ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဘဘဦးတင်ဦး တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ BG သွေးအကူအညီပေးရေး အဖွဲ့ရဲ့ သင်တန်းများ ဖွင့်လှစ်ပွဲ အခမ်းအနား..

9.3.2012 တနင်္လာနေ့ နံနက် 11း00က တောင်ဒဂုံမြို့ -19 ရပ်ကွက် ၊ မြရည်နန္ဒာလမ်း၊ NLD-BG ၏ ပထမအကြိမ်း ဆံပင်ညှပ်သင်တန်းနှင့် တတိယအကြိမ် စက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီး ဦးတင်ဦးနှင့် NLD-BG တာဝန်ခံ ကိုညီညီတို့ စတင်ဖွင့်လှစ်ခဲ့ပြီး ဘဘတင်ဦးမှ လူငယ်များအတွက် ပညာရေးကွန်ယက်၊ နိုင်ငံရေးကွန်ယက်၊ လူမှုရေး ကွန်ယက်များအကြောင်း မိနစ်သုံးဆယ်အကြာ ပြောကြားသွားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ NLD-BG ကွန်ယက်များဖြစ်ကြသော မြောက်ဥက္ကလာ NLD -BG_ အင်းစိန် NLD -BG ၊ တိုက်ကြီး NLD -BG၊ လူငယ် တစ်ရာခန့် တက်ရောက်အားပေးခဲ့ကြပြီး အဖွဲ့ချုပ်နာယကကြီး ဘဘတင်ဦး၏ မိန့်ခွန်း သြ၀ါဒများကို နာခံယူခဲ့ကြပါသည်။ ထို့နောက် ဘဘတင်ဦးမှ 2012ကြားဖြတ် ရွေးကောက်ပွဲတွင် အောင်နိုင်ရေး သီချင်းများအား ဖြစ်မြောက်အောင် ကြိုးစားအားထုတ်ခဲ့ကြသော တေးရေးဆရာ ကိုသားဖေထင်နှင့် တီးဝိုင်းဆရာ ကိုဝင်းကျော်၊ NLD-BG လူငယ်များဖြစ်ကြသော အဆိုတော်များအား လက်ဆွဲနှုတ်ဆက်ပြီး လူငယ်များအား အားပေး ၀မ်းမြောက်စကားများ ပြောကြားခဲ့ပါတယ်။ ထို့နောက် ဆင်အကများဖြင့် NLD -BG အောင်နိုင်ရေး သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး နေ့လည်123း0 တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ကြွရောက် လာကြသော ဧည့်ပရိသတ်များအားလည်း NLD -BG မှ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ ခေါက်ဆွဲကြော်၊ ထမင်းများဖြင့် ဧည့်ခံပြီး ညနေပိုင်း 3း00 တွင် NLD -BG တွင် ကွန်ပျူတာ သင်တန်းကျောင်းသား ကျောင်းသူများ၊ ယဉ်ကျေးလိမ္မာ ကျောင်းသား၊ ကျောင်းသူများ၊ စက်ချုပ်သင်တန်း ကျောင်းသူများ၊ လမ်းပေါ်ရောက် အမှိုက်ကောက် ကလေးငယ်များ၊ NLD -BG တာဝန်ခံ ဆရာ ဆရာမတို့ NLD -BG ကျောင်းရှေ့တွင် NLD -BG အတာသင်္ကြန် အကြိုရေများပက်ဖျန်းကာ ညနေပိုင်း 6း00 အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်..။
မေမေ့သား -ညီငယ် လင်းဆက် ပေးပို့ပါသည်..