ဘာမှထပ်မိန့်မလာပါဘူး။ ကျုပ်ကိုယ် တိုင်လည်း ချန်ပီယံလောင်းတို့အဖို့ ဝေဖန်လို့ ဗျို့ဟစ်လိုက်တဲ့ တိုင်အောင် အစိုးရသတင်းစာ(ပြည်သူ့ဝန်ဆောင်မှု မီဒီယာလို့တော့ ဆိုပါတယ်)ကို သာ မျက်စိကျသွားပြီး ဝေဖန်ချင်စိတ် တွေ ဖြစ်ဖြစ်နေသေးတာမို့ အခက် တွေ့နေရပြန်တယ်။ ဒီတော့ကာ ပုဂ္ဂလိကသတင်းစာတို့ အားသာနိုင်တဲ့ အခွင့်အလမ်းတွေကို ရဲရဲကြီး အသုံး ချ ကြစမ်းပါလို့သာ အားမလိုအားမရ ကြုံးအော်ဝေဖန်သတိပေးလိုက်ချင် စမ်းပါရဲ့ဗျာ။

ကောင်းလာပြီဗျာ  ပိုမကောင်းဘူးလား

အတွဲ(၁)၊ အမှတ်(၁) ပထမနေ့ ထုတ်တွေထင်သလောက် ရင်ထဲ မရောက်ပေမယ့်၊ ဒုတိယနေ့မှာ တော့ လက်ဆလေးတွေ နည်းနည်း ရလာတာ သတိပြုမိတယ်။ ဖြစ်ချင် တော့ တတိယနေ့မှာ၄၈ လမ်း (ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်) အစ္စလာမ်စာသင်ကျောင်း ဗလီကကြေကွဲဖွယ်အဖြစ်ဆိုးနဲ့ တည့်တည့်တိုးကြလို့ လက်ဆကို မြှင့်လို့ တင်ပြရေးသားလာကြတာ တွေ့ရတယ်။

 ဧပြီ ၂ ရက်နေ့ အရုဏ်မတက် မီက သတင်းကို ဧပြီ ၃ရက်နေ့ထုတ် တွေမှာ မဖော်ပြနိုင်သေးတာကိုတော့ မဝေဖန်လိုပါဘူး။ ဒီသတင်းမျိုးက မြန်ရုံမျှနဲ့ မဖြစ်တဲ့ ကိုင်တွယ်ရခက်တဲ့ အခင်းမို့ပါ)။ သတင်းစာစောင်တွေ စောင်ရေတက်တဲ့သတင်းက ဖတ်နေ ရတဲ့ သတင်းတွေထက် ကောင်းသတင်း ဖြစ်နေလေတော့ သတင်းစာစောင် ထဲကသတင်းတွေသာ ပိုကောင်းလာ ကြောင်းကောင်းသတင်း ဖြစ်ရင်ပို
မကောင်းပေဘူးလားလို့ ဝေဖန် သတိပေးလိုက်ပါရစေလား ခင်ဗျား။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ပြည်ထောင်စုနေ့စဉ်..

အမယ်အမယ်  သူကြီးကသူကြီးက ပြည်ခိုင်ဖြိုးက ထုတ်တဲ့ သတင်း စာဖြစ်ကြောင်း ရွှေနိုင်ငံသစ်သတင်း စာကတစ်ဆင့်ရေးပြလို့ ကျုပ်သိလိုက် ရတဲ့ ပြည်ထောင်စုနေ့စဉ်သတင်း စာကြီး (တကယ်ကြီးတာဗျ) ကိုတော့ ချီးကျူးချင်လာတယ်။ အတွဲ ၁၊ အမှတ် ၄မှာ ''ဆူပူလှုံ့ဆော်မှုများ ဖြေရှင်းရေး အာဏာပိုင်များနှင့်အတူ NLDပူးပေါင်း ဆောင်ရွက်မည်”ဆိုတဲ့ မျက်နှာဖုံးသတင်းက ကျုပ်ကို ဟတ် ထိစေလို့လေ။ သြော်..သူ့ကိုချည်း ချီးကျူးနေလို့ ကျုပ်တံဆိပ်ကပ်ခံ နေရဦးမယ်။ခေတ်ကြီးကိုက အ နှောင့်အသွားလွတ်အောင်နေတတ် မှမဟုတ်လား။

ပြည်ထောင်စုဝန်ကြီးရဲ့ စကားတခွန်း

''ဘာသာရေးအသွင်ဆောင် ပဋိပက္ခသွေးထိုးလှုံ့ဆော်မှု ကြောင့်ဖြစ်" ရယ်လို့ခေါင်းတပ် ထားတဲ့ပြည်မြို့က သတင်းကို 'စံတော်ချိန်သတင်းစာ' အတွဲ (၁)၊ အမှတ် ၄ မျက်နှာဖုံးမှာ ဖော်ပြပြီး စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသန်းဌေးက မတ်လ ၃ဝရက်နေ့မှာ ပြည်မြို့သီရိ ခေတ္တရာမြို့တော်ခန်းမ အတွင်းတွေ့ဆုံပွဲပြုလုပ်ရာမှာပြောကြားတဲ့စကားကို ဒေသခံရဲ့စကားနဲ့ ယှဉ်ရေးပြထားတာ အစိုးရသတင်းစာတွေမှာ မတွေ့နိုင်(မတွေ့ခဲ့ရ)တဲ့တင်ပြ ပုံမျိုးမို့ သတင်းခံတွင်း လိုက်ခဲ့ရကြောင်းပါ။

''တွေ့ဆုံပွဲကို တက်ရောက်ကြ သူများထဲမှာ လူထုအပေါ်မှာ အလွန် တရာမှ သြဇာညောင်းသော နိုင်ငံ ရေးပါတီမှ ပုဂ္ဂိုလ်တွေပါတယ်။ လူထု အပေါ်မှာ အလွန်တရာမှ သြဇာ ညောင်းတယ်ဆိုတာ ကျွန်တော့် ဘာသာကျွန်တော်ပြောတာ မဟုတ် ပါဘူး။ဘီဘီစီ၊ဗွီအိုအေ တွေ့ဆုံခန်းတွေမှာ မြန်မာနိုင်ငံမှာ ရှိတဲ့နိုင်ငံရေး ပါတီက အကြီးအကဲ တစ်ဦးပြောတာ။ နိုင်ငံရေးပါတီဆိုတာ လူထုကိုသြဇာ ညောင်းတယ်တဲ့။ 
သူ့နောက်မှာ မဲဆန္ဒရှင်လူထုရှိတယ်တဲ့။ တကယ် ခိုင်ခိုင်မာမာရှိရင် ဒီလူထုကို တာဝန် ယူလိုက်စမ်းပါ။ ပါတီကိုယ်စားလှယ် များက အခုဖြစ်နေတဲ့ဟာတွေက လူထုအတွက်အကျိုးမရှိဘူးလို့ ယုံကြည်ယူဆရင် မိမိကိုယ်စားပြု နေသော ပါတီတိုင်းမှာ ရှိနေတဲ့ ပါတီဝင်လူထုကို မလုပ်ကြနဲ့ဟေ့။ မလုပ်ကောင်းဘူးဟေ့။ ဒါဟာ တိုင်း ပြည်သွားရမယ့်လမ်းကြောင်း မဟုတ်ဘူးဟေ့လို့ အဲဒီလိုလေးတွေ ခေါင်းဆောင်ပီပီပြောပေးရမယ်'ဟု ပြည်ထောင်စုဝန်ကြီးကဆက်လက် ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ဝင်များသည် ထိုနေ့နံနက်ပိုင်းတွင် ပေါင်းတည်မြို့၊ ရွှေတောင်မြို့များသို့ ဝင်ရောက်တွေ့ဆုံခဲ့ပြီးမှ နေ့လယ် ပိုင်းတွင် ပြည်မြို့သို့ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ပန်းတောင်မြို့သို့ သွား ရောက်ခဲ့သည်။  တွေ့ဆုံပွဲသို့ တက်ရောက်လာ သော အရပ်ဘက်လူမှုအဖွဲ့အစည်း များအနေဖြင့် တွေ့ဆုံပွဲတွင် အပြန် အလှန်ပြောဆိုဆွေးနွေးခွင့် မရရှိခဲ့သောအခြေအနေများရှိခဲ့ခြင်းနှင့် ပတ် သက်၍=ဝန်ကြီးရဲ့စကားတွေမှာ ပါတီတွေ၊ ကွန်ရက်တွေကိုထိခိုက် သလိုဖြစ်နေတယ်။ အချိန်နဲ့တစ်ပြေး ညီဆောင်ရွက်တာမရှိတာကိုတော့ ထည့်မပြောသွားဘူး။

 ကွန်ရက်နဲ့ ပါတီတွေကို တောကြောင်တွေလို ရောယောင်ပြီးပြောသွားတယ်။ ပြည်သူတွေလို ရင်ဖွင့်ခွင့်မပေးဘူး။ အဓိကရုဏ်းတွေမှာလည်း ဘာသာ ရေးအစွန်းရောက်သူတွေ သွေးထိုး လှုံ့ဆော်မှု၊ အစိုးရတစ်ရပ်ရဲ့ တာဝန် ပေါ့လျော့ပျက်ကွက်မှုတွေကြောင့် ဖြစ်နေတာဖြစ်တယ်လို့ ယူဆပါ တယ်+ဟု ပြည်သူ့အထောက်အကူ ပြုကွန်ရက်(ပြည်)မှ ဦးကျော်ဆွေက သုံးသပ်သည်။ ++ (ဧပြီ ၄ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ အတွဲ(၁) အမှတ်(၄)စာမျက်နှာ ၁ဝမှ)။ အဲဒါ မျိုးတင်ပြပုံက ချင့်ချိန်ဖွယ်ကောင်း တာမို့  အမြင်ကွဲတွေ ထောင့်စုံမေး နိုင်မြန်းနိုင်တာဟာသတင်းစာ ကောင်းဖြစ်ဖို့ အင်္ဂါရပ်တစ်ခုလို့ ဝေဖန်သတိပေးလိုက်ရဦးမှာပါပဲဗျာ။

ခွန်းဆင့်ကြို သဝဏ်လွှာများနဲ့ အားရစရာ သတင်းစာ

ကျုပ်ချစ်ခင်လေးစားတဲ့
သတင်းစာသမား သက်တော်ရှည် ဘိုးဘိုးကြီး ဖိုးသောကြာ(ခေတ်+ မိုး) ရဲ့ သတင်းစာ'ရွှေနိုင်ငံသစ်'ကိုတော့ တစ်စောင်လုံးမှာ ဖတ်မဝအောင် ဆောင်းပါးကောင်းတွေပါနေတာ၊ ခွန်းဆင့်ကြိုသဝဏ်လွှာတွေပါ နေ တာအားရစရာကောင်းလှ၊ ကောင်းလှနဲ့ ဘိုးဘိုးကြီး သတင်းတွေ လက်စွမ်းပြဖို့ စာမျက်နှာ မရမှာ စိတ်ပူလို့ချစ်စိတ်နဲ့သတိစကားလေး ပေးဝေမျှတာပါ။ ၂ဝ၁၅ ရွေးကောက် ပွဲ အကြိုနဲ့ဒီကနေ့ကာလ မှာ ရှေးမီ နောက်မီ ဘိုးဘိုးကြီးဆီက သာ လက် တွေ့သတင်းစာပညာတွေ သင်ယူကြ ရမှာမဟုတ်လားခင်ဗျာ။(ဂျာနယ်လစ် ဘိုးဘိုးကြီး ကျန်းမာပါစေ)

အသံတွေအသံတွေ ကြားနေရတယ်..

နိုင်ငံရေးဂျာနယ်ကနေ သတင်း စာဖြစ်လာတဲ့ The Voice ကို ပရိသတ်တွေ တော်တော်မျှော်လင့်ခဲ့ တာတွေ့ရတယ်။ The Voice က လည်း တော်တော်အားထုတ်ခဲ့မှာ ပါပဲ။ ပွဲဦးထွက် အတွဲ (၁)၊ အမှတ် (၁) ထက် အမှတ်(၂)က မျက်နှာဖုံးပုံ က ပိုဖမ်းစားနိုင်လာတယ်။ အွန် လိုင်းမှာ၊သတင်းစာမျက်နှာတွေ၊ ဗလီတွင်း ဝိုင်းဖွဲ့ထိုင်ပြီး သတင်းမမှန် ကြောင်း ရှင်းတဲ့ပုံမျှသာတွေ့ခဲ့ရတဲ့ မော်လမြိုင်မောင်ငံရပ်ကွက်က ဗလီ ထဲမှာ မလေးရှား စက်လှေတစ်စင်းဆီ ကလက်နက်တွေခိုးသွင်းထား ကြောင်း ကောလာဟလကို 'ဗလီတွင်း မလေး ရှားလက်နက်များ စုဆောင်းထား သည်ဆိုသောသတင်းမမှန်ဟု ရဲမှူး ငြင်းဆို'ဟု ဗလီတွင်းရဲ များ လက်နှိပ် ဓာတ်မီးတွေထိုးကာရှာနေပုံက ထိုနေ့ သတင်းထူး ၄၈ လမ်း ဗလီမှာ ကလေး ၁၃ဦး သေဆုံးခဲ့ရရှာတဲ့ သတင်းအရှိန်နဲ့ ပိုမိုစိတ်ဝင်စားမှုရရှိ သွားခဲ့ရတယ်။

အဲဒီမှာတင် စောင်ရေ ပိုတက်ခဲ့တယ်ထင်ပါရဲ့။ လှံထမ်း လာတာမြင်ရပေမယ့်ကံထမ်းလာတာ မမြင်ရဆိုသလို ဧပြီ ၃ရက်နေ့မှာ ၁၅ဝဝတန်ဖုန်းဆင်းကတ် သတင်းနဲ့ တိုးပြန်ရာမှ ဧပြီ ၄ရက်နေ့ထုတ် အတွဲ (၁) အမှတ်(၄) မျက်နှာဖုံးကို ၂ဝ၁ဝတုန်းကဗဟန်းဆက်သွယ်ရေး ရုံးရှေ့မှာ ပြည်သူတွေငါးသိန်း တန်ဖုန်းဝယ်ဖို့တန်စီး စောင့်ဆိုင်းနေ ပုံနဲ့ 'ကျပ် ၁၅ဝဝ တန်ဖုန်းဆင်းကတ် ဧပြီ ၂၄ စ ရောင်းမည်'လို့သတင်းပေး လိုက်ပုံက ပညာသားပါလှတယ်။

ဒါတင်မက ဆရာကျော်ဝင်းရဲ့ ''ဖဒရယ်မူသဘောတရားနှင့်လက် တွေ့''ဆိုတဲ့ဆောင်းပါးဟာ ပရိသတ် အိတ်ကပ်ထဲကအကြွေ၂ဝဝကို မျက် စပစ် နေနိုင်သေးတယ်။ ၅ရက်မြောက် နေ့လည်းဆက်ပြီး အစွမ်းပြနိုင် တာတွေမှာ ကျုပ်ဘုရားတသွား မိတာ ကဆရာကြီးကိုသန်း(ကြည့်မြင်တိုင်) ရဲ့ ဆောင်းပါး။ ဘုရား၊ဘုရား... ဆရာကြီးပဲရဲတာလား။

အယ်ဒီတာ တွေပဲ ရဲတာလား=အုပ်ချုပ်ရေးကိုသာ လူသားဆန်စွာ ဆောင်ရွက်ရေး'လို့ အတွဲ ၁၊ အမှတ် ၅ စာမျက်နှာ ၈မှာ ဖော်ပြသွားတာ ကျုပ်ဖြင့် ကြက်သီး တွေေ
တာင် တဖြန်းဖြန်းထရပါရဲ့။ [၆ရက်မြောက်(စနေနေ့)မှာတော့ The Voice ပုံမှန်ဂျာနယ်ထွက်ရက်မို့သတင်းစာတစ်ရက်နားပါသတဲ့။]

နောက်တစ်ပတ်ဆုံကြသေးတာပေါ့ဗျာ။

မင်းကြီးရန်နောင်...

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဒီဧပြီ ဂျူမုံလာမည်..

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ဒီဧပြီ ဂျူမုံလာမည်
================================
ဧပြီလ၆ရက်၊ နေ့ခင် ၁နာရီက 

ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း၌ ပြုလုပ်သည့် အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား
 ဖြစ်မြောက်ရေးအဖွဲ့နှင့် ကိုရီးယားရုပ်ရှင် မင်းသားဂျူမုံတို့ မှဧပြီ၂၃မှာ တွေ့ဆုံရန်ရှိကြောင်းကို ထုတ်ပြန်ပါသည်။ 

ယင်းအစည်းအဝေး၏ ထုတ်ပြန်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏
ိတ်ကြားချက်အရ ကိုရီးယားမှလာ ရောက် မည့်မင်းသားဂျူမုံနှင့် ဒါရိုက်တာတို့ထံမှ

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအကြံဉာဏ်များ ရယူနိုင်ရန်တွေ့ဆုံဖို့ရှိကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင် ဇာတ်ကားအတွက် ဇာတ်ညွှန်းလုံးဝပြီးစီးသွားပြီ
ဖြစ်ကြောင်း၊ ဇာတ်ညွှန်းကို နောက်ဆုံးအဆင့် ပြင်ဆင်တည်းဖြတ်ပြီး ပါက လုပ်ဆောင်ရမည့် အခန်းကဏ္ဍကို တစ်ခုပြီးတစ်ခုစတင်တော့မှာ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာ
အတွက်သရုပ်ဆောင်များကို မေလဆန်းမှာစကားပြောနှင့်အမူအရာကို
သင်ပေးမည်ဖြစ် ကြောင်းကိုဇော်သက်ထွေးက
ထုတ်ပြန်ပြောကြား ပေးပါသည်။ 



ထူးထူး
ပေါ်ပြူလာဂျာနယ်..

အမျိုးသားကျန်းမာရေးကွန်ယက်(NLD) အလှူငွေ သိန်းလေးထောင်ခန့်လက်ခံရရှိ

အမျိုးသားကျန်းမာရေးကွန်ယက်(NLD)အလှူငွေ သိန်းလေးထောင်ခန့်လက်ခံရရှိ

 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေးကွန်ယက်ဖွဲ့စည်းရာတွင် အလှူငွေ သိန်း ၄ ထောင်ခန့် လက်ခံရရှိခဲ့ကြောင်း ၎င်းကွန်ယက်၏ ဘဏ္ဍရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းထံမှ သိရသည်။

မြန်မာငွေ သိန်း ၃၈၂၆ သိန်း၊ အမေရိကန်ဒေါ်လာ ၁၆၄၀၀ ၊ ယမ်းငွေ ၁ သိန်းကို လှူဒါန်းမှုအသီးသီးမှ အမျိုးသားကျန်းမာရေးကွန်ယက်အတွက် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အမျိုးသားကျန်းမာရေးကွန်ယက် (NLD)ကို ၂၀၁၃ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒု ဥက္ကဌ (၁) ဒေါက်တာသန်းအေး၊ ၊ ဒု ဥက္ကဌ (၂ )ဒေါက်တာ ရွှေပုံ၊၊ ဒု ဥက္ကဌ (၃) ဒေါက်တာ မြသော်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး နှင့် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အမျိုးသားကျန်းမာရေးကွန်ယက် (NLD) ဖွဲ့စည်းရခြင်းသည် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး အဆင့်အတန်းတိုးတက်မြင့်မားစေပြီး ကူညီဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


ပေါ်ပြူလာဂျာနယ်...
 

ဒီလိုမီးလင်းအောင် လုပ်မယ်...

နေရောင်ခြည်သုံး ရေသန့်ဘူး အလင်းပေး စနစ် ကျေးလက်ဒေသများတွင်၊ နေ့ခင်းဘက် အမှောင်များသော အခန်းများ အလင်းရောင်ရရန် လုပ်ပေးနိုင်ပါသည်။ 
ဖိလစ်ပိုင်တွင်တွင်ကျယ်စွာ အသုံးပြုသောနညိးဖြစ်ပါသည်။ ရေသန့်ဘူး ၊ အချိုရည်ဘူးဟောင်း ထဲရေဖြည့်ပြီး ရေဘူးကိုပုံပါအတိုင်း ခေါင်မိုးတွင်တပ်ဆင်ပါ၊ မိုးမယိုအောင်တော့လုပ်ရမည်။ 

 နေရောင်ခြည်သည်ပုံပါအတိုင်း အလင်းပြန်၍ ပုံပါအတိုင်း မှောင်နေသောအခန်းအား အလင်းအား 55Watt ခန့်ပေးပါမည်။

မြန်မာအင်ဂျင်နီယာ ဖေ့စ်ဘွတ်ခ်..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း တိုကျိုနှင့် ကျိုတိုမြို့များ၌ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများအား တွေ့ဆုံမည်..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း တိုကျိုနှင့် ကျိုတိုမြို့များ၌ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများအား တွေ့ဆုံမည်..
တိုကျိုမြို့နဲ့ ကျိုတိုအရပ်ရှိ မြန်မာနိုင်ငံမိသားစုများနှင့်
တွေ့ဆုံပွဲ နေ့ရက်၊ နေရာ၊ အချိန်...

ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ လာမည့် ဧပြီလ ၁၃ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခုခရီးစဉ်ဟာ ၁၉၈၅ခုနှစ် ၁၉၈၆ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာ့နိုင်ငံရေး သမိုင်းပြုစုရေးသားခဲ့တဲ့ ၉လတာခရီးစဉ်နောက်ပိုင်း ပထမဦးဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်..။

ဂျပန်နိုင်ငံသို့ ၁၃ရက်နေ့ စနေနေ့ မနက်ပိုင်းမှာ ရာက်ရှိလာမှာဖြစ်ပြီး ညနေပိုင်းမှာ တိုကျိုရှိ မြန်မာမိသားစုများနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်..။

၁၅ရက်နေ့မှာတော့ ဂျပန်အနောက်ပိုင်းရှိ ဒေါ်အောင်ဆန်းစုကြည် စာတမ်းပြုစု တက်ရောက်ခဲ့ရာ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ကျိုတိုတက္ကသိုလ်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံအနောက်ပိုင်းရှိ မြန်မာမိသားစုများ၊ ဂျပန်တက္ကသိုလ်ကျောင်းသား၊ ဂျပန်နိုင်ငံသားများအား ထပ်မံလက်ခံတွေ့ဆုံမှာ ဖြစ်ပါတယ်..။

တိုကျိုနဲ့ ကျိုတိုခရီးစဉ် တွေ့ဆုံပွဲ အချိန်၊ နေရာ၊ နေ့ရက်ကို အောက်မှာကြည့်ရှု နိုင်ပါတယ်...။

တိုကျိုမြို့တွေ့ဆုံပွဲ အစီအစဉ်..
နေ့ရက်... ဧပြီလ ၁၃ ရက်နေ့ 
နေရာ... SHIBUYAမြို့ရှိ Belle Salle Shibuya Garden
လိပ်စာ.. အထက်ပါဓာတ်ပုံတွင် ကြည့်ပါရန်...

အချိန်... ညနေ ၄နာရီမှာ စတင်ကျင်းပမည် ဖြစ်သော်လည်း
နေ့လည် ၂း၀၀ နာရီမှ ၃း၃၀ နာရီအတွင်း အခမ်းအနားမစမှီ ကြွရောက်ပါရန်..။ မေတ္တာရပ်ခံအပ်ပါသည်။ ဝင်ကြေး.... တဦးလျှင် ယန်းနှစ်ထောင် ကောက်ခံမည်ဖြစ်ပါသည်။

ကျိုတိုမြို့ ကျိုတိုတက္ကသိုလ် တွေ့ဆုံပွဲ အစီအစဉ်..
နေ့ရက်... ဧပြီလ ၁၅ရက်နေ့

(၁)မနက်၉း၄၅ Kyoto kyoiku Bunka Center သို့ရာက်ရှိမည်..။

(၂)မနက်၉း၅၀မှ၁၀နာရီအထိ ဂျပန်ရိုးရာ ယဉ်ကျေးမှု ရေနွေးကြမ်းဖြင့် ဧည့်ခံမည်..။

(၃)မနက်၁၀း၀၀နာရီမှ ၁၀း၅၅အထိ မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း မေးခွန်းများဖြေဆိုမည်..။

(၄) မနက်၁၀း၅၅တွင်  Kyoto kyoiku Bunka Center မှပြန်လည်ထွက်ခွာမည်...။

ဓာတ်ပုံ၊ ကိုမြသိန်း

ဒီမိုဝေယံ..

လွယ်လွယ်နဲ့တော့ ရုန်းထွက်၍မရနိုင်....

 လွယ်လွယ်နဲ့တော့ ရုန်းထွက်၍မရနိုင်

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ အမြင့်မားဆုံးပြုလုပ်ခဲ့သည့် ၁၉၉ဝ အလယ်နှစ်များဝယ် မြန်မာ့လေတပ်မှ လေယာဉ်မှူးများသည် တရုတ်နိုင်ငံရှန်ဇီပြည်နယ် သို့သွား၍ A-5 တိုက်လေယာဉ်များကို အမောင်း သင်ခဲ့ကြသည်။

ထိုစဉ်က မြန်မာ့ခေါင်းဆောင် ကြီးမှာ ယင်းလေယာဉ်များနှင့်ပတ် သက်၍ အထူးပင်စိတ်အားထက် သန်လျက်ရှိသော်လည်း ယင်းတို့၏ စိတ်မချရမှုများကြောင့် စိတ်တက် ကြွမှုများ လျင်မြန်စွာပင် မှေးမှိန် သွားခဲ့၏။ လေယာဉ်မှူးဟောင်းတစ် ဦးဖြစ်သူ ဝဏ္ဏမာဂျေက ဆိုဗီယက် တို့၏ MIG-19 ပုံစံ တရုတ်တိုက်လေ ယာဉ်ပျက်ကျမှုပေါင်း ၂ဝ ခန့်နှင့်သေဆုံးမှုများရှိခဲ့ကြောင်း ပြော သည်။ သေဆုံးသူအများစုမှာ လေယာဉ်မောင်းခန်းထဲတွင်ပင် သေဆုံး ခဲ့ကြခြင်းဖြစ်ပြီး ယာဉ်မောင်းခန်း အတွင်းမှ ခုန်ထွက်ရန် ကြိုးစားရင်း  သေဆုံးသူ လေယာဉ်မှူးတို့၏ မိသားစုများမှာထိုစဉ်က မူဝါဒများ အရ ခံစားခွင့်များ အပြည့်အဝ မရ ရှိခဲ့ကြကြောင်းသူက ပြောပါသည်။”အဲဒီ တိုက်လေယာဉ်တွေကို ကျွန်တော်တို့က ‘ခေါင်းပျံ’တွေလို့ ခေါ်ကြတယ်”ဟုယခုအခါ လက် ဝှေ့ပွဲများကို စီစဉ်ရုံသွင်းနေသူ တစ်ဖြစ်လဲ လေယာဉ်မှူးဟောင်း မာဂျေက ပြောသည်။

မြန်မာနိုင်ငံသည် တရုတ်တို့ အပေါ် မှီခိုနေရာမှ အနောက်နိုင်ငံ များဘက်သို့ ပြောင်းလဲလျက်ရှိပြီး ပြင်ပလေ့လာသူများ အထူးအံ့သြဖွယ်ရာကောင်းလောက်အောင်ပင် ပို၍ ပို၍ ပွင့်လင်းမြင်သာသည့် အစိုးရတစ်ခုလည်းဖြစ်လာနေ၏။ သမ္မတဦးသိန်းစိန်သည် ကန်ဒေါ် လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ တရုတ်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုထား သည့် မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့ထားလိုက်ပြီး ဒေါ်အောင် ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအ ကျဉ်းသားများကိုလည်း လွတ်ငြိမ်း ခွင့်ပေးခဲ့သည်။

သို့ရာတွင် မြန်မာသည် သူ့အိမ်နီးချင်းကြီး၏ စီးပွားရေးအ မြတ်ထုတ်မှုများကို ခံနေရဆဲပင် ဖြစ်သည်။တရုတ်တို့နှင့် ဆက်စပ်လုပ် ကိုင်လျက်ရှိသော လုပ်ငန်းများကို လူထုက ဆန္ဒဖော်ထုတ်၍ ဆန့် ကျင်မှုများ တစ်စထက်တစ်စ ပေါ် ပေါက်လာခဲ့သည်။ ”တရုတ်ဘက် ကတော့ လန့်နေတယ်လို့ယူဆရ ပါတယ်”ဟု ရန်ကုန်အခြေစိုက် Hamsa Hub  ခေါ် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစိုးရမဟုတ် သော အဖွဲ့အစည်းတစ်ခုကို ဦး ဆောင်သူ ကိုသုတအောင်က ပြော သည်။”အရင်အစိုးရ လက်ထက် တုန်းကတော့ဗျာ သူတို့လိုချင်တာ တွေ အကုန်ဖြစ်ခဲ့ပေမယ့် ခုတော့ ပြည်သူ့အသံတွေ ပွင့်ပွင့်လင်းလင်း ကြားလာကြရပြီလေ”ဟု ကိုသုတ အောင်က ဆက်ပြောပါသည်။

မြန်မာအစိုးရသည် သူ၏နိုင်ငံ ခြားရေးဆိုင်ရာမူဝါဒကို ပြန်လည် ချိန်ညှိလျက်ရှိသော်ငြား၊ တရုတ် နိုင်ငံ၏ သြဇာအရှိန်အဝါ၊ တရုတ် နိုင်ငံနှင့် အိမ်နီးချင်းဖြစ်နေမှု၊ သ မိုင်းတစ်လျှောက် နှစ်နိုင်ငံ ရေရှည် ဆက်ဆံလာမှု ယင်းသည် တရုတ်ကို လုံးဝဥပေက္ခာပြုခြင်းတော့ မဟုတ်ဟု သုတေသီတို့က ဆိုကြ သည်။ မြစ်ဆုံစီမံကိန်းမှာလည်း ဆိုင်းငံ့ထားခြင်းသာဖြစ်ပြီး လုံးလုံး လျားလျား ဖျက်သိမ်းလိုက်ခြင်း မဟုတ်သလို တရုတ်နိုင်ငံနှင့်ဆက် စပ်လုပ်ကိုင်လျက်ရှိသည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်ငွေ့ပိုက် လိုင်းသွယ်တန်းမှု အစရှိသည့် စီမံ ကိန်းများမှာလည်း ခြေလှမ်းမပျက် ဆက်လက် လုပ်ကိုင်နေဆဲပင် ဖြစ်၏။
”မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်လို့ ပြည်သူတွေ ဝမ်းမြောက်ပျော်ရွှင် ကြပေမယ့် ဒါဟာ သမ္မတ ဦးသိန်း စိန်ရဲ့ ရာထူးသက်တမ်းကာလမှာပဲ ဖြစ်ပါတယ်။ ၂ဝ၁၅ ကျရင် ကျွန် တော်တို့ ထပ်ပြီးတိုက်ပွဲဝင်ရဦးမှာ ပါပဲ”ဟု မန္တလေးမှ စာရေးဆရာ ဆူးငှက်က ပြောသည်။လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအရေးကြောင့်လည်း အား လုံး အလုပ်တွေ များခဲ့ကြရသေး သည်။ တရုတ်တို့သည်စိတ်ချသေချာရသောမြန်မာသုံးစွဲသူဈေးကွက် နှင့်  အိန္ဒိယသမုဒ္ဒရာ၏ အချက်အခြာနေရာကို ယူထားသည့်မြန်မာတို့ဆီမှ ခွာထွက်သွားမည်မဟုတ် သလို မြန်မာ-အမေရိကန်၊ မြန်မာ -ဂျပန် စီးပွားရေးဆက်သွယ်မှု တိုး တက်လာခြင်းများကိုလည်း သတိ နှင့် စောင့်ကြည့်နေမည် ဖြစ်သည်။

တရားဝင် ကိန်းဂဏန်းများအရ ၂ဝ၁၂ ခုနှစ်တွင် တရုတ်-မြန်မာ ကုန်သွယ်မှုသည် ၄၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဒသမ၅ ဘီလျံ ရှိ ကြောင်းသိရသည်။ တစ်စတစ်စ တိုးတက်လာသော ရင်းနှီးမြှုပ်နှံမှု များမှာမူ ကန်ဒေါ်လာ ၁၄ ဘီလျံအထိရှိနေပြီဖြစ်ကြောင်း သိရသည် ။ယမန်နှစ် အစောပိုင်းကမူ တရုတ်တို့သည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ဒု-ဝန်ကြီးတစ်ဦးအား မြန်မာသို့စေလွှတ်၍ လူမှုရေးနှင့် တိုင်းရင်းသားအရေးများဆိုင်ရာ တက်ကြွလှုပ်ရှားသူတို့နှင့် တွေ့ဆုံဆွေးနွေးစည်းရုံးစေခဲ့သည်။ သို့ရာ တွင် သက်ဝင်လှုပ်ရှားသော အချေ အတင်ဆွေးနွေးမှုမျိုး ဖြစ်မလာခဲ့ဘဲ မျက်မှောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ မိမိ တို့ကိုခုခံပြောဆိုနေသော တံခါး ပိတ်အစည်းအဝေးတစ်ခုသဖွယ် သာဖြစ်နေသည်ကို အံ့သြစွာကြုံ တွေ့ခဲ့ရသည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ Green Hearts ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ကွန်ရက်မှ တက်ကြွလှုပ်ရှားသူ ကိုစိုးဝင်းငြိမ်းက ပြောသည်။

”အကယ်၍ ခင်ဗျားအနေနဲ့ ဆက်ပြီး တွန်းအားပေးနေမယ်ဆိုရင် ကျွန်တော်တို့နှစ်နိုင်ငံအကြား စိုး ရိမ်စရာကောင်းတဲ့ ပဋိပက္ခတွေဖြစ် လာလိမ့်မယ်လို့ ကျွန်တော်တို့ သူ့ကို ပြောခဲ့တယ်ဗျ”ဟု  ကိုစိုး ဝင်းငြိမ်းက ပြောပါသည်။တရုတ်တို့သည် မြန်မာနိုင်ငံ ဝယ် လွတ်လပ်ခွင့်များ တိုးချဲ့ခွင့်ပြု လာခြင်းကိုလည်း သတိနှင့်စောင့် ကြည့်လျက်ရှိ၏။”သူတို့က ကျွန်တော်တို့ကို တည်တည်ငြိမ်ငြိမ်ဖြစ်စေချင်တယ်။ ဒါပေမဲ့အရမ်း ဒီမိုကရေစီဆန်မသွား စချင်ဘူး။ ကျွန်တော်တို့ အစိုးရက စာပေစိစစ်တာတွေကို ရုပ်သိမ်း လိုက်တုန်းကဆိုရင် တရုတ်က လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့တာ မဟုတ်ဘူး”ဟု စာနယ်ဇင်းနည်း ပြဆရာ ကိုရဲနိုင်မိုးက ပြောသည်။

ကိုရဲနိုင်မိုးသည် ပုဂ္ဂလိက သတင်းသမားများကိုသာမကအစိုး ရသတင်းသမားများကိုပါ သတင်း စာပညာများ သင်ကြားပေးနေသူ တစ်ဦး ဖြစ်ပါသည်။ တရုတ်တို့၏ သံသယသည် စိုးရိမ်မှု၏ အစိတ် အပိုင်း ဖြစ်သည်။”တရုတ်ကို မကြိုက်ကြဘူး။ ကျူးကျော်လာသလိုခံစားရတယ်”ဟု အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် မန္တလေးမှ ဒီဂျေရန်နိုင်က ပြော သည်။ ၁၉၈၄ ခုနှစ်တွင်လောင်ကျွမ်း ခဲ့သောမီးမှအစပြုကာ မန္တလေးသို့ တရုတ်များ ဝင်ရောက်အခြေစိုက် လာခဲ့ကြ၏။

”သူတို့ပေးတဲ့ဈေးတွေကို မြန် မာတွေယှဉ်မပေးနိုင်ကြဘူး။ ဒီ တော့ကာ မြန်မာတွေမြို့ထဲက အိမ် တွေကိုရောင်းပြီး မြို့ပြင်ရောက်ကုန် ကြတော့တာပေါ့။ အတင်းပြောင်း ခိုင်းတာတွေလည်း ပါသေးတယ်” ဟု မန္တလေးမှ စာနယ်ဇင်းဆရာ ကျော်ရင်မြင့်က ပြောပါသည်။အနောက်နိုင်ငံတို့၏ စီးပွား ရေးပိတ်ဆို့မှုတွန်းအားများကြောင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှား သူများပြိုကွဲကြချိန်ဖြစ်သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တရုတ်တို့ မန္တလေးသို့ အစုလိုက်အပြုံလိုက် ပိုမိုဝင်ရောက်လာကြသည်။

 အ နောက်နိုင်ငံများ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ဆိုင်ရာ အဆိုပြုချက်များကိုလည်း ကုလသမဂ္ဂတွင် တရုတ်တို့က ဗီတို အာဏာဖြင့် ပယ်ဖျက်ခဲ့ကြသေး သည်။ငွေနောက်လိုက်သည့် အကျင့် စရိုက်တစ်မျိုး မြန်မာတွင်ပေါ်ပေါက် လာခဲ့၏။ ဒေသခံများအဆိုအရ တရုတ်တို့၏ မီးအိမ်နီများ၊ အသား ကင်ဆိုင်များ၊ ခြင်္သေ့အကများနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ၊ မြန်မာအမျိုးသမီးတို့ကို လူကုန် ကူးမှုများသည် မြန်မာနိုင်ငံမြောက် ပိုင်းတွင် ပျံ့နှံ့လွှမ်းမိုးခဲ့သည်ဆို၏။ ၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ် ဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တွင်ပေါ်ပေါက်ခဲ့သော လူကုန်ကူးမှု တို့၏ ၈ဝ ရာခိုင်နှုန်းသည် တရုတ် နိုင်ငံသို့တင်ပို့ခြင်းများ ဖြစ်သည်ဆို ၏။

”မြန်မာတွေဟာ တရုတ်တွေ ရဲ့ ထွေးပိုက်မှုကနေရုန်းထွက်ချင် နေကြပါတယ်”ဟု သြစတြေးလျ စစ်တက္ကသိုလ်မှ အကြီးတန်း ကထိ က မော်တန် ပက်ဒါဆန်က ပြော သည်။ ”မြန်မာတွေဟာ သူတို့ အပေါ် စီးပွားရေးပိတ်ဆို့တာတွေကို ဒေါသထွက်ကြပေမယ့် ဒါဟာ အ နောက်နိုင်ငံတွေကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ် ခွင့်၊ လွတ်လပ်ခွင့်တွေနဲ့ပတ်သက် တဲ့ ထုံးတမ်းစဉ်လာ အမြင်တစ်ခု သူတို့မှာရှိနေပြီး အဲဒါကို အဆုံး ရှုံးခံနေရတယ်လို့ သူတို့ မြင်နေကြ တယ်”ဟု မော်တန်ပက်ဒါဆန်က ပြောပါသည်။

ဟက်ကာ
[မှတ်ချက် - Los Angeles Times သတင်းစာ၏ အရှေ့တောင်အာရှ ဆိုင်ရာ ဌာနမှူး Mark Magnier ရေးသားသော "Myanmar pivots uneasily away from China" ဆောင်းပါးကို
ဆီလျော်အောင် မြန်မာပြန်သည်။]

ပေါ်ပြူလာဂျာနယ်..

ဧပြီလ ၃ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့်အဖွဲ့တို့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တွေ့ဆုံကြစဉ်..

  ဧပြီလ ၃ရက် ညနေ ၅နာရီအချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့်အဖွဲ့တို့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တွေ့ဆုံကြစဉ်
ဓာတ်ပုံ ကိုဘန်နီ..

၄၈ လမ်း မီးလောင်မှုတွင် သေဆုံးခဲ့သူများမှာ မီးခိုးမွှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း.. ရှင်းလင်း (ရုပ်သံ)

Eleven Media Group
 
ဓာတ်ပုံ ပေါ်ပြူလာဂျာနယ်...
http://www.youtube.com/watch?v=nEntIYaadFM&feature=share  ရုပ်သံလင့်ခ်
၄၈ လမ်း မီးလောင်မှုတွင် သေဆုံးခဲ့သူများမှာ မီးခိုးမွှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆေးစစ်ချက်ရရှိပြီးဖြစ်၊ တိကျမှန်ကန်စွာ အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိ.. (ရုပ်သံ)

၁၅ကြိမ်မြောက် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများရဲ့ "ထွက်ပေါက်မရှာ ဖောက်ထွက်ပါ့လော့ "သံချပ်။ (တိုက်ပွဲခေါ် နှင့် မေတ္တာပို့)

၁၅ကြိမ်မြောက် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများရဲ
 "ထွက်ပေါက်မရှာ ဖောက်ထွက်ပါ့လော့ "သံချပ်။
 (တိုက်ပွဲခေါ် နှင့် မေတ္တာပို့)
 ဒေါင်းလုပ်ရယူရန်လင့်ခ်  
http://www.mediafire.com/?2ojc26z6ir82u97 အပိုင်း(၁)
http://www.mediafire.com/?2hjasnhcaxcvfyn အပိုင်း(၂)