လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အပတ်စဉ်(၁)သင်တန်းဆင်းပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်ဖွံ့ဖြိုးရေးအစီအစဥ်အရအပတ်စဉ်(၁)သင်တန်းဆင်းပွဲကိုယနေ့ မွန်းလွဲ (၂) နာရီကရန်ကုန်မြို့၊အနောက်ရွှေဂုံတို င်လမ်းရှိအဖွဲ့ချုပ်ဌာနချုပ်သင်တန်းခမ်းမတွင်ကျင်းပခဲ့ သည်။
ထိုသင်တန်းကာလအတွင်းဖွဲ့ စည်းပုံအခြေခံဥပဒေ၊ စာရင်းအ င်းနှင့် ဘဏ္ဍာရေး၊ လူထုစည်းရုံးရေး ၊ဝေဖန် ပိုင်းခြား စဉ်းစားဆုံးဖြတ်ခြင်းနှင့် မီဒီယာန ည်းပညာ၊လူ့အခွင့်အရေး အစရှိသ ည့်ဘာသာရပ်များ သင်ကြားပို့ ချပေးခဲ့သည်။
ထိုသင်တန်းကာလအတွင်းဖွဲ
သင်တန်းဆရာများမှာ ဦးကိုနီ၊ ဒေါက်တာသိန်းလွင်၊ ဦးအောင်သိန်း၊ ဦးဌေးဦး၊ ဦးမိုးဇော်ဦး၊ ဦးထွန်းမြင့်၊ ဦးမျိုးမြင့်၊ ဦးလှထွန်း တို့မှာသင်ကြားပို့ချပေးခဲ့ ပြီးပြည်နယ်နှင့်တိုင်း(၁၃ )ခုမှ သင်တန်းသား(၅၄)ဦးကိုသ င်တန်း ကာလ(၁၅)ရက်ကြာသင်ကြား ပို့ချပေးခဲ့သည်။
သင်တန်းဆင်းပွဲသို့ အဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲဝင် ဦးဟံသာမြင့်(ပညာရေးတာဝန်ခံ )တို့မှ အမှာစကားပြောကြားပြီး သင်တန်းဆရာ၊ဆရာမများကိုယ်စား ဦးကိုနီ မှနှုတ်ခွန်းဆက်စ ကားပြောကြားသည်။
ထို့နောက်သင်တန်းမှထူးချွန်သောသင်တန်းသားများကိုအဖွဲချုပ်နာယကကြီး ဦးတင်ဦးနှင့် ဦးဟံသာမြင့် တို့မှဂုဏ်ပြုဆု များချီးမြှ င့်ပေးအပ်ခဲ့သည်။သင်တန်းသား များ ကိုယ်စားသင်တန်းသားနှစ် ဦးကကျေးဇူး တင်စကားပြန်လည်ေ ပြာကြားပြီး သင်တန်းသူ၊ သင်တန်းသားများက အဖွဲ့ချုပ်နာယကကြီးနှင့် သင်တန်းဆရာများကို ဂါ ရ၀ပြုကန်တော့ခဲ့ကြသည်။
အခမ်း အနားကို(၃)နာရီခွဲတွင် ရုတ်သိမ်းလိုက်သည်။ ထိုသင်တန်းများကိုအပတ်စဉ်အလိုက်ဆက်လက်ပို့ ချ သွားမည်ဟု သင်တန်းတာဝန်ရှိသူများကပြောကြားခဲ့သည်။ အခမ်းအနားပြီးဆုံးချိန်တွင် ကို ရဲလွင် ဦးဆောင်သော ပန်းရဲ့လမ်းအဖွဲ့မှ အဖွဲ့ချုပ်အား မိတ္တူကူးစက်တစ်လုံးလှူဒါန်းကာ တာ ၀န်ရှိသူများ ကလက်ခံခဲ့သည်။
သတင်း.၊ဓာတ်ပုံ.. National League for Democracy