ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ တိုကျိုမြို့မှာ ကျင်းပ ပြုလုပ်တဲ့ (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ မှတ်တမ်း ဓာတ်ပုံများနှင့် အိုင်တီတိုကျိုရဲ့ သင်္ကြန်တေးသီချင်း ရုပ်သံ..

ယနေ့ ရာသီဥတု သာယာကြည်လင်တဲ့ တိုကျိုမြို့ရဲ့ အထင်ကရ Gin Za ရပ်ကွက်ရှိ Hibya ပန်းခြံမှာ အစဉ်အလာ မပြတ် (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်အား ကျင်းပပြုလုပ်ခဲ့ပါတယ်...။ နှစ်စဉ်နှစ်တိုင်း ဖျော်ဖြေပါဝင်နေကြ ဂီတဝါသနာရှင်များရဲ့ ဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ယိမ်းများ၊ အစဉ်အလာမပြတ် တိုကျိုမြို့မှ နာမည်ကြီး မင်္ဂလာဒိုးအဖွဲ့တို့မှ ကြွရောက်လာသော ပရိသတ်များအား ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်...။ အမိမြန်မာပြည် အမှတ်တရ မြန်မာ့ရိုးရာ အစားအသောက် ဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ယခုနှစ် ၂၁ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအား မြန်မာ၊ ဂျပန်နှင့် နိုင်ငံအသီးသီးမှ ပရိသတ် ၁၀၀၀ကျော်ခန့် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်..။

အိုင်တီတိုကျိုသင်္ကြန်မှ သင်္ကြန်ချစ်တဲ့ ဂီတဝါသနာရှင်များရဲ့ ဖျော်ဖြေသီဆိုမှုများ.. ရုပ်သံ.... ကိုသော်၊ ကိုထွန်းလွင်၊ ကိတ္ထိမ၊ ကိုအောင်သူ)
 တိုကျိုမြို့လယ် အထင်ကရ ဘုရင့်နန်းတော်၊ Ginza အရပ်မှာရှိတဲ့ ယနေ့ သင်္ကြန်ပွဲ ကျင်းပြုလုပ်ရာ
 Hibiya ပန်းခြံမြင်ကွင်း