ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း တိုကျိုနှင့် ကျိုတိုမြို့များ၌ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများအား တွေ့ဆုံမည်..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း တိုကျိုနှင့် ကျိုတိုမြို့များ၌ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများအား တွေ့ဆုံမည်..
တိုကျိုမြို့နဲ့ ကျိုတိုအရပ်ရှိ မြန်မာနိုင်ငံမိသားစုများနှင့်
တွေ့ဆုံပွဲ နေ့ရက်၊ နေရာ၊ အချိန်...

ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ လာမည့် ဧပြီလ ၁၃ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခုခရီးစဉ်ဟာ ၁၉၈၅ခုနှစ် ၁၉၈၆ခုနှစ်အထိ ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ်မှာ မြန်မာ့နိုင်ငံရေး သမိုင်းပြုစုရေးသားခဲ့တဲ့ ၉လတာခရီးစဉ်နောက်ပိုင်း ပထမဦးဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်..။

ဂျပန်နိုင်ငံသို့ ၁၃ရက်နေ့ စနေနေ့ မနက်ပိုင်းမှာ ရာက်ရှိလာမှာဖြစ်ပြီး ညနေပိုင်းမှာ တိုကျိုရှိ မြန်မာမိသားစုများနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်..။

၁၅ရက်နေ့မှာတော့ ဂျပန်အနောက်ပိုင်းရှိ ဒေါ်အောင်ဆန်းစုကြည် စာတမ်းပြုစု တက်ရောက်ခဲ့ရာ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် ကျိုတိုတက္ကသိုလ်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံအနောက်ပိုင်းရှိ မြန်မာမိသားစုများ၊ ဂျပန်တက္ကသိုလ်ကျောင်းသား၊ ဂျပန်နိုင်ငံသားများအား ထပ်မံလက်ခံတွေ့ဆုံမှာ ဖြစ်ပါတယ်..။

တိုကျိုနဲ့ ကျိုတိုခရီးစဉ် တွေ့ဆုံပွဲ အချိန်၊ နေရာ၊ နေ့ရက်ကို အောက်မှာကြည့်ရှု နိုင်ပါတယ်...။

တိုကျိုမြို့တွေ့ဆုံပွဲ အစီအစဉ်..
နေ့ရက်... ဧပြီလ ၁၃ ရက်နေ့ 
နေရာ... SHIBUYAမြို့ရှိ Belle Salle Shibuya Garden
လိပ်စာ.. အထက်ပါဓာတ်ပုံတွင် ကြည့်ပါရန်...

အချိန်... ညနေ ၄နာရီမှာ စတင်ကျင်းပမည် ဖြစ်သော်လည်း
နေ့လည် ၂း၀၀ နာရီမှ ၃း၃၀ နာရီအတွင်း အခမ်းအနားမစမှီ ကြွရောက်ပါရန်..။ မေတ္တာရပ်ခံအပ်ပါသည်။ ဝင်ကြေး.... တဦးလျှင် ယန်းနှစ်ထောင် ကောက်ခံမည်ဖြစ်ပါသည်။

ကျိုတိုမြို့ ကျိုတိုတက္ကသိုလ် တွေ့ဆုံပွဲ အစီအစဉ်..
နေ့ရက်... ဧပြီလ ၁၅ရက်နေ့

(၁)မနက်၉း၄၅ Kyoto kyoiku Bunka Center သို့ရာက်ရှိမည်..။

(၂)မနက်၉း၅၀မှ၁၀နာရီအထိ ဂျပန်ရိုးရာ ယဉ်ကျေးမှု ရေနွေးကြမ်းဖြင့် ဧည့်ခံမည်..။

(၃)မနက်၁၀း၀၀နာရီမှ ၁၀း၅၅အထိ မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း မေးခွန်းများဖြေဆိုမည်..။

(၄) မနက်၁၀း၅၅တွင်  Kyoto kyoiku Bunka Center မှပြန်လည်ထွက်ခွာမည်...။

ဓာတ်ပုံ၊ ကိုမြသိန်း

ဒီမိုဝေယံ..