ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံဆွေးနွေးလျှင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြောဆို။..။(သတင်း၊ဓာတ်ပုံ)



ဂျပန်ဝန်ကြီးချုပ်ဟတိုယာမှ မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံ စီမံကိန်း အစည်းအဝေးသို့ တက်ရောက်လာသော စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံဆွေးနွေးလျှင် ဂျပန်အစိုးရမှ လူသားချင်းစာနာထောက်ထားသော အကူအညီများ ပေးအပ်မည်ဟု ယနေ့စနေ့နေ့ နောက်ဆုံးတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးပြီး လာမည့် (၂၀၁၀)တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင်လည်း နိုင်ငံရေးအင်အားစု အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း ဝန်ကြီးချုပ်အိမ်တော်၌ သီးခြားတွေ့ဆုံပွဲ တွင် ဂျပန်ဝန်ကြီးချုပ်မှ ဆက်လက်တိုက်တွန်း ပြောဆိုသွားပါတယ်။

မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေ ဖြစ်တဲ့ မြန်‌မာ၊ ထိုင်း၊‌လော၊ ဗီယက်‌နမ်‌ နဲ့  ကမ္ဘောဒီးယား(၅)နိုင်ငံ‌ အတွက် (၃)နှစ်အတွင်း ဂျပန်အစိုးရမှ အကူအညီ ODA (Offical Development Assistance) အမေရိကန်ဒေါ်လာ ၅ဘီလီယံနဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ပေးအပ်မှာဖြစ်ပါတယ်။ ဒီနေ့ထုတ်လွှင့်တဲ ရုပ်မြင်သံကြား သတင်းခေါင်းစဉ် တွေမှာတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒီမိုကရေစီ ဖြစ်စဉ်တွေ တိုးတက်ပြောင်းလဲလာမှ ပေးအပ်မယ့် ပုံစံရေးသားထားကြပါတယ်။

ယနေ့ စနေနေ့ည ဂျပန်ရုပ်မြင်သံကြား သတင်းများတွင် မဲခေါင်မြစ်ဝှမ်း ဒေသ(၅)နိုင်ငံ အစည်းအဝေး သတင်းများ၌ မြန်မာသတင်းကို အထူးအလေးထား ဖော်ပြကြပါတယ်။ စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်နှင့် နိုင်ငံခြားရေးဝန်ကြီးဥာဏ်ဝင်း တို့၏ မျက်နှာမသာမယာနှင့် ဓာတ်ပုံများအား အထူးအလေးပေး ဖော်ပြပြီး သတင်းကြေငြာသွားခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ ...ဒီမိုဝေယံ..။...။

ဆက်ရက်သတင်း.....။....။

စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်က ဂျပန်ဝန်ကြီးချုပ်နဲ့ သီးခြားတွေ့ဆုံပွဲတွင် (၂၀၁၀) ရွေးကောက်ပွဲမှာ အစိုးရနဲ့ အမြင်မတူသူတွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် ဥပဒေကို ပြင်ဆင်နေပါတယ်လို့ ပြောဆိုသွားပါတယ်။
ဂျပန်ဝန်ကြီးချုပ်မှ နောက်နှစ် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လိုအပ်ကြောင်း ဒီမိုကရေစီအရေးကို ဒီထက်ပိုပြီးလုပ်ဆောင်ဖို့ ပြောဆိုသွားပါတယ်။

ဂျပန်သတင်း သီခြားတွေ့ဆုံပွဲ ဗီဒီယိုနဲ့စာကို ဖတ်ချင်ရင်တော့ အောက်က NHK Link မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

http://www3.nhk.or.jp/news/k10013636741000.html#

NHK ဂျပန်စာမျက်နှာမှာ တွေ့ဆုံပွဲ ဓာတ်ပုံကို Click နှိပ်ပါက Video ပေါ်လာပါမည်။..