ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးသားတဲ့ နောက်ကြည့်မှန် ဝတ္ထုပါ.....


စာမြည်း.....

" ကြယ်တွေ မှာလည်း ကြယ်လူကြီး ကြယ်ကလေး တွေ ရှိတယ်။ ဓူဝံကြယ် က..အဖိုးကြီးမို့ နေရာထဲ ငုတ်တုတ် ထိုင် စဉ်းစား နေတာ ပေါ့။ ခုနှစ်စင်ကြယ်က ကလေးတွေမို့ ကုန်းပိုးစီးတမ်း ကစား နေကြတာ၊ အခြေ မခိုင်ပဲ လိမ့်ကျသွားတဲ့ ကြယ်တွေ မြင်ဘူးပါတယ်။ ဒါပေမဲ့ အဲဒီထဲ မှာ လူတွေ အတွက် အသုံးတည့်လို့ နာမည် မှည့် ခံ ထားရ တဲ့ ကြယ်တွေ တပွင့်မှ ပါမသွားဘူး။ တကယ်တော့ ကြယ်တွေ ရဲ့ ဘ၀ မှာ အဖော်နီးတာ အဖော်ဝေးတာ အရေးမကြီးပါဘူး။ လောက အတွက် အသုံးဝင်တဲ့ ကြယ် ဘယ်တော့မှ မကြွေတာ သေချာတယ်…”

“ ကျောခိုင်းရာ မှာ.. ဘာဖြစ်ကျန် ခဲ့မှန်း မသိသူ တွေ အတွက် နောက်ကြည့်မှန် တချပ် လှူချင် တာ…” လို့ ဆောင့်ကြီး အောင့်ကြီး ပြောလိုက်တဲ့.. မခင်အေး ရဲ့ အပြစ်တင် စကား အတွက်.. ဒါကတော့ .. လို့ စာနာနေမူ။ အဲဒါ တွေ ကြားထဲက.. သံယောဇဉ် ကြိုးတွေကို ဘယ်လို ဘယ်ပုံ ထုံးနှောင် ဖြေလျော့ ခဲ့ သလဲ ဆိုတဲ့.. အချစ် နဲ့ တော်လှန်ရေး အပေါ် ခံယူ ချက် တွေ ကိုတော့.. မင်းကိုနိုင် ရဲ့ ကိုယ်ပိုင် အသံ လို့ပဲ ယုံယုံကြည်ကြည် ကြားယောင်ရင်..ခပ်ဖွဖွ ရေရွတ် ကြည့်နေမိ တော့သည်။

—- သံယောဇဉ် ဆိုတာ ခဏလောက် ခွါချ ထား လို့ရရင် ကောင်းမယ်။ မရတော့လည်း တို့တတွေ မေ့ချင်ယောင် ဆောင်နေကြရုံပဲ ညို။ တခါတလေ မှာ သံယောဇဉ် ဟာ သတ္တ၀ါတွေ အတွက် ခံစားချင်စရာ အကောင်းဆုံး ထွေးပွေ့မူ ဖြစ်ပေမဲ့ လိုအပ်တဲ့ အခါ မှာ စွန့်ရဲရလိမ့်မယ်။ ညိုဟာ ကိုယ့် အတွက် ဖိနပ် တရံ လိုပဲ အနစ်နာ ခံပြီး ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါတွေ ကို အလေး အမြတ် သိမှတ် ပါတယ်။ ဒါပေမဲ့ ရေနစ်လို့ ကူးကြပြီ ဆိုရင်ဖိနပ်ကို စွန့်ရတာပဲ ညို….


နောက်ကြည့်မှန် ဝတ္ထု Download ရယူရန်... ပေးပို့ပေးလာတဲ့ ညီငယ် အလင်းဆက်....... အားကျေးဇူးတင်ပါသည်.....