ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား ဦးအောင်ဆန်းဦး၏ ရှေ့နေမှ ကန့်ကွက်သဖြင့် ယနေ့ညနေမှစ၍ ရပ်ဆိုင်း..

.........ဒီကနေ့ ညနေကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်နေမှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးက ကန့်ကွက်လို့ဆိုပြီး စည်ပင်က ရပ်ဆိုင်းခိုင်းပါတယ်။ ဒီညနေပဲ ရပ်ဆိုင်းလိုက်ရလို့ ပြင်ဆင်နေတာတွေ တိုးလို့တန်းလန်း ဖြစ်ကုန်ပါတယ်။ ဒီအိမ်ပြင်ဆင်ခွင့် ရဖို့ ဒေါ်အောင်ဆန်းစုကြည်က အိမ်ကိုမြို့တော်စည်ပင်မှာ ခွင့်ပြုချက်တောင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်တာပါ.... အခုနေအိမ်ပြင်ဆင်ခွင့် ရပ်ဆိုင်းရာမှာ မေးမြန်းခြင်း၊ စီစစ်ခြင်းမရှိပဲ ရပ်ဆိုင်းခိုင်းပါတယ်... ဒေါ်အောင်ဆန်းစုကြည် ကလည်းရပ်ဆိုင်းပေးမယ် ပြောပါတယ် ဟု အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ) တို့ ပါဝင်ပတ်သတ်နေကြောင်း၊ ထိုသို့

သတင်း ဒီမိုဝေယံ