ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်နေအိမ် ပြတိုက်ဖွင့်ပွဲ အခမ်းအနားနှင့် ဦးသန့်၏ နေအိမ်မြင်ကွင်း ၁၉၆၇ခုနှစ် ရုပ်သံဖိုင်..




 တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ ဖ.ဆ.ပ.လ အစိုးရ လက်ထက်တွင် အတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်စဉ် နေထိုင်ခဲ့သည့် ရွှေတာင်ကြား ပန်းဝါလမ်းရှိ နေအိမ်အား ဦးသန့်ပြတိုက်အဖြစ် ဖွင့်လှစ်ရန်အတွက် ပြန်လည် ပြင်ဆင်လျက်ရှိရာ ဧပြီလ ၆ရက်နေ့တွင် အကြို ဖွင့်လှစ်ခဲ့သည်။

သတင်း.. The Voice Weekly
ဓာတ်ပုံ... Popular Journal
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၏ နေအိမ်မြင်ကွင်း ၁၉၆၇ခုနှစ် ရုပ်သံဖိုင်..

ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဗမာပြည်သား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၏ နေအိမ်အား ပြတိုက်ဖွင့်လှစ်ခြင်း အခမ်းအနား ယနေ့ ပြုလုပ်ခဲ့ပါတယ်..။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့် သက်ရှိထင်ရှား ရှိစဉ် ၁၉၆၇ခုနှစ် ဖေဖော်ဝါရီလက မိခင်ကြီးကို လာရောက် ဂါရဝပြုစဉ်က မြင်ကွင်းနဲ့ ထိုစဉ်က ဦးသန့်ရဲ့ မိသားစုမြင်ကွင်း ရုပ်သံဖိုင်ပါ။

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် ခေတ္တ အလည်အပတ် ပြန်ရောက်ချိန် အဆိုပါ ၁၉၆၇ခုနှစ်ဟာ သမိုင်းတရားခံ ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ၅နှစ်ပြည့်ခါနီး အချိန်အခါဖြစ်ပါတယ်..။ ကမ္ဘာကျော်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့် ၁၉၆၇ခုနှစ်က ခေတ္တ မြန်မာပြည်ပြန်လာတဲ့ အချိန် ထိုစဉ်က ရန်ကုန်မြို့မှာ ဦးနေဝင်းကို တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်သာ ဆိုသလို ဦးသန့်ရဲ့ ကျော်ကြားမှုကို မနာလို မရှုစိမ့် ဖြစ်နေတဲ့ ဦးနေဝင်းဟာ ငပလီသို့ အပန်းဖြေခရီးထွက်တယ် ဆိုပြီး ရှောင်သွားခဲ့ပါတယ်..။ ဦးသန့်ဟာ ငပလီသို့ သွားရောက် လိုက်လံ တွေ့ဆုံခဲ့ပေမယ့်လည်း ဦးနေဝင်းဟာထပ်မံ ရှောင်လွှဲခဲ့ပါတယ်..။

သမိုင်းလိုအပ်ချက်အရ ကမ္ဘာကျော် ခေါင်းဆောင်တွေ ပေါ်ထွန်းလေ့ရှိတဲ့ အမိမြန်မာပြည်မှာ တပြိုင်တည်း တချိန်တည်းမှာပဲ ထိုကဲ့သို့ အာဏာရှင်များ ပေါ်ပေါက်လေ့ရှိတယ်ဆိုတာ ပြီးခဲ့တဲ့ အနေအထားတွေ မှာလည်း မြင်တွေ့ကြရမှာပါ.. ဖြစ်ပါတယ်..။

ဒီလိုအာဏာရှင်ခေတ်ဆိုတဲ့ အမှောင်ခေတ် အခြေအနေတွေ ပြန်လည်မပေါ်ပေါက်နိုင်အောင် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးစားသွားကြရမှာပါ..။

အများသိစေရန် ရုပ်သံဖိုင်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်..

ဒီမိုဝေယံ..