ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကော့မှူးမြို့ ၊ အမေ့အလင်းရောင်(ပညာဒါန) ကျောင်းဆောင်သစ်ဖွင့်ပွဲ (၈.၄.၁၂)

 ကော့မှူးမြို့ ၊ အမေ့အလင်းရောင်(ပညာဒါန) ကျောင်းဆောင်သစ်ဖွင့်ပွဲ (၈.၄.၁၂)

အလှူရှင်များအားလုံး သာဓုခေါ်ပါရန်။

;ကော့မှူးမြို့ ၊ အမေ့အလင်းရောင်(ပညာဒါန)ကျောင်းလေးဟာ မူလတန်းမှ အလယ်တန်းထိ ကျောင်းသား ကျောင်းသူပေါင်း(၁၂၁) ယောက်ကို စေတနာဆရာ (၁၃) ယောက်တို့ဖြင့် (၂၀၁၁- ၂၀၁၂)ပညာသင်နှစ်အတွက် သင်ကြားပြသ ပေးခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ ကျောင်းတာဝန်ခံ ဒေါ်သန်းလှ၏ ကိုယ်ပိုင်မြေကွက်အား ကျောင်းဆောက်လုပ်ရန် လှူဒါန်းခဲ့ပြီး ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေကျပ်သိန်း(၅၀)ခန့်ဖြင့် ကျောင်းဆောင် သစ်ကို ဆောက်လုပ်ခဲ့ရာ အောင်မြင်စွာပြီးစီးခဲ့ပါပြီ။

ကျောင်းဆောင်သစ်ဖွင့်ပွဲကို ( ၈.၄.၁၂ )တနင်္ဂနွေနေ့ က ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် ပညာရေးကွန်ရက်မှ တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက် ဖွင့်လှစ်ခဲ့ကြပါသည်။

ကျောင်းဆောင်သစ် အောင်မြင်စွာ ဆောက်လုပ်ပြီးစီးခဲ့သော်လည်း စာရေးစားပွဲ နှင့် ထိုင်ခုံအစုံ (၄၀)ခန့် လိုအပ်လျှက် ရှိနေပါသေးသည်။ တစ်စုံလျှင် သစ်ဖိုးနှင့် လက်ခအပြီး (၃၀၀၀၀) ကျပ်ကုန်ကျမည် ဖြစ်ပါသည်။ အလှူရှင်များ စေတနာ တတ်အားသ၍ ပါဝင် လှူဒါန်းနိုင်ပါသည်။

(၂၀၁၂- ၁၃) ပညာသင်နှစ် အတွက်လည်း ကျောင်းသားသစ်များကို စတင်လက်ခံနေပါပြီ။

ကျောင်းလိပ်စာ
အမေ့အလင်းရောင်(ပညာဒါန)ကျောင်း
ဆုတောင်ပြည့်ဘုရားလမ်း
ဘုရားလမ်းရပ်ကွက်၊ ကော့မှူးမြို့ ။

ပညာရေးကွန်ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်