ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ မနက် ၅နာရီ ၃၈မိနစ်က ဗုဒ္ဓဂါယာတွင် အရပ်လုပ် လက်လုပ်ဗုံး လေးလုံးပေါက်ကွဲ...

ဒဏ်ရာရဆရာတော် ဦးဝိလာသက္ခ
ယနေ့ မနက် ၅နာရီ ၃၈မိနစ်က ဗုဒ္ဓဂါယာတွင် အရပ်လုပ် လက်လုပ်ဗုံး လေးလုံးပေါက်ကွဲ.. မြန်မာဘုန်းတော်ကြီး တပါးနှင့် တိဘက်လူမျိုးတဦး ဒဏ်ရာရ

 ကြားသိရသော သတင်းများအရ
မဟာဗောဓိပင် ကိုင်းတကိုင်း ကြိုးသွားပြီး၊ လင်းလွန်းပင်နားတွင်လည်း တလုံးပေါက်ကွဲသည် ဆိုသည်..။ သတင်းများ ဆက်လက် စုံစမ်းနေပါသည်..။
ဒဏ်ရာရ ဆရာတော်ဓာတ်ပုံနှင့် သတင်း ရွှေဝါရောင် နန္ဒာစရိယ ပေးပို့သည်..။

ယနေ့ ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု သတင်းသည် ဗုဒ္ဓဘာသာဝင်နိုင်ငံများ အားလုံးနှင့် သက်ဆိုင်သည့်အတွက် ဗုဒ္ဓဘာသာနိုင်ငံ အစိုးရများနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့ ဖြေရှင်းကြမှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေ မေတ္တာတရား လက်ကိုင် ထားကြဖို့ အထူး မေတ္တာရပ်ခံအပ်ပါတယ်...။


သတင်းမီဒီယာများ ဗုဒ္ဓဂါယာရှိ Magadh University မှာတက်ရောက် သင်ကြားနေတဲ့ အရှင်နန္ဒာစရိယအား မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ်... +၉၁၇၇၈၃၈၉၈၃၂၉
သတင်းများ စုံစမ်းမေးမြန်း နိုင်ပါကြောင်း... Viberနဲ့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်..။


ဒီမိုဝေယံ

ဓာတ်ပုံများ အိန္ဒိယနိုင်ငံ ဂါယာတက္ကသိုလ်မှ ရွှေဝါရောင် အရှင်နန္ဒာစရိယ ပေးပို့သည်..။
မြန်မာပြည်သူများ သတင်းမှန်များ  ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းပြီး  ငြိမ်းချမ်းစွာဖြင့် ဖြေရှင်းကြရန် မေတ္တာရပ်ခံပါသည်..။


Hindustan Times ပါသတင်း ဘာသာပြန်

ယနေ့ နံနက် အစောတွင် ဗုဒ္ဒဂါယာ ဘီဟာရှိ ဘုရားကျောင်းတွင် အနည်းဆုံး ဗုံး ၄လုံးပေါက်ကွဲပြီး လူနစ်ဦးဒါဏ်ရာရခဲ့ပါတယ် ။

တွီဗွီ သတင်းနင့် အစိုးရ၏ အတည်ပြုချက်အရ ဗုံးတွေဟာ လက်လုံး ကုန်ကြမ်းများသုံးထားသော ဗုံးများဖြစ်ပါတယ် ။

အချိန် အအခြေအနေ ကြောင့် ထိခိုက်ဒါဏ်ရာရသူနည်းပါး သလို အဆောက်အဦးများ ထိခို်က်မှုမရှိခဲ့ပါ။

ဗုဒ္ဒဂါယာသည် ဘီဟာပြည်နယ်တွင် ဘုရားဖူးများအများဆုံးလာရာ ဒေသ ဖြစ်သည့်အပြင်၎င်းပြည်နယ်၏ အဓိက ကမ္ဘာလှည့် ခရီးသည် လာရောက်တဲ့ အရေးပါသော နေရာလည်းဖြစ်ပါသည် ။

သတင်းများအရ ဗုဒ္ဓဂါယာသည် အလေးအထားရဆုံး ဒေသဖြစ်သည့်အတွက် တနှစ်ပတ်လုံး လုံခြုံရေး အလုံအလောက် ချထားပါသည်။

ဘုရားဖူးများ ဘုရားပရဝဏ်အတွင်းမဝင်မှီ အသေအချာ စစ်ဆေးပါသည်။

ဗုံးပေါက်ကွဲရာနေရာ တွင် ဒေသဆိုင်ရာအာဏာပိုင်များသည် ဗုံးပေါက်ရခြင်းအကြောင်းရင်းကို ရှာဖွေဖေါ်ထုတ်နေသလို လုံခြုံရေး၏ လစ်ဟင်းချက် ကိုလဲ စစ်ဆေးနေကြပါသည်။

ဘာသာပြန် ဆရာလှိုင်မြင့်၊ ဒီမိုဝေယံ
At least four explosions rock temple in Bihar's Bodhgaya
At least four explosions were reported from a temple in Bihar's Bodhgaya on Sunday morning, causing minor injuries to two people.

According to TV reports, authorities confirmed that the explosions were local in nature and crude bombs had been used for the blasts.

Further, due to the timing of the blasts only minimal damage has been caused. No structural damage has been reported from the temple.

Mahabodhi is the one of the most important Buddhist pilgrimage centres in Bihar and is also the state's most important tourist spot.

According to reports, Bodhgaya is a high priority area throughout the year and thus, there is always an adequate amount of security cover there.

Pilgrims are thoroughly checked before they enter the temple's premises.

Local administration is on the spot of the blast and is trying to investigate the cause

http://www.hindustantimes.com/India-news/Bihar/At-least-four-explosions-rock-Mahabodhi-temple-in-Bihar-s-Bodhgaya/Article1-1088481.aspx