ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၀၀ရ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းက သမိုင်းမှတ်တမ်းဓာတ်ပုံ

History of 2007

(၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းက ဦးဆောင်သံဃာတော်တွေထဲမှာ ပါဝင်ခဲ့ကြတဲ့ အရှင်ထာဝရ(ဘယ်)နဲ့ အရှင်နေမိန္ဒ(ညာ) တို့ နှစ်ဦးပါ .... အဲ့ဒီအချိန်က စုရပ်ဖြစ်တဲ့ ကြေးသွန်းဘုရားကြီးဝင်းအတွင်း အရှင်ဥပဂုတ္တမထေရ်ရုပ်ထုရှိရာ ရေကန်ရဲ့အလယ်က ကျောင်းဆောင်ပေါ်မှာပါ... စက်တင်ဘာ ၂၃ရက်နေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေး ပြုလုပ်စဉ် တွေ့မြင်ရတဲ့ဓာတ်ပုံပါ...

အရှင်ထာဝရကတော့ ယခုအိန္ဒိယနိုင်ငံမှာရောက်ရှိနေပါတယ်။ အရှင်ထာဝရရဲ့ မိဘနှစ်ပါးဟာ မြန်မာပြည်မှာ ဖိနှိပ်မှုမျိုးစုံ ခံနေရပါတယ်။ မိဘနှစ်ပါးဟာ လစဉ်မြို့နယ်ရုံးမှာသွားပြီး လက်မှတ်ထိုးနေရပါတယ်။ ဘက်ပေါင်းစုံမှဖိနှိပ်မှုတွေကြုံနေရပါတယ်... အရှင်နေမိန္ဒကတော့ ယခုထိုင်းမြန်မာနယ်စပ်မှာ ရောက်ရှိနေပြီး စစ်အာဏာရှင်တွေကို ဆက်လက် တိုက်ပွဲဝင်နေပါတယ်......

(၂၀၀၇)စက်တင်ဘာ ကတည်းက သံဃာတော်တွေကို ရန်သူလို သဘောထားပြီး “စစ်ဆင်”နေတဲ့ အကြောင်း ဧရာဝတီသောကြာစကားဝိုင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်
ကျွန်တော်တို့တိုင်းပြည်မှာ အရေးကြုံလာရင် သံဃာတော်တွေဟာ ပြည်သူ့ရှေ့က အမြဲရပ်တည် လာခဲ့ကြတာပါ... သံဃာတော်များရဲ့ ကျေးဇူးကို အမြဲအမှတ်ရရင်း စစ်အာဏာရှင်စံနစ်ကို အပြီးတိုင်ဖယ်ရှားဖို့ မပြီးဆုံးသေးတဲ့ တိုက်ပွဲအတွက် သံဃာတော်များနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါ...

အရှင်ထာဝရ http://ashin-htavara.blogspot.com/