အမျိုးသားကျန်းမာရေးကွန်ယက်(NLD) အလှူငွေ သိန်းလေးထောင်ခန့်လက်ခံရရှိ
အမျိုးသားကျန်းမာရေးကွန်ယက်(NLD)အလှူငွေ သိန်းလေးထောင်ခန့်လက်ခံရရှိ
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေးကွန်ယက်ဖွဲ့စည်းရာတွင် အလှူငွေ
သိန်း ၄ ထောင်ခန့် လက်ခံရရှိခဲ့ကြောင်း ၎င်းကွန်ယက်၏ ဘဏ္ဍရေးနှင့် ရန်ပုံငွေ
ရှာဖွေရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းထံမှ သိရသည်။
မြန်မာငွေ သိန်း ၃၈၂၆ သိန်း၊ အမေရိကန်ဒေါ်လာ
၁၆၄၀၀ ၊ ယမ်းငွေ ၁ သိန်းကို လှူဒါန်းမှုအသီးသီးမှ
အမျိုးသားကျန်းမာရေးကွန်ယက်အတွက် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ
အမျိုးသားကျန်းမာရေးကွန်ယက် (NLD)ကို ၂၀၁၃ ဖေဖော်ဝါရီ ၉ ရက်နေ့တွင်
စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒု ဥက္ကဌ (၁)
ဒေါက်တာသန်းအေး၊ ၊ ဒု ဥက္ကဌ (၂ )ဒေါက်တာ ရွှေပုံ၊၊ ဒု ဥက္ကဌ (၃) ဒေါက်တာ
မြသော်၊ အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး နှင့် အဖွဲ့ဝင် ၉ ဦးဖြင့်
ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
အမျိုးသားကျန်းမာရေးကွန်ယက် (NLD)
ဖွဲ့စည်းရခြင်းသည် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး
အဆင့်အတန်းတိုးတက်မြင့်မားစေပြီး ကူညီဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း NLD
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပေါ်ပြူလာဂျာနယ်...