ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တပ်ပိုင်မြေဟု မတရား ဆိုင်းဘုတ်လာချိတ်မှုအပေါ် တိုင်ကြားစာ..


သို့/

မြန်မာ့တပ်မတော်မှ တာဝန်ရှိ အရာရှိကြီးများသို့ ...အိပ်ဖွင့်ပေးစာ

(အမှန်တရားလိုလားသည့် ပြည်သူများမှ ထပ်ဆင့်ရှယ်ပေးကြပါရန် )

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်.. မိကျောင်းကန်အပိုင်း ( ၁ ) ( ၂ ) ရှိ၊ မြစာရံဘုရားနှင့် ဘုန်းကြီးတို့၏ စိန်ပန်းကျောင်းအပါဝင် ဖျက်ဆီးခံ ဘုရား၊ သိမ် ၊ ကျောင်းနှင့် ဘိုးဘွားပိုင်ပြည်သူများ ပိုင်ဆိုင်သော နေရာတွင် သံဇခါ ခပ်ပီး တပ်ပိုင်မြေဟု ဆိုင်းဘုတ်လာချိတ်ထားပါတယ်.ဘုရားဖူးရန် ကုသိုလ်ပြုရန် ၀င်ရောက်မည့်ပြည်သူများကိုလည်း ဘယ်အဖွဲ့ကလဲ စသဖြင့် မလိုအပ်သောမေးခွန်းများ မြေးမြန်းပါတယ်.. အခွင့်မရှိ မ၀င်ရ ၀င်ခွင့်တောင်းပါဟု ဆိုင်းဘုတ်ရေးသား ချိတ်ဆွဲ ထားပါတယ်..ဒီကိစ္စနဲ့ပတ်သက်ပြီး.မြန်မာ့တပ်မတော်အရာရှိကြီးများကို မေးခွန်းထုတ်ချင်ပါတယ်.

ဒီနေရာကို ဘယ်တပ်က ဘယ်အထောက်အထားနဲ့ ပိုင်ဆိုင်တာပါလဲ.. ဘယ်တုန်းက ဘယ်တပ်က ဒီဘုရား၊ သိမ်၊ ကျောင်းများကို တည်ထားခဲ့ပါသလဲ ...ဘယ်တပ်မှုးက ဦးဆောင်ပီး တည်ထားခဲ့ပါသလဲ...ဘယ်သံဃာတော်များကို ပင့်ဖိတ်ပီး တည်ထားခဲပါသလဲ.....ဖြေနိုင်မဲ့သူများ ပြည်သူအများရှေ့၊ သတင်းမီဒီယာရှေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စိန်ခေါ်လိုက်ပါတယ်.....မတရားအနိုင်ကျင့်ခံ၊ အသိမ်းဆီးခံ ဘုန်းကြီးကျောင်းများနဲ့ ဘိုးဘွားပိုင်ပြည်သူများဘက်မှ အစဉ်သင့်ရှိကြောင်းပါ...မည်မျှ ရာထူးကြီးသည့် အရာရှိဖြစ်စေ..အမှန်တရားကို ရင်ဆိုင်ဝံ့တယ်ဆိုရင် စိန်ခေါ်လိုက်ပါ...အခုလို ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ပြည်သူကို မလိမ့်တပတ်လုပ်တာကို လက်မခံနိုင်ပါ...အနစ်နာခံပြည်သူများအတွက် အမှန်တရားဘက်ကရပ်တည်ပီး ဥပဒေနှင့်အညီ ရင်ဆိုင်ဖို့ အစဉ်သင့်ရှိကြောင်းပါခင်များ..

ဦးကုမုဒ
ပဓာနနာယက ၊ ကျောင်းအုပ်ဆရာတော်..
ယခင် မတရားအဖျက်ဆီးခံ အသိမ်းဆီးခံ စိန်ပန်းကျောင်း

ယခု စိန်ပန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း
ပုဂံလမ်း၊ အမှတ် ( ၅၆ ) ရပ်ကွက်
ဒဂုံမြို့သစ်တောင်ပိုင်း...
ဖုန်း...၀၉ ၅၀၂၈၉၂၀
Email............ lotusflower969@gmail.com
Facebook.... Ashin Kumuda Bawdhitahtaung

ခေတ္တ
Ven. Kumuda ..PhD ( Thesis )
Department of Philosophy
Hostel No. ( 3 )
Magadh University
Gaya...Bihar
India
Phone...+91 9570506722