ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မဲပြားများပေါ်တွင် ဖယောင်းသုတ်သည့်ကိစ္စ မော်လမြိုင် ရွေးကောက်ပွဲ ကော်မရှင်စုံစမ်းမည်..

မဲပြားများပေါ်တွင် ဖယောင်းသုတ်သည့်ကိစ္စ မော်လမြိုင် ရွေးကောက်ပွဲ ကော်မရှင်စုံစမ်းမည်..
ဧပြီလ(၅)ရက်နေ့က မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ မော်လမြိုင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်ခင်ဌေးကြွယ်သို့ အကြောင်းကြားစာ ပေးပို့ လာပါတယ်..။ စာပါအကြောင်းအရ မဲပြားများပေါ်တွင် ဖယောင်းသုတ်သည့်ကိစ္စ ကော်မရှင်တခု ပြုလုပ်၍ စုံစမ်းမည်ဖြစ်ပြီး လိုအပ်ပါက ပူးပေါင်းဆောင်ရွက်ပေးရန် ဖြစ်ပါတယ်။ မော်လမြိုင်အဖွဲ့ချုပ်မှလည်း မော်လမြိုင် (၆) နယ်မြေမှ ဖယောင်းသုတ်သည့် အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မဲပေးမရသည့် မဲပြားကိုလည်း ပြန်လဲလှယ်ခွင့်မရ အခုလို တိုင်ကြားခြင်းဖြစ်ပါတယ်။ ယခုကဲ့သို့ ပြန်စုံစမ်း စစ်ဆေးပေးမယ် ဆိုရင်တော့ ပယ်မဲပြား များကိုအဓိက စစ်ဆေးပေးမယ်လို့ ထင်မြင်မိပါတယ်။
ဧပြီလ(၅)ရက်နေ့က မော်လမြိုင် လှိုင်နယ်မြေ ရွေးကောက်ပွဲ အောင်မြင်ပွဲအလှူ..
ဧပြီလ(၅)ရက်နေ့က မော်လမြိုင် လှိုင်နယ်မြေ အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးမှ ရွေးကောက်ပွဲ အောင်မြင်ပွဲ အထိမ်းအမှတ် အလှူအား ကျင်းပပြုလုပ်ခဲ့ပြီး ဒေသခံများအား ပဲကုလား ဟင်းနဲ့ ငါးခြောက်ကြော်ဖြင့် အလှူဒါနပြုခဲ့ကြောင်း သိရှိရပါတယ်..။

မော်လမြိုင်မဲစာရင်း
မဲပေးနိုင်သူပေါင်း-၁၅၈၃၂၁
မဲလာရောက်ပေးသူပေါင်း-
ပယ်မဲ-
ခိုင်လုံသောမဲ-၉၈၀၃၄
မေမေစု ခွပ်ဒေါင်း(NLD) -၇၁၄၈၀
ကြံ့ဖွံ့-၁၉၆၄၈
တစည-၄၈၂၄
မွန်-၂၀၈၂

သတင်း၊ ဓာတ်ပုံ မော်လမြိုင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)