ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ မြန်မာ၊တိဘက် ပူးပေါင်းပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်းလားမားအတွက် မီးထွန်းဆုတောင်းပွဲ(အိန္ဒိယနိုင်ငံ)



ယနေ့ ၂၀၀၉၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သော ( ၆၁ )နှစ်မြောက် နိုင်ငံတကာလူ့အခွင့်အရေး နေ့တွင်အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ချီတက်လမ်းလျှောက်ပြီး ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းဆုကြည်အတွက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မီးထွန်းဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ညနေ ၅ နာရီခွဲမှာ ဂျန်တာမန်တပန်းခြံကနေ စတင်ပြီး ညနေ ၇ နာရီခွဲမှာ ပြီးဆုံးတယ်လို့ သိရှိရပါသည်။ ချီတက်လမ်းလျှောက်ဆုတောင်း သူတစ်ရာကျော်ရှိတယ်လို့ လဲသိရှိရပါသည်။

အိန္ဒိယနိုင်ငံရောက် စက်တင်ဘာဆရာတော် ဦးထာဝရက “ ဦးဇင်းတို့ ယနေ့လမ်းလျှောက်ပြီး ဆုတောင်းပွဲလုပ်ပါတယ်။ ဒလိုင်းလားမား နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် အတွက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ မီးထွန်းဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်ပါတယ်။" ဟုအရှင်ထာဝရမှ မိန့်ဆိုသွားပါတယ်။

ဓာတ်ပုံ ပေးပို့လာသူ အရှင်ထာဝရ
သတင်းပေးပို့သူ ညီငယ်ခမိခဆဲ