မြစ်ဆုံနှင့် သံသယဖြစ်ဖွယ် စာနှစ်စောင်ဆိုပြီး ကိုမျိုးသန့်ရဲ့ အမှားအမှန် ရှင်းလင်းတင်ပြချက်..
ယနေ့ဒီမိုဝေယံမှ တင်ထားခဲ့တဲ့ တရုတ်(CPI) ကုမ္ပဏီမှ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးစာအား ၃ရက်နေ့ ညပိုင်က တင်ပြခဲ့ပါတယ်..။ ထိုကဲ့သို့ တင်ပြခဲ့ပြီး လေးရက်နေ့ နေ့လည်လောက်မှာတော့ အလားတူ၊ နေ့စွဲ ရက်စွဲတူ စာတစောင် တက်လာပြန်ပါတယ်..။ ယင်းစာနှစ်စောင်နဲ့ ပတ်သက်ပြီး ကိုမျိုးသန့်ဖေ့စ်ဘွတ်မှာ သုံးသပ်ထားတာလေးကို တင်ပြလိုက်ပါတယ်..။
မြစ်ဆုံနှင့် သံသယဖြစ်ဖွယ် စာနှစ်စောင်
by Myo Thant on Wednesday, April 4, 2012 at 7:37pm ·
မြစ်ဆုံနှင့် ပတ်သက်သည့် သံသယဖြစ်ဖွယ် စာနှစ်စောင် အင်တာနက်မှာ ပျံ့လျက်ရှိပါတယ်။ ဒီကိစ္စကို ကျနော် လေ့လာမိသလောက် သံသယဖြစ်ဖွယ် အချက်များကို တင်ပြပေးပါမယ်။
ပထမဆုံး ကျနော် ပုံနှစ်ပုံရဲ့ ကွာခြားချက်ကို ဖေါ်ပြပေးပါမယ်။ ပုံတွေကို Myitsone1 နဲ့ Myitsone2 ဆိုပြီး နာမည် ပေးထားပါတယ်။
ပုံ ၁ နဲ့ ၂ တို့ကို ယှဉ်ကြည့်ရင်
ထူးခြားချက် (၁) ပုံတွေပေါ်မှာ Right click နှိပ်ပြီး Porperties ခေါက်ပြီး Detalis ကိုကြည့်တဲ့အခါမှာ ပုံ ၁ ဟာ Photoshop နဲ့ လုပ်ထားကြောင်း ထင်ရှားပါတယ်။

ထူးခြားချက် (၂) ပုံ ၁ ဟာ Myanmar3 fonts ကို သုံးထားပြီး၊ ကိုယ်လိုရာကို ပြန်ရိုက်ထားပုံရပါတယ်။
ထူးခြားချက် (၃) တရုတ်တံဆိပ်တုံး အနီရောင်ကို Photoshop နဲ့ လုပ်လို့ရနိုင်တယ်။
ထူးခြားချက် (၄) မှင်အပြာနဲ့ လက်မှတ်ထိုးထားမှု၊ ဒီကိစ္စက လက်မှတ် အတုထိုးလို့ရနိုင်တယ်။
ထူးခြားချက် (၅) ရုံးတံဆိပ်တုံးကို (သာမန်အားဖြင့်) အလယ်တည့်တည့်မှာ ရိုက်လေ့မရှိ။

ပုံ (၁) အပေါ်ပုံက ယနေ့ Facebook မှာတက်လာတဲ့ပုံ..
ပုံ(၂)၏ ထူးခြားချက်
ထူးခြားချက် (၁) ရုံသုံး Font ကို အသုံးပြုထားပါတယ်။
ထူးခြားချက် (၂) ရလာတဲ့စာကို Scan ဖတ်ထားပုံရပြီး Scan ဖတ်ခြင်းကြောင့် အမဲကွက်တွေ ထင်နေတယ်။

ပုံ (၂) (ဒီမိုဝေယံ Facebook) ပုံ
ပထမတုန်းက ပုံတွေကို သေချာမလေ့လာဘဲ ပုံ ၂ ဟာ အတုဖြစ်တယ်လို့ ကျနော်ပြောခဲ့သည်ကို ဤစာဖြင့် ပြန်လည် ရုပ်သိမ်းလိုက်တယ်။ ကျနော့်ယူဆချက် သက်သက်သာဖြစ်ပါတယ်။ နှစ်ခုလုံး အစစ်လည်း ဖြစ်နိုင်ပါတယ်။
မျိုးသန့်