ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှ ဆရာဝန်ကြီးဒေါက်တာမင်းလွင်၏ မညှာမတာ လုပ်ဆောင်ချက်များအား အရေးယူပေးပါရန် သားဖွားဆရာမများနှင့် ပြည်သူများမှ (တိုင်ကြားစာ)

နိုင်ငံတော်သမ္မတကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တိုင်ကြားထားသော်လည်း အရေးမယူ မဆောင်ရွက်ပေးပါသဖြင့် အွန်လိုင်းမီဒီယာများသို့ ဆက်လက်တိုင်ကြားခြင်း

နိုင်ငံတော်ကြီးပွင့်လင်းမြင်သာတဲ့ ခေတ်ကိုရောက်လာပြီတဲ့ မတရားမှု ချစားမူများ တိုက်ဖျက်ရေးအဖွဲ့တွေလည်း ဖွဲ့ပြီးသကာလ ပြည်သူများမှာ တရားဝင်တိုင်ကြားသော်လည်း မည်သို့မျှ အရေးမယူပါဘူး နောက်ဆုံးတော့ ယခင်စစ်အစိုးရတုန်းကလိုပဲ တိုင်ကြားနေကြဖြစ်တဲ့ ကိုဒီမိုဝေယံတို့ဆီပဲ ပြန်တိုင်ကြားရတာပေါ့ အကိုရေ..

အရင်းမြစ်ကတော့ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှ ဆရာဝန်ကြီးဒေါက်တာမင်းလွင် ဆိုသူက မတရားသဖြင့် ပြည်သူတွေနဲ့ ဝန်ထမ်းများကို မညှာမတာ လုပ်ဆောင်နေပါတယ်။
 ယခင်ဆရာဝန်ကြီးဒေါက်တာ မြင့်စိုးလက်ထက်က ကလေးမွေးရင် ၅သောင်းပဲ ယူတာပါ။
အဲ့ဒီဆရာဝန်ကြီးလည်း ပြုတ်ရော နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသလို ဒေါက်တာမင်းလွင်ဆိုသူ ထပ်ရောက်လာပါတယ်။ ဒေါက်တာမင်းလွင် ကြမှ ယခင်ထက်ပိုပြီး ဈေးတက်သွားပြန်တယ် အကိုရေ။ ကလေးမွေးလို့ ရိုးရိုးမွေး (၅)သောင်းနဲ့ ဗိုက်ခွဲမွေး ၂ မျိုးရှိပါတယ်။ ဒေါင်လိုက်ခွဲမွေး ၁ သိန်း (ပ စောက်) ပုံစံရှယ်မွေး ၂သိန်း ထိအောင် ကျန်းမာရေးဝန်ကြီးဒေါက်တာဖေသက်ခင် တန်ခိုးနဲ့ ၄ ဆတိုးသွားပါတယ်။

 ဒေါက်တာမင်းလွင်အား တရားဝင် တိုင်ကြားထားမူဖြစ်စဉ်များကိုတင်ပြပါမယ်။

ဖြစ်စဉ် (၁)
သို့...

 နေစွဲ့ ၂၇.၆.၂၀၁၃

 သက်ဆိုင်ရာလူကြီးမင်း

အကြောင်းအရာ ။ ။ ကူညီဆောင်ရွက်ပေးပါရန် တင်ပြခြင်း ခရမ်းမြို့နယ် ကရင်ကန်ကျေးရွာနေ (အဘ ဦးတင်ဝင်း+ အမိဒေါ်တုတ်တို့၏ သမီးဖြစ်သူ မမာလာနွယ်သည် ခရမ်းမြို့နယ် ပေါက်ပန်းဖြူစုကျေးရွာ (အဘဦးမြင့်ဦး+အမိဒေါ်အမာအေး) တို့၏သားဖြစ်သူမောင်မြင့်စိုးမြတ်နှင့် အိမ်ထောင်ကျ ပြီး၎င်း၏ ဇနီးမမာလာနွယ်မှ သမီးဦးလေးအား ခရမ်းမြို့ ပြည်သူဆေးရုံ ကြီးတွင် ၁၈.၂.၂၀၁၃ နေ့ကတက်ရောက် မွေးဖွားခဲ့ပါသည်။

ခလေးမွေးဖွားပြီး သုံးလကျော်လောက်တွင် ကျန်းမာရေး မကောင်းသဖြင့် ၃.၆.၂၀၁၃ နေ့တွင် သက္ကလ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသရာ ကျွန်မ၏ချွေးမဖြစ်သူ မမာလာနွယ်၏ သားအိမ်တွင်းမှ ကွမ်းသီးခြမ်းခန့် ဂွမ်းစနှစ်စတွေ့ရှိကြောင်း သက္ကလဆေးရုံမှ ဆရာမကြီးများ ပြောကြားချက်အရ သိရှိရပါသည်။ ဖော်ပြပါ မီးဖွားစဉ်က ကျန်ရစ်ခဲ့သော ဂွမ်းစကြောင့် သားအိမ်တွင်းသို့ ပိုးဝင်ပြီး ရောဂါဝေဒနာ ခံစားရသည်ဟု ဆေးရုံမှပြောကြားချက်အရ
ကျွန်မသိရှိရပါသည်။ သက္ကလဆေးရုံတွင် သွေးနှစ်ပုလင်းသွင်းပြီး (၉)ရက် ဆေးရုံတက်ပြီးကုသသော်လည်း ယနေ့ထိကျန်းမာရေးမကောင်းသဖြင့် ထမင်းစား၍ မရပဲ အရည်သာသောက်ပြီး နေနေရပါသည်။

အိမ်မှာနေရင်းဆေးရုံမှ ပေးသောဆေးများ သောက်နေသော်လည်း မကောင်းသေးသဖြင့် ခွဲစိပ်ကုသမှ ရမည်ဖြစ်ကြောင်း ဆရာဝန်မှ ပြောကြားချက်အရ သိရှိရပါသည်။ သို့ဖြစ်ပါ၍ ကျွန်မတို့အနေနှင့် လယ်ယာမဲ့ လုပ်သားများဖြစ်ပြီး ဆင်းရဲချို့တဲ့သူများ ဖြစ်သည့်အတွက် ဆက်လက် ကုသရန် ငွေကြေးခက်ခဲများတွေ့ကြုံနေရပါသည်။

 အထက်ပါကိစ္စကို သက်ဆိုင်ရာလူကြီးမင်းများမှ သိရှိစေရန်နှင့် ခရမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ
တာဝန်မယူ ပေါ့ဆစွာ မီးဖွားပေးခဲ့သော ဆရာဝန်ကြီးဒေါက်တာမင်းလွင်အား လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန်နှင့်အများပြည်သူသိရှိရန်တင်ပြအပ်ပါသည်။ မမာလာနွယ် (ကရင်ကန်ကျေးရွာ)

 ဖြစ်စဉ် (၂)     
တိုင်ကြားစာ ဓာတ်ပုံ ဖိုင်များအား ဆက်လက်ကြည့်ရှုပါရန်..
ငွေကျပ်(၁)သိန်းပေးမှ မွေးဖွားပေးသည့် ဖြစ်စဉ် (တိုင်ကြားသူများ)
သားဖွားဆရာမ ဝန်ထမ်းများအပေါ် ရိုင်းပြ မောက်မာစွာ ဆက်ဆံမှုအား
(ဝန်ထမ်း သားဖွားဆရာမများမှ တိုင်ကြားစာ)