ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ်များမှ ပြည်သူလူထု၏ ရင်ဖွင့် တိုင်ကြားစာများ..


နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများမှ ကျောင်းပြန်ထိုင်ခွင့် ခွင့်ပြုထားသော်လည်း ကြို့ ပင်ကောက်မြို့ နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်မှ အကောင်အထည် ဖေါ်ဆောင်ရွက် ပေးခြင်းမရှိသည့် အပေါ် (တိုင်ကြားစာ)

သို့

နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများ...

ပဲခူးတိုင်းဒေသကြီး၊ တိုင်းသံဃာ့နာယက ဆရာတော်ကြီးများ...

ဒကာကြီး - သာသနာရေးဝန်ကြီး

ဒကာမကြီး - ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

နေ့ ရက်။ ။ ၄-၇-၂၀၁၃။

ဘုန်းဘုန်း၏ ဘွဲ့ အမည်မှာ ဦးကောဝိဒဖြစ်ပြီး သက်တော် (၈၂)နှစ် လက်မောင်းတဖက်ကျိုး ရဟန်း တော်ကြီး တပါးဖြစ်ပါသည်။ ဘုန်းဘုန်းကို အဆင့်အမြင့်ဆုံး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ မှ (၅) ကြိမ် တိတိ ကျောင်းပြန်ထိုင်ခွင့်ပြုပြီး ဖြစ်ပါသည်။ အမှုအခင်းမှာလည်း (၄)နှစ်ပြည့်တော့မည် ဖြစ်ပါသည်။

(၁) နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ သို့  (၂၉-၁-၂၀၁၃)

(၂) သာသနာရေးဝန်ကြီးသို့  (၂၇-၆-၂၀၁၁)

(၃) ဒေါ်အောင်ဆန်းစုကြည်သို့  (၁၅-၁-၂၀၁၃) ရက်နေ့ တွင် မိမိတည်ထောင်ခဲ့သော ကျောင်းတွင်ပြန်ထိုင်ခွင့် ရအောင် ကူညီဆောင်ရွက်ပေးရန် တင်ပြထားပြီးဖြစ်ပါသည်။

ကျောင်းပြန်ထိုင်ခွင့် မရရှိခြင်းမှာ ကြို့ ပင်ကောက်မြို့ နယ် သံဃာ့နာယကဥက္ကဌ ဆရာတော်မှ အကောင် အထည်ဖေါ်ဆောင်ရွက် မပေးခြင်းကြောင့်ဖြစ်ပါသည်။ သံဃာအဖွဲ့ အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို လုံးဝအလေးမထား ဂရုမစိုက်ဖြစ်နေပါသည်။ အဆင့်အမြင့်ဆုံးနိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ မှ သံ/စည်း လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်ရန် (၂)ကြိမ်တိတိ ဆုံးဖြတ်ညွှန်ကြား ထားပြီးဖြစ်ပါသည

ဆရာတော်များ ကူညီတော်မူပါဘုရား

ဘုရားတပည့်တော်

ဦးကောဝိဒ (ငွေဘုံသာကျောင်းတိုက်)

သံဖြူကျောင်းရွာ၊ ကြို့ ပင်ကောက်မြို့ နယ်၊ ပဲခူးတိုင်း။


ပေးပို့လာသော ပြည်သူလူထု၏ အသံ ရင်ဖွင့်တိုင်ကြားစာများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ အရေးယူဆောင်ရွက် ပေးပါရန်... ဒီမိုဝေယံမှ မေတ္တာရပ်ခံအပ်ပါသည်..။          ဇီးကုန်းမြို့၏ ပျက်စီးနေသော တရားဥပဒေစိုးမိုးရေး ဖြစ်စဉ်များ (ဒီမိုဝေယံသို့ ပေးစာ)

ဖြစ်စဉ်(၁)
ဇီးကုန်းမြို့နယ် တရားသူကြီး ဦးလှဝင်း ကတော့ အသက် ၁၈ နှစ်အရွယ် ကောင်လေးတဦးက အသက် ၁၆ နှစ်မပြည့်သေးသော  ၁၀ တန်း ကျောင်းသားလေးကို သေလောက်တဲ့ဒဏ်ရာနဲ့ (ကိုယ်အင်္ဂါ ချို့ ယွင်း)  အရိုက်ခံရတာကို ထောင်ဒဏ် ၉ လ အပြစ်ဒဏ်ချမှတ်ပါတယ်။
 ၁၀ တန်းကျောင်းသားလေးမှာတော့ စာမေးပွဲလည်းမဖြေခဲ့ရ ဒဏ်ရာကိုလည်း ဆေးကုသရနဲ့  တော်တော်လေး နစ်နာဆုံးရှုံးခဲ့ရပါတယ်။

တရားရေးမဏ္ဍိုင်ကြီးလည်း တရားမျှတမှုရှိမှ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်မယ် ဆိုတာ ဝန်ထမ်းတွေမှာလည်း အထူးတာဝန်ရှိပါတယ် သန့် ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ဖို့ က ပြည်သူတွေမှာ အပြည့်အဝ တာဝန်ရှိတဲ့အတွက် ဒီအကြောင်းလေးကို သိစေချင်လို့ ဝေမျှခြင်းသာ ဖြစ်ပါတယ်။

ဖြစ်စဉ်(၂)

တရားခံအား သိပါသော်လည်း ရဲဝန်ထမ်းများမှ ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်း မရှိသည့်အပေါ်.. (တိုင်ကြားစာ)

(ဆိုင်ကယ်ဖြင့်ဝင်တိုက် ဖုန်းပါယူသွား ခံရခြင်း)   

၂-၇-၂၀၁၃ ညနေ ၆ နာရီကျော်ခန့် အချိန်တွင် ဇီးကုန်းမြို့ Toll Gate တွင် ဆိုင်ကယ်မောင်းလာသူတဦးအား အနောက်မှ ဆိုင်ကယ်တစီးအရှိန်ပြင်းစွာဖြင့် ဝင်တိုက်ခဲ့ပါသည်။ အတိုက်ခံရသူမှာ လွင့်ကျသွားပြီး နေရာတွင်ပင် ချက်ချင်းမထနိုင်ခဲ့ပါ  ဝင်တိုက်သူမှာ တိုက်ပြီးပြီးချင်း အတိုက်ခံရသူမှ လွင့်ကျသွားသော ဖုန်းအား ကောက်ယူပြီး ဆိုင်ကယ်မောင်းထွက်ပြေးခဲ့ပါသည်။

အနီးအနားရှိ လူများမှ အတိုက်ခံရသူအား ခုနက မင်းဆိုင်ကယ်ကို အနောက်မှဝင်တိုက်သွားသူမှာ ပေါက်တောလေးကျေးရွာမှ ဆိုင်ကယ်ပြင်သမားလို့  ပြောပါသည် ဆိုင်ကယ်အတိုက်ခံရသူလည်း အနီးအနားမှ ညောင်ဇင်ရဲကင်းသို့  သွားရောက်တိုင်တန်းရာ တာဝန်ကျ ရဲ ဝန်ထမ်း တဦးတယောက်မျှ ရဲကင်းတွင်ရှိမနေပါ အတိုက်ခံရစဉ် လက်နှင့်ခါးမှာ ဒဏ်ရာများရရှိသောကြောင့် ၎င်းနေထိုင်ရာ ကျခတ်ဝါးရုံရွာသို့  အမြန်ပြန်ပြီး ကျေးလက်ဆေးပေးခန်းတွင် ဒဏ်ရာများကုသခဲ့ပါသည်။

 နောက်ရက်တွင် ရဲကင်းသို့ တဖန်သွားပြီး ဆိုင်ကယ်တိုက်မှုဖြစ်စဉ်အား တိုင်တန်းရာ ရဲကင်းတာဝန်ခံ ရဲအုပ် ဦးသန်းနိုင်မှ မတိုင်နဲ့ အုံး ၎င်းမှ ဖြေရှင်းပေးမည်ဟု ပြောသောကြောင့် တရက်စောင့်ဆိုင်းခဲ့ပါသည်။ နောက်ရက် ၄-၇-၁၃ ရက်နေ့ တွင် ရဲကင်းသို့  ထပ်မံသွားရောက်ရာ ရဲသန်းနိုင်၏ တပည့်ဖြစ်သူမှ တိုက်သည့်သူအား သိကြောင်း ယခုပင် အဲဒီအကောင်ကို ဖမ်းချုပ်လျှင်ရကြောင်း ပြောပါသည်။

ထို့ နောက် ရဲသန်းနိုင် ရောက်ရှိလာပြီး ထိုအမှုကို ဇီးကုန်းရဲစခန်းသို့  သွားတိုင်ရင်သွားတိုင်နိုင်ကြောင်း ပြောသည့်အတွက် ဇီးကုန်းရဲစခန်းတွင် အမှုဖွင့်ထားခဲ့ကြောင်း သတင်းရရှိပါသည်။ အတိုက်ခံရသူမှာ ဆိုင်ကယ်အတိုက်ခံရသည့်အပြင် ဖုန်းပါခိုးယူခံရခြင်း ဒဏ်များရရှိနေခြင်းတို့ မှာ အလွန်ပင်နစ်နာနေသည်ဟု ပြည်သူတဦးအနေဖြင့် ကိုယ်ချင်းစာမိပါသည်။
တရားဥပဒေစိုးမိုးရေး လိုလားသူ ဇီးကုန်းသားများ..