ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ ညနေ(၅)နာရီက ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှ ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သပွဲ... (ဓာတ်ပုံ)

ယနေ့ ညနေ(၅)နာရီက ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှ ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သပွဲ... (ဓာတ်ပုံ)
ယနေ့ ညနေ(၅)နာရီက ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှ ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သပွဲ... (ဓာတ်ပုံ) ယနေ့ အိန္ဒိယစံတော်ချိန် ညနေ၅နာရီက ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်ဝင်းအတွင်း မြန်မာ၊ သိရိလင်္ကာ၊ ထိုင်း၊နီပေါ၊ ဗီယက်နမ်၊ တရုတ်၊ တိဘက်၊ ဂျပန်၊အိန္ဒိယစသည့် နိုင်ငံများမှ ရဟန်း၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၂၅၀ခန့်မှ ငြိမ်းချမ်းစွာ ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။ 

 ဓာတ်ပုံ အရှင်နန္ဒာစရိယ
သတင်း ဒီမိုဝေယံ
မနေ့က ဖြစ်ပွားခဲ့သော ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲ၌ မြန်မာနှင့် တိဘက်ဘုန်းတော်ကြီး (၂)ပါး အပါအဝင် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့သည်..။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ ဗုဒ္ဓဂါယာအနီးရှိ လမ်းအချို့အား ပိတ်ထားဆဲ ဖြစ်ပြီး အိန္ဒိယစစ်တပ်မှ လာရောက် စောင့်ကြပ်လျှက်ရှိသည်..။ အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတနိုင်ငံ ဖြစ်သည့် သီရိလင်္ကာသမ္မတမှ အိန္ဒိယနိုင်ငံ၏ လုံခြုံရေး ညံ့ဖျင်းမှုအား ဝေဖန်ပြောဆိုခဲ့သည်..။ 

ယနေ့ မနက်ပိုင်းကလည်း Magadh Universityမှာ တက်ရောက် သင်ကြားနေတဲ့  နိုင်ငံတကာ စာသင်သညး ရဟန်းတော်များနှင့် အိန္ဒိယနိုင်ငံသားများမှ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲအား  အိန္ဒိယစံတော်ချိန် မနက်(၉)မှ စတင်ကာ  ၁၁နာရီထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်..။
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ Magadh Universityမှ ရွှေဝါရောင်ဆရာတော် အရှင်နန္ဒာစရိယ..

 ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီး စတင်ချိန် စက်တင်ဘာလ ၁၈ရက်နေ့က ရှေ့ဆုံးက သာသနာ့အလံကို ကိုင်ဆောင် ချီတက်ပြခဲ့တဲ့ ရဟန်းတော် တပါးကို အားလုံး အင်တာနက် စာမျက်နှာတွေပေါ်မှာ မြင်ဘူး၊ တွေ့ဘူးကြမှာပါ..။ 
 ယနေ့ ဒီမိုဝေယံသို့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ သတင်း၊ ဓာတ်ပုံများ ပေးပို့နေတဲ့ အရှင်နန္ဒာစရိယဟာ အဆိုပါ စက်တင်ဘာ၁၈ရက်နေ့ တပ်ဦးက အလံတော်ကို ကိုင်ဆောင်ခဲ့တဲ့ သံဃာတော် ဖြစ်ပါတယ်...။ ယနေ့လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ Magadh University မှာ ပညာတက်ရောက် သင်ကြားနေပါတယ်..။ ယနေ့ ဗုဒ္ဓဂါယာသတင်းများနဲ့ ပတ်သက်ပြီး အရှင်နန္ဒာစရိယအား ဆက်သွယ်မေးမြန်း စုံစမ်းလိုသူများ ဖုန်းနံပါတ်... +၉၁၇၇၈၃၈၉၈၃၂၉သို့ စုံစမ်းမေးမြန်း နိုင်ပါကြောင်း... Viberနဲ့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်..။ 

အရှင်နန္ဒာစရိယ ဖေ့စ်ဘွတ်ခ် https://www.facebook.com/nan.darsariya?fref=ts