ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေညဝါသင်တန်းနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် အဆောက်အဦးများ ပြန်လည် တည်ဆောက်မည် ဖြစ်ပါ၍ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း...

လောကဓံကို ကြံ့ကြံ့ခံရင်း လောလောဆယ် ဆရာတော်သတင်း သုံးနေတဲ့ မှော်ဘီတဲကျောင်း..
ရွှေညဝါသင်တန်းနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် အဆောက်အဦးများ ပြန်လည် တည်ဆောက်မည်

နွေရာသီ ဓမ္မာစရိယနှင့် အဘိဓမ္မ္မာ ရွှေညဝါဆရာဖြစ်သင်တန်းကြီး (၁၁)ကြိမ်မြှောက်ဆက်လက်၍ ဖွင့်လှစ်ရန်နှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကြီးကို နေရာအသစ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သင်တောရိုးကျေးရွာ၌ အမြဲတမ်းဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် စာသင်ဆောင်/ ဘွဲ့နှင်းသဘင်ခန်းမနှင့် လိုအပ်သော အဆောက်အဦးများကို ရွှေညဝါဆရာတော်မှ ဦးဆောင်ကာ ပြန်လည် တည်ဆောက်မည် ဖြစ်ပါသည်။

အထက်ပါ အဆောက်အဦးများ၏ ခန့်မှန်းခြေ တန်ဖိုးပမာဏမှာ ကျပ်-သိန်းပေါင်း (၁၅၀၀၀) သောင်းငါးထောင်ကျော် ကုန်ကျခံ ဆောက်လုပ်သွားမည် ဖြစ်ပါကြောင်း ပြည်တွင်း/ပြည်ပ ဗုဒ္ဓဘာသာနွယ်ဝင် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား အသိပေးအပ်ပါသည်။

ဆက်သွယ်ရန် လိပ်စာ
ဦးသူရိယ( ရွှေညဝါ)
ဖုန်းး +၉၅၉- ၀၉၈၆၂၁၃၃၂ (မြန်မာ)
+၆၆ ၀၉၀၀၁၃၇၁၇၉ (ထိုင်း)
E-mail: shwenyawar@gmail.com
Ven.Indobhasa (ရွှေညဝါ)
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ဒု-ဥက္ကဋ္ဌ)
ဖုန်း ၀၈၇၅၀၀၉၅၇၆ E-mail: ven.indobhasa528@gmail.com