မနက်ဖြန် အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင် တို့အားဒေါ်အောင်ဆန်းစုကြည်မှ ဂါရဝပြုကန်တော့ ခွင့်ရမည်။
နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည် (၂) နာရီမှ (၄း၃၀) နာရီ အထိ နှစ်နာရီခွဲကျော် တွေ့ဆုံ ဆွေးခွင့်ရခဲ့ကြောင်းနှင့် မနက်ဖြန်မှာ အာဏာပိုင်တွေစီစဉ်ပေးမည့် နေရာတစ်နေရာ၌ အဖွဲ့ချုပ်ခေါင်းဆောင်(၃)ဦးအား ဒေါ်အောင်ဆန်းစုကြည်မှ ဂါရဝပြု ကန်တော့ခွင့်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....
' ဒီကနေ့ နေ့လည် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ရှေ့နေလေးဦး နေ့လည်(၂) နာရီကနေ (၄း၃၀) အထိ နှစ်နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်...။ အဓိကကတော့ လာမည့် (၂၁) ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ့် ရေးသားထားတဲ့ မှတ်တမ်းကို စာစုံဖတ်ပြီး အတည်ပြုတာပါ....။
နောက်တစ်ခုကတော့ မနက်ဖြန်မှာ အဖွဲ့ချုပ် ဗဟို ကော်မတီ အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့ကို အာဏာပိုင်တွေနဲ့ ညှိနှိုင်းချက်အရ နေရာတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ဂါရဝပြုကန်တော့ ခွင့်ရပါမယ်..။ နေရာကတော့ မသိရပါဘူး...။ ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....
နိုဝင်ဘာ (၁၁)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယစာတစောင် ရေးသားပေးပို့ခဲ့ပါတယ်။ ထိုစာ၌ ကျန်းမာရေး မကောင်းဖြစ်နေသော အဖွဲချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့အားသွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပြုရန် တောင်းဆိုထားခဲ့ပြီး ထိုစာပါအကြောင်းအရာထဲမှ တစ်ခုအားအာဏာပိုင်များမှ လိုက်လျောခြင်းဖြစ်ပါသည်။ အဓိကစာပါ အကြောင်းအရာ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ကိစ္စအား ယခုအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး....။
ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက် ပြောဆိုရာမှာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အလုပ်သမားတွေ ပြင်ဆင်နေတာကို အန်ကယ်တို့ တွေ့ခဲ့ရပါတယ်... အိမ်ပြင်တာ တော်တော်လေး အချိန်ယူရပါမယ်....။ အိမ်ကဟောင်းနေတော့ တစ်ခုလုပ်ရင်း နောက်နေရာတစ်ခုက ပြင်စရာပေါ်လာရင်း ဖြစ်နေတယ်လို့ ပြောပါတယ်...။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....
ကိုညီညီအောင် အမှုကိစ္စနှင့်ပတ်သတ်ပြီး ဆက်လက် မေးမြန်းရာမှာ "အန်ကယ်တို့ ကိုညီညီအောင် အတွက် အထူးစိုးရိမ်မိပါတယ်....။ ကိုညီညီအောင် အခြေအနေလည်း အခုအထိ မသိရသေးပါဘူး..။ အဲ့ဒါကြောင့် ကိုညီညီအောင် ကိုလာမယ့် အမှုစစ်မယ့် သောကြာနေ့ မတိုင်ခင် ထောင်ဝင်စာ တွေ့ခွင့်ရဖို့ အန်ကယ်နဲ့ ဆရာဦးကြည်ဝင်းတို့ မနက်ဖြန်မှာ အကျဉ်းဦးစီးဋ္ဌာနကို စာတင်ပါမယ်...။ ကိုညီညီအောင်ကို သူ့ဆွေမျိုး မိသားစုဝင်တွေလည်း စိတ်ပူနေကြပါတယ်...။ သူတို့လည်းထောင်ဝင်စာ တွေခွင့်မရသေးပါဘူး ...။ ပစ္စည်းပဲပေးခွင့် ရသေးပါတယ်။" ဟုကိုညီညီအောင်ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုသွားပါတယ်။....
....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုထားပါတယ်။
ဒီဇင်ဘာလ (၄)ရက်နေ့မှာတော့ ကိုညီညီအောင်ဟာ ထောင်တွင်း အကျဉ်းသားချင်း ခွဲခြားမှုတွေ၊ မတရား လုပ်နေမှုတွေ၊ ဖိနှိပ် ချုပ်ချယ်မှုတွေအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ ပြီးခဲ့တယ့်သောကြာနေ့ ရုံးချိန်းကိုလည်း ကိုညီညီအောင် ကျန်းမာရေး မကောင်းသဖြင့် ယနေ့ ရုံးမထွက်နိုင်ဟူသော အကြောင်းပြချက်ဖြင့် ယခုလာမည့် သောကြာနေ့သို့ရွှေ့ဆိုင်းခဲ့ပါတယ်။ အမေရိကန်သံရုံး ဒုကောင်စစ်ဝန်နှင့် ဆွေမျိုးများမှလည်း တွေဆုံခွင့်ရရန် တောင်းဆိုထားပြီး မနက်ဖြန်မှာ ကိုညီညီအောင် ရှေ့နေများမှ စာတင်တောင်းဆိုမှာ ဖြစ်ပါတယ်....။
သတင်း....ဒီမိုဝေယံ