ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သစ်ပုတ်ပင်ရဲ့ ဝေဒနာ......(ကဗျာ) ထွန်းငြိမ်း (ဘောက်ထော်သား)


သစ်ပုတ်ပင်ရဲ့ ဝေဒနာ

လောကကောင်းကင်ရဲ့ တိမ်တိုက်တွေထဲ...
တိုးဝင်ဖို့အင်အားနဲ့ ရပ်တည်နေတာ...
ငါဟာသစ်ပုတ်ပင်၊
မြကျွန်းသာရဲ့အစ ငါရှိလို့ ပိုလှနေတယ်တဲ့...
ကိုဘဦးတို့ခေတ် ကိုအောင်ကျော်...
ကိုအောင်ဆန်းနဲ့ မင်းကိုနိုင်။

အခုတော့ ကျော်ကိုကိုတို့ ရင်ထဲ...
ထွင်းဖေါက်ကာ ဖတ်လိုက်ရင်...
ငါ့ပုံရိပ် ထင်နေလိမ့်မယ်။

တချိန်ကတော့ ငါဟာ အလှဆုံးပါပဲ၊
နုပျိုတဲ့ ကျောင်းသာထုနဲ့ အချိန်ယန္တယား တစ်ခုကို..
အတူလျှောက်လှမ်းခဲ့ကြတယ်...
သစ္စာတိုင် တန်ခိုးရှင်အဖြစ် ငါရှိလို့ပေးခဲ့တယ်။

ကျောင်းသားရေး သမီးရည်းစားရေး ဘဝရှေ့ရေး...
အရေးပေါင်းများစွာ ငါ့ကိုယ်ကိုတို့ထိလို့...
ဂတိသစ္စာပြုခဲ့ကြတယ်။

အခုတော့ မင်းဆိုးမင်ညစ်..
လူထုကို လည်ပင်းညှစ်လို့...
ကျောင်းသားထုကိုနှင်းချေ...
သံဃာတွေကို အသေသတ်နေတယ်။

အတိုင်တည်ခံ တန်ခိုးရှင်လို့...
သူတို့ရင်မှာ သတ်မှတ်လိုက်ရင်...
နည်းမျိုးစုံ အကုန်သုံးလို့ ဒုက္ခစုံပေးနေပြီ။

နယ်ချဲ့လက်အောက်မှာတောင်..
လွတ်လပ်စွာရှင်ရှင်သန်ခဲ့တဲ့...
မင်းတို့ရဲက သစ်ပုတ်ပင်၊
ဒီစစ်အာဏာရှင်အောက်မှာ...
ခြံသွင်းလို့ သံတိုင်ခတ်...
အစောင့်အကြပ် များစွာနဲ့...
ထောင်ချတာ ခံနေရလို့...
အမောင်ကျောင်းသားတို့...
ငါ့ကိုလည်း ကယ်တင်လှည့်ပါတော့။...။

ထွန်းငြိမ်း (ဘောက်ထော်သား)

ဖော်ပြခွင့်ပြုတဲ့ ကဗျာရှင် ကိုထွန်းငြိမ်း (အလင်းအိမ်စာစောင်)အား ကျေးဇူးတင်ပါသည်။