ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ယနေ့ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံကအကြောင်းပါ ။...။


ဒီလိုပါ

ယနေ့ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံကအကြောင်းပါ မကွေးတိုင်း၊ မကွေးမြို့နယ်၊ မိချောင်းရဲမှ တပ်မ(၈၈) လက်အောက်ခံ ခလရ (၈၃) မှ တပ်ရင်းမှူးသည် မိမိရာထူးတိုးမြင့်ရေး၊ မိမိဝင်ငွေရရှိရေးကို ဦးတည်ကာ တပ်မှာရှိသော ရဲမေစစ်သည်များကို အနားမပေးဘဲ လမ်းကျောက်ခင်းရန် ပြင်ဆင်နေသော ကျောက်များကို လုပ်ကိုင်စေပါတယ်။ မိမိမှ တာဝန်ယူကာ လုပ်ကိုင်သည့် ပုံစံဖြင့် ရရှိသည့်ငွေကို ခေါင်းပုံဖြတ်ပြီး ရဲမေများအား ကျောက်လုပ်ကိုင်စေကြောင်း ၊ မလုပ်လဲမနေရဲ ဖြစ်ကြောင်း လုပ်ပြန်သော်လည်း ရသင့်သလောက်မရကြောင်း ရဲမေများမှ စိတ်ပျက်ဖွယ်ရာ များကို ပြောကြားခဲ့ပါသည်။

ခလရ(၈၃) မှ တပ်ရင်းမှူး သည် ဗိုလ်အဆင့်ရှိသော ဗိုလ်ဇော်မင်းအောင် နှင့် စစ်သည် (၃)ယောက်ကိုလဲ မကွေးမြို့နယ် ထဲမှာရှိသော တည်ပင်ကန်ကျေးရွာ၊ အင်းဦးကျေးရွာ၊ ပေပင်စမ်းကျေးရွာများသို့ သွားရောက်ကာ ဥက္ကဌများကို တပ်သားသစ်တောင်းခံခဲ့ပါသည်။ ဥက္ကဌ မှလည်း ရပ်ရွာသား အချင်းချင်းမို့ မည်သူ့ကို ပေးရမည်ကို မသိသောကြောင့် ည (၉) နာရီကျော်အပြင်ထွက်သော ကာလသားလူပျိုများကို ခေါ်သွားရန် မှာထားခဲ့ပါသည်။ ကာလသားများမှာလည်း လွတ်လပ်မှု မရှိသောကြောင့် မိမိရပ်ရွာသည် အမှောင်နယ်မြေသို့ ဘယ်လိုရောက်သွားသည်ကို ဘယ်လိုစရမလဲ မသိသောကြောင့် အလွန် စိတ်ညစ်နေရပါသည်။ ဗိုလ်ဇော်မင်းအောင် သည် ပခုံးမှာ အပွင့်တင်တာကို ဗန်းပြကာ အာဏာပြနေပါတယ်

ရွာတွေမှာ ဆိုရင် စာရင်းငှါးများသည် ဧည့်စာရင်းမတိုင်ကြဘဲ ထုံးတမ်းစဉ်လာအရ မိမိ မိဘ မောင်နှမသားချင်းများနှင့် အတူနေထိုင် လုပ်ကိုင်နေတာ မိရိုးဖလာ အတိုင်းကပါပဲဗျာ. ဒါကို အခွင့်ကောင်းယူပြီး ဧည့်စါရင်း မတိုင်သူတွေကို ဖမ်းဆီးပါတယ်.. ဧည့်စာရင်းမတိုင်လို့ စစ်တပ်ထဲ စွဲထည့်ခံရသူတွေ များပြားနေပါသည်။ တပ်မတော်နှင့်ပြည်သူတွေ လက်တွဲကြမယ်ဆိုတာ ဒါကိုပြောတာလားဗျာ.. အင်းဦးကျေးရွာမှ ကလေးများကိုလဲ ထိုးကြိတ်ပြီး ကလေးတွေကို ကြောက်အောင်ခြောက်တော့ စစ်တပ်ထဲကို မ၀င်ချင်ဝင်ချင် ၀င်ခဲ့ရတဲ့ ကလေးတွေ (၅) ယောက်လောက် ရှိသွားပါပြီဗျာ.. ပြည်ပအသံလွှင့် မီဒီယာများမှ သတင်းထောက်များ ကျနော်ပြောတာမယုံရင် ကိုယ်တိုင် သတင်းသွားယူလို့ ရပါတယ်. ။

.....မိဘများကလည်း ကိုယ့်သားကို စစ်တပ်ထဲ မ၀င်စေချင်တော့(၁)ယောက် ကို ငွေ (၅)သောင်းနဲ့ သွားရွေးရတာတွေလည်း ရှိခဲ့ပါတယ်ဗျာ.. ခလရ (၈၃) မှ စစ်သည်များသည်လည်း တပ်ရင်းမှူးမှ မြောက်ပေးထားသလား သိတော့ပါဘူး.. တပ်အရှေ့ဘက်မှာရှိသော မိချောင်းရဲ သို့ ဈေးဝယ်သွားသော လမ်းမှာလည်း ဖြတ်မသွားရဲ လောက်အောင် မိန်းခလေးတွေ မုဒိန်းကျင့်ခံရတာ ခဏခဏပါပဲဗျာ....... ကျနော် ကျိန်ပြောရဲပါတယ် ဒီအဖြစ်ပျက်တွေဟာ အမှန်တွေချည်းပါပဲဗျာ..

ဒါကြောင့် စာကိုချောအောင် ပြန်စီပြီး လေလှိုင်း၊ အင်တာနက်မှတစ်ဆင့် အထက်လူကြီးများ အသိပေးပေးပါရန် မေတ္တာရပ်ခံ ပါတယ်ဗျာ.

ပေးပို့လာသူ... ပြည်တွင်းမှ ညီငယ် ကိုကိုအားကျေးဇူးတင်ပါသည်။