ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ချိုတူးစာ မှ ပေးစာ

Cho Tu Zal
အပြင်က ကောင်တွေ နောက် မလိုက်ကြနဲ့ အထဲကကောင်တွေ. . .ရေ. . .

အပြင်ကကောင်တွေကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်၊ အဆင်းရဲမခံနိုင်လို့ သူများလက်ကိုင်တုတ်တွေ ဖြစ်ခဲ့ရ၊ 

ကိုယ့်လမ်းကိုယ်မလျှောက်နိုင်ဘဲသူများကြိုးဆွဲရာ က ခဲ့ကြတာ နှစ် ၂၀ ကျော်ကြာခဲ့တယ်။




အဲဒီ သင်ခန်းစာ ကို အထဲကကောင်တွေ ယူနိုင်ပါစေဗျား။

နာရေးကူညီမှုအသင်း အနေနဲ့ ကိုကျော်သူ၊ မရွှေဇီးကွက်တို့ အမေရိကားကို ပထမဆုံး လာတော့၊ လာတွေ့သမျှ အဖြူတွေ၊





ြ
မန်မာတွေ ပြောလိုက်ကြတဲ့၊ ပရိုပိုဆယ်လ်တွေ၊ပရောဂျက်တွေ ပလူပျံနေတယ်။ ဒါတွေကို လက်မခံဘဲ၊ ပြည်သူ့အားနဲ့ပဲ 

ရပ်တည်ဖို့၊ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တဲ့ ကိုကျော်သူနဲ့မရွှေဇီးကွက်တို့ကို ကျေနပ်အားရမိတယ်။


မျိုးစေ့မှန်အပင်သန်တယ် ဗျ။

ပြည်သူ့အားသက်သက်နဲ့ နာရေးကူညီမှုအသင်းရပ်တည်ခဲ့တာ ကြာပေါ့။

အကြောင်းကြောင်း အထွေထွေ ရှိမှာပါပဲ။ ဒါပေမယ့် လိုရင်းကတော့ သူ့ပိုက်ဆံယူရင် သူ့ကို အနည်းဆုံး နေရာပေးရတော့မယ်။


လာရင် ခရီးဦးကြိုပြုရမယ်။ နေရာထိုင်ခင်းပေးရမယ်။ ဧည့်ကောင်းဆောင်ကောင်း စာရင်းသွင်းရမယ်။


အဲဒီလို ခင်ဗျားတို့ ဧည့်ခံနေချိန်မှာပဲ ခင်ဗျားတို့ ဆင်းရဲကြပ်တည်းထောင်ထဲမှာ ရှိနေတုန်းက ခင်ဗျားတို့ကို မျှော်လင့်ချက်ကြီးစွာ





 ေ
စာင့်မျှော်ခဲ့တဲ့သူတွေ၊ ခင်ဗျားတို့ကို ထွက်လာလာချင်း ခရီးဦးကြိုပြုခဲ့တဲ့သူတွေဟာ အဲဒီခင်ဗျားတို့က ခရီးဦးကြိုပြု

 နေရာထိုင်ခင်းပေးနေသူတွေရဲ့ အဖိအနှိပ်အသတ်ဖြတ်တွေကို အဲဒီအချိန်မှာပဲ ရင်ဆိုင်နေရသေးတယ်။


ဒုက္ခသည်စခန်းထဲက ကလေးတယောက်ရဲ့ မျက်လုံးထဲမှာ ခင်ဗျားတို့ကို နာကြင်စရာ မမြင်မိစေချင်ဘူး။

ဒီလိုရေးရတာ ရင်နာတယ်။စီးပွားရေး လုပ်ပါ၊


ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် ကြိုးစားပါ လို့ပဲ ထပ်တလဲလဲ တိုက်တွန်းလိုက်ပါတော့မယ်။


အမေရိကန်တခွင် လှည့်လည်ပြီး နောက်ဆုံး ပြောမိတာ ၈၈ မျိုးဆက်တွေ ဆင်းရဲလို့
တော်လှန်ရေး ကျဆုံးရတာ လို့။




တကယ်တမ်း က ပိုက်ဆံဆင်းရဲတာထက်၊ နိုင်ငံရေးကိုယ်ခံအား မဆင်းရဲဖို့လိုတယ်။


ဆင်းရဲဒဏ်ကို လူတွေ ခံနိုင်တယ်။ ချမ်းသာဒဏ်ကို ခံနိုင်ဖို့က ပိုခက်တယ် ဆိုတာမမေ့ပါနဲ့ဗျာ။

ကမ္ဘ္ဘာပေါ်က တော်လှန်ရေးတော်တော်များများဟာ ကျည်ဆံနဲ့ချည်း အဖြိုခွင်းခံခဲ့ရတာ 
မဟုတ်ဘူး။

 ပိုက်ဆံထုတ်တွေ ဒေါ်လာတွေနဲ့လည်း ဖြိုခွင်းခံခဲ့ရတယ် ဆိုတာ သတိပြု။


ချိုတူးဇော်