ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဗိုလ်ချုပ်ပုံပါတဲ့သစ်သီးဆွမ်းကပ်တာတောင် တားမြစ်ခံရ။ (အပယ်လောကသားများသည် သူတော်စင်များအား ကြောက်ကြကုန်၏)


ဒီဓါတ်ပုံတွေက တန်ဆောင်တိုင်လပြည့်နေ့က သန်လျင်ကျိုက်ခေါက်ဘုရားမှာ ကျောင်းသားတွေဖွဲ့ စည်းထားတဲ့အင်္ဂါအသင်းက သစ်သီးဆွမ်းတင်ထားတဲ့ ပုံဖော်ထားတဲ့ သစ်သီးတွေပါ။ အဲဒီမှာဗိုလ်ချုပ်အောင်ဆန်းပုံကိုဖရဲသီးမှာ ထွင်းပြီးသစ်သီးစင်မှာ တင်ထားလို့ အင်္ဂါအသင်းတာဝန်ရှိသူတွေကို သက်ဆိုင်ရာက နှစ်ရက်ခေါ်စစ်ပါတယ်။ စရဖ နဲ့  SB ခရက အဖွဲ့ တွေကပါ။

(အပယ်လောကသားများသည် သူတော်စင်များအား ကြောက်ကြကုန်၏)


ပေးပို့လာသူ ...ကိုစိုင်း....