ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကျေးလက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတို့ ငွေကြေး အလွဲသုံးစားမှုအပေါ် အရေးယူနိုင်တယ်ဟု ပြောဆိုခဲ့တဲ့ တောင်သူ ဦးဘိုကြိုင်နှင့် ၃ဦး ထောင်တစ်လ ကျခံခဲ့ရ..

ဓာတ်ပုံ...မူလတန်း အထက်တန်းကျောင်းေ ဆာက်လုပ်ရန် အလှူငွေ ကောက်ခံပြီး အပျောက်ရိုက်ကာ ယနေ့တိုင် ဆောက်လုပ်ခြင်း မရှိသေးသည့် မြင်ကွင်း
ကျေးလက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတို့
ငွေကြေး အလွဲသုံးစားမှုအပေါ် အရေးယူနိုင်တယ်ဟု ပြောဆိုခဲ့တဲ့
 တောင်သူ ဦးဘိုကြိုင်နှင့် ၃ဦး ထောင်တစ်လ ကျခံခဲ့ရ..

ဒီမိုဝေယံသို့ ပေးစာ..

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပျားစွဲကျေးရွာမှာဖြစ်ပါတယ်။
လူးခင်းကျေးရွာအုပ်စု ကျေးလက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတို့
ရဲ့အများနဲ့ သက်ဆိုင်သောလုပ်ငန်းများ အပေါ်မှာ အလွဲသုံးစားမှုတွေ ဖြစ်ခဲ့ပါတယ်။

                     ကန်ကွေ့တံတားဆောက်ရန် သစ်ခွဲသား(၆)တန်၊ ပျားစွဲကျေးရွာ
မူလတန်းကျောင်းဆောင် ဆောက်လုပ်ရန်သစ်(၃)တန်၊ ဒိုင်ကောင်းကုန်းကျေးရွာ
အ.ထကခွဲ ကျောင်းဆောင်အတွက် သစ်(၁၅)တန် နိုင်ငံတော်အစိုးရမှ ထုတ်ယူရန်
ပေးအပ်ခဲ့ပေမယ့် ၂၀၀၈ခုနှစ်ကထဲက ခုချိန်အထိ ဘာမှ ဆာက်လုပ်ခြင်း မပြုပဲပြင်ပသို့ ရောင်းချခဲ့ပါတယ်။

                    ဦးအောင်သောင်း (ယခင်စက်မှု-၁-၀န်ကြီး)မှ အလှူငွေ(၅)သိန်း မတည်ပြီး အခြားအလှူရှင်များမှ ထည့်ဝင်ခဲ့သော အလှူငွေ စုစုပေါင်း(၄၂)သိန်းကို မူလတန်း
ကျောင်းအတွက် ရည်စူးလှူဒါန်းခဲ့ပေမဲ့ ယခုအချိန်အထိ စာရင်းမရှင်းနိုင်သေးပါ။

                     ကျေးလက်တောင်သူတွေ မျက်စေ့ပွင့်ဖို့ဆိုပြီး စာကြည့်တိုက်ဆောက်လုပ်ရန် တစ်အိမ်ထောင်လျှင် (၂၀၀၀)ကျပ် ကောက်ခံခဲ့ပါတယ်။ အိမ်ထောင်စု(၄၇၀)ကျော် ရှိတာမို့
ငွေ(၁၀)သိန်းလောက် ရခဲ့ပေမဲ့ ယခုထိ ဘာမှမလုပ်သေးပါဖူး။

                      ၂၀၁၁-၂၀၁၂ စာသင်နှစ်မှာ မူလတန်းပညာအခမဲ့လို့ နိုင်ငံတော်
ကသတ်မှတ်ခဲကပေ့မဲ့ ကျောင်းသားတစ်ဦးလျှင် (၅၀၀)ကျပ်ကောက်ခဲ့ပါတယ်။
ကျောင်သားနှစ်ရာနီးပါး ရှိတဲ့အတွက်ကြောင့် ငွေတသိန်းလောက် စာရင်းပျောက်နေပြန်ပါတယ်။

                         ဘာသာရေးဘုန်းကြီးပျံအတွက် တအိမ်ထောင်(၃၀၀၀)ကျပ်
ကောက်ခဲ့ပါတယ်။ ငွေ(၁၄)သိန်းလောက်ရရှိခဲ့ ပေမယ့် ဘာမှလုပ်မပေးလို့ ရွာကဘုန်း
တော်ကြီးတွေနဲ့  ပြသာနာဖြစ်နေရပါတယ်။       ကျေးလက်ရွာဘုံ ပစ္စည်းထူထောင်မယ်ဆိုပြီး ကောက်ထားတဲ့ငွေတွေလည်း ရွာအတွက်မသုံးစွဲခဲ့ပါဖူး။ ယခုဆို အလှူအတန်း တစ်ခုလုပ်ရင် ဘေးရွာက ငှားသုံးနေရပါတယ်။
    အများနဲ့ သက်ဆိုင်နေတဲ့ အများပိုင်ငွေတွေပါ။ ဘယ်လိုသုံးထား
တယ်ဆိုတာ စာရင်ရှင်းမပြလို့ အမှန်တရားလိုလားတဲ့ ဦးဘိုကြိုင်မှ အမှုမဆွေးပါဖူးလို့ ဆိုခဲ့မိတာကို 
လုပ်ကြံလီဆည်ပြီး တရားစွဲခဲ့ပါတယ်။
 ကျေးလက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးမှ အာဏာနဲ့
အမှုဆင်တရားစွဲလို့ ဦးဘိုကြိုင်-၉/၀တနနိုင်-၀၁၈၅၃၅၊ 
ဦးဆန်းမောင်-၉/၀တနနိုင်-၀၁၈၄၄၈။ နဲ့ ကိုလှသိန်းတို့ ထောင်တစ်လကျခဲ့ ရတယ်။
ဦးချစ်သဲ-၉/၀တနနိုင်၁၂၀၈၃၈။ ကတော့ လွတ်ခဲ့ပါတယ်။ ဒါတွေကိုတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်
အေးချမ်းရေး ကော်မတီကို တင်ပြခဲ့ပါတယ်။ စာလက်ခံရရှိကြောင်း (၂၉-၃-၂၀၁၃) ရက်စွဲစာ အမှတ်၀၇/ပသ/ကမတ/၂၄/၂၀၁၂-၁၄၀ နဲ့ဦးဝင်းမြင့် အတွင်းရေးမှူး မှပြန်ကြားခဲ့ပါတယ်။

သန့်ရှင်းကောင်းမွန်သော စံနစ်တခု တည်ဆောက်နေတာမို့
အမှုမဆွေး အရေးယူ ပေးစေလိုတယ်လို့ နစ်နာခဲ့ရတဲ့ တောင်သူဦးဘိုကြိုင်၊ ဦးချစ်သဲ၊ ဦးဆန်းမောင်၊ တို့ဆီမှသတင်းရရှိခဲ့ပါတယ်။
ဦးဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄ သို့ စုံစမ်း မေးမြန်းနိုင်ပါတယ်။