ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နေသာသလို နေပါကွာ ဒီကရတယ်...

နေသာသလို နေပါကွာ ဒီကရတယ်...

ဒေါက်တာလှိုင်မြင့်မှ ဒီရေလျှပ်စစ်စွမ်းအား စမ်းသပ်ထုတ်လုပ်မှုအား သမ္မတနှင့် အစိုးရလူကြီးများအား ပြသရန် သမ္မတနီးစပ်သူများမှ တဆင့် ဆက်သွယ်ကြိုးစား လုပ်ဆောင်သော်လည်း ယနေ့ထက်တိုင် အကြောင်းမပြန် နှောင့်နှေးကြန့်ကြာ နေပါတယ်..။
ရေမလာရင် မသေချာတဲ့ ပြည်သူတွေ ဝမ်းပူနေ ခေတ်မှာ နေသာသလို မနေနိုင်လို့ ဒီမိုဝေယံ ရေးသားတင်ပြလိုက်ပါတယ်..

အခုတစ်ပတ်ထဲ ဒီရေ လျှပ်စီးစွမ်းအားအတွက် ကြိုးစားလုပ်ဆောင်နေတဲ့ ဒေါက်တာလှိုင်မြင့်ဆီ ဖုံးဆက်မေးမြန်းကြည့်မိတယ်..။ အောင်မြင်ရင် တို့တိုင်း တို့ပြည်ကြီး တိုးတက်မယ့် စမ်းသပ် လုပ်ဆောင်ချက်ဆိုတော့ တိုင်းသူပြည်သားတွေနဲ့ အားလုံးသက် ဆိုင်နေတာကိုး...။

ခရီးရောက်မဆိုက် ခုပဲ ဘိုကလေးဘက်က သူ စမ်းသပ်နေတဲ့ ဒီရေလျှပ်စစ်ထုတ်လုပ်ရေးကနေ သူစမ်းသပ်ပြီးပြန်လာတာပါတဲ့။ စက်ရဲ့ ဝန်ရုံးအားကို တိုင်းတာကြည့်တယ်။ သူရဲ့ညီ အင်္ဂျင်နီယာ ကိုစက်အားကို တွက်ခိုင်းနေပါတယ်တဲ့။

သေချာတာကတော့ သူ့တည်ထွင်ထားတဲ့ ရေအားလျှပ်စစ် စက်လည်ပတ်နေတာကို နိုင်ငံတော် လူကြီးတွေကို ပြသပြီး ရေမြောင်းငယ်လေးတစ်ခုမှာ အခိုင်အမာစက်ထိုင် လျှပ်စစ်ထုတ်လုပ်ချင်နေပါပြီတဲ့။ ဒီအတွက်အစိုးရဆီက စက်ဆောက်ခွင့် လိုအပ်လာတယ်လို့ သိရတယ်..။

သမ္မတဆီကိုသူ့ အဆက်အသွယ်တွေ ဆီကနေ တင်ပြဖို့ ကြိုးစားနေတယ်တဲ့။ ခက်တာက ကျုပ်တို့ပြည်ကြီးကလဲ သိတဲ့အတိုင်း စိုင်းထီးဆိုင် သီချင်းလို ♫ ♫ ♫မပြောင်းလဲပါ မပြောင်းလဲ♫ ♫ ♫ပါပေါ့..။ တိုင်းပြည်ရဲ့ အဓိကလိုအပ်ချက် Energy အတွက် ကြားခံ ဘာညာ တွေကလဲ တံစိုးလက်ဆောင်မပါရင် Energy မထွက်တတ် ခေတ်က ဆက်လက်ဖွံ့ဖြိုးတိုးတက်ဆဲပေါ့..။

သမ္မတနဲ့ ဆက်သွယ်ဖို့ခန့် ထားသူတွေကလည်း အင်နာဂျီ (စွမ်းအင်) ကိစ္စတင်ပြပေးဖို့  သူတို့ကိုယ်တိုင် အပိုင်းလေး ဆောင်ပုဒ်အတိုင်း အပေးလိုင်းအတွက် Energy လိုနေကြလေသလားတော့ မသိ။ ဆရာလှိုင်မြင့်ကတော့ လူပြတ်။ လာဘ်ထိုးတာဟာလဲ ပြစ်မှုတဲ့။ မလုပ်ရရင်နေပေစေ။ လာဘ်ကတော့ မထိုးရေးချာမထိုးတဲ့။ နောက်ဆုံး ဘယ်သူတွေ နစ်နာလဲ စဉ်းစားသာကြည့်ပေါ့...။ နိုင်ငံတကာနဲ့ မတူတဲ့ ဒီရေလျှပ်စစ် နည်းပညာလည်းရှိနေပြီ စမ်းသပ်အောင်မြင်နေပြီ ဒါတောင်မှ ကြားကလူတွေ တုတ်တုတ်တောင် မလုပ်ကြတဲ့ဗျို့...။

တိုင်းပြည်မှာ လူထုတွေမှာ တစ်ပဲခြောက်ပြားအလုပ်တောင် မရဖြစ်နေချိန်မှာ နည်းပညာတီထွင်ထားသူက ပြသဖို့တောင်မှ ဆက်သွယ်မပေးနိုင်ဆိုတော့ ကြာနီကန်တရားထဲက ရှေးဘုရားတို့ကဲ့သို့ လာချင်းကောင်းတော် မူသောလို့ လေသံဆွဲပြီး ဆိုရမလို အောက်ခြေမဟုတ်တဲ့ သမ္မတအနားက လူတွေတောင် စဉ်းစားရမလို ဖြစ်နေပြီ.။

မဆလခေတ်က သမ္မတ ဦးနေဝင်းကို အောက်မှာဖြစ်ပျက်နေတဲ့တကယ့်အခြေအနေအမှန်တွေ (ပျက်နေတာတွေ) မသိအောင် သမ္မတ မသိချင်လို့  ဖုံးဖိကြတယ်ဆိုရင် နားလည်လို့ ရသေးတယ်။ တပါတီအာဏာရှင် စံနစ်ဆိုတော့ သိရင်ဒေါကန် ဖြုတ်ထုတ်အရေးယူ ခံရနိုင်လို့ ထားဦး အခုဟာက သမ္မတနဲ့ ပြည်သူတွေ ဝမ်းသာရမဲ့ကိစ္စကို မတင်ပြပေးချင်ကြတာ အခြေအနေ နစ်ခုက ပြောင်းပြန်။ သမ္မတနဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေကို ဘယ်လိုပြောကြရပါ့ သမ္မတ လူကြမ်း အဖွဲ့လိုတော့ မပြောလို မပြောဝံ့ပါ...။

ဈေးသက်သက်သာသာနဲ့ ထုတ်လို့ရတဲ့ ဒီရေအား လျှပ်စစ်ရရင် တိုင်းပြည်ကို နိုင်ငံခြားရင်းနှီးမှုတွေ အများကြီး ဝင်လာမယ်။ ပြည်သူတွေအတွက် အလုပ်အကိုင်တွေ အများကြီး ပေါ်လာမယ်။ မြန်မာနိုင်ငံဟာ အာရှကျားကြီး ဖြစ်လာတော့မယ့် စီတ်ကူးတွေနဲ့ တွေးပျော်နေရတဲ့ အခြေအနေပါ။ ဘဝရှင်မင်းတြားကြီးရဲ့ ကြက်ဆူပင်လို ယတြာနဲ့စိုက် နောက်ဆုံးဘွာတေး ဆိုပြီး ထွက်တော်မူ နန်းကခွာပြီး အလဟဿဖြစ်တယ် ဆိုလည်းထားတော့ ခုဟာက တည်ထွင်အောင်မြင်လို့ လက်တွေ့လုပ်ပြမယ့်သူက ပြဖို့တောင် အခြေအနေ မပေးပါလား အရပ်ကတို့ရေ..။ ကွာပါ့ဗျာ..
ရေချင်းတော့ တူပေမယ့် ဒီရေက လျှပ်စစ်ပဲ ရတာ ငါတို့အတွက် ရေမရလို့ပဲများလား...

ဒီရေအားလျှပ်စစ် တည်ထွင်အောင်မြင်နေသော ဒေါက်တာလှိုင်မြင့်မှ သမ္မတနှင့် နီးစပ်သူများမှတဆင့် ဆက်သွယ်နေမှုအား အလျင်အမြန် အကြောင်းပြန်ပေးပါရန်
သမ္မတသို့ ပေးစာဆိုပြီး တိုင်းပြည်တိုးတက်စေချင်သော စေတနာနဲ့ နေသာသလို မနေနိုင်လို့ ရေးသားတင်ပြလိုက်ပါတယ်..
ဒီမိုဝေယံ..
 
ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ ပြန်ဖတ်ရန် (Link)