ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအုပ်စု နှုံးတွင်းကျေးရွာမှ အရေးမယူသေးသည့် မဲမသမာမှု...


စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအုပ်စု နှုံးတွင်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ အမာခံ ဦးတင်မောင်ဆွေ ဆိုသူသည် 1/4/2012 နေ့ ဆန္ဒမဲပေးစဉ်က ၎င်းကိုယ်တိုင် အပြင်သူ၏ ဇနီးဖြစ်သူ အတွက်ပါ မဲလက်မှတ်(၂)စောင်ယူ၍ ထိုမဲလက်မှတ်(၂)ခုလုံးကို သူတဦးတည်း ဆန္ဒပြုရာ တရားမ၀င်သည့် အတွက် ခွင့်မပြုနိုင် ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက တားမြစ်သော်လည်း တိုင်ချင်ရာတိုင် ဘယ်သူကိုမှ ဂရုမစိုက်ဟု ပြောဆိုကြိမ်းမောင်း သွားသည်ကို NLDမှ ကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပါသည်။ 

ထိုသို့ကန့်ကွက်ပြီး မဲရုံမှုးမှ နည်းဥပဒေ(၅၃)အရ ကန့်ကွက်မဲစာရင်း နှင့်နောက်ဆက်တွဲ (ဃ)ဖြစ်စဉ် မှတ်တမ်းတွင် ဦးတင်မောင်ဆွေ ကိုယ်တိုင် ကိုယ်စားဆန္ဒပြုသည်ဟု ၀န်ခံကတိ လက်မှတ် ရေးထိုးသော်လည်း ယနေ့အချိန်ထိ အရေးယူ ဆောင်ရွက်ခြင်းမရှိသည့် အတွက် အများပြည်သူက တရားမျှတသော ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို မျှော်လင့်စောင့်ဆိုင်း နေကြကြောင်း သိရှိရပါသည်။