ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပညာရေးအကူပေးနိုင်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါသည်။

ပညာရေးအကူပေးနိုင်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်ခံပါသည်။ 

ပညာရေးအကူအညီပေးကြတဲ့ ဖောင်ဒေးရှင်များနှင့် အဆက်အသွယ်ရှိသူများလည်း ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံပါသည်။ အခုဒီပုံထဲက သမီးလေးနာမည်က မအေးမြတ်သူ လိုခေါ်ပါသည်။ ဒီနှစ်(၂၀၁၃-၂၀၁၄) သက္ကသိုလ် ၀င်ခွင့် စာမေးပွဲကို ဂုဏ်ထူး ၅ ဘာသာနှင့်ထူးချွန်စွာနဲ အောင်မြင်ခဲ့ပါသည်။

 သူစာမေးပွဲအောင်တဲ့နှစ်မှ သူမ၏ ဖခင်ဟာ လေဖြတ်သွားပါသဖြင့် သူမ၏ဘ၀ရှေ့ရေးအတွက် အခက်တွေ့နေရပါသည်။ သူအမှတ်ပေါင်းက ၅၂၃ မှတ်ဖြစ်ပါသည်၊ ဆေးကျောင်းမီသော အမှတ်ဖြစ်ပါသည်၊ ဒါပေမဲ့ သမီးလေးက စက်မှုသက္ကသိုလ် တတ်ဖို့ ဆန္ဒပြင်းပြနေပါသည်၊ မီဘများကချို့တဲ့ကြသလို ဖခင်ကလည်း ကျန်းမာရေးမကောင်းတော့တာကြောင့် သမီးရဲ ပညာရေးကို ၀ိုင်းဝန်းကူညီပေးကြပါလို ပညာရေးအလှူ အတွက် အကူအညီတောင်းခံအပ်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ် -(+၉၅) ၀၉ ၃၁၅၅၉၉၂၆ -(+၉၅) ၀၉ ၄၂၀၀၂၅၃၀၈ (အေးမြတ်သူမိဘများကို တဆင့် ဆက်သွယ်နိုင်သောဖုန်းနံပါတ်များဖြစ်ပါသည်)
အမည်- မအေးမြတ်သူ အသက် - ၁၆ နှစ် မိဘအမည် - ဦးကျင်သိန်းဦး၊ ဒေါ်စန်းစန်းဝင်း မှတ်ပုံတင်နံပါတ်- ၁၂/လမန(နိုင်) ၀၅၃၀၈၃ ကျောင်းအမည် - အ ထ က (၂) လှိုင်
 နေရပ်လိပ်စာ - တိုက်(၅၂/၄) ၄ လမ်း၊ ၂ ရပ်ကွက်၊ လှိုင်မြို့နယ်
ဂုဏ်ထူးရဘာသာများ - မြန်မာ၊ သင်္ချာ၊ ဓါတု၊ ရူပ၊ ဇီဝ
(၅) ဘာသာဂုဏ်ထူး ရမှတ်များ - မြန်မာ(၇၅)၊ သချာင်္(၉၂)၊ ဓါတု(၉၆)၊ ရူပ(၉၄)၊ ဇီဝ(၉၅)၊ အင်္ဂလိပ်(၇၁) စုစုပေါင်း= ၅၂၃ မှတ်